ရန်ကုန်၊ သြဂုတ် ၆
မြန်မာတစ်နိုင်ငံလုံး ပါဝင်ခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှု ရှစ်လေးလုံး
အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့သူ များ စာရင်းကို သြဂုတ်လ ၆ ရက်နေ့မှ စတင်
ကျင်းပလျက်ရှိသော ရှစ်လေးလုံး ငွေရတု အခမ်းအနား တွင် ကောက်ယူလျက်
ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြား
သည်။
ဒီမိုကရေစီ တောင်းဆိုမှုတွင်
ပါဝင်ခဲ့ပြီး လူမသိ သူမသိ သေဆုံးခဲ့ရသည့် အညတရ သူရဲကောင်းများ ကို ဂုဏ်ပြု
မှတ်တမ်းတင်နိုင်ရန် စာရင်း ပြုစု ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်
ရှင်းပြသည်။
“သူတို့အတွက် တတ်နိုင်သမျှ အင်အားတွေ စုပြီး အမျှအတန်း ဝေမှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါစာရင်းကို ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် သုံးရက် အတွင်း
ကောက်ယူသွားမည် ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့တွင် ကောက်ခံ ရရှိသည့်
စာရင်းများကို အတည်ပြု ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတု
အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ရှင်းပြသည်။
အဆိုပါ
ရှစ်လေးလုံး အရေးအခင်းတွင် တပ်မတော်က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် အရပ်သား
၄၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော်လည်း သေဆုံးသူ မည်မျှ
ရှိသည်ကို အတိအကျ မသိရှိကြောင်း ဘာတေလ်း လစ်တနာ ရေးသားသည့် ၈၈ အရေးတော်ပုံ
ဒေါမာန်ဟုန် စာအုပ်တွင် ဖော်ပြထားသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု
အထိမ်းအမှတ်ပွဲကို သြဂုတ်လ ၆ ရက်နေ့တွင် စတင် ကျင်းပခဲ့ပြီး ပြည်တွင်း
ပြည်ပရှိ ၈၈ မျိုးဆက် ကျောင်းသား များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့်
တိုင်းရင်းသား ပါတီများ ပါဝင်ကာ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး
ဆွေးနွေးပွဲ ရလဒ်များကို သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
ငွေရတုပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
ဟိန်းသွင်ထက်
ရန်ကုန်၊ သြဂုတ် ၆
မြန်မာတစ်နိုင်ငံလုံး ပါဝင်ခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှု ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့သူ များ စာရင်းကို သြဂုတ်လ ၆ ရက်နေ့မှ စတင် ကျင်းပလျက်ရှိသော ရှစ်လေးလုံး ငွေရတု အခမ်းအနား တွင် ကောက်ယူလျက် ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြား သည်။
ဒီမိုကရေစီ တောင်းဆိုမှုတွင် ပါဝင်ခဲ့ပြီး လူမသိ သူမသိ သေဆုံးခဲ့ရသည့် အညတရ သူရဲကောင်းများ ကို ဂုဏ်ပြု မှတ်တမ်းတင်နိုင်ရန် စာရင်း ပြုစု ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“သူတို့အတွက် တတ်နိုင်သမျှ အင်အားတွေ စုပြီး အမျှအတန်း ဝေမှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါစာရင်းကို ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် သုံးရက် အတွင်း ကောက်ယူသွားမည် ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့တွင် ကောက်ခံ ရရှိသည့် စာရင်းများကို အတည်ပြု ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ရှင်းပြသည်။
အဆိုပါ ရှစ်လေးလုံး အရေးအခင်းတွင် တပ်မတော်က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် အရပ်သား ၄၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော်လည်း သေဆုံးသူ မည်မျှ ရှိသည်ကို အတိအကျ မသိရှိကြောင်း ဘာတေလ်း လစ်တနာ ရေးသားသည့် ၈၈ အရေးတော်ပုံ ဒေါမာန်ဟုန် စာအုပ်တွင် ဖော်ပြထားသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲကို သြဂုတ်လ ၆ ရက်နေ့တွင် စတင် ကျင်းပခဲ့ပြီး ပြည်တွင်း ပြည်ပရှိ ၈၈ မျိုးဆက် ကျောင်းသား များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့် တိုင်းရင်းသား ပါတီများ ပါဝင်ကာ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်များကို သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ငွေရတုပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
ဟိန်းသွင်ထက်
No comments:
Post a Comment