Monday, April 2, 2012

ပြည်သူတို့ ရင်ခုန်သံ ဆိုရေးရှိကဆိုရမည်

ကျောင်းသားတပ်မတော်က မိတ်ဆွေများကို တောင်းပန်တဲ့စာ

မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂
ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသား လူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပ မှာ ပြုလုပ်ဖြစ်တယ်။

အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီးလုပ်ကြံသတ်ဖြတ် ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ထုတ်ဖော်ပြောဆိုကြရတဲ့အတွက်ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။ဂုဏ်ယူတဲ့စိတ်လည်း ဖြစ်မိတယ်။

ဝမ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရား စွပ်စွဲ ခံကြရပြီး ရက်စက်စွာ သတ်ဖြတ်ခံရတာကို ၀မ်းနည်းမိတာ။ ၀မ်းသာမိတယ်ဆိုတာက  ဒီလိုမျိုး မတရား မှုတွေ လူမသိ သူမသိ ပျောက်ကွယ်သွားခြင်းမရှိဘဲ အမှန်တရားကိုကျန်ရစ်သူတွေက ဖော်ထုတ်မော်ကွန်း တင်နိုင်ကြရတာ။ ပြီးတော့ ဂုဏ်ယူတယ် ဆိုတာက ကျဆုံးသူတွေကို ကျန်ရစ်သူတွေက တစုတစည်းတည်း အလေးဂရုပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့်အနေနဲ့က ပုဂ္ဂိုလ်ရေးအရ ကျနော့် သူရဲဘောကြောင်ခဲ့တာ၊ ရေငုံနှုတ်ပိတ်နေခဲ့မိတာ၊ မျက်နှာလွှဲခဲပစ် နေခဲ့မိတာအတွက် ကျဆုံးခဲ့သူ ရဲဘော်တွေကိုရော ကျန်ရစ်သူ မိတ်ဆွေတွေ၊ ရဲဘော်တွေ ကို တောင်းပန်ချင်ပါတယ်။

ကျဆုံးခဲ့သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက် သိကျွမ်းတဲ့ မိတ်ဆွေတွေ မပါခဲ့သော်လည်း ကျဆုံးခဲ့သူတွေဟာ ၈၈ အရေးတော်ပုံ ရဲဘော်တွေ ဖြစ်ပါတယ်။  ကျန်ရစ်သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက်သိကျွမ်းတဲ့သူတွေ ပါတယ်။ ၈၈ အရေးတော်ပုံကတည်းက မိတ်ဆွေဖြစ်ခဲ့တဲ့ အခုလည်း ဖြစ်နေဆဲဖြစ်တဲ့ ကိုအောင်ဇော်မင်း (စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်) ကို သက်သေထားပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုစိုးလင်း၊ ကိုရဲလင်း တို့ကို ကျနော် သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ ရန်ကုန်မှာ သမဂ္ဂလှုပ်ရှားမှုတွေထဲက မိတ်ဆွေတွေ ကို သက်သေပြုပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုကျော်နိုင်ဦးကို ကျနော် သိကျွမ်း ပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး မိတ်ဆွေဖြစ်သိကျွမ်းလာတဲ့လက်ရှိကျနော်မိတ်ဆွေတွေကကျန်ရစ်သူပန်းချီကိုထိန်လင်းနဲ့ ကိုနေ၀င်းအောင် တို့ ဖြစ်တယ်။ သူတို့တွေအတွက် ကျနော်ဟာ သည်အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဖြစ် အပျက်တွေကို တင်ပြဖို့ ကျနော် ပျက်ကွက်ခဲ့တယ်။ အချက်အလက်တွေကို စုဆောင်း မှတ်တမ်းပြုစုခဲ့သော် လည်း သတင်းစာမျက်နှာမှာ တင်ဆက်ဖို့ အချိန်ဆွဲခဲ့သူ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။

ဒါကြောင့် သူတို့နဲ့တကွ အားလုံးကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒီတောင်းပန်စာ ကို ရေး သားရင်းနဲ့ပဲ မတရားစွပ်စွဲပြီး ဖမ်းဆီး ခံရသူတိုင်းအတွက်၊ မတရား လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းအတွက် ကျနော်တို့အားလုံးဟာ အချိန်မဆိုင်းဘဲ တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုပြီး အမှန်တရားဖက်က မကြောက် မရွံ့ ရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။

၁၉၉၂ တုန်းက ကိုကျော်နိုင်ဦးကို အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးထားတယ်။ မိဘတွေကိုယ်တိုင်က သွားရောက်ပြီး မဟုတ်တဲ့အကြောင်း အထောက်အထားတွေပြ သပြီး တောင်းဆိုနေ ရတယ် ကြားခဲ့ပါတယ်။ အဲသည်အချိန် ဖမ်းဆီးစွတ်စွဲသူကိုယ်တိုင်က ကျနော်တို့ မန္တလေးမှာ အရေးတော်ပုံ ရဲဘော်တဦးအနေနဲ့ သိကျွမ်းခဲ့တဲ့ ကိုအောင်နိုင်ကိုယ်တိုင် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ဒါကို စစ်အစိုးရရဲ့ မျက်လှည့်တွေ၊ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ထင်ခဲ့တယ်။ လိမ်ညာလုပ်ကြံ ၀ါဒဖြန့်တာလို့ ထင်ခဲ့တယ်။ အဲသည်လိုမျိုး ကျနော်အသိဥာဏ်တွေ ထုံထိုင်းညံ့ဖျင်းခဲ့တာကို တောင်းပန်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်အစိုးရနဲ့  အကြမ်းဖက်သမားတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အန်အယ်ဒီပါတီဝင်တွေကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစား ခဲ့တယ်။ အဲသည်မှာ ပါတီဝင်တွေ အများအပြား ဒဏ်ရာရ သေကြေပျက်စီးကြတယ်။ အချို့က နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ အဲသည် လုပ်ကြံမှုကို ကျနော်တို့ မိုးမခမီဒီယာ စတင်ထူထောင်ပြီး လပိုင်း အတွင်းမှာ ဖြစ်ပွားတာ ဖြစ်တယ်။ အဲသည် လုပ်ကြံမှုကြီးကို ကျနော်တို့ ခါးခါးသီးသီး ထုတ်ဖော် ဝေဖန် ရှုပ်ချတယ်။ ဒီမတရားမှုကြီးကို အမြဲတမ်း မပျေက်မပျက် မမေ့မလျော့ ကျနော်တို့ ထုတ်ဖော် ပြောဆိုနေ ဆဲ ဖြစ်တယ်။ အဲသည်ကျမှ ကျနော် အေဘီမြောက်ပိုင်း လုပ်ကြံမှုကြီးကို ပြန်ပြီး ခေါင်းထဲ ၀င်လာတယ်။

အဲသည်အချိန်မှာ ကျနော် သိခဲ့ရတာက အေဘီမြောက်ပိုင်းဥက္ကဋ္ဌ အောင်နိုင်က သူ့နဲ့ မန္တလေးမှာ ကတည်း က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ ကိုစိုးလင်းကို ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖြစ် သတ်ဖြတ်လိုက်တယ်လို့ ကြားခဲ့ရတယ်။ အဲသည်အချိန်မှာလည်း ကျနော်ကိုယ်တိုင်ကလည်း ကိုစိုးလင်း သေဆုံးသွားပြီလို့ မှတ်ယူ   ပြီးတော့ ဆက်လက် စုံစမ်းဖို့ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်ခဲ့တာကို တောင်းပန်ပါတယ်။

အဲသည်နောက်ပိုင်း ၂၀၀၆ လောက်ကျမှ ပန်းချီကိုထိန်လင်းအကြောင်းကို ကျနော် ကြားပါတယ်။ ကိုထိန်လင်းက မြောက်ပိုင်းကို တောမခိုခင်မှာအိန္ဒိယပြည်ဖက်မှာ ကျောင်းသားတပ်မတော်တရပ် ထူုထောင် တဲ့ လှုပ်ရှားမှုနဲ့ တောခိုခဲ့ဖူးတာကိုး။ အဲသည် တောခိုဖို့ မဟာမြိုင်တောကြီးထဲဖြတ်သွားခဲ့တဲ့ ကျနော့် မိတ်ဆွေတွေနဲ့ ဆက်စပ်ပြီး ကိုထိန်လင်းကို ကျနော် သိရှိသွားတယ်။ ပြီးတော့ အနောက်ဖက်က ကျောင်း သားတပ်မတော်ထူထောင်ရေးက အဆင်မပြေဖြစ်တဲ့နောက် ကိုထိန်လင်း မြောက်ပိုင်းအေဘီရောက် သွားတယ်။ သူလည်း ထောက်လှမ်းရေးအဖြစ် စွတ်စွဲခံရပြီး နောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ။် သို့သော်စစ်အစိုးရကဖမ်းဆီးထောင်ချလိုက်တယ်။ နောက်မှပြန်လွတ်ပြီးထူးခြားတဲ့အနုပညာရှင် တယောက် အဖြစ် ရပ်တည်လာတယ်လို့ သိရတယ်။ အေဘီမြောက်ပိုင်းနဲ့ ရေစက်ပါတဲ့ သူတယောက်အကြောင်း သိရဲ့ သားနဲ့ ဆက်စပ်ပြီး ကျနော် လေ့လာစုဆောင်းဖို့ ကျနော် ပေါ့ဆခဲ့တာအတွက် ကျနော့်မှာ အပြစ်ရှိတယ်လို့ ထင်ပါတယ်။

၂၀၀၇ နှစ်ဦးမှာမှ ကျနော် ကိုနေ၀င်းအောင်နဲ့ ဆုံပါတယ်။ ကိုနေ၀င်းအောင်က ၈၈ အရေးတော် ပုံတုန်းက မြန်မာစာဆရာ၊ နောက်တော့ တောင်ပိုင်းအေဘီမှာ တောခို။ သူလည်းပဲ တောင်ပိုင်းအေဘီက ဥက္ကဋ္ဌ ကိုနိုင်အောင်လက်ထက်မှာ ၁၉၉၂ က ထောက်လှမ်းရေးအဖြစ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းခြင်း ခံရတဲ့သူလို့ သိလာရတယ်။ အမေရိကား ရောက်နေတာတောင် တောထဲက ထွက်ပြေးလာတဲ့ ထောက် လှမ်းရေးဟောင်းလို့ လူတချို့က သမုတ်လေ့ရှိတဲ့ ကိုနေ၀င်းအောင်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ဦးတင်မိုးက စကားကြုံတိုင်း မိတ်ဆက်ပေးနေလို့ ရင်းနှီးနေခဲ့ပြီး ဖြစ်ပါတယ်။

ကိုနေ၀င်းအောင်နဲ့ စကားစပ်မိတော့မှ ကိုနေ၀င်းအောင်ပြောပြတဲ့ အေဘီ တောင်ပိုင်း၊ မြောက်ပိုင်းက မတ ရားစွပ်စွဲလုပ်ကြံသတ်ဖြတ်မှုတွေကို သိလာရတယ်။ အဲသည်မှာမှ ကိုရဲလင်းကို မြောက်ပိုင်းမှာ ကိုကျော်နိုင် ဦးတို့လိုပဲ ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ်လို့ သိရတယ်။ အဲသည်မှာမှ ကိုစိုးလင်း မသေဘူးဆိုတာ သိရတယ်။ ဘယ်သေမှာလဲ။ ကိုစိုးလင်းကို ထောက်လှမ်းရေးဆိုပြီး မြောက်ပိုင်းက ကြေးနန်းပို့လို့ ကိုနေ၀င်းအောင် ကိုယ်တိုင် တောင်ပိုင်းမှာ ရောက်နေတုန်း ဖမ်းခဲ့ရတာကိုး။ နောက်တော့ ကိုနေ၀င်းအောင် လည်း ထောက် လှမ်းရေးလုံးလုံးအဖြစ် စွတ်စွဲခံရပြီးတော့ ကိုစိုးလင်းနဲ့ အတူတူ ကျင်းတကျင်းထဲမှာ ခြေကျဉ်းချ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့ရတာကို ကျနော် သိရပါတော့တယ်။

ကိုနေ၀င်းအောင်၊ ကိုစိုးလင်းနဲ့ နောက်ရဲဘော်တဦးတို့ အသက်လုပြီး ထွက်ပြေးလွတ်မြောက် ခဲ့ တာ။ နောက်တော့ကိုစိုးလင်းကနယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်သွားတာ။ ကိုနေ၀င်းအောင် ကတော့ ဘန်ကောက်မြို့တ၀ိုက်မှာ ဇာတ်မြုပ်နေထိုင်ရင်း လောကဓံကို ခါးစည်းခံခဲ့ရတာတွေကို ကြားသိ ရပါတယ်။ ကိုနေ၀င်းအောင်တယောက် အမေရိကားကို ပြောင်းရွှေ့အခြေချပြီး ဆယ်စုနှစ် ၁ခု နီးပါး အကြာ တွေ့ဆုံတဲ့အခါ အေဘီ တောင်ပိုင်း၊မြောက်ပိုင်း လုပ်ကြံမှုတွေကို ကျနော် အတော်အသင့် သိလာ ရတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရဲဘော်တွေ ဘယ်လိုမျိုး ကျဆုံးခဲ့ကြတယ်။ အသက်လုပြီး လွတ်မြောက်ကျန်ရစ်ကြတယ်ဆိုတာကို သိခဲ့ရပါတယ်။

အဲသည်တုန်းကလည်း မှတ်စု မှတ်တမ်းတွေ ယူထားခဲ့သော်လည်း ဒါတွေကို ထုတ်ဖော်ဖို့ ကျနော် လက်နှေး ခဲ့တယ်။ အရေးတော်ပုံ လှုပ်ရှားမှုတွေထဲက မိမိတို့ရဲဘော်တွေ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရတဲ့ လုပ်ကြံမှုကြီးကို ထုတ်ဖော်ဝန်ခံ ပြောကြားဖို့ကို ကျနော်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး တွန့်ဆုတ်နေခဲ့မိ ပါတယ်။
၂၀၀၈ ထဲမှာမှ ကိုထိန်လင်းနဲ့ စကားပြောဖြစ်တယ်။ သူ့ဖက်က အတွေ့အကြုံတွေကို သိရှိလာရတယ်။ ကိုကျော်နိုင်ဦးက သူနဲ့ မရှေးမနှောင်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်အစိုးရက ဖမ်းဆီးခဲ့တဲ့ အကြောင်း သိရတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ ကိုထိန်လင်းတို့ရဲ့ ပြောကြားချက်တွေ ကို ပြန်လည် ထုတ်ဖော်ရေးသားဖို့ကို ကျနော် မလုပ်ခဲ့ဘူး။ ဒီမိုကရေစီရေး တိုက်ပွဲကာလတလျောက် လုံး နစ်ပေါင်းများစွာ အဲသည် မတရားမှုကို ထုတ်ဖော်ဖို့၊  အမှန်အတိုင်းပြောဖို့ကို မြိုသိပ်ပြီး ဇာတ်မြုပ်နေ ထိုင်ကြတဲ့ ကျန်ရစ်သူရဲဘော်တွေ၊ ကျနော့်မိတ်ဆွေတွေ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုကျော်နိုင်ဦးတို့ကို ရှာဖွေ ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းဖို့ ကျနော် မလုပ်ခဲ့ဘူး။ ကာယကံရှင်တွေကိုသာ သူတို့ ကိုယ် တိုင် ထုတ်ဖော်ပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အလုပ်ပဲ လုပ်မိခဲ့တယ်။

အဲသည်နောက်ပိုင်းမှာ ကိုထိန်လင်းနဲ့ သူ့အနုပညာပိုင်းဆိုင်ရာ အင်တာဗျုးလေး ဘာလေးလုပ်တယ်။ အဲသည်မှာ သူပြောပြတဲ့ လူနည်းစုလေး တစုအတွက် သူတင်ဆက်ခဲ့တဲ့ အနုပညာဆိုပြီး (သူ့ရဲ့ လူကက် ဆက်အကြောင်းပေါ့) သူပြောပြတာလေးကို နည်းနည်းပါးပါးရေးခဲ့မိတာပဲ လုပ်ဖြစ်ပါတယ်။

၂၀၁၁ ထဲ ချိုတူးဇော် အမေရိကား အလည်ရောက်လာတော့မှ ကိုယ်ကိုယ်တိုင် မြိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မိတ်ဆွေဟောင်းနဲ့ ထုတ်ဖော်ပြောဆို တိုင်ပင်မိတယ်လေ။ သူကိုယ်တိုင်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေအကြောင်း သူသိသမျှနဲ့ကိုယ်သိသမျှဖလှယ် ပြောဆိုကြတာပေါ့။ ကိုစိုးလင်းနဲ့သူနဲ့ကရန် ကုန် မှာ မန္တလေးမှာ ပြန်တွေ့ဆုံခဲ့ပြီးပြီ။ သူ့မိတ်ဆွေတွေအကြောင်းလဲ သူ သိရှိခဲ့ပြီးပြီ။ ဒီဖက်က ကာယကံ ရှင်တွေအကြောင်းလည်း တဖက်သံကြားနဲ့တင်မဟုတ်ဘဲ သူကိုယ်တိုင် တွေ့ဆုံ သိရှိခဲ့ပြီဖြစ်တယ်။

အဲသည်နောက်ပိုင်းမှာ စာဖတ်သူတွေ သိတဲ့အတိုင်းပါပဲ။ ကိုထိန်လင်းကိုယ်တိုင် ထုတ်ဖော်ရေးသား လာတယ်။မန္တလေးသား အောင်မိုးဝင်းကလည်းသူစုံစမ်းသိရှိသမျှ မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုများကို ထုတ်ဖော်ရေးသားလိုက်တယ်။ အနှစ်နှစ်အလလကသိမ်းဆည်းမြိုသိပ်ထားကြတဲ့မှတ်တမ်းတွေ၊ အထောက်အထားတွေဟာ ပြည်တွင်း ပြည်ပကနေ နေရာအသီးသီးကနေ ပေါ်ထွက်လာကြတယ်။ ဖေ့စ်ဘွတ်တွေ၊ ဘလောဂ့်တွေကနေ စာရေးသူတွေက ထုတ်ဖော်ရေးသားလာကြတယ်။

http://8-8-88.blogspot.com/p/nothern.html#
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ နှစ်ပတ်လည်မှာ နိုင်ငံတကာမှာ၊ မြန်မာပြည်တွင်းမှာ အများပြည် သူတွေ၊ ကျန်ရစ်သူရဲဘော်တွေ၊ ကျန်ရစ်သူ မိသားစုတွေ အားလုံး အတူတကွ စုဝေးကြလို့ ကျဆုံးခဲ့သူ ရဲဘော်တွေကို ကောင်းမှုကုသိုလ်ပြု အထိမ်းအမှတ်ပြုကြပြီ ဖြစ်ပါတယ်။
မောင်ရစ် အနေနဲ့ကတော့ကိုယ့်ဖက်ကအဲသည်တုန်းက ဖြစ်ရပ်ကိုစုံစမ်းသိရှိထားရက်နဲ့၊ ကိုယ့် မိတ်ဆွေတွေ ကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်း အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ ဖြစ်ရက်နဲ့၊ သိရှိသလောက် မှတ်တမ်း ရှိသလောက် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မောဟအမိုက်မှောင်ဖုံးပြီး တွေဝေခဲ့မိတာကို ၀မ်းနည်းမိပါ တယ်။
သို့သော်လည်း နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်မှန်ကို အားလုံးသော ကာယကံရှင်များ၊ မိတ်ဆွေ များ၊ မိသားစုများရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ တင်ပြနိုင်ခဲ့တာ အများပြည်သူတွေကိုယ်တိုင်က ဒီအကျဉ်း တန်ဖြစ်ရပ်ကြီးကို တည်ငြိမ် ရင့်ကျက်စွာ လက်ခံသိရှိခွင့်ရကြတဲ့အတွက် ၀မ်းသာမိပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရင်း ကျဆုံးခဲ့သူ၊ အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတိုင်း သူရဲကောင်း တိုင်းအတွက် အမိမြန်မာပြည်နဲ့ ပြည်သူလူထုဟာ အသိအမှတ်ပြုတယ်၊ အတူတကွ ရပ်တည်ကြတာ အတွက်လည်း ဂုဏ်ယူမိပါတယ်။

ကိုယ့်တဦးတည်းအနေနဲ့ကတော့ မတရားမှုတခုကို ထုတ်ဖော်ပြောဆို တင်ပြဖို့ ပျက်ကွက်ခဲ့သူ တဦးအဖြစ်နဲ့ မိမိရဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ဒီလိုမျိုး အကျည်းတန်သော လုပ်ကြံမှုတွေကို နောက်ထပ်မဖြစ်ဖို့ ကျနော်တို့ ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တတ်နိုင်တဲ့ ၀န်ကို ထမ်းပြီး ဆောင်ရွက်ကြမယ်လို့ မရဲတရဲ သန္နိဋ္ဌာန် ချမိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်စရာ မလိုပါ။ နောင်လည်း မသတ်ဖြတ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။

မိုးမခ မှကူးယူဖော်ပြသည်။ 
 

ပြောပြကြပါ..နှလုံးသားချင်းနီးစပ်နေကြသူချင်းမျှဝေခံစားပါမယ် (နွယ်နီထွန်း)

ဒီလပိုင်းအဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်နဲ့ များများပြောင်းလဲနေတာ အားရစရာအားတက်စရာတွေချည်းပဲ ကိုယ်တော့ ကြိုက်တယ်လို့  သူငယ်ချင်းတယောက်က မြန်မာပြည်နဲ့ ပါတ်သတ်တဲ့ အပြောင်းအလဲတွေ အကြောင်းဆွေးနွေးနေရင်း မှတ်ချက်ပေးပါတယ်.. ပြီးတော့ အေဘီမြောက်ပိုင်းကိစ္စတဲ့ စကားစလာပါတယ်.. ဟုတ်ပါတယ် ဘယ်နေရာသွားသွား ဘာဘဲပြောပြော သူငယ်ချင်းတွေနဲ့  စကားဖွဲ့ မိတိုင်း ဒီကိစ္စ.. စိတ်မချမ်းမြေ့စရာကိစ္စပါ.. ယူကြုံးမရစရာ ကိစ္စပါ.. ကြေကွဲစရာကိစ္စပါ..

ဒီအဖြစ်အပျက်တွေက မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့တာ.. ကျောင်းသားတွေ အသတ်ခံရတယ်ဆိုတာပဲ သိခဲ့တာ.. ဘယ်သူဘယ်ဝါဆိုတာ သိခဲ့တာမဟုတ်.. သိအောင်လဲမစုံစမ်းဖြစ်ခဲ့.. စုံစမ်းဖို့  ဆိုတာကလဲ..သာမန်ရဲမေတယောက်အနေနဲ့ လွယ်တဲ့အခြေအနေမဟုတ်.. ဆက်သွယ်ရေးကလဲမကောင်း.. ကိုယ်တွေစခန်းမှာကလဲ ကိုယ်တွေအခြေအနေနဲ့ ကိုယ် ရုတ်ရုတ်သဲသဲ.. စခန်းကလဲ ရန်သူ စစ်ထိုးလို့ ဆုတ်ပေးခဲ့ရတော့.. အချို့ က ဒုက္ခသည်စခန်းတွေမှာ အချို့ ကတော့ စစ်စခန်းတွေမှာ..အဲဒီသတင်းကြားတော့ အေဘီက နှစ်ခြမ်းကွဲပြီးနေပြီ.. ပြီးတော့ ကြားနေတဲ့ ရဲဘော်တွေကလဲ ကိုယ့်ရပ်တည်ရေးအတွက် ရုန်းကန်မှုကိုယ်စီနဲ့ .. ကဲဘယ်မှာလဲ..အေဘီရဲ့ သာမာန် ရဲဘော်ရဲမေတွေအနေနဲ့  ဒီကိစ္စတွေ စုံစမ်းသိရှိဘို့ .. ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုအခြေအနေအဖြစ်မှန်တွေကို သိနိုင်ဖို့ မပြောနဲ့ .. အေဘီမှာ တပ်ရင်း ဘယ်နှစ်ရင်းရှိတယ်ဆိုတာတောင် သိနိုင်ဖို့  အခြေအနေရှိခဲ့တာမဟုတ်..

တောထဲမှာနေတုန်းက မှတ်မှတ်ယယ မင်းသမီးစခန်းက ရဲမေတွေနဲ့  စာအဆက်အသွယ်တခါလုပ်ခဲ့ဘူးတယ်..ဒါတောင် ဗဟိုကော်မတီတွေ လူကြုံရှိတာနဲ့ .. အဲဒီတုန်းကစာလေးတစ်စောင်နဲ့  အဆက်အသွယ်လုပ်ခဲ့ဖူးတာ ဒီနေ့ အထိ မင်းသမီးစခန်းကရဲမေတွေနဲ့  ဆက်ဆံရေးက ညီအမတွေလို နွေးထွေးနေတာ.. စိတ်ထဲမှာဘယ်လိုကြည်နူးမိမှန်းမသိဘူး..ဟုတ်တယ် ကျမတို့  ကတော်လှန်ရေးညီအမတွေ သူတို့ အားလုံးကို ချစ်တယ်..အဲဒီလိုဘဲ.. ဒီမိုကရေစီနဲ့  လူ့  အခွင့်အရေးအတွက်တိုက်ပွဲဝင်နေတဲ့သူအားလုံးကိုချစ်တယ်..၈၈ကိုချစ်တယ်..၈၈ကမွေး ဖွားလာတဲ့ သမိုင်းရဲ့လိုအပ်ချက်ကြောင့်မွေးဖွားလာတဲ့ မကဒတကိုချစ်တယ် အေဘီကိုချစ်တယ်.. ဟုတ်တယ် သူတို့ အားလုံးကိုသိပ်ချစ်တယ်..

ကျမတို့ တတွေ ပထ၀ီအနေအထားအရ အနေဝေးကွာကြပေမဲ့.. နှလုံးသားချင်းနီးနေကြတာ.. ယုံကြည်ချက်တွေတူတယ်..စွန့် လွှတ် အနစ်နာခံမှုတွေတူတယ်.. အမှန်တရားကိုမြတ်နိုးတာချင်း..အာဏာရှင်ကိုတော်လှန်ကြတာချင်း..အကုန်တူတယ်..
တောင်ပိုင်း အေဘီနဲ့ မြောက်ပိုင်းအေဘီ.. ညီအကိုမောင်နှမတွေပါပဲ.. အခုမြောက်ပိုင်း အေဘီက အကိုအမတွေရဲ့ အဖြစ်ဆိုးတွေကြားရတယ်.. အချို့ သေတယ်.. အချို့  ထောင်ကျတယ်.. အချို့ ဇာတ်မြုတ်ပြီးရှိနေကြတယ်..ပြောပြကြပါ..အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း..အကိုတို့ အမတို့ ရဲ့စွန့် လွှတ် စွန့်  စားမှုတွေအကြောင်း.. ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်..ကြေကွဲမယ်..နာကြည်းမယ်..ဒီအထဲမှာမှ အကိုတို့ အမတို့ ရဲ့  တော်လှန်ရေးမှာစွမ်းဆောင်ခဲ့တာတွေကို ၀မ်းသာဂုဏ်ယူမယ်..

အကိုတို့ အမတို့ တွေ အထီးမကျန်ပါဘူး.. ကျမတို့ လို ၈၈မျိုးဆက်တွေ..အကိုတို့ အမတို့  ရဲ့ တော်လှန်ရေး ညီအကိုမောင်နှမတွေ မြန်မာပြည်ထဲမှာရှိနေကြတယ်.. နယ်စပ်မှာရှိနေကြတယ်..နိုင်ငံတကာမှာရှိနေကြတယ်.. အကိုတို့ အမတို့ ဟာ သိုးမဲ အေဘီဟောင်းတွေမဟုတ်ပါဘူး.. အေဘီဟာ ယနေ့ အထိ အကိုတို့ အမတို့ ချစ်တဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို စွဲကိုင်ထားတုန်းပါ.. အကိုတို့ အမတို့ လိုချင်တဲ့ ဒီမိုကရေစီရရှိရေးနဲ့  ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတိုက်ပွဲဝင်နေတုန်းပါ..

ပြောပြကြပါ…ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်…အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း.. အဆိုးအကောင်းအားလုံး..

အစဉ်လေးစားလျှက်
NNT
Hlaing Bwa Maung facebook မှကူးယူဖော်ပြသည်။ 
 
 

အောင်မိုးဝင်း ဘာလဲ၊ဘယ်လဲ (သူလည်းထောက်လှမ်းရေး တဲ့)။

(ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာသူလျှိုလို့ စွပ်စွဲပြီး ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော် အပါအ ၀င် ကျောင်းသားခေါင်းဆောင်တွေအကြောင်း ဖော်ထုတ်ရေးသားနေ တဲ့  အောင်မိုးဝင်းဆိုသူဟာ (န၀တ)အမျိုးသားထောက် လှမ်းရေးမှ well trained ခံခဲ့ရသူ ဖြစ်ပါတယ်တဲ့။ သူလျှိုလို့ စွပ်စွဲခံရရင် ခေါင်းဖြတ်သတ်တာမို့   ပါဂျောင်မှာသုတ်သင်ခံရတဲ့ သူတွေအကြောင်းဖွင့်ချနေတဲ့ ပါဂျောင်ထောက်လှမ်းရေးလက်ကျန်အောင်မိုးဝင်း အစား ဇက်ယားမိပါတယ် ။ အောက်က ရင်ခတ်ပန်းဆို သူ၏ ဆောင်းပါး ကိုဖတ်ရှုပြီး သုံးသပ်ဆင်ခြင်ကြပါရန်)

ပြည်သူတို့ ရင်ခုန်သံ
ဆိုရေးရှိကဆိုရမည်
-ရင်ခတ်ပန်း
-၉.၂.၂၀၁၂

ယခုတလောဟစ်တိုင်စာမျက်နှာများနှင့် facebook စာမျက်နှာများတွင် ABSDF (N/A) နှင့် ABSDF (S/A) လူသတ်မှု (သို့) မှားယွင်း သတ်ဖြတ်မှုများအား အပြန်အလှန် ရေးသားကြပုံများကို ကျွန်ုပ် တို့ စောင့်ကြည့် လေ့လားနေခဲ့ကြပါသည် ၊

အဘယ့်ကြောင့်ဆိုသော်ရေးသားကြသူများမှာကျွန်ုပ်တို့လေးစားခဲ့ရသော ၈ လေးလုံးအရေးတော်ပုံကျောင်း သား ခေါင်းဆောင်များဖြစ်သော ကိုမိုးသီးဇွန်။ ကိုကိုဦး။ ကိုသန်းဝင်း စသောသူများ ပါဝင်းနေသောကြောင့် ဖြစ်ပါသည်။

(မှတ်ချက်ကိုမိုးသီးဇွန်။ကိုကိုဦး။ ကိုသန်းဝင်းတို့သည် တခြားသောကျောင်းသား ခေါင်းဆောင်များ နည်းတူ (န၀တ)မှထုတ်ဝေသော စာအုပ်နီတွင် စွတ်စွဲခံထားသော သူများဖြစ်သည်။)

ကျွန်ုပ်တို့တခုသတိထားမိသည်မှာကိုကိုဦး။ ကိုသန်းဝင်းတို့နည်းတူ ABSDF ရဲဘော်ဟောင်းများနှင့် တကွ တခြားသော နောက်ကြောင်းမရှင်း သူများပါဝင်ပတ်သက် လာသည်ကို တွေ့ရှိရပါသည်။

အထူးသဖြင့်ကိုထွန်းအောင်ကျော် (၈၈ခေါင်းဆောင် မဟုတ်ပါ A/B ခေါင်းဆောင်းဟောင်း) နှင့် အတူအောင်မိုးဝင်း ဆိုသူသည်ရှေ့တန်းမှ တက်ကြွစွာ(ခံခဲ့ရသူများထက်ပို၍ခံစားရ ဟန်ဆောင်ထားသူ) ပါဝင်လာသည်ကို တွေ့ရပါသည်။

က်ျတွင်ကျွန်ုပ်တို့မေးခွန်းများမေးလိုပါသည်။အောင်မိုးဝင်းဆိုသူမှာ-
(၁)သူဘယ်သူလဲ?
(၂)ဘာလဲ?
(၃)ဘာလုပ်ချင်တာလဲ?
(၄)သူ့ရဲ့ရည်ရွယ်ချက်ဘာလဲ?
(၅)ခင်ဗျားတို့အောင်းမိုးဝင်းကိုတာဝန်ယူနိုင်ပါသလား?
(၆)တော်လှန်ရေးရောပြီးဆုံးပြီးထင်ပါသလား?
ကျွန်ုပ်တို့အချက်လေးချက်ကိုဖြေလိုက်ပါရစေ။

ကျန်တဲ့အချက်နှစ်ချက်ကိုတော့ခင်ဗျားတို့ဖြေစေချင်ပါသည်။
(၁)အောင်မိုးဝင်းဆိုသူသည် ၉၆/၉၈ကျောင်းသားလှုပ်ရှားမှုတွင် သတင်းပေး တယောက် အနေနှင့်သာ ပါဝင်ခဲ့ သူဖြစ်ပါသည်။သူကြောင့်သာ ၉၆/၉၈ကျောင်းသားခေါင်းဆောင်းများမှာ မတရားဖမ်းဆီး ခံခဲ့ရပါသည်။

ကျောင်းသားခေါင်းဆောင်ကိုအေးအောင်မှာယခုထိလွတ်မြောက်မှုမရှိသေးပါ။
အောင်မိုးဝင်းအသက်အရွယ်မှာအဲဒီအချိန်ကျောင်းသားများဧ။်အဖေအရွယ်နီးပါဖြစ်နေပါသည်။ ကျောင်းသား အစစ်မဟုတ်ပါ။

(၂)မန္တ္တလေးကျောင်းသား လောကတွင်းလည်း သူသည်ထင်ပေါ် မှုမရှိပါ။
ဘယ်သူမှမယုံကြည်ပါ။(န၀တ)အမျိုးသားထောက်လှမ်းရေးမှ well trained ခံခဲ့ရသူ ဖြစ်ပါသည် ။
၉၈တွင်တခြားကျောင်းသား/နိုင်ငံရေးအကျဉ်းသားများနှင့် အတူရောနှော လွှတ်လိုက်ခြင်း ဖြစ်ပါသည်။

(၃)နယ်စပ်ရောက်ပြီး မကြာခင်မှာပဲ သူရဲ့တာဝန်ကို စပြီးထမ်းဆောင် ပါတော့သည်။
ဗကသအဖွဲ့ထဲတွင် အထက်ဗ/ အောက်ဗခွဲခြင်း/ လူ့ဘောင်သစ် အဖွဲ့တွင်း ရှုပ်ထွေးအောင် ဘေး တီးပေးခြင်း။ A/B ရဲဘေက်များအား ခေါင်ဆောင်များနှင့်ရန် တိုက်ပေးခြင်း........စသည်။

၉၉ တွင်ကိုထွန်းအောင်ကျော် (A/Bခေါင်းဆောင်ဟောင်)ဧ။် conference sponsr ဖြင့်ရောက်လာပြီး အကြံနှင့် ခုန်ချ လိုက်သူဖြစ်ပါသည်။ မကြာခင်မှာဘဲဇာတိပြလာပါသည်-
နယ်စပ်မဗကအဖွဲ့အစည်းရဲ့ တာဝန်ပေးချက် အရဆိုပြီး ၈ုံးခန်းဖွင့်ရန် broadway rd china t won new york တွင့်နေရာရှာဖွေပါ တော့သည် မဖွင့်ဖြစ်လိုက်ပါ။

အဘယ်ကြောင့်ဆိုသော်ကိုထွန်းအောင်ကျော်တို့ရဲဆော်သြမှုကြောင့် မြန်မာနိုင်ငံသာများ မယုံ ကြည်တော့ သောကြောင်းဖြစ်ပါသည်။ (၄)ရည်ရွယ်ချက်မှာနိုင်ငံရေး/တော်လှန်ရေးလောကတွင် ထင်း ရှာသော ခေါင်းဆောင်များကို နာမည်ပျက်စေရန် နည်မျိုးစုံဖြင့် တိုက်ခိုက်ရန် ညွှန်ကြားခံထားရသူ ဖြစ်ပါသည် ခံခဲ့သူများစွာ ရှိပါသည်။
အထူးသဖြင့်ကိုမိုးသီးဇွန်အားနာမည် ပျက်စေရန် ဆယ်နှစ်ကျော် တိုက်ခိုက်ခဲ့သည်။

ယခုကိစများတွင်လည်းအောင်မိုးဝင်းဧ။်ရေးသား ချက်များသည် A/B (N/A) (S/A)ကိစ္စများထက် ပု၈ိုလ်ရေး ထိုးနှက် တိုက်ခိုက်လာမှုများကို တွေ့နေရပေသည်။

ဤပုံစံများသည်န၀တလက်ထက်ဗိုလ်ခင်ညွှန့် ထောက်လှမ်းရေးများ အရေးသားများနှင့် တပုံစံတည်းဖြစ် သည်။

အထူးထင်းရှားသည်မှာဟုတ်မာသောထေက်လှမ်းရေးတိုဧ။် ခေါင်းဆောင် ဗိုလ်ခင်ညွှန့် ထောင်နန်းစံနေချီန် တွင်မြေလျှိးနေရ်ျသူတို့ဧ။် အဘဗိုလ်ခင်ညွှန့် ထွက်လာ ချိန်မှာတော့ ရဲတင်းစွာလက်များ/ ခြေများအရှေ့ကို ထွက်လာ ပါတော့သည်။

အထူးသတိပေးလိုသည်မှာကိုယ့်ရဲ့ဘော်အချင်းချင်း ပု၈ိုလ်ရေးဆဲကြဆို ကြခြင်းကို ကျွန်ပ်တို့မှ ၀င်ရောက် စွတ်ဖက်မည်မဟုတ်ပါ။

ဒါပေမဲ့ကျွန်ပ်တို့ဧ။် တော်လှန်း/နိုင်ငံရေးခေါင်းဆောင်များ အားပြည်သူလူထု အထင်အမြင်လွဲမှား စေရန် အပြုမှုများ ရှိလာပါမူ ကျွန်ပ်တို့မှ ၀င်ရောက်စွတ်ဖက် ရပေလိမ့် မည်။

တော်လှန်ရေးအသိ/တော်လှန်ရေးသတိရှိရန် တိုက်တွန်းလိုက်ပါဧ။်။

-ရင်ခတ်ပန်း

ပေးပို့ လာသူ----karen 2010 <16minoo@gmail.com>
ကျောင်းသားစစ်သည်ဟောင်းများ  မှကူးယူဖော်ပြသည်။ (သတ်ပုံကိုမူရင်းအတိုင်းဖော်ပြထားသည်။) 
 
 

Sunday, January 29, 2012

ကျောင်းသားတပ်မတော်သဘောထားထုတ်ပြန်ချက်(၁၉၉၂ မေ) ဒေါက်တာနိုင်အောင်

မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဌ၏ သတင်းစာရှင်းလင်းပွဲ (ဒေါက်တာနိုင်အောင်)

Dr Naing Aung Statement in Burmese version

by Ko Oo on Sunday, 29 January 2012 at 14:23
ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီး
ABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်

ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရသူများရဲ့
ပြောကြားထွက်ဆိုချက်အားလုံးကို သဘောထားရိုးစွာဖတ်ရှု့နားထောင်ခဲ့ပါတယ်၊
အထူးသဖြင့်မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေယုံမျှမက ရှစ်လေးလုံးပြည်သူအုံကြွမှုကိုလည်း မင်းမဲ့စရိုက်ဖြစ်လာအောင်လုပ်ဆောင်ခဲ့မှုတွေအတွက်လည်းတာဝန်ရှိခဲ့ပါတယ်၊
သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ညီညွတ်ရေးကိုဖြိုခွဲကာလက်ဦးမှုကိုရယူသွားရန်ဖြစ်တယ်၊
သူတွေဟာလူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့
ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံအင်အားစုတွေကိုပဲဖြစ်တယ်၊ ABSDF ဟာစပိုင်တွေရဲ့အဓိကမဟာဗျူ ဟာပြစ်မှတ်တစ်ခဲ့ဖြစ်ပြီး”Water Wave”ရေလှိုင်းစစ်ဆင်ရေးခေါင်းစဉ်အောက်ကထိုးဖေါက်
ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အပိုင်းတွေက
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး
၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊
နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်
သည့် ၁၉၉၂နှစ်ကုန်ပိုင်းပင်ဖြစ်သည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပ
ခင်အလင်းဝင်ကြရန်ဖြစ်ပြီး ကျန်နေမဲ့အုပ်စုတွေကိုတော့ဖိအားတွေကိုအပြင်းအထန်ပေးပြီး
အမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန် တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊
(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကတော့၁၉၉၂နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အမျိုးသားညီလာခံ
အကြောင်းကိုမူလကပင်သိရှိထားပြီးသားဖြစ်သည်)နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်
အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ မှန်ကန်စွာဆုံးဖြတ်ပြီးသေဒဏ်ပေးခဲ့တဲ့ဒီစပိုင်(၁၅)ဦးအတွက် လုံးဝ
အငြင်းပွါးစရာမရှိပါ၊ သို့သော်လည်းပဲကျနော်အနေဖြင့် ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် တွေမှာလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
နိုင်ငံတကာလူထုလူတန်းစားတွေကိုကျနော်တို့ရှင်းပြချင်တာကတော့ ကျနော်တို့နောက်ထပ် ကျန်ရှိနေသေးတဲ့စပိုင်တွေကို အပြုသဘောဆောင်စွာဖြေရှင်းသွားမယ်ဆိုတာပါပဲ၊
မကြာသေးခင်ကပဲ ကျနော်မဟာမိတ်အင်အားစုကခေါင်းဆောင်တွေ ABSDF မြောက်ပိုင်းက
ကော်မီတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်
ဘို့ဆုံးဖြတ်ခဲ့ကြပါတယ်၊
၁၊ ABSDF ကနေပြီးတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး
၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုဆီသို့ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို
သာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊
၃၊ ကျနော်အနေဖြင့်လုံးဝလက်မခံနိုင်သောစပိုင့်များကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေးအတွက်
နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ ABSDF ကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒီမိုကရက်တစ်အစိုးရများထံ ၄င်းတို့အားမြန်မာပြည်ဒီမိုကရေစီ
ရရှိသည်အထိလက်ခံသွားပါရန် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊
၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်
ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊
၅၊ သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာအာဏာရှစ်စနစ်
ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့အနာဂတ်အကျိုးစီးပွါးနဲ့လူအ
ခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့မှသူတို့နဲ့ပတ်သက်တဲ့စပိုင့်
မှတ်တန်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
၆၊ ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ
စပိုင်တွေရဲ့အနာဂတ်အတွက်ကျနော်တို့ကိုနားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ
ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

တည်ကြည်စွာဖြင့်
လက်မှတ်
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်
ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF
 


ဒေါက်တာနိုင်အောင် statement ကိုရှင်းလင်းအောင်ပြန်ရေးထားတယ်

by Ko Oo on Sunday, 29 January 2012 at 12:51
Press Release by the Chairman of ABSDF
Concerning with the spies of those arrested in Northern ABSDF

After visiting to Kachin State for a month, I have suffered bitterness of brutality of dictatorial regime more than before. I read the sincerely statement and listen the testimony of those detained in Northern State.
Especially, National Intelligence Bureau of Burma, the main oppressed machinery of SLORC, is the main responsible for the turmoil and anarchist elements of 8888 uprising.
They have well concrete planning to seek the confusing and disunity among the opposition to get upper hand. They use the people as the informers and intelligence by inserting various means and pressure. The main target are prominent leaders and main opposition group.
___of their strategy, the ABSDF become main target to be infiltrated, those spies are send under operation named “Water wave”. Their section are:
-To create instability within the organizations.
-To control the higher posts.
-To make misunderstanding with the allied organizations and supporting group.
-To have depression to surrender, and
-To assassinate their strong opponents.
The deadline for the target is the end of 1992, which will be time convening the National Convention. Some groups have to surrender before National Convention and they push hard remaining group to surrender at General Amnesty which will be held in the aftermath of National convention.
(The spies group leaders have already known the fact that the National convention will be convene at the end1992.) The remaining group after amnesty will be crashed down by intensive military offensive.
I have no more dispute about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process. We would like to explain to international community that we must have more intention to solve the future of remaining arrested spies in constructive ways.
Recently, I have discussed with the northern committee of ABSDF and leaders from Kachin Independence Organization (KIO) and decided the following resolution.
  1. ABSDF is not to give death penalty to those remaining spies.
  2. Those who the attitude and stance toward our movement are to be accept as ordinary member.
  3. For the spies whom cannot be accept by us will be transferred to the international organization for their safe and future. For that ABSDF has to appeal to the international organization and democratic governments to accept those spies until Burma has democratic change.
  4. If there is no place nor condition to accept those spies outside Burma, they will be released after one year detainment with guarantee of their parents or relatives.
  5. Even we have the attitude to behave them as enemies; we accept those person are victims of brutal dictatorial system. This is why we are looking forward for the long term benefits and humanitarian concepts. And we continue to elicit the detail documents and statement of the spies soon.
  6. Therefore, we would like to appeal to the international organizations governments to find the way for the future of those spies and give us cooperation based on understanding toward us.
With best regards,

Signed
31st May, 1992

Dr Naing Aung
Chairman
Central committee
ABSDF
 

No comments: