Sunday, April 1, 2012

ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့နိုင်ငံခြားသား ဧည့်သည်များ

http://www.mizzimaburmese.com/images/PhotoNews/MAR12/NLDfont5.jpg
မဲပေးချိန်ကုန်ဆုံးချိန် ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် မဲရလာဒ်တင်ဆက်မှုများကို လာရောက်ကြည့်ရှုအားပေးသူ နိုင်ငံခြားသား ဧည့်သည်များကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၆)
 မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် မဲရုံတွင်းသို့
ကြံ့ဖွံ့များ ၀င်ထွက် ခြယ်လှယ်လျက်ရှိ (ဓါတ်ပုံ-Myanmar News Now)

 မကွေးတိုင်း ပုလဲမြို့နယ်၊ ကန်သာရွာ မဲပေးနိုင်သူဦးရေ (၁၆၅)ဦးရေ
NLD ၁၆၃
ကြံ့ခိုင်ရေး ၂
ပယ်မဲ ၁
ဇီးရင်းရွာ မဲပေးနိုင်သူဦးရေ (၄၄၅)ဦးရေ
NLD ၂၈၂
ကြံ့ခိုင်ရေး ၁၆၁
ပယ်မဲ ၂
ပဲခင်းမရွာ မဲပေးနိုင်သူဦးရေ (၅၂၁)ဦးရေ
NLD ၂၉၃
ကြံ့ခိုင်ရေး ၁၈၇
NDF ၂၅
ပယ်မဲ ၁၆
သတင်းကျေးရွာ မဲပေးနိုင်သူဦးရေ (၃၂၂)ဦးရေ
NLD ၂၅၄
ကြံ့ခိုင်ရေး ၂၄
NDF ၃
ပယ်မဲ ၄၁
 ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ
၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး
၎င်းတို့အား မဲထည့်ပေးရန်စည်းရုံးသိမ်းသွင်း
ခဲ့သည်။
၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ
မဲရုံနှင့်အိမ်အသွားအပြန်အကြို
အပို့လုပ်ပေးခဲ့ကြောင်း။
 -နေပြည်တော်၊ ပုဗýသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟုဆိုသော်လည်း ကြံ့ခိုင်ရေးယူနီဖောင်းဝတ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင် ဆိုင်ကယ်ဖြင့်လှည့်ပတ်စီးနင်းေ
နကြောင်း၊ ဟန့်တားသူမရှိကြောင်းသိရှိရပါသည်။
---နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။ အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။
---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ
ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။
---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
---နေပြည်တော်၊ ပုဗýသီရိမြို့၊

မဲရုံမှာ မီးမထွန်းပဲ အမှောင်ချပေးထားခြင်း

 ရောဝတီတိုင်း၊ ပုသိမ်မြို့ ၊အနောက် ၄ ရပ်ကွက်၊ အ.လ.က (၁) မဲရုံ (၃) မှာ မဲပေးဖို့ အခန်းမှာ အရမ်းမှောင်နေပါတယ်။

khin: ပုသိမ်အနောက် ၄ ရပ်ကွက် အ.လ.က (၁) မဲရုံ (၃) ပါ
khin: မဲစာရွက်ကလည်းညိုတိုတို
khin: မီးမထွန်းပေးထားဘူး
khin: ညစ်ပါတ်တာတော.တအားဘဲ နေရာကလည်းမှောင်နေတယ်
သူတို.က မမြင်ရလေ မှားခြစ်လေ ကြိုက်လေပေါ.
ကျမရှေ.က ကောင်မလေး မဲစာရွက်က ပေါက်နေလို.လဲပေးပါပြောတာ လဲမပေးလို.
အဲဒီရှေ.မှာဆွဲဆုတ်ပစ်လိုက်တယ်။
 Myanmar News Now

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၅)
သုံးခွမှာ အဖိုးတို့ အဖွားတို့ပါမကျန် တအိမ်သားလုံးတက်တက်ကြွကြွ
"ကော့မှူးက နောင်လုံရွာမှာ ဒေါ်စုနိုင်နေပြီ"

ကော့မှူးမြို့ နယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံရွာတွင် ယနေ့နေ့လည် ၁၂နာရီက မဲပေးခွင့်ရှိသူ အရေအတွက် ပြည့်သွားသည့်အတွက် မဲရုံပိတ်ပြီး ရရှိသည့် မဲများရေတွက် စာရင်းထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က (၂၁၇) မဲ ၊ ဒေါက်တာစိုးမင်းက (၃၇)မဲ ၊ ပယ်မဲ (၁)ဖြင့် ဒေါ်အောင်ဆန်း စုကြည်မှ အပြတ်အသတ်အနိုင် ရရှိနေကြောင်း သိရသည်။

 ကျဉ်တောင်ကန်ကျေးရွာအုပ်စု ၉၀ ရာနှုန်းမဲပေးနိုင်
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္မသီရိမြို့နယ် ကျဉ်တောင်ကန်ကျေးရွာအုပ်စုကျဉ်တောင်ကန် အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံ၌ မွန်းလွဲ ၁၁ ခွဲဝန်းကျင်ခန့်တွင် ပေးခွင့်ရှိသူ အားလုံး၏ ၉၀ ရာနှုန်းမဲပေးပြီးဖြစ်ကြောင်းသိရသည်။Popular News ဂျာနယ်က မဲရုံမှ ကိုက် ၅၀၀ အကျော် ဧရိယာအတွင်း၌ မဲပေးပြီးထွက်လာသူ ဦးရေ ၂၀ ခန့်အားစုံစမ်းမေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အားမဲပေးခဲ့ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။ ယင်းအချိန်ထိ မဲပေးခွင့်ရှိသူ ၉၃၀ ဦးအနက် ၈၆၆ ဦးမှာ မဲပေးပြီးဖြစ်ကြောင်းသိရသည်။

 မြန်မာ့ဂုဏ်ရည်လမ်းရှိ NLD ရုံးသို့ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးသည် ယနေ့နံနက် ဆယ်နာရီလေးဆယ့်ငါးမိနစ်အချိန်တွ
င်ရောက်လာခဲ့သည်။
ဦးတင်ဦးအား ယနေ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရာ "ကြိုတင်မဲနဲ့ပတ်သက်လို့နည်းနည်းပါးပါးရှိတယ်။ ကြိုတင်မဲတွေဘာတွေကတော့ အရင်လိုပါပဲ။ အသံတွေလဲကြားပါတယ်။ ဖယောင်းသုတ်တဲ့ ကိစ္စတွေလဲကြားပါတယ်။ နောက်တစ်ခုက မင်းတို့ကြိုက်တဲ့ NLD ကိုအမှန်ခြစ်လိုက်၊ ကျန်တာတွေကို အမှားခြစ်လိုက်ပေါ့ကွာ ဆိုတာတွေလဲကြားပါတယ်။ ခုလောလောဆယ်တော့ မဲအခြေအနေကိုပြောလို့မရသေးဘူး။ အလားအလာတော့ကောင်းပါတယ်။ ကျွန်တော်တို့မှန်းထားတာကတော့ တစ်ပြည်လုံးမှာ ၆၀ ၆၅ ရာခိုင်နှုန်းလောက်နိုင်မယ်ထင်တာပဲ"ဟုပြောကြားခဲ့သည်။
၁၁ နာရီ ၂၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။
 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (မြို့မဈေး)အနီးရှိမဲရုံသို့မဲ
ပေးရန်အတွက် ဧပြီလ (၁) ရက်နေ့ (၁၁)
နာရီဝန်းကျင်ခန့်တွင်ရောက်ရှိ မဲဆန္ဒပြုခဲ့ကြသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး မဲဆန္ဒပြုပြီးနောက် ၁၅မိနစ်ခန့်အကြာတွင်နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီးတို့လည်းလာရောက်မဲ
ဆန္ဒပြုခဲ့ကြောင်းသိရသည်။
 "ပြင်ဦးလွင် တွင် မဲပေးချင်သူများ ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒ ထုတ်ဖော်နေဟု သိရ"

ပြင်ဦးလွင် ကျေးရွာများရှိ မဲဆန္ဒနယ် အချို့ တွင် မဲစာရင်းတွင် နာမည် မပါဝင်ခြင်းကြောင့် မဲပေးခွင့် မရသူများသည် " ကျွန်မတို့ မဲပေးချင်ပါ တယ်ဆို သော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်မှုများ ရှိနေသည်ဟု ပြင်ဦးလွင်ရောက် သတင်းထောက် တစ်ဦးကပြောသည်။
 လှည်းကူးမြို့ နယ် ရဲမွန်ပညာရေးရုံးနှင့် ခမရ(၇၀၉)တွင် ဖွင့်လှစ်ထားသည့် မဲရုံများ၏ စုစုပေါင်း မဲစာရင်းရလဒ် များကို ယနေ့ နံနက် ၁၀နာရီ ၁၅မိနစ် ခန့် က ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ ယင်းမဲစာရင်းမှာ ခမရ(၇၀၉) တွင် ပြည်ခိုင်ဖြိုးမှ ၁၆၄မဲ ၊ NLD မှ ၄မဲ ၊ ပယ်မဲ (၁၆)မဲဖြစ်ကြောင်း၊ ရဲမွန် ပညာရေးရုံးတွင် ပြည်ခိုင်ဖြိုးမှ ၁၂၈မဲ၊ NLDမှ ၈မဲ ဖြစ်ကြောင်းသိရသည်။
ပခုက္ကူမြို့နယ် အမှတ်(၁၃)ရပ်ကွက် မဲအိုးတန်းရပ်ရှိ မဲရုံတွင် သက်ဆိုင်ရာမဲရုံမှူးမှ မဲပေးရာတွင် အသုံးပြုရန်အတွက် အစိမ်းရောင် ဘောပင်ကိုချထားပေးကြောင်း၊ မင်အစိမ်းဖြင့်မဲပေးခြင်းသည် ပယ်မဲဖြစ်ကြောင်းပြောဆိုမှသာလျှ
င် မင်အရောင်ပြန်လဲပေးကြောင်း သတင်းရရှိသည်။
Popular Myanmar News Journal

 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၄)
ယုဇနဥယျာဉ်မြို့တော် ၉ ၄ ရပ်ကွက်တွင် မဲစာရင်းတွင် မပါဝင်သူများက မဲရုံများဖွင့်လှစ်ထားသော အထက ၂ ရှေ့တွင် လာရောက်ပြီး မဲစာရင်းမပါဝင်သူများ စာရင်းကောက်ယူနေသူများထံ သန်းခေါင်းစာရင်းများဖြင့် လာရောက်ပြောကြားနေသည်ကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်က တွေ့ရစဉ်။
ဓာတ်ပုံ - အေးမြကျော်

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ ရုံတွင် NLD အနိုင်ရရှိ

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်
မဲဆန္ဒနယ်ရှိ မဲရုံ ၃ရုံတွင် မဲပေးမှုပြီးစီးပြီးဖြစ်ကာ မဲအရေအတွက်စာရင်းများလည်းသိရရှိရပြီဖြစ်ကြောင်း ကျွန်းစုမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ယနေ့ နေ့လည် ၁း၃၀ တွင် ပြောကြားသည်။

ကျွန်းစုမြို့နယ်ရှိ တာဆာကီ အမှတ်(၄)မဲရုံ၊ ကံမော်ကျေးရွာအုပ်စု-ပသျှူးချောင်းကျေးရွာမဲရုံအမှတ်(၃)နှင့် ရေမြက်ကြီးကျေးရွာအုပ်စု-မနွယ်ရွာ မဲရုံအမှတ်(၁၃) တွင် မဲရေတွက်ပြီးပြီဖြစ်သည်။

“မဲရုံကိုယ်စားလှယ်တွေရဲ့စောင့်ကြည့်ထားတဲ့ရလာဘ်အရ မဲရုံအားလုံးမှာ ကျွန်တော်တို့ အဖွဲ့ချုပ်က အနိုင်ရထားပါတယ်”ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဇင်မောင်မောင်က 7Day News သို့ပြောသည်။

တာဆာကီကုမ္ပဏီမဲရုံအမှတ်(၄)တွင် ရရှိသောမဲရလာဘ်များမှာ NLD က ၂၁၂ မဲ၊ ပြည်ခိုင်ဖြိုးက ၁၄ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့်လည်းကောင်း၊ ကံမော်ကျေးရွာအုပ်စု၊ပသျှူးချောင်းကျေးရွာ၊မဲရုံအမှတ်(၃)တွင် NLDက ၇၇ မဲ၊ ပြည်ခိုင်ဖြိုးက ၁၃မဲနှင့် ပယ်မဲ ၅မဲဖြင့်လည်းကောင်း၊ ရေမြက်ကြီးကျေးရွာအုပ်စု၊မနွယ်ကျေးရွာ မဲရုံးအမှတ်(၁၃) တွင် NLD က ၇၀ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၃၀ ရာခိုင်နှုန်းဖြင့် အသီးသီးရရှိထားကြောင်း ကိုဇင်မောင်မောင်က ပြောသည်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၄၂ရုံရှိပြီး၊ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

 မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီးဖြစ်သည့်အတွက်
မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟုသတင်းရရှိသည်။ အင်န်အယ်ဒီပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှဦးအောင်ဝင်းကြည်တို့ ကျောက်ပန်းတောင်း မဲဆန္ဒနယ်တွင် ၀င်ရောက်အရွေးခံခဲ့သည်။
 မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စုအတွင်းရှိ
ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။
NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်။
ပုသိမ်မြို့ ၅ ရပ်ကွက်ရှိ မဲရုံ၃ရုံတွင် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းဆန္ဒမဲပေးရန် လာရောက်သူအချို့မှာ ဆန္ဒပြုရန်အတွက် ထုတ်ပေးသည့် မဲကတ်ပြားများတွင် ဆန္ဒပြုလိုသည့် ပါတီအမှတ်တံဆိပ်များ ဘေးတွင်ထင်ရှားစွာခြစ်မရသဖြင့် လဲလှယ်ပေးရန် မဲရုံတာဝန်ရှိသူများအား တောင်းဆိုသော်လည်း လဲလှယ်ပေးခြင်း မရှိခဲ့ကြောင်း ပုသိမ်မြို့မှ 7 Day News သတင်းထောက်က သတင်းပေးပို့သည် ။
ယင်းသို့ လဲလှယ်ပေးရန် တောင်းဆိုသူဦးရေ ၁၀ ဦးထက် မနည်း ရှိခဲ့သည်။
အများစုကမဲစာရင်းစာရွက်ကိုဖယောင
်းသုတ်ထားသည်ဟုထင်မြင်ယူဆရ ကြောင်းပြောကြားကြသည်။
 ဒက္ခိဏသီရိမြို့နယ် အောင်သုခကျေးရွာနှင့် ချိုင်းကျေးရွာတို့တွင် မဲပေးခွင့်မရသူများမှာ အသက် ၃၀ မှ ၆၀အသက်အရွယ်ပိုင်းအများစုဖြစ်ပြီး
အောင်သုခကျေးရွာတွင် လူဦးရေ ၄၀ ကျော်နှင့် ချိုင်းကျေးရွာတွင် လူဦးရေ ၁၀ ဦးကျော်ရှိသည်ဟုသိရသည်။ အဆိုပါကျေးရွာဒေသခံများမှာ မဲပေးခွင့်မရဘဲတစ်ပတ်၊ နှစ်ပတ်ခန့်လာရောက်နေထိုင်သည့်အခြားနယ်မှဧည့်သည်များမှာမူ မဲပေးခွင့်ရသည်ဟုဆိုသည်။
တံတားဦးမြို့နယ်တွင် မဲရုံ အရေအတွက် ၂၀၄ ရုံရှိသည်။ ကြိုတင်မဲအရေအတွက်သည် မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်ထက်ပင် များပြားနေကြောင်းအမျိုးသားဒီမိ
ုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြောကြားသည်။ ထိုမဲဆန္ဒနယ်တစ်နယ်လုံးတွင် မဲပေးခွင့်ရှိသူ ၉၃၆၃၄ ဦးရှိပြီး၊ ကြိုတင်မဲအရေအတွက်သည် ၁၆၇၀ ရှိကာ မဲပေးခွင့်မရတဲ့သူ ၁၆၅ ဦးက ဒီချုပ်ရုံးခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။
 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရပ်ကွက် ၁၄ ရှိ မဲရုံ ၁ နှင့် ၂ တို့တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်တို့ အတူတွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို

ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များက ယနေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က လိုက်လံချိတ်ဆွဲလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ရပ်ကွက် ၂ ရှိမဲရုံသို့သွားရောက်ခဲ့သည်။ ၁၁ နာရီ ၁၀

မိနစ်တွင်လည်း ရပ်ကွက် ၄ ရှိ မဲရုံသို့ သွားရောက်ကာ မဲရုံအတွင်းဝင်ရောက်ခဲ့သည်ဟုဆိုသည်။
 တောင်ငူမြို့နယ် ၂ ရပ်ကွက်နေထိုင်သူ ၄၅၀ကျော်သည် မဲပေးရာတွင်ပါဝင်ခွင့်မရသည့်အတွ
က် အဆိုပါမဲပေးခွင့်မရသူများအနက်မှ လူဦးရေ ၁၀၀ ကျော်ခန့်သည် မဲရုံအနီးတွင် စုဝေးလျက်ရှိခြင်းကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားရာနေရာသို့

မြို့နယ်ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များရောက်ရှိကာ ရပ်ကွက်ရုံးတွင် ယနေ့ ၁၁ နာရီကျော်မှစတင်ကာနာရီဝက်ခန့်အကြာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်
''ဒီနေ့ ဒီရက်မှာ ဒီလိုအမှားမျိုး တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အမှား ပမာဏကြီးမားတော့ ဒီလိုအခြေ အနေမျိုးတွေ မဖြစ်သင့်ဘူးပေါ့။ ရပ်ကွက်အောက်ခြေမှာ အား နည်းချက်တွေ ရှိနေတယ်။ အောက် ခြေက ကော်မရှင်ရော၊ ရာအိမ်မှူး တွေရော အလုပ်မလုပ်တဲ့အ တွက်

ဒီလို ပြဿနာမျိုးတွေ ကြုံရ တာ။ ရပ်ကွက်မှာ ကင်းကြေးတွေ ကောက်တယ်။ ဒါမျိုးကျတော့ လူ မကျန်အောင် အိမ်တိုင်း ကောက် နိုင်တယ်။ အခု နိုင်ငံတော်အဆင့် အရေးကြီးတဲ့ ဒီကိစ္စတွေကို သူတို့ လေးလေးစားစား မလုပ်တာကို ကော်မရှင်ကို တင်ပြတယ်''

ဟုတောင်ငူမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က မီဒီယာများ နှင့် တွေ့ဆုံပြောကြားသည်။ အဆိုပါရပ်ကွက်တွင် မဲပေးခွင့်ရှိသူဦးရေမှာ ၈၅၆၂ ဦးရှိသည်။
မဲလက်မှတ်ပေါ်တွင် ဖယောင်းသုတ်ထားသည်ဟု ယူဆရပြီး အမှတ်ခြစ်မရခဲ့သော ကော့မှူးမြို့၊ ပြည်တော်သာ ၁ လမ်းနေ ဒေါ်ကြည်အေးက ယနေ့ကြုံတွေ့ခဲ့ရခြင်းနှင့်ပတ်သ
က်၍ 7Day News သို့အောက်ပါ အတိုင်းရင်ဖွင့်သည်။
`အနှစ်နှစ်အလလက အားခဲထားတာ အလကားဖြစ်သွားတာပေါ့။ အောက်ဆုံးအကွက် NLD ကိုမဲပေးတာ ဘောလ်ပင်က စာရွက်ပေါ်မှာ မှင်မထင်ဘူး။ ဒါနဲ့ တစ်သျှူးနဲ့ အဲဒီနေရာကို

နည်းနည်းသုတ်ပြီး ခြစ် ကြည့်တော့လည်း မရဘူး။ ဘောလ်ပင်က မှင်မထင်ဘူးလားလို့ လက်မှာ စမ်းခြစ်ကြည့်တော့ ထင်တယ်။ ဒါနဲ့ တံထွေးဆွတ်ပြီး ခြစ်လိုက်တော့ ခြစ်ရာက အများကြီး

ဖြစ်သွားတယ်။ ဒါနဲ့ ပယ်မဲဖြစ်ပြီဆိုပြီးတော့ နောက်ထပ် မဲလက်မှတ်တစ်စောင်တောင်းတာ ကော်မရှင်က မပေးဘူး။ မဲပေးချင်လို့ မနက် ၄ နာရီကတည်းက ထပြီးတော့ ၇ နာရီမှ မဲရုံ သွားပေးတာ

အခုလိုအဆင်မပြေတော့ စိတ်ဆိုးတယ်´ ဟုအသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်အေးက ပြောသည်။ သူမသည် အာဆီယံမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အကူအညီဖြင့် မဲထည့်

ပေးခွင့်ရရန် ထိုမဲရုံအနီးတွင် စောင့်ဆိုင်းလျက်ရှိသည်။
 7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၃)
ကော့မှူးမြို့ နယ် မဲရုံတခုတွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်

ဖယောင်းသုတ် မဲစာရွက်ကို ကိုယ်တိုင် ကြုံတွေ့ရသူတဦး

ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး-

ယနေ့နံနက် ပိုင်းက ကော့မှူးမြို့နယ်  ပြည်တော်သာ ရပ်ကွက် မဲရုံတွင် မဲပေးသူ ဒေါ်ကြည်အေး မဲပေးသည့်အခါ မဲစာရွက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အမှတ်ခြစ်မည့်နေရာတွင် ဖယောင်းသုတ်ထားသဖြင့် မထင်ထင်အောင်ခြစ်ရာ၌ ၂ ထပ်ဖြစ်သွားပြီး ပယ်မဲဖြစ်သွားခဲ့သည်ဟု ဆိုသည်။

မဲရုံမှူးဒေါ်အေးလှိုင်အား မဲစာရွက်သွားရောက်လဲလှယ်ရာ မလဲပေးသဖြင့် ယင်းသို့ ၂ ထပ်အတိုင်းထည့်လိုက်ရသည်ဟု YPI သို့ပြောသည်။
မြို့နယ်ကော်မရှင်ရုံးသို့ ယင်းကိစ္စအားမေးမြန်းရာတွင် လာတိုင်ကြားတာမရှိသေးပါဘူး၊ ကောလဟလဟုသာ ပြန်လည်ဖြေကြားသည်။ တနိုင်ငံလုံးမှာ ဒါပဲ သုံးစွဲနေတာဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မဲလက်မှတ် ဖယောင်း မသုတ်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ရေးသားရာတွင်  “ ဒီမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ နေပြည်တော်စက်ရုံမှာ တစ်ပြည် လုံးအတွက်ပုံနှိပ်ပါတယ်။ ပုံနှိပ်စဉ်ကာလတစ်လျှောက်လုံးမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအတွက် ပြိုင်မယ့်ပါတီ၊ ပါတီသင်္ကေတများကို သတ်မှတ်ပေးပြီး ကော်မရှင်က ကိုယ်စားလှယ်များနဲ့ ဌာနအကြီးအကဲများကိုယ်တိုင် ညအိပ်စောင့်ပြီး ပုံနှိပ်ရပါတယ်” ဟုဖေါ်ပြထားသည်။
--------------------------------------------------------------------
 ကော့မှူးမြို့နယ် နောင်လုံရွာတွင် NLD မဲအများဆုံးရ
ဧပြီ ၁၊ ၂၀၁၂ (YPI)

ကော့မှူးမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ နောင်လုံရွာတွင် NLD ၂၁၇ မဲ၊ ကြံ့ခိုင်ရေးပါတီ ၃၇ မဲ၊ ပယ်မဲ ၂ မဲရှိခဲ့ပြီး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ တစ်မဲမှမရရှိဟု YPI သတင်းထောက်က သတင်းပေးပို့သည်။       ။

-------------------------------------------------------------------
 မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ
ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။
---------------------------------------------------------------
ဇမ္ဗူသီရိမြို့နယ်တွင် NLD ထောက်ခံသူများ မဲပေးခွင့်မရ
နေပြည်တော် မဲမသမာမှု (ဇမ္ဗူသီရိ)

ဧပြီ ၁၊ ၂၀၁၂ (YPI)

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် NLD ထောက်ခံသူများ မဲစာရင်းတွင် မပါဝင်သောကြောင့် မဲပေးခွင့်မရရှိခဲ့ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်လ ၇ ရက်နေ့ကတည်းက မဲစာရင်းထဲထည့်သွင်းနိုင်ရန် ကျေးရွာ ဥက္ကထံသို့ သွားရောက်စာရင်းပေးခဲ့သော်လည်း NLD ထောက်ခံသူ ၆၄ ဦးမှာ မဲစာရင်းထဲတွင် မပါဝင်ခဲ့ဟု ၎င်းကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းစန်းမြင့်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မဲဆွယ်ခရီးစဉ်တွင် လိုက်ပါခဲ့သူများကို ကျေးရွာအာဏာပိုင်များက လိုက်လံမှတ်သားထားပြီး မဲစာရင်းတွင် ထည့်သွင်းထားခြင်းမရှိဟု ဒေသခံများကပြောသည်။

၎င်းကျေးရွာမှ မဲစာရင်းအမှတ် ၁၄၄၈ ဦးသန်းရွှေဆိုသူမှာ ၎င်းမဲပြားကို အခြားတစ်ယောက်မှထည့်သွားသောကြောင့် ၎င်းးမှာ မဲထည့်ခွင့်မရခဲ့ဟု YPI သို့ပြောသည်။

“ကျွန်တော်သွားတော့ ကျွန်တော့်ကိုယ်စားထည့်ပြီးသွားပြီလို့ပြောတယ်။ ဘယ်သူထည့်လဲမေးတော့ မဲရုံစာရေးတွေက လူတွေများနေလို့ ကျွန်မတို့လည်းမသိဘူးလို့ပြောတယ်။ ကျွန်တော်ကိုယ်တိုင်မဲပေးချင်လို့သွားတာ မဲမပေးခဲ့ရဘူး။ မကျေနပ်ဘူး” ဟု ဦးသန်းရွှေကပြောသည်။

NLD ထောက်ခံသူ ၎င်းကျေးရွာမှ မောင်နေလင်းဦးမှာ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း မဲပေးခွင့်ရှိသူစာရင်းတွင် မပါဝင်ခဲ့ဟု ၎င်းကိုယ်တိုင်ကပြောသည်။

မောင်နေလင်းဦးမှာ ၂၀၁၀ ခုနှစ်က ၁၈ နှစ်မပြည့်သေးသောကြောင့် မဲပေးခွင့်မရှိခဲ့သော်လည်း ယခုတွင် ၁၈ နှစ်ပြည့်ပြီးဖြစ်သည်။ မဲစာရင်းများကို ၂၀၁၀ ခုနှစ်စာရင်းများကိုအခြေခံကောက်ထားသည်ဟုဆိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူအချို့မှာ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းထဲမပါတော့ဟု ဒေသခံများကပြောသည်။      ။
------------------------------------------------------------
ကြံ့ခိုင်ရေးပါတီကို မဲပေးရန် တွန်းအားပေးခဲ့သော ဒက္ခိဏသီရိမှ မဲရုံမှူးတစ်ဦးကို မြို့နယ်ကော်မရှင်သို့တိုင်ကြား

နေပြည်တော် မဲမသမာမှု (ဒက္ခိဏသီရိ)

ဧပြီ ၁၊ ၂၀၁၂ (YPI)

ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းရွာမှ မဲရုံတွင် မဲရုံမှူးဦးဇော်ဝင်းက လျှို့ဝှက်ဆန္ဒမဲပေးသည့်အခန်းတွင်းထိလိုက်ကာ ကြံ့ခိုင်ရေးပါတီကိုမဲပေးရန် မဲဆန္ဒရှင်များကို လိုက်လံတွန်းအားပေးခဲ့သောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့တိုင်ကြားထားသည်ဟု NLD အောင်နိုင်ရေးဦးဆောင်အဖွဲ့ဝင် ဦးအောင်ဇော်ကပြောသည်။

နံနက် ၆ နာရီမှ ၈ နာရီအတွင်း မဲရုံးမှူးက မဲလာပေးသည့်သူများကိုယခုကဲ့သို့လုပ်ဆောင်ခဲ့ပြီး ၎င်းအချိန်သည် အလုပ်သမားအများစု လုပ်ငန်းခွင်မ၀င်မီ မဲလာထည့်ကြသည့်အချိန်ဖြစ်သည်ဟု ဦးအောင်ဇော်ကပြောသည်။

၎င်းကျေးရွာတွင် မဲပေးခွင့်ရှိသူ ၁၀၃၁ ယောက်ဟု စာရင်းတွင်ဖော်ပြထားသော်လည်း မဲပေးခွင့်ရှိသူ ၉ ယောက်မှာ မဲစာရင်းတွင်မပါရှိဟု ချိုင်းရွာသားတစ်ဦးကပြောသည်။

“အချိန်မီပြောခဲ့ပါတယ်။ အဲဒီတုန်းက နောက်တိုးစာရင်းထဲထည့်ပေးမယ်ပြောတယ်။ မဲရုံရောက်တော့မှ စာရင်းထဲမပါမှန်းသိရတာ” ဟု မဲမပေးခဲ့ရသည့် ချိုင်းရွာသားကပြောသည်။

ထို့အတူ မဲတီးရွာတွင်လည်း ၄၀ ဦးခန့် မဲထည့်ခွင့်မရခဲ့ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။
Yangon Press International
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၂) မြောင်းမြ

 ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကာယကံရှင်မသိပဲ ကြိုတင်မဲ ပေးပြီးဖြစ်

မြောင်းမြမြို့ရှိ မုဆိုးကွင်းကျေးရွာအုပ်စု၊ သမ္မန်ချိုင်ရပ်ကွက်တွင် နေထိုင်သော GTC ဒုတိယနှစ်ကျောင်းသား ကိုခန့်ကျော်နိုင် မဲသွားပေးရာတွင် ကြိုတင်မဲပေးပြီးပြီဖြစ်၍ ထပ်မံပေး၍ မရကြောင်း ပြောသည်။

ကိုခန့်ကျော်နိုင် တက်ရောက်ရသော ပုသိမ်မြို့ GTC ကျောင်းတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မတိုင်ခင် ကျောင်းခန်းထဲတွင် ကိုယ်ရေးအကျဉ်းစာရွက်ဖြည့်ခိုင်းကြောင်း၊ ဘာအတွက်ဖြည့်ခိုင်းသည်ကို မေးကြည့်သော်လည်း ဆရာမမှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုကဲ့သို့ ကိုယ်ရေးအကျဉ်း ဖြည့်ရသော ကျောင်းသားဦးရေ ၁ဝ၀ လောက်ရှိကြောင်း ကိုခန့်ကျော်နိုင်မှပြောသည်။ ယခုအခါ ကိုခန့်ကျော်နိုင် မဲသွားပေးရာ ကြိုတင်မဲပေးပြီးဖြစ်၍ မဲမပေးခဲ့ရကြောင်းသိရသည်။


 ကလော၊
ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကြံ့ခိုင်ရေးက မဲတစ်ပြား ကျပ် ၃၀၀၀ နှင့်ဝယ်

ကလောမြို့ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ချို့က သူတို့ပါတီကို မဲပေးဖို့ မဲတစ်ပြား ကျပ် ၃၀၀၀ နှုန်းနဲ့ ၀ယ်နေကြောင်း မြို့ခံတွေက ပြောပြပါတယ်။

ကလောမြို့ နန်းနိုင်ကျေးရွာ အုပ်စု ကန့်ကော်ပင်ကျေးရွာနဲ့ ညောင်ပင်ကုန်း ကျေးရွာအကြားမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်စုက ဖြတ်သွားဖြတ်လာ လူတွေကို မဲပေးဖို့ သွားမှာလား။

မဲသွားပေးရင် ကျွန်တော်တို့ပါတီကို မဲပေးပါ ဆိုပြီး ကြံ့ခိုင်ရေး ပါတီ စာရွက်နဲ့ ငွေကျပ် ၃၀၀၀ ကိုပါခေါက်ပြီးပေးကြောင်း သိရပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေမှုကို အင်န်အယ်လ်ဒီ အပြင်စည်းစောင့်ကြည့်အဖွဲ့ကလည်း တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ ကော်မရှင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

အဆိုပါနေရာ အနီးမှာ အမက ညောင်ပင်ကုန်း နဲ့ အမက မြင်းကပေါ် မဲရုံတွေ တည်ရှိကြောင်း သိရပါတယ်။


မန္တလေး၊ ပခုက္ကူ ၊
 ဧပြီ ၁ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၁၅ မိနစ်၊ YPI

၁။ မဲရုံရှေ့တွင် မဲပေးသူများ စောင့်စား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် အနောက်ရပ်ကွက်တွင် နေထိုင်သော ဒေသခံအများစုမှာ မဲစာရင်းတွင် မပါသူ များပြားသောကြောင့် လူ (၃၀၀) ၀န်းကျင် အဝေရာ ဓမ္မာရုံ မဲရုံရှေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါ လူများ မဲပေးခွင့်ရရန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ကိုင်ဆောင်ပြီး မဲရုံမှူးကို သွားရောက်ပြောဆိုရာ မဲရုံမှူးက မြို့နယ်ကော်မရှင်ရုံးကို သွားတင်ပြရန် ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံသူ များကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူ မဲဆန္ဒနယ်တွင်လည်း မဲရုံ တစ်ရုံစီမှာ လူဦးရေ ရာနဲ့ချီ မဲပေးခွင့်မရလို့ စောင့်ဆိုင်းနေကြောင်း အင်န်အယ်လ်ဒီ ပါတီမှ ဦးကြည်ဝင်းက ပြောသည်။

မူလက ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းရှိရင် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မပါရင်လည်း မဲပေးခွင့်ရမည် ပြောခဲ့ပေမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ကော်ရှင်အဆင့်ဆင့်ကို ၂၄ ရက်အထိ နောက်ဆုံးရရှိတဲ့ စာရင်းကိုသာ အတည်ယူမည်ဟု ညွှန်ကြားထားတာကြောင့် မဲပေးခွင့်မရတော့တာဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

မြို့မ လမ်းပေါ်က အမှတ် (၁၅) ရပ်ကွက် မဲရုံအမှတ် (၁) အနီးမှာလည်း လူရာနဲ့ချီ စောင့်ဆိုင်းနေကြောင်း၊ အခြား မဲရုံတွေမှာလည်း အလားတူစောင့်ဆိုင်းနေသူ အများအပြား ရှိပြီး ညနေ မဲရုံပိတ်ချိန် မတိုင်မီအထိ စောင့်ဆိုင်းနေကြမယ် ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။


  Yangon Press International

No comments: