Sunday, April 1, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ မှ ကြေငြာချက်ထုတ်

The Doctor Behind the Lady

Posted on April 1, 2012
Aung San Suu Kyi’s long-time medical doctor calls the shots behind the scenes
Aung San Suu Kyi has defied Burma’s generals for decades. But there’s one man whose orders she usually follows: Tin Myo Win, her medical doctor.
Aung San Suu Kyi’s long-time medical doctor Tin Myo Win (Photo-Nyein Nyein Naing)
Behind the scenes, Tin Myo Win has played a key role in the National League for Democracy’s first election campaign in 22 years, checking party leader Suu Kyi’s health every Monday and Thursday and advising on whether she should travel.
Last week, he urged her not to travel after she fell ill while campaigning in Myeik in southern Burma.
“The problem is the workload,” Tin Myo Win said. “She can’t rest enough and doesn’t have the energy. It’s partly because of her age and also because of the weather.”
Suu Kyi, 66, has fallen ill twice on the campaign trail, most recently vomiting and suffering low blood pressure. Temperatures have regularly reached 38 degrees Celsius in many parts of Burma.
In 2003, while under house arrest, Suu Kyi had major surgery – the most serious health issue she has ever faced, Tin Myo Win said. He declined to give details, citing patient confidentiality.
Despite new fears for her health, Tin Myo Win couldn’t stop Suu Kyi from taking one last-minute campaign trip on the eve of Burma’s historic by-election Sunday. She left Rangoon at 4 p.m. Saturday for the three-hour drive south to Kawhmu Township, where she is running against two opponents.
“Even if she feels exhausted, she didn’t express any pain,” her doctor, wearing green scrubs, said in a rare interview Friday between operations at the Muslim Free Hospital in Rangoon.
National League for Democracy sources said Tin Myo Win advised against traveling this weekend, but Suu Kyi refused. Tin Myo Win declined to confirm whether he told her not to travel.
Suu Kyi was scheduled to spend the night in a village in Kawhmu and tour some voting stations early Sunday morning. She was planning to return to Rangoon before noon, under Tin Myo Win’s advice.
“The weather’s too hot,” he said Saturday.
A few minutes after she left, Suu Kyi called Tin Myo Win to say, “I’m feeling well. Don’t worry for me,” he said.
Burma is holding its first election since 2010, when the pro-military Union Solidarity and Development Party won an overwhelming victory in what was seen as a widely rigged poll. The NLD boycotted those elections, but decided to take part this time after Suu Kyi became convinced the new civilian government was sincere in making reforms.
Across the country, 45 seats are up for grabs.
Tin Myo Win, 61, and his wife are the only ones who regularly visited Suu Kyi during her years of house arrest, and got to know her well.
“She is brilliant in maintaining her weight at 106 pounds constantly,” he said.
He said he has been pushing Suu Kyi to eat more meat for a balanced diet. She avoids animals with four legs. “Just chicken and fish – I asked her to eat more fish because she likes seafood. She eats only the white parts of the egg,” he said.
Tin Myo Win earned his medical degree in 1975 from the Institute of Medicine [1] in Rangoon and later became a surgeon. His specialty is gastrointestinal disorders.  He was also once a politician.
He first met Suu Kyi in September 1988 during a nationwide uprising against the military-backed Socialist regime. He spent three years in prison from 1989 to 1992 for his participation.
After his release, he devoted time to working at a hospital that treats patients for free, while also earning income at three private clinics.
His long-time friendship with the democracy icon was evident in February, when Tin Myo Win married for the second time, to Pyone Mo Ei, also a medical doctor. Suu Kyi paid for the lavish wedding at the five-star Trader’s Hotel.
At the reception, she told the crowd she was very grateful for Tin Myo Win’s care for more than 20 years, and wished the couple “all the happiness that anyone could get.”
The newlyweds had to cut short their honeymoon in Kalaw in Shan State in early March when Suu Kyi fell ill while campaigning in Mandalay.
Tin Myo Win cares for many other activists, politicians and former political prisoners, but Suu Kyi stands out, and not just for her celebrity.
“She is the best patient for me,” Tin Myo Win said. “No one can endure pain like her.”
By Nyein Nyein Naing
7-Day News



မြောင်းမြမဲဆန္ဒနယ်တွင်မဲအရေအတွက် လေးပုံသုံးပုံရေတွက်ပြီးချိန်၌
ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်ရှုံးနိမ့်ထားခြင်းကြောင့် ကျန်မဲများအားလုံရရှိသည့်တိုင် အနိုင်မရတော့ဘဲ ရှုံးနိမ့်သွားကြောင်းသိရသည်။
 
 

ကျေးဇူးမေမေ.... ကျေးဇူးပါမေမေ...
.........

ထူးအိမ်သင်ရဲ့ သီချင်းလေးလိုပါပဲ..
ကျွန်တော်တို့ ခွပ်ဒေါင်းပြည်သူတွေမှ
ကျေးဇူးမေမေ.... ကျေးဇူးပါမေမေလို့ ခေါ်ဆိုပါရစေ..
Getty Images
 
Chit Lay's Photos
မဟာအောင်မြေ.မန်းလေး...ဦးအုန်းကြိုင်.....ပုံ by: Linn Yaung...ကျေးဇူးပါဗျာ

 
 
Chit Lay's Photos
မကွေးမြို့နယ် မှ ဦးမြင့်သိန်း.....ပုံ ..by: Linn Yaung.....ကျေးဇူးပါဗျာ
 
 
 
 
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၇) "မဲ နှစ်ခါပြန်ပေးသူအား တရားစွဲရန်စီစဉ်နေ"

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ မဲရုံ အမှတ်(၁)တွင် လူတစ်ဦးတည်းမှ မဲနှစ်ခါပေးခြင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပါတီနှစ်ခုမှ ကိုယ်စားလှယ်များက ယင်းကိစ္စကို ဂရုပြုစောင့်ကြည့်ရာ ထပ်မံ၍ မဲနှစ်ခါပြန်လာပေးသူနှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန်ခေါ်ယူရာတွင် တစ်ဦးကထွက်ပြေးသွားကာ ကျန်အမျိုးသမီးကိုသာ ခေါ်ယူထားနိုင်ကြောင်းသိရသည်။

ထိုအမျိုးသမီးကို ကော်မရှင် ဥပဒေ အခန်း(၁၄)ပါအချက်များအရ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည

်။
 
 "သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ ဖုန်းဖြင့်တိုင်ကြားမှုများပြား"

မဲပေးရာတွင် အဆင်မပြေမှုများကို သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ တရားဝင် စာဖြင့်တိုင်ကြားမှုလုံးဝမရှိပဲ ဖုန်းဖြင့်တိုင်ကြားမှုများပြားလ
ျက်ရှိကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တိုင်ကြားမှုများအနက် မဲရုံနားကပ်၍ မဲဆွယ်ခြင်းကိုတိုင်ကြားခြင်းမှ
ာ အများဆုံးဖြစ်ပြီး ယခုကဲ့သို့တိုင်ကြားခြင်းများသည် ၂၀၁၀ ခုနှစ်ကထက် ပိုမိုများပြားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

သို့သော် စာဖြင့် တရားဝင်တိုင်ကြားခြင်းမဟုတ်သဖြင
့် အရေးယူရန် အကြောင်းမရှိကြောင်းသိရသည်။
"လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး"

မနက် (၇) နာရီမှာပဲ NLD ကိုမဲပေးပါတယ်။ NLD ကိုပေးဖြစ်တာက

ပြည်သူတွေ စိတ်ချမ်းသာမယ်ထင်လို့ ဦးအုန်းကြိုင် ကိုပေးတာပါ။
ဦးအုန်းကြိုင်ကို မန္တလေးအတွက် လုပ်ပေးစေချင်တာက လွတ်လပ်မှုပေါ့။
လွတ်လပ်စွာ ကိုးကွယ်ချင်တယ်။ ကချင်တယ်။ ရေးချင်တယ်။ လွတ်လပ်ချင်တယ်။ မဲပေးရတာတော့ လွတ်လပ်မှုရှိတယ်။ ကိုယ့်ကို ဘယ်သူမှ မတားဘူး။ မစောင့်ကြည့်ဘူး။ ကိုယ့်နာမည်မှန်လား စစ်ဆေးတယ်။ ကိုယ်ဘောပင်ကိုယ် ယူသွားပြီး အမှန်ခြစ်ခဲ့ပါတယ်”
 Popular Myanmar News Journal
 
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၈) ဦးခွန်ထွန်းဦး ခမောက်ကို NLD ထင်ပြီး မဲမှားပေး

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ် ၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်


အခြားပါတီတစ်ခု၏ အမှတ်တံဆိပ် ခမောက်ပုံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-

NLD ဟု ထင်မှတ်၍ မဲပေးခဲ့ပြီးမှ မှားမှန်းသိပြီး၊ မဲလက်မှတ် ပြန်လဲလှယ်ကာ NLD အား မဲပြန်ပေးခဲ့ရသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်-SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

“ကျွန်တော့်အဖြစ်ကလည်း ရီစရာပါ။ ထောင်ကထွက်လာတာလည်
း မကြာသေးတော့ ခမောက်ကိုလည်း စွဲနေတော့ ခမောက်ကိုပဲ ဆော်လိုက်တာပေါ့။” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

“အဲဒါကို အမျိုးသမီးက ခမောက်ကြီး သွားထည့်တယ်လား မေးတော့ ဟုတ်တယ်လေ အင်အယ်လ်ဒီ (NLD) ကို ပေးတာဆိုတော့ သူက ခမောက်မဟုတ်ဘူး။ ဒေါင်းရုပ်တဲ့ ခွပ်ဒေါင်းအလံနဲ့ ဆိုမှ မဲရုံမှုးကို သွားပြန်ပြောပြီး ကျွန်တော်မှားသွားလို့ပါဆိုပြီး မဲပြန်လဲပြီး ထည့်လာခဲ့ရပါ တယ်။” ဟု သူက ဆက်ပြောသည်။

၎င်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် အခြားရှမ်းခေါင်းဆောင်များနှင့်အတူ ၂၀၀၅ ခုတွင် နိုင်ငံတော် ပုန်ကန်မှုအပါအ၀င် အခြားစွဲဆိုချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ယခုနှစ် ဇန်န၀ါရီလ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်။ ။
မော်လမြိုင်
 ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

မဲမှားခြစ်တာကို ပြန်လဲမပေး

မော်လမြိုင်
မော်လမြိုင်မြို့နယ်အတွင်း မဲဆန္ဒပြုရတဲ့ စက္ကူများတွင် စက္ကူအချောနှင့် အကြမ်း ဆိုပြီး ၂ မျိုးရှိသည်။

စက္ကူအကြမ်းတွင် မဲဆန္ဒပြုဖို့ အမှတ်ခြစ်ရတာ လွယ်ကူပြီး အချောမှာတော့ ဘောလ်ပင်ဖြင့် အမှတ်ခြစ်ရတာ မလွယ်ကူပဲ ရုတ်တရက် မှင်မထင် ဖြစ်ရသည်။ မှင်မထင်သဖြင့် ထပ်ကာထပ်ကာခြစ်လို့ ပျက်စီးသွားတဲ့ ဆန္ဒ
မဲလက်မှတ်တွေကို ထပ်မံထုတ်ပေးပါရန် တင်ပြတောင်းဆိုတာကို ခွင့်မပြုသဖြင့် ပယ်မဲ ဖြစ်သွားမည် ဖြစ်မည်။

ရွှေမြိုင်သီရိ မဲရုံအမှတ်(၂)၊ (၄) တွင်ဖြစ်ပွားခဲ့သော အဆိုပါ အဖြစ်အပျက်များနှင့် ပါတ်သက်ပြီး မွန်ပြည်နယ်ကော်မရှင်မှ အမည်မဖော်ရဲသူတစ်ဦးက ‘’အမှန်ခြစ်ပြီးသားစာရွက်ကို ပြန်လဲမရကြောင်း၊ မဲမပေးခင်ကတည်းက စက္ကူစုတ်နေလား၊

ပြဲနေလားဆိုတာကို သေချာကြည့်ရှုရန် လိုအပ်ကြောင်း၊ ၄င်းတို့မှာ ပြန်လဲပေးပိုင်ခွင့် မရှိကြောင်း ဖြေကြားသည်ဟု သိရသည်။ စက္ကူအကြမ်းမှာမူ ဘောပင်ဖြင့်ရေးရန်လွယ်ကူသည်ဟုသိရသည်။

ကော့မှူး၊ ဧပြီ ၁ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

ကော့မှူးထဲက မဲရုံမှူး ဥပဒေ ချိုးဖေါက်

ကော့မှူးမဲဆန္ဒနယ်ထဲက မျောက်ချောင် ကျေးရွာအုပ်စု လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းထဲက မဲရုံမှာ မဲပေးမှုပြီးလို့ မဲရေတွက်ရာမှာ အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ရှေ့မှောက်မှာ မဲရေတွက်ခြင်း မပြုပဲ

မဲစာရင်းဖြည့်မထားတဲ့ ပုံစံ (၁၆)မှာ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့

အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ဦးဆန်းဦးက ပြောပါတယ်။

သူက ` မဲရေတွက်တာမှာ ကြည့်ခွင့်မရှိဘူး ဆိုပြီး မဲရုံမှူး ဒေါ်ဖြူဖြူသန်း က ကျွန်တော့်ကို ပြောတယ်။ ဒီတော့ ကျွန်တော်က မဲပေးခွင့်သူ-၁၃၂၊ မဲလာပေးသူ ၁၂၈၊ ကြိုတင်မဲ ၄ မဲ ဒါကိုပဲ အသိပေးတယ်။

ကျွန်တော့်ရှေ့မှာ မဲရလာဒ်တွေ မရေတွက်တော့ ဘယ်ကိုယ်စားလှယ်လောင်း ဘယ်လောက်ရလဲ ကျွန်တော်လည်း ဘာမှ မသိရဘူး။´ လို့ပြောပါတယ်။

ခုလို ပြုလုပ်တာဟာ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေမှာ မဲရုံတွေမှာ မဲရေတွက်တဲ့အခါ သက်ဆိုင်ရာ ပါတီ မဲရုံ ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ရေတွက်ရမည် လို့ ပါဝင်ပြီး အခုလုပ်ရပ်ကတော့ ဥပဒေ ချိုးဖေါက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။
  YPI ဖယောင်းသုတ် မဲစာရွက်ကို ကိုယ်တိုင် ကြုံတွေ့ရသူတဦး
ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး-

ယနေ့နံနက် ပိုင်းက ကော့မှူးမြို့နယ်  ပြည်တော်သာ ရပ်ကွက် မဲရုံတွင် မဲပေးသူ ဒေါ်ကြည်အေး မဲပေးသည့်အခါ မဲစာရွက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အမှတ်ခြစ်မည့်နေရာတွင် ဖယောင်းသုတ်ထားသဖြင့် မထင်ထင်အောင်ခြစ်ရာ၌ ၂ ထပ်ဖြစ်သွားပြီး ပယ်မဲဖြစ်သွားခဲ့သည်ဟု ဆိုသည်။


မဲရုံမှူးဒေါ်အေးလှိုင်အား မဲစာရွက်သွားရောက်လဲလှယ်ရာ မလဲပေးသဖြင့် ယင်းသို့ ၂ ထပ်အတိုင်းထည့်လိုက်ရသည်ဟု YPI သို့ပြောသည်။

မြို့နယ်ကော်မရှင်ရုံးသို့ ယင်းကိစ္စအားမေးမြန်းရာတွင် လာတိုင်ကြားတာမရှိသေးပါဘူး၊ ကောလဟလဟုသာ ပြန်လည်ဖြေကြားသည်။ တနိုင်ငံလုံးမှာ ဒါပဲ သုံးစွဲနေတာဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မဲလက်မှတ် ဖယောင်း မသုတ်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ရေးသားရာတွင်  “ ဒီမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ နေပြည်တော်စက်ရုံမှာ တစ်ပြည် လုံးအတွက်ပုံနှိပ်ပါတယ်။ ပုံနှိပ်စဉ်ကာလတစ်လျှောက်လုံးမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအတွက် ပြိုင်မယ့်ပါတီ၊ ပါတီသင်္ကေတများကို သတ်မှတ်ပေးပြီး ကော်မရှင်က ကိုယ်စားလှယ်များနဲ့ ဌာနအကြီးအကဲများကိုယ်တိုင် ညအိပ်စောင့်ပြီး ပုံနှိပ်ရပါတယ်” ဟုဖေါ်ပြထားသည်။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၉)
 မဲရုံအများပြားတွင်မဲမသမာမှုများဖြစ်နေသောကြောင့်အဖွဲ့ချုပ်
ဗဟိုအောင်နိုင်ရေးအဖွဲ့ကပြည်ထောင်စုကော်မရှင်အားအကြောင်းကြားစာပို့ခဲ့။
လောင်းလုံမြို့နယ်မှအဖွဲ့ချုပ်က ကိုယ်စားလှယ်ဦးအောင်စိုးမှာနေရာအများ
အပြားတွင်းအနိုင်ရရှိသွားပြီဟုသိရသည်။


၁။ (၆၇)ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ်(၃၀၀၀)စီပေးပြီး
၎င်းတို့အားမဲထည့်ပေးရန်စည်းရုံ
းခဲ့ကြောင်း။
၂။ (၁၃၈)ရပ်ကွက် တွင် ကြံ့ခိုင်ရေးမှ မဲထည့်မည့်သူများအား မဲထည့်ရန်
အကြိုအပို့ပြုလုပ်ပေးခဲ့ကြောင်း


၃။ (၉၄)ရပ်ကွက် မဲရုံ(၉)တွင် မဲဆန္ဒရှင်တစ်ဦးက
မဲလက်မှတ်တွင်ကော်မရှင်၏တံဆိပ်
မပါကြောင်း မဲရုံမှူးအား
   အသိပေးသော်လည်း မဲရုံမှူးမှ ကိစ္စမရှိပါ ရပါသည်ဟုပြောဆိုပြီး
အဆိုပါမဲလက်မှတ်ဖြင့်ပင်မဲပေးခိ
ုင်းခဲ့ကြောင်း။
၎။ (၆၁)ရပ်ကွက် မဲရုံ(၁)တွင် မှတ်ပုံတင်မပါပဲ
ကြံ့ခိုင်ရေးကဒ်ပြားဖြင့်မဲပေး
လိုသူအား မဲပေးခွင့်ပြုခဲ့ကြောင်း။
၅။ (၈၉)ရပ်ကွက် မဲရုံ(၁)တွင် သေဆုံးသူအောင်မြတ်တင် အမည်ဖြင့်
မဲပေးထားကြောင်း၊ ယင်းမဲလက်မှတ်၏ မဲစာရင်း
အမှတ်စဉ်မှာ (၈၇၀)ဖြစ်ကြောင်း။
၆။ (၉၉)ရပ်ကွက် မဲရုံ(၃)တွင် မှတ်ပုံတင်မရှိသောကြောင့် မဲမထည့်ရပဲ
ပြန်သွားရသူအရေအတွက်မှာ နံနက်(၇း၀၀)နာရီတွင်
 အယောက်(၅၀)ကျော်ရှိပြီဖြစ်ကြော
င်း။
၇။ (၆၈)ရပ်ကွက်တွင် မဲရုံ(၁)ရုံသာရှိကြောင်း။ မဲရုံမှူးမှာလည်း
မဲပေးရန်လာရောက်သူအား မဲစာရင်းတွင် ရှာမပေး
သဖြင့် ကိုယ်တိုင်ရှာရသောကြောင့် အခက်အခဲကြုံတွေ့ရကာ
အချိန်နှောင့်နှေးရကြောင်း။ ယင်းရပ်ကွက်တွင်
မှတ်ပုံတင်မပါသောကြောင့် မဲမထည့်ရပဲပြန်သွားရသူအရေအတွက်
မှာ
နံနက်(၈း၀၀)နာရီတွင် အယောက်(၁၀၀)ကျော်ခန့်
ရှိပြီဖြစ်ကြောင်း
၈။ (၉၃)ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူး စန်းရွှေသည်
နံနက်(၈)နာရီခန့်တွင် မြနဒီလမ်းနေ ဒေါ်စောရီမိသားစု၊
ဒေါ်တင်ကြိုင်မိသားစုနှင့် ဒေါ်စန်းကြည်မိသားစုသုံးစုအား
၎င်းကိုယ်တိုင်အိမ်သို့သွားခေါ်ြ
ပီး
ကြံ့ခိုင်ရေးအားမဲထည့်ခိုင်းခဲ့
ကြောင်း
၉။ (၉၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် မဲရုံနှင့်ကိုက်(၅၀၀)အတွင်း တ.ဆ.ည
ပါတီအသင်းဆိုင်းဘုတ်အားမသိမ်း
ဆည်းပဲထားခဲ့ကြောင်း။
၁၀။ (၈၉)ရပ်ကွက်၊ အ.လ.က(၁)မဲရုံတွင် အာရှနဂါးအထည်ချုပ်မှ စက်ရုံဝန်ထမ်း
(၆၀၀)ကျော်ခန့်အနက် (၃၀၀)ခန့်သာမဲပေးခဲ့ရကြောင်း။
၁၁။ (၉၈)ရပ်ကွက်၊ စားအုန်းဆီနှင့်အသားတုစက်ရုံတွ
င် စက်ရုံမှူး
ဝင်းကိုနှင့် မန်နေဂျာ မင်းထက်ပိုင် တို့ပူးပေါင်းပြီး ၀န်ထမ်း(၇၀)ခန့်၏
မှတ်ပုံတင်ကို
ကြံ့ခိုင်ရေးအားပေးအပ်ပြီးမဲပေး
ခိုင်းခဲ့ကြောင်း၊
ယင်းဖြစ်စဉ်မှာနံနက်(၈း၄၀)နာရီ
ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း။
ယင်းစက်ရုံအနီးအအေးခန်းစက်ရုံ
တစ်ခုတွင်လည်း ၀န်ထမ်းများမှာမဲသွားပေးခွင့်
မရကြောင်း။
၁၂။ *** (၉၄)ရပ်ကွက် (စီဘလောက်) (၁၄)လမ်းတွင် မောင်တင်ဦးအသက်(၁၇)နှစ်
မဲစာရင်းအမှတ်(၇၆၄)၊ အောင်မြင့်ကို အသက်(၁၂)နှစ် မဲစာရင်းအမှတ်(၇၆၅)
တို့သည် အသက်မပြည့်ပဲမဲပေးခဲ့ကြောင်း။ ***
၁၃။ ယုဇနအိမ်ယာ၊ တိုက်(၂၇) အခန်း(၁၀၄)နေ ဒေါ်ဝေေ၀စိုးမှာ
မိမိကိုယ်တိုင်မသိရပဲမဲစာရင်းန
ှစ်ခုဖြစ်နေသဖြင့်မဲမပေးခဲ့ရကြောင်း။

Myanmar News Now 
 
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၀)

ပဲခူးတိုင်း အရှေ့ တောင်ငူမြို့ မဲဆန္ဒနယ်မှ ရက်ကွက် ၂ တွင် မဲဆန္ဒရှင် အိမ်ထောင်စုများ ရာနှင့်ချီ မဲပေးခွင့် မရတာကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က အခုလို ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး မဲရုံရှေ့မှာ စုဝေးနေတဲ့အတွက် လုံခြုံရေး အရ လိုအပ်ရင် မဲရုံကို ပိတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိပါသည်။
 
 ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၃၀ နာရီ

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံကျေးရွာ မဲရုံမှာ ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မဲရုံသို့ မဲလာရောက်ပေးမည့်သူ ကုန်သွားပြီဖြစ်တဲ့အတွက် နှစ်ဖက် ပါတီကိုယ်စားလှယ်ရှေ့မှာ မဲစာရင်းကို ရေတွက်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁၇ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၇ မဲ၊ ပယ်မဲ ၂ မဲ၊ မဲလာရောက်မပေးသူ ၇ ဦး ရှိသောကြောင့် နောင်လုံကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ကိုယ်စားလှယ်များက ပုံစံ(၁၆) တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲရေတွက်ရာတွင် ကြိုတင်မဲ ၇ မဲကိုပါ ထည့်သွင်းရေတွက်ခဲ့တာဖြစ်ပြီး မဲ ၇ မဲလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ပေးထားတာဖြစ်ကြောင်း သိရှိရပါသည်။


ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၄၅ နာရီ


ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ရှိ လက်ဆည်ကျေးရွာ မဲရုံရှေ့မှာရှိတဲ့ သစ်ပင်တပင်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ်စည်းရုံးမှု ဗီနိုင်းပိုစတာကို မဲစတင်ပေးခွင့် ရှိသည့် အချိန်မှ စ၍ နေ့လည် ၁၂း၀၀ နာရီ အချိန်ခန့် အထိ ကပ်ထားသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်လောင်းမှ မဲရုံသို့ သွားရောက်ကန့်ကွက်သော်လည်း အကြောင်းပြန်ကြားမှု မရှိဘူးဟု သိရပါသည်။


ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁း၀၀ နာရီ


နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ရွာသစ်ကျေးရွာ မဲရုံ အမှတ် (၃) မှာ ကြံ့ခိုင်ရေးပါတီမှ ပါတီဝင် ၄ ယောက်က မဲရုံပရဝုဏ်အတွင်း ကြံ့ခိုင်ရေးပါတီ အင်္ကျီတွေ ဝတ်ဆင်ပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု မဲဆန္ဒသွားရောက်ပေးခဲ့သူ ကျေးရွာသားတဦးမှ ဘားမားဗီဂျေ မီဒီယာနက်ဝက်ကို ပြောကြားပါသည်။
  ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၀၀ နာရီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထဲမှာ ရှိတဲ့ မဲရုံ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရင် ထောက်ခံမဲအတွက် ခြစ်ရမယ့် အကွက်မှာ
ဘောလ်ပန်ရာ မထင်အောင်လို့ ဖယောင်းသုတ်ထားသည်ဟု သိရပါသည်။ မြို့နယ်နှင့် ရပ်ကျေးအဆင့်တွေအထိ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့တဲ့ မိသားစုလိုက် စာရင်း ပျောက်နေတာမျိုး၊ မဲစာရင်းစာရွက်တွေမှာ ပယ်မဲဖြစ်အောင် အပေါက်ပါသည့် မဲပြားတွေကို ပေးထားပြီး ပြန်လဲမည်ဆိုလျင် မဲရုံမှူးတွေမှ မဲလက်မှတ် အပိုမရှိသည့် အတွက် မလဲပေးကြောင်း သိရပါသည်။ မဲပြားများတွင် ကော်မရှင်တံဆိပ် မပါရှိသည့်အပြင် မဲရုံမှူး လက်မှတ်လဲ မပါသည့်အတွက် ပယ်မဲ ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာများအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်တွေမှ တဆင့် ကန့်ကွက်စာ ပို့ဆောင်ပြီး သတင်းပေးပို့ထားသည်ဟု တံတားဦးမြို့ခံတစ်ဦးက ဘားမားဗီဂျေမီဒီယာ ကို ပြောပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၃၀ နာရီ
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမဲဆန္ဒနယ်အတွင်း မဲရုံတွေမှာရှိတဲ့ မဲပြားတွေမှာ ဖယောင်းသုတ်ထားသည့် မဲပြားများ အများအပြား ရှိနေသည်ဟု သိရပါသည်။ ကြံ့ခိုင်ရေးပါတီ အားကောင်းသည့် မဲရုံတွေမှာ အဆိုပါမဲပြားမျိုး မတွေ့ရဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းသည့် မဲရုံတွေမှာ အခုလို ဖယောင်းသုတ်ထားသည့် မဲပြားများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အကူအညီပေးနေသူ တစ်ဦးဖြစ်သည့် မသင်းဂျူလိုင်ကျော် က ပြောပါသည်။ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်အတွင်း
မဲရုံပေါင်း ၈၂ ရုံ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၆၉၄၁ ဦး ရှိပြီး ပုဗ္ဗသီရိ တပ်နယ်အတွင်း တပ်ရင်းမိသားများ အားလုံးမှာ ကြံ့ခိုင်ရေးပါတီကိုသာ ကြိုတင်မဲ ပေးလိုက်ရသည်ဟု အစောပိုင်းသတင်းများအရ သိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၀၀ နာရီ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်က ဝက်လူးတိုက်နယ်ခွဲမှာ ရှိတဲ့ ကတောင်းကျေးရွာက မဲဆန္ဒရှင်တွေကို မှတ်ပုံတင် ယူဆောင်လာပေမဲ့ မဲပေးမည့်စာရင်းမှာ မပါဝင်သည့်အတွက် မဲပေးခွင့်
မရှိသည့် လူ (၂၅) ယောက်လောက် ကျန်နေသည့် အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်ရုံးမှာ ထောက်ခံစာ လုပ်ပြီး ပြန်လာတဲ့အခါမှာလည်း မဲရုံက လက်မခံသည့် အတွက် လက်မခံလျင် တရားစွဲဆိုမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေက ပြောကြားသည့်အခါမှ လက်ခံခဲ့သည်ဟု သိရတယ်။ မဲပေးခွင့်ရှိသည့် လူတချို့မှာလည်း မဲစာရင်းနံပါတ် မသိသည့်အတွက် ရှာနေစဉ်အတွင်းမှာလဲ မဲရုံးတာဝန်ရှိသူတွေက အကူအညီ မပေးဘဲ ဟိန်းဟောက်တာမျိုး ပြုလုပ်နေသည်ဟု သိရပါသည်။ မဲဆန္ဒရှင်တွေဘက်က မဲပေးသည့်အခါ အမှားအယွင်းရှိခဲ့လို့ မဲစာရွက် လဲပေးဖို့ တောင်းဆိုသောအခါ မဲရုံတာဝန်ရှိသူတွေမှ လဲလှယ်မပေးဘူးဟု ဆိုပါသည်။ အခုလို ဖြစ်ရပ်မျိုး နွားထိုးကြီးမြို့နယ် ကျေးရွာတိုင်းမှာ ဖြစ်နေပြီး (၂၀၁၀) ရွေးကောက်ပွဲ တုန်းကတောင် မှတ်ပုံတင် မရှိတဲ့သူ၊ အိမ်ထောင်စုဇယား မရှိတဲ့သူတွေကို မဲပေးခွင့်ပေးခဲ့ပြီး အခု မဲတွေက ကြံ့ခိုင်ရေးပါတီကို မပေးမယ့် မဲတွေမှန်း သိသည့်အတွက် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း မဲဆန္ဒရှင်တွေက သုံးသပ်ဝေဖန်သလို မဲမပေးတတ်တဲ့သူတွေကိုလဲ မဲရုံတာဝန်ရှိသူတွေက လုပ်ပေးမယ်ဆိုပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထားကို မမေးမြန်းဘဲ မဲစာရွက်မှာ ခြစ်ချင်တာ ခြစ်လိုက်ပြီး မဲပုံးထဲ ထည့်လိုက်တာမျိုးတွေ အထိ ပြုလုပ်နေသည်ဟု ကတောင်းကျေးရွာ ဒေသခံတဦးက ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၁)
Photo -- By: Aow Kou Rot (facebook)

သိန္နီမြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက်
ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အပြတ်အသတ် အနိုင် ရနေကြောင်း သိရသည်။ ““ရလဒ်အရ အခုအပြတ် အသတ်နိုင်နေပြီ””ဟု ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က သိန္နီမြို့နယ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်ကပြောသည်။
 
 Update : 3.02 pm ကော့မှုးမြို့တွင်းရှိမဲရုံများ
တွင် မဲပေးခဲ့သူဦးရေ ၅၀ ကို 7Day News သတင်းထောက်များက ကျပန်းမေးမြန်းခဲ့ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။
 
Update2. 58 pm ကော့မှုးမြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရာတွင် ပြသနာအချို့ ဖြစ်ပေါ်သည်ဟု သတင်းထွက်ပေါ်သော်လည်း မဲရုံအများစုတွင် မဲပေးသူများကို မည်သည့်အနှောက်အယှက်မှမပေးဘဲ အကူအညီပေးကြကြောင်း မဲပေးသူများက ပြောသည်။ဘုရာလမ်းရပ်ကွက်မဲရုံတွ
င် မဲပေးခွင့် ရှိသူ ၁၃၂၀ ရှိရာတွင်နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ထိ မဲပေးသူ ၁၁၀၀ ၀န်းကျင်မဲပေးပြီးသွားပြီ ဖြစ်သည်။ `မဲရုံထဲမရောက်ခင်ကိုယ့်ကို ဟောက်များဟောက်အုန်းမလားလို့ လန့်နေတာ မဲရုံထဲရောက်တော့ ကိုယ်ပေးချင်တာ တန်းတန်းမတ်မတ်ပေးလို့ရတယ်။တအားဝမ်းသာတယ်´ ဟု ဘုရားလမ်းရပ်ကွက်မဲရုံတွင် မဲပေးခဲ့သော ဒေါ် သိန်းအုပ်ကပြောသည်။အလားတူ ဘုရားလမ်းမဲရုံတွင် မဲပေးခဲ့သူတိုင်းက မဲပေးရာတွင် အဆင်ပြေကြောင်းပြောသည်။
အလားတူမှော်တော ကျေးရွာ မဲရုံ၊ ကော့မှုးမြို့ရှိ တာလမ်းသစ်ရပ်ကွက်မဲရုံများတွင်လည်း လွတ်လပ်စွာမဲပေးခွင့်ရခဲ့ကြောင်းဒေသခံများကပြောကြားသည်။
အဆိုပါမဲရုံများတွင်သတင်းထောက်များကိုလည်းလွတ်လပ်စွာသတင်းရယူခွင့်ပေးခဲ့သည်။
 
7Day News Journal
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၂) ကြားဖြတ်ရွေးကောက်ပွဲမှ အသံဗလံများ

ကြိုတင်မဲ လက်မှတ်များမှ လွဲပြီး လှည်းကူးမြို့နယ် တစ်မြို့နယ်လုံး၏ မဲလက်မှတ်များတွင် မဲရုံမှူးလက်မှတ်သာပါရှိပြီး ကော်မရှင်လက်မှတ်မပါရှိသဖြင့် မဲပေးသူများအကြား မိမိတို့၏ အသည်းကြားမှ မဲပြားများ ပယ်မဲဖြစ်သွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ ယင်းကို မြို့နယ်ကော်မရှင်က ထိုသို့မဖြစ်ပေါ်စေရန် တာဝန်ယူကြောင်းနှင့် ရပ်ကျေး မဲရုံမှူးများကလည်း
ထိုသို့ဖြစ်ပေါ်မှုကို ကော်မရှင်သို့ အသိပေအကြောင်းကြားထားကြောင်း သိရသည်။
သို့ရာတွင် ယင်းသတင်းထွက်ပေါ်လာပြီး မကြာမီ မဲလက်မှတ်များပေါ်တွင် ကော်မရှင်၏ လက်မှတ်ကို အသားတံဆိပ်ဖြင့် ခပ်နှိပ်ပေးထားကြောင်း ဖြေရှင်းချက် ထွက်ပေါ်လာသည်ဟု သိရသည်။
တစ်ဖန် လှည်းကူးမှာပင် လေးနှစ်သားအရွယ် မောင်ဟိန်းထက်အောင် ဆိုသူ ကလေးလေး မဲစာရင်းတွင် ပါဝင်နေသဖြင့် ကလေးမိခင်ဖြစ်သူပါ NLD အောင်နိုင်ရေးရုံးသို့ ရောက်ရှိလာကြောင်း၊ ထိုနည်းတူ ဒေါ်အုန်းကြွယ်ဆိုသူ အမျိုးသမီးသည် သေစာရင်းထဲပါနေသော်လည်း မဲစာရင်းတွင် ပါရှိနေကြောင်း သို့ဖြစ်သည့်အတွက် ကော်မရှင်ရုံးသို့ သွားရောက်ဖြေရှင်းနေကြောင်း သိရသည်။ အလားတူပင်မဲစာရင်းတွင် ပါဝင်နေသော်လည်း မဲမပေးရသူ ၃၀မှ ၄၀ခန့်အထိ ရှိနေကြောင်း သိရသည်။
လှည်းကူး၊ သီတာအေးရပ်ကွက် မဲရုံတွင် ဇနီးဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင်က မဲရုံတာဝန်ကျပြီး၊ ခင်ပွန်းဖြစ်သူက ကော်မရှင်အဖွဲ့ဝင် ဖြစ်နေသဖြင့် ယင်းရပ်ကွက်မှ မဲပေးသူများအကြား စိတ်ကသိကအောက်ဖြစ်မှုများ ခံစားကြရကြောင်း သိရသည်။
ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင်လည်း လူ၂၀ခန့် မဲမပေးရလိုက်ဘဲ ဖြစ်နေခဲ့ပြီး၊ သမင်ခြံကျေးရွာတွင် မဲရုံတာဝန်ကျသူများက ကြိုတင်မဲစာရင်း ထုတ်ပြန်ပေးခြင်း မရှိကြောင်းသိရသည်။
ထိုကဲ့သို့ပင် မဲစာရွက်များပေါ်မှ NLD ပါတီ၏ မဲပေးခြစ်ရမည့် ဧရိယာတွင် ဖယောင်းများ ကပ်ထားပြီး ဘောလ်ပင်ဖြင့် မဲပေးအမှန်ခြစ်ပါက အရာမထင်စေရန်နှင့် ဖယောင်းသုတ်ထားသည့်အတွက် ဘောလ်ပင်ဖြင့် ခြစ်ပါက တစ်ကြိမ်ခြစ် မထင် နှစ်ကြိမ်ခြစ်မထင်ဖြစ်ကာ အစွန်းအထင်း ဖြစ်ပါက ပယ်မဲဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ထားမှုများ ရှိနေသည်ဟု ကော့မှူး၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မြေများတွင် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင်မူ တပ်နယ်မြေများမှ တပ်မတော်သားများအား တပ်ရင်းမှူးက ကြံ့ခိုင်ရေးကိုသာ မဲပေးရမည်ဟု ဖိအားပေးစေခိုင်းသဖြင့် အင်န်အယ်လ်ဒီကိုယ်စားလှယ် ဦးဝင်းတင်(မိတ္ထီလာ) လိုက်လံဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ မဲရုံကိုယ်စားလှယ်များကမူ မီဒီယာသမားများကို နွေးနွေးထွေးထွေးဆက်ဆံပြီး၊ မဲရုံအတွင်း ဓာတ်ပုံရိုက်ခွင့်၊ ၀င်ရောက်လေ့လာခွင့်များပြုခဲ့ကြောင်း သတင်းသမားများက မှတ်ချက်ပြုကြသည်ကို တွေ့ရသည်။
ယင်းအပြင် သုံးခွ၊ တာဆုံကျေးရွာရှိ မဲရုံများတွင် မဲပေးသူများကို အသံချဲ့စက်ဖြင့် မဲလာရောက်ပေးနိုင်ပါပြီဆိုသည့်အကြောင်း ကြေညာပေးခဲ့ကြကြောင်း သိရသည်။

 Yangon Media Group

 ကော့မှူးမြို့ နောင်လုံကျေး၇ွာ ရေကျော်ကျေးရွာအုပ်စု တွင်နေ့လည်၁၂နာရီကျော်တွင်မဲပေး
သူများအပြီးပေးပြီးသွားသဖြင့် မဲရုံပိတ်ကာမဲရေသောအခါတွင် အန်အယ်ဒီ 217မဲ၊ပြည်ခိုင်ဖြိုး 37မဲ၊ပယ်မဲ 2 မဲ၊ညီညွတ်ရေးပါတီ ဦးတင်ရီ ရမဲမရှိဟုအဖြေထွက်ကြောင်းနောက်ဆုံးရသတင်းများအရသိရပါသည်။ ယင်းအရေအတွက်အရထိုမဲရုံတွင်အန်အယ်ဒီပါတီသည် မဲ84.76% ဖြစ်သည်ဟု ဆိုပါသည်။ကော့မှုးမြို့နယ်တွင်မဲပေးခွင့်ရှိသူ 87719ဦးမဲရုံပေါင်း129ရုံကျေးရွာအုပ်စု 62စုတို့ဖြစ်ကြောင်းသိရသည်။
 
Yangon Media Group
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၃)
ကလောမြို့နယ် နန်းရုပ်မဲရုံမှာ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အောင်ပန်းလူငယ်တာဝန်ခံ ကိုလင်းမောင်မောင်က ပြောပါတယ်။ မဲပေးရမယ့် ၃၂၂ ဦးတွင် ၃၂၁ ဦး လာရောက် မဲပေးခဲ့ပြီး ပအိုဝ်အမျိုးသား အဖွဲ့ချုပ်က မဲအရေအတွက် ၂၉၀ ကျော်နဲ့ နိုင်သွားတယ်လို့ ပြောပါတယ်။
“ပြီးသွားပြီ ရေနေကြတယ်။ ကျနော်လည်း နားမလည်ဘူး ဖြစ်နေတယ်။ အဲဒီ ကိစ္စကို အမှန်က ၄ နာရီမှာ ရေရမယ်လို့ ပြောထားတာကို။ တချို့ရွာတွေမှာ ရေထားတယ်။ ကျနော်တို့ ပအိုဝ်ဒေသ ဖားအောက်ရွာမှာ နမ့်စုံဆိုတဲ့ ရွာမှာပေါ့ အဲဒီမှာ ရေပါတယ် ပြီးသွားပြီ။ မဲပေးရမယ့်လူက ၃၂၂ ယောက်မှာ ၃၁၂ ယောက် လာပေးပါတယ်။ ကျန်တဲ့လူက မဲလာမပေးပါဘူး။”
ဘယ်ပါတီ နိုင်တယ်လို့ ကြားလဲ။
“အဲဒီမှာ ပအိုဝ်က ၂၉၀ ကျော်နဲ့ နိုင်ပါတယ်။ အန်အယ်ဒီက ၁၄ မဲလောက် ရပါတယ်။”
အခု ကလောဘက်က ရွာတွေမှာ ကြံ့ခိုင်ရေးကနေပြီးတော့ မဲပေးရင် တယောက်ကို ၃၀၀၀ လောက် ပေးတာတွေ ဘာတွေ ရှိတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။
“ဟုတ်ကဲ့ ကျနော်တို့ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ ဒီကိစ္စတွေ သိရပါတယ်။ ကျနော်တို့ ဘယ်လိုအခြေအနေထိ ကြားသလဲဆိုရင် တချို့ရပ်ကွက်တွေမှာ ဆင်းရဲသားတွေပေါ့။ သူတို့က ခရီးစရိတ် လာပေးတယ် ဆိုပြီးတော့ပေါ့လေ) သူတို့ရဲ့ အမှတ်တံဆိပ်ပါတဲ့ စာရွက်တွေနဲ့ နောက်မှာ အဲဒီ ပေးမယ့်သူရဲ့ နာမည်နဲ့။ သဘောကဗျာ အပေါင်လက်မှတ်နဲ့ တူတယ်။ ဒီလက်မှတ်ကို ကိုင်ထားတဲ့လူတွေက အဲဒီမှာ မဲပေးပေါ့။ အဲဒီ သဘောမျိုးနဲ့ လျှို့ဝှက်စွာ သူ့အစီအစဉ်နဲ့ သူပေါ့။ ကျနော်တို့ သက်သေအထောက်အထား သိမ်းထားပါတယ်။ ပို့ပေးပါ့မယ်။”

 ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ ထဲမှာ ပါဝင်တဲ့ တန့်ယန့်မြို့နယ်ထဲက မဲရုံတွေရွှေ့ပြောင်းရတဲ့အတွက် ကျေးရွာအုပ်စုပေါင်း ၈ ခုက ဒေသခံတွေဟာ ၈ မိုင်လောက်ဝေးတဲ့ မဲရုံကို လာပြီး မဲပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသက ကျားဖြူပါတီအနေနဲ့ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ ဒေသတွင်းစည်းရုံးရေးဆင်းခဲ့သူ  တန့်ယန်းကျားဖြူပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းထွန်းဝင်းက ပြောပါတယ်။
“အခုအချိန်ထိတော့ အားလုံးကောင်းပါတယ်။”
မဲရုံတွေ ပိတ်မယ်လို့ သတင်းကြားတာတွေကရော။
“မဲရုံပိတ်တာတော့ မရှိဘူး။ ကျနော်တို့ နေရာရွှေ့တာပဲ နည်းနည်းပါးပါး ရှိပါတယ်။”
နေရာရွှေ့တာ ဘယ်ဒေသတွေမှာပါလဲ။
“ကျနော်တို့ တော်တော်လေး မြို့နဲ့အလှမ်းဝေးတဲ့ တန့်ယန့်မြို့နယ်ရဲ့ အရှေ့တောင်ဘက်မှာရယ်၊ နောက်ပြီးတော့ တောင်ဘက်လောက် နေရာကျတဲ့ နေရာတွေမှာပါ။”
ရွာဘယ်နှစ်ရွာလောက် ရှိလဲ။
“ကျေးရွာအုပ်စုကတော့ ၈ အုပ်စုပေါ့။ မဲရုံကတော့ ၂ နေရာပါ။ တောင်ဟျိုးမှာ ၄ အုပ်စု လာထည့်ရတယ်။ နောက်ပြီးတော့ ၀မ့်လွယ် ၄  အုပ်စု လာထည့်ရတယ် အဲဒီ ၂ နေရာပါ။ အခြေစိုက်တဲ့ ရွာကတော့ တောင်ဟျိုးကျေးရွာမှာ အခြေစိုက်တယ် ရွေ့တဲ့ရွာကတော့ ကောင်းလန်း၊ ဝမ့်ပုန်း၊ ပြီးတော့ နမ့်လပ်၊ အဲဒီ အုပ်စု ၃ ခုက တောင်ဟျိုးမှာ လာပြီးတော့ မဲထည့်ကြရပါတယ်။ တော်တော်လေး အလှမ်းဝေးပါတယ်။ ကာလမ်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းလောက်ပဲ ရှိပါတယ်။ ဆိုင်ကယ် ရှိတဲ့လူကလည်း နည်းနည်းပါးပါးပါ။ အသက်ကြီးတဲ့ လူကြီးပိုင်းတွေ သူတို့ မသွားနိုင်ပါဘူး။ ခရီးက အနည်းဆုံး ၈ မိုင်လောက် ရှိပါတယ်။ နောက်တခု ထည့်တာကတော့ နမ့်ဆဲန်တောင်ထူအုပ်စု၊ ၀မ်ကောင်းဟိုင အုပ်စု၊ နောက်ပြီး အုံတုံ အဲဒီ ၄ ရွာမှာ ၀မ့်လွယ်မှာ လာပြီးတော့ မဲပေးဖို့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် ၀မ့်လွယ်က မိုင်းရှုးမြို့နယ်ထဲမှာ ပါထားတယ် ဆိုတဲ့အတွက် မိုင်းရှုးက ကန့်ကွက်ထားတယ်လို့ ကျနော်ကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌက ပြောပြပါတယ်။ ဒါပေမဲ့ မဲရုံထောင်ဖြစ်အောင်တော့ ထောင်နေပါတယ် အခု။”
တန့်ယန်းမြို့နယ်ထဲက အဆိုပါ ကျေးရွာအုပ်စုတွေဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့အတွက် တကယ်လို့  မဲရုံကိစ္စနဲ့ အစိုးရတပ်တွေ သူတို့နယ်မြေထဲရောက်လာရင် မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဖြစ်မှာစိုးတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ရွေးကောက်ပွဲမတိုင်ခင် ၂ ရက် အလိုက ပြောထားတဲ့အတွက် ခုလို မဲရုံရွေ့ပြောင်းခဲ့ရတာလို့ ကျားဖြူပါတီ ကိုယ်စားလှယ်က ပြောပါတယ်။


တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက အပြတ်သတ်နိုင်

(မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲ )
ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း ပြင်ဦးလွင်က တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရတယ်လို့ အဲဒီနယ်တွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေက ပြောပါတယ်၊ ဒါပေမယ့် ကျေးရွာတွေမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပါတယ်၊ အဲဒီမဲဆန္ဒနယ်တွေမှာ နယ်မိသားစုတွေဟာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင်မပြည့်ဘူးလို့ သိရပါတယ်၊

 မန္တလေးတက္ကသိုလ်မဲရုံမှူး မဲရုံမှာမရှိ
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်ထဲက မန္တလေးတက္ကသိုလ်က ဆရာဆရာမတွေကို တက္ကသိုလ်အာဏာပိုင်တွေက ရုံးပိတ်ရက် ဂျူတီချထားပြီးတော့ မဲပေးတာကိုလည်း အချိန်ကန့်သတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်က ဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ပန်းတောင်းမှာ ဆန္ဒမဲမပေးရသူတွေ ဆန္ဒပြမှုဖြစ်ခဲ့

နော်နိုရင်း
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိလျှက်သားနဲ့ မဲပေးခွင့်မရတဲ့ ဒေသခံတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ကျောက်ပန်းတောင်းမြို့ သာရေးရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်မှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတာဝန်ရှိသူတွေ လာရောက် စောင့်ဆိုင်းခဲ့ကြသလို အန်အယ်လ်ဒီပါတီဝင်တွေ တောင်းပန်တဲ့အတွက် ပြန်လည် ငြိမ်သက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း အန်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့က ကိုအေးခိုင်က ပြောပါတယ်။
 

ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အခြေအနေကောင်းပြီး အနိုင်ရဖို့များတယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။
ရွေးကောက်ပွဲ အေးအေးချမ်းချမ်း မဲပေးနေကြတဲ့အကြောင်းနဲ့  မဲပြဿနာ တစုံတရာမရှိဘဲ  တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။
မအူပင်မြို့နယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နယ်စပ်စည်ပင်ဝန်ကြီးဟောင်းနဲ့ လက်ရှိ  ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အနိုင်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမျိုးသန့်တင်၊ အန်အယ်လ်ဒီက ဦးစိန်ဝင်း၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးမောင်မောင်သင်နဲ့ ခေတ်သစ်ပြည်သူ့ပါတီက ဦးသိန်းရွှေတို့ ယှဉ်ပြိုင်မှာပါ။ မအူပင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အခြေအနေလေး သိချင်လို့ပါ။ မဲတွေ တော်တော်များများ ပေးနေကြပြီလား။
“အခြေအနေကောင်းပါတယ်။ ကျန်တာတွေတော့ ကျန်သေးတယ်။”
ဒီမြို့နယ်မှာ မဲပေးမယ့် အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။
“ရှိတာတော့ ၂ သိန်းနဲ့ ၁ ထောင်ကျော်လောက် ရှိတယ်။”
အခုချိန်မှာ ဘယ်လောက်လောက် ပေးပြီးပြီလဲ။
“ခန့်မှန်းလို့ သိပ်မရသေးဘူး။ လိုတာပိုတာတွေ ရှိနေမှာပါ။ ဒါပေမယ့် ခြုံပြောရင်တော့ အခြေအနေ ကောင်းပါတယ်။”
ရွေးကောက်ပွဲ အခြေအနေကကော၊ မြင်တွေ့ရသလောက် အေးအေးချမ်းချမ်းပဲလား။ ဒါမှမဟုတ်၊ ပြဿနာတစုံတရာများ ရှိလား။
“မြို့ထဲမှာတော့ အေးအေးချမ်းချမ်းပါပဲ။ တော်တော်များများ အေးချမ်းတယ်။”
မဲရုံအားလုံး ဘယ်နှရုံလောက်ရှိလဲ။
“မဲရုံ ၃၀၀ ကျော်ရှိပါတယ်။”
အခုကြိုတင်မဲတွေကော စရေတွက်ပြီလား။
“မရေတွက်သေးဘူး။ ကြိုတင်မဲတွေ ရောက်နေပြီ၊ ညနေ ၄ နာရီမှ စုပေါင်းရေတွက်ကြမယ်။”
ဘယ်လောက်ရှိလည်း အကြမ်းဖျဉ်း ရေတွက်ထားသေးလား။
“ပြောလို့မရသေးပါဘူး။”
အခုမြင်တွေ့ရသလောက်ကော ပါတီထောက်ခံသူတွေ အနေနဲ့ ဒေါက်တာ မျိုးသန့်တင် အနေနဲ့ နိုင်မယ့်အနေအထားမျိုးရှိလား။ ဘယ်လိုမျိုး ခန့်မှန်းမိလဲ။
“နိုင်ဖို့များပါတယ်။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။”
ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ၊ မဲစာရင်း ပြဿနာတွေကော ရှိလား။
“ပြောရလောက်အောင် မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။”
ကြံ့ခိုင်ရေးနဲ့ ပါတီပြိုင်ဖက်တွေနဲ့ မဲဆွယ်တဲ့နေရာမှာကော တစုံတရာ ပြဿနာ ရှိလား။
“ဒီနေ့ကတော့ မရှိဘူး။ မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ မြို့ရဲ့ ရပ်ကွက် ၁၂ ခုပေါ့။ မဲရုံ ၂၉ ရုံရှိတာကို၊ အဲဒီမှာတော့ တော်တော်ကောင်းပါတယ်။”
ဒါဆိုရင်တော့ လွတ်လပ်မျှတတဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရလား။ ဒါမှမဟုတ် တခြားမမျှတမှုတွေ ရှိတယ်လို့ လက္ခဏာမျိုးတွေ တွေ့ရလား။
“အခုထိတော့ တရားမျှတပါတယ်။ ဟိုဘက်ဒီဘက် ဘာမှပြဿနာမရှိဘူး။”
ကျနော်တို့ ကြားနေတာ မဲဆွယ်ပွဲကာလတွေမှာ ကြံ့ခိုင်ရေး ပါတီကနေ အရင် အမတ်ဟောင်းက ဒီနေရာမှာ ၀င်ပြိုင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ရဲ့ နာမည်ကို အသုံးပြုပြီး မဲဆွယ်တာတွေဘာတွေ တွေ့ရတယ်လို့ကြားတယ်။ ဒါတွေက ဟုတ်လား။
“အသုံးပြုတယ်ဆိုတာ မဟုတ်ဘူး။ အမှန်တရားပဲ ပြောတာလေ။ အမှန်တရားဆိုတာ မအူပင်ရဲ့ ဖွံ့ဖြိုးမှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဖွံ့ဖြိုးမှုကို အများဆုံးလုပ်တာက ကျနော်ရဲ့ ဒီပုဂ္ဂိုလ်ပဲလေ။ အဲဒါကို အရှိကိုအရှိအတိုင်း ပြောတာပါ။ ဒီလိုဖွံ့ဖြိုးချင်ရင် ဒီလိုဖွံ့ဖြိုးနိုင်အောင် လုပ်ပေးမယ့်သူကို မဲပေးကြပေါ့။ ဒါကတော့ ဒီလိုပြောရတာပေါ့။”
ပြီးခဲ့တဲ့ရက်တွေမှာ အထူးသဖြင့် ရေလဲဘက်မှာ တချို့ကြိုတင်မဲ ကောက်တဲ့နေရာမှာ အိုမင်းမစွမ်း၊ နာမကျန်းတဲ့သူတွေကို ကြံ့ခိုင်ရေးအတွက် မဲပေးခိုင်းတဲ့သတင်းတွေကို ကျနော်တို့ကြားတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
“ကျနော်တို့ရုံးမှာတော့ ဒီလောက်တော့ ပြောရလောက်အောင် မရှိပါဘူး။”
မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခင်းအကျင်းမှာ ရှိတယ်ပေါ့။
“ဟုတ်ပါတယ်။” 

ဒီဗွီဘီ 
 
 
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၄) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွ
င်ပါဝင်သည့် မိုင်းရယ်မြို့နယ်ရှိ မြို့တွင်းဗဟိုလမ်းမကြီးပေါ်ရှိ မဲရုံများ၌ မဲပေးခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်းက မဲပေးကြပြီး နယ်စွန်နယ်ဖျားတွင် ၆၀ ရာခိုင်နှုန်းခန့်သာ မဲပေးကြကြောင်း သိရသည်။ လက်ရှိမဲများအရ ပြည်ခိုင်ဖြိုးပါတီအသာစီးရနေပြီး ကျားဖြူမှ ဒုတိယနှင့် NLD မှ တတိယနေရာတွင်လိုက်နေကြောင်း ယခုအချိန်အထိ သိရသည်။
 
 အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွ
င်ပါဝင်သည့် မိုင်းရယ်မြို့နယ်၊ မဲရုံအမှတ်(၂) တပ်တွင်းတွင် မဲပေးခွင့်ရှိသူ ၄၃၆ ဦးအနက် ကြိုတင်မဲ ၂၆၀ ပါဝင်ရာ NLD တစ်မဲမှမရရှိဘဲ မဲရုံသို့ လာရောက်မဲပေးသော ၁၇၆ ဦးတွင် NLD က ၅ မဲသာ ရရှိခဲ့သည်။
 
 လားရှိုးမြို့အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ကျားဖြူပါတီက တခြားပါတီများအား အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
 
လားရှိုးမြို့နယ်၊ အမှတ်(၈) အောင်သီတာရပ်ကွက်ရှိ မဲရုံတွင် လာရောက်မဲပေးသူများကို တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
 
 
Update 3.38 pm ကော့မှူးမြို့နယ် ရေကျော်ကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင်NLD ၂၉၁ မဲပြည်ခိုင်ဖြိုးပါတီက ၄၅ မဲ၊ ပယ်မဲ ၂ မဲဖြင့် ရေတွက်ပြီးစီးကာ NLD အနိုင်ရသွားသည်။ ရေကျော်ရွာတွင် မဲရုံ ငါးရုံရှိသည့်အနက် တစ်ရုံတွင် ရေတွက်ပြီးစီးသွားခြင်းဖြစ်သည်။

7Day News Journal
 
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၅)
ဝါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ
ဝါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ တွေ့မြင်ရစဉ်

 ကော့မှူးမြို့နယ် ရေကျော်ရွာ အမှတ် (၁ ) မဲရုံမဲရေတွက်ရလဒ်

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)


ညနေ ၄ နာရီ မဲရေတွက်မှုအရ ဒီချုပ် ၂၉၁ မဲ၊ ကြံ့ခိုင်ရေး ၄၅ မဲ၊ ပယ်မဲ ၉ မဲဖြစ်ကြောင်း သိရသည်။

 

သီချင်းတစ်ပုဒ်၊ ထိပ်တုံးနဲ့ ဆုံးရှုံးသွားတဲ့ မဲပေးပိုင်ခွင့်

 ဧပြီ ၁၊ ၂၀၁၂ (YPI)  (ချစ်ဦးမောင်)

သီချင်းတစ်ပုဒ်ဆိုညည်းမိလို့ လူတစ်ယောက် ထိပ်တုံးခတ်ခံခဲ့ရပြီး ကြားဖြတ်ရွေးကောက်ပွဲမဲပေးခွင့် ဆုံးရှုံးစေခဲ့တယ်ဆိုရင် အဲဒီနေရာကို မြန်မာနိုင်ငံရဲ့ နေပြည်တော်လို့ခေါ်နိုင်ပါတယ်။

အောင်ဆန်းဦး (၁၉ နှစ်) ဟာ မတ် ၂၆ ရက် ညနေ ၆နာရီ က အရက်ခပ်ထွေထွေဖြစ်နေချိန်မှာ NLD အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လားရှိုးသိန်းအောင်ရဲ့ “အမေစုပြန်လာပြီ” ဆိုတဲ့သီချင်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်း ကျေးရွာအနီး ACE ကုမ္ပဏီက ဆောက်လုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးအနီးမှာ အသံကျယ်ကျယ်နဲ့ ဆိုခဲ့မိပါတယ်။


ဒါကိုကြားသွားတဲ့ ACE ကုမ္ပဏီက နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ကိုဖမ်းဆီးပြီး ထိပ်တုံးခပ်ခဲ့ပါတယ်။ နောက်တစ်နာရီခွဲအကြာမှာ ၎င်းရဲ့မိခင်က ငွေကျပ် သုံးထောင်နဲ့အာမခံပြီး လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။


“မင်းကိုထမင်းကျွေးထားတာ ပြည်ခိုင်ဖြိုးကကျွေးထားတာ။ မင်းပြည်ခိုင်ဖြိုးအပေါ်မကောင်းဘဲ NLD အတွက်ပဲလုပ်နေရင် ငါတို့ဆီမှာ အလုပ်လုပ်လို့မရဘူး၊ နားလည်လား လို့ သူတို့(လုံခြုံရေး)ကပြောတယ်” လို့ အောင်ဆန်းဦးကပြောတယ်။


ACE ကုမ္ပဏီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးခဲ့တဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်တာဖြစ်ပါတယ်။


အောင်ဆန်းဦးဟာ ဆေးသုတ်တဲ့အလုပ်သမားတစ်ဦးဖြစ်ပြီး သူ့မိခင်နဲ့အတူ ACE ဆောက်လုပ်ရေးရဲ့ အလုပ်သမားတန်းလျားမှာနေထိုင်သူဖြစ်ပါတယ်။ နောက်တစ်နေ့မှာ တော့ ၎င်းတို့သားအမိဟာ အလုပ်သမားတန်းလျားကနေ နှင်ထုတ်ခံရပြီး ဂုန်မင်းအင်းကျေးရွာထဲမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။


၎င်းရဲ့နာမည်ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထဲကနေပယ်ဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။


ဒီအခြေအနေတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေဆီမှာ မတိုင်ရဲတာကြောင့် NLD ကိုသတင်းပို့ထားတယ်လို့ သူကပြောပါတယ်။ အခုအကြောင်းတွေ ပြောနေတဲ့အချိန်မှာတောင် YPI သတင်းထောက်ကို အသံတုန်တုန်ရင်ရင်နဲ့ပြောနေတာပါ။


သူက အဲဒီသီချင်းကို တစ်ပုဒ်လုံးရတာမဟုတ်ဘဲ ဟိုတစ်စဒီတစ်စသာရတယ်ဆိုပေမယ့် အဲဒီထဲက စာသားအချို့ကိုတော့ ကောင်းကောင်းရတယ်လို့ပြောပြီး ၎င်းကဆိုပြပါတယ်။


“ ပြည်သူတွေကို မလှိမ့်တစ်ပတ်လုပ်တဲ့ အစိုးရ”


အဲဒီစာသားအရောက်မှာ အသံကျယ်သွားတာကြောင့် ထိပ်တုံးခတ်ခံခဲ့ရတာပါလို့ သူကပြောပါတယ်။            ။

No comments: