Created on Monday, 05 August 2013 22:06
ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့
ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင်
ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ်
ဦးဇေယျာကိုက ပြောကြားသည်။
အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ
ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့်
ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည
၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင်
၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။
''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃
ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀
နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက
ဆိုသည်။
ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ
၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈
ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀
ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ
ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို
ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။
အေးချမ်းမွန် Credit To >> Eleven Media Group <
Created on Monday, 05 August 2013 22:06
ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့ ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။
အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည ၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင် ၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။
''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃ ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀ နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက ဆိုသည်။
ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ ၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။
အေးချမ်းမွန် Credit To >> Eleven Media Group <
No comments:
Post a Comment