တရုတ်ရဲများ လက်ပံတောင်းသို့ ၀င်ရောက် အကြမ်းဖက် ပြီ
မကြာသေးခင်က လက်ပံတောင်းဒေသရဲ့ ရေကြီးရေလျံမှုဖြစ်ခဲ့၏။ ယခု လက်ကျန် ရေအိုင်ကလေးများအနား ညနက် ပုရစ်တို့က ဆူဆူညံ သူနဲ့ငါ အပြိုင် အော်နေကြသတဲ့၊ အန္တရယ်ကြာထဲမှ မျော့မျော့လေးသာကျန်တော့သည့်အသက
တရုတ်ဝမ်ပေါင်က လက်ပံတောင်းက ရဲတွေကို တနေ့ သုံးထောင်နဲ့ ၀ယ်လိုက်တဲ့ အချိန်ကတည်းက ဒေသတခုလုံး တရားမျှတမှု အမှောင်ဖုံးခဲ့လေပြီဟု ယုံကြည်ကြ၏။
အဲဒီင်္မှာ ရှိရှိသမျှ ရွာတွေ စားသတိ သွားသတိ ဓါတ်၇ိယာလေးဝထဲတွင် အချိန်မတန်ခင် သေမင်းကလာခေါ်မည်ကို လင့်စဉ်ထိုး ကင်းစောင့် တဂျောက်ဂျောက် အသံကြားတာနဲ့ သေမင်းရဲ့ရှေတော်ပြေး ပုဏ္ဏကလာတိုက်တော့မည့် ခွေးများကို မောင်းနေကြရသတဲ့။
သြဂုတ်လ (၅)ရက်နေ့ည မဟူရာ နက္ခဆင်းချိန် ၁ နာရီခွဲမှာ ချောက်ခမ်းမှာကို မကြောက် မိမိအင်အားရှိသလောက်နဲ့ အားတင်းရင်း လက်ပံတောင်းစိမ်းလန်းစိုပြေခြင်
နေ့တဓူဝ အိပ်ရေးမ၀ကြတဲ့ ရွာသားနှစ်ဦး ငိုက်မြည်းစအပြုမှာ အငိုက်မိလို့ နံပါတ်တုတ်စာကို အားရပါးရ စားလိုက်ကြရပြီး နောက်တနေ့မှာ ၀မ်ပေါင်တရုတ်ရဲ့ ချီးမြောက်မှုကို ရယူကြဖို့ ငါးစာအဖြစ် လက်ထိပ်ခပ်ပစ်ကြရာမှ စည်းလုံးကြပြီး အထိကရုံန်းကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတဲ့ ဇီးတောသားတွေ အညံမခံ ထရုံန်းကန်ရင်း လွတ်မြောက်လာကြတယ်။
ဗုဒ္ဒဘာသာကိုးကွယ် လေးနက်စွာခင်တွယ်တဲ့ သမ္မတ သိန်းစိန်တို့က ညသန်းခေါင်မှ ပုဆိုးချွတ်ပြသလိုဖြစ်နေတယ်တဲ့။
ယခင် မီးလောင်ဗုံးတွေ လက်ပံတောင်းရဲ့ ပြသနာတွေကို ညသန်းကောင်ယံမှာပဲ ကြမ်းကြုပ်ရက်စက်စွာ ဘုရားသားတော်တွေကို အရှင်လတ်လတ် မီးမြိုက်လိုက်ကြတယ်။
ခုတခါ လာပြန်ပြီတဲ့… ည သန်းခေါင်ယံမှာ ဘုရားသားတော်တွေ နေတဲ့ ကျောင်းတော်ကို ဖျက်ဆီးထုရိုက် မွမွထုရိုက် ချေမွလိုက်ခဲ့ကြသတဲ့။
စုံစမ်းစစ်ဆေးရေးကော်မရှင်က နေတဓူဝ လက်ပံတောင်းဘ၀ကို သိသင့်သလောက်သိပါတယ်တဲ့ ဒါပေမယ် တရုတ်ပြည်က မဟာတံတိုင်းက စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ လက်ပံတောင်းကို ပိုင်းခြားထားလိုက်ပြီလို့ဆိုပါ
ကဲခုတော့ ကလီကမာ အယုတ်တမာတရုတ် ၀မ်ပေါင် တနေ့(၃၀၀၀)ပေးထားတဲ့ ရဲတွေက တနေ့တခြား လူစိတ်လျော့ပါးလာကြလို့ လက်ပံတောင်းသားတွေ တဦးချင်းရဲ့လုံခြုံမှုအတွက် အားလုံးစုဖွဲ့လို့ (၁၄၄) ရာဇာသံကွင်းမှာ တရားမျှတရေးနဲ့ နိုင်ငံသားတို့ရဲ့ အခွင့်ရေး အတွက် စီးခြင်းထိုးဖို့ အဆင်သင့်ဖြစ်နေကြပြီတဲ့၊
တဖက်မှာလဲ ရှစ်လေးလုံး ငွေရတု အင်းအားအစုစုတွေနဲ့ ရန်ကုန် နဲ့ မန္တလေး သဘောထားခြင်း ကွဲနေချိန်မှာ အခွင့်ကောင်းဆိုပြီး ကျားချောင်းဝင်ချောင်းသလို့ ရဲအင်အား (၃၀၀)ကတော့ ဇီးတောရွာကနေ့ မစ္ဆာတွေလို နံနက် (၅) နာရီမှာ ကိုယ့်နောက်ကျော ကိုယ်မလုံသလို ဆုတ်သွားကြပြီတဲ့…
ဖြစ်ပျက်သမျှ ကျင်စစ်ချလိုက်ရင် တရားဥပဒေစိုးမိုးတည်ရှိရေး နိုင်ငံတော် အေးချမ်းသာယာရေး ရဲ့ အဓိက နှောက်ယှက် ဖျက်ဆီးပြီး နိုင်ငံတော် အကျိုး ပြည်သူ့အကျိုး ပျက်စီးအောင် ဘယ်သူလုပ်နေသလဲ? ပြည်သူတွေ၏ ငြိမ်းချမ်း သာယာသော ဘ၀ကို ဘယ်သူက ဖျက်ဆီးနေသလဲ? နေပြည်တော်၊ ပြီးတော့ တရုတ်ဝမ်ပေါင် ပြီးတော့ သူတို့မွေးထားကြတဲ့ လက်နက်ကိုင် (၃၀၀၀) စား လူရမ်းကားများ ဖြစ်ပါကြောင်း.....
သတင်းအား ရသအဖြစ်တင်ပြထားခြင်းဖြစ်ပါသည်။
ဂိုလ်ရှယ်လေး
ကြိုက်သလောက်ရှယ် သတင်းအမှန် တာဝန်ခံတယ်ဗျာ

No comments:
Post a Comment