Monday, April 2, 2012

သူသူ ထိုထိုတို့ ၏ သဘောထား

လှသိန်း

ကျနော် တို့ ရဲဘော် အပေါင်း သတိရှိကြပါစို့။

by Hla Thein on Tuesday, 24 January 2012 at 20:42
အခုလတ်တလောမှာ ABSDF မြောက်ပိုင်း လူသတ်မှု ဆိုတဲ့ ကိစ္စကို ဖော်ပြီး ကျနော် တို့ခေါင်းဆောင်တွေ ကို အပုတ်ချပြီးABSDF သမိုင်း ကို ဖျက်ဖို့ လူတစ်စု က ဦးဆောင်နေသလို ကျနော်တို့ ရဲဘော် ထဲ က တချို့သူတွေ အပါအ၀င် လူအတော်များများ ကဒီကိစ္စ ကို သတိထားလာလေ ဦးဆောင်သူများ က ပိုဖွလေ လုပ်ကောင်းနေတဲ့ အချိန်ပါ။
ကျနော့် အမြင်လေး ပြောပါရစေ အဲဒီအချိန်က အခြေအနေတွေက တအားရှုပ်ထွေးနေပါတယ်။ ဒီကိစ္စ ကို သက်ဆိုင်သူတွေ အချိန်တန်ရင်ရှင်းကြပါလိမ့်မယ်။ အပြစ်ခံထိုက်တဲ့ သူကလည်း ခံရပါလိမ့်မယ်။ အခုရှင်းဖို့စောပါသေးတယ်။

ဒီကာလမှာ စစ်အုပ်စုကသမိုင်းကို ပြောင်းနေပါတယ်။ လူတွေကလည်း မသိလိုက်ဖာသာ လိုက်နေပါ တယ်။
ပထမ ကိုမိုးသီးဇွန် ဒေါက်တာနိုင်အောင် စတဲ့ လူများကို အဓိက ပစ်မှတ်ထားပြီး  နောက်သူတို့နဲ့ နွယ်တဲ့ သူများကိုပါ နည်းမျိုးစုံနဲ့ အပုတ်ချပါတယ်။ ရည်ရွယ်ချက်ကတော့ ခေါင်းဆောင် ကနေ နောက်လိုက်အား လုံးကို တရားခံစွပ်စွဲပြီးမှာ ABSDF ကျောင်းသားတပ်မတော် တစ်ခုလုံးရဲ့ သမိုင်းကို ဖျက်တာပါ။

ကျနော် အပါအ၀င် ရဲဘော် အပေါင်းအားလုံးဟာ ယုံကြည်ချက်အခိုင်အမာ နဲ့ တိုက်ပွဲဝင်ခဲ့ကြသလို ABSDF သမိုင်းကိုလည်း တန်ဖိုးထားကြတာ လူတိုင်းပါပဲလို့ ကျနော် ယုံကြည်ပါတယ်။
အခု သူတို့ (စစ်အုပ်စုနဲ့ နောက်လိုက်တွေ) က သမိုင်းကို ပြောင်းပြန်လုပ်ပြီး လူတွေ ကိုေ၀၀ါးအောင် နည်းမျိုးစုံ နဲ့ အကောင်ထည်ဖော်နေတာ တွေ့နေရပါတယ်။ အထူးသတိထားကြပါ။
ကျနော်တို့ ခေါင်းဆောင်ဆွေကလည်း တချိန်က ကျနော်တို့လိုပဲ အပင်ပန်းခံ အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ တာပါပဲ၊ အခုချိန်ထိလည်း လုပ်နေဆဲပါ။ ကျနော် တို့ သူတို့ ရဲ့ ဦးဆောင်မှုတွေ နောက်မှာ လိုက်ခဲ့ကြ ပါတယ်။ ကျနော် တို့လုပ်ခဲ့တာ ကျနော် တို့ သမိုင်းပါ။

အဲဒီလို အချိန်တွေ သမိုင်းတွေ အခိုင်အမာ ရှိခဲ့တာ ကို မပျက်စေချင်ပါဘူး၊ ကျနော် တို့ခေါင်းဆောင်တွေကို သူတို့ တိုက်ခိုက်နေတဲ့ အချိန်မှာ ကျနော်တို့ က သွေးစည်းစည်း နဲ့ အချင်းချင်း ကျောချင်းကပ်ပြီး ရန်သူ ရေးချင်တဲ့ သမိုင်းမှားကို ကျနော်တို့ သမိုင်းမှာ ၀ိုင်းကူမရေးမိအောင် စည်းလုံးစေချင်ပါတယ်။ စစ်အုပ်စုရဲ့နောက်လိုက်တွေ က ဒီလူ ၁၀၀ကျော်သေတာ ကို သတိပေးနေရင် သူတို့ သတ်ခဲ့တဲ့ လူသိန်းကျော်ကို လည်း ကျနော်တို့ မေ့လို့မဖြစ်ပါဘူး။ အချိန်တန်ရင် အားလုံး အဖြေပေါ်တရားခံထွက်မှာပါ။ ဒီကာလ လေးမှာညီညီညွတ်ညွတ်နဲ့ABSDF ကျောင်းသားတပ်မတော်ရဲ့သမိုင်းကိုအကောင်းဆုံးဖြစ်အောင်
ရေးကြပါစို့။
Hla Thein facebook   မှကူးယူဖော်ပြသည်။ 
 

ဆက်လက်မှားယွင်းနေကြပါစို့ 

လွန်ခဲ့တဲ့ ၇နှစ်လောက်က စပိန်တော်လှန်ရေး အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဒရမ်မာဇာတ်ကားလေး တစ် ကားကြည့်ဖူးပါတယ် ။ နာမည်တော့ မမှတ်မတော့ပါဘူး ။  ပြင်သစ်မှာ နပိုလီယံ အာဏာကြီးစိုးတဲ့ အ ချိန်လောက်ကပါ ။ ဘူဇွာသူဌေးကြီးတစ်ဦးဧ။်သမီး စပိန်ရဲ့  အလှနတ်သမီးလို့ တင်စားခေါ်ဝေါ်ရလောက် တဲ့ မိန်းမပျိုလေးကို ဘာသာရေးအာဏာပိုင် ဘုန်းကြီးတွေက "ဂျူး "ဟု စွပ်ဆွဲပြီး ဖမ်းဆီးခဲ့ကြပါတယ် ။ အလွယ်ခေါ်ရရင်တော့ စစ်ကြောရေးကို ပို့လိုက်တယ်ပေါ့ ။ နှိပ်စက်နည်းတွေ အမျိုးစုံအောင် စစ်ဆေးကြပါတယ် ။ နာကျင်လွန်းတော့လည်း ကောင်မလေးခဗျာ သူဟာ ဘုရားသခင်ကို မယုံကြည်တဲ့ မိစ္ဆာဒိဌိပါလို့ ၀န်ခံလိုက်တယ်ဗျာ ။ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရတာ ပြန်လွတ်လာတဲ့အချိန်မှာ မျက်စိ ကွယ်ပြီး အရိုးပေါ်အရေတင် ကလေးတစ်ယောက်အမေ အရူးမကြီးဖြစ်တဲ့အထိပဲဗျာ ။ သမီးအ တွက် သော ကရောက်နေတဲ့ အဖေကလည်း နည်းမျိုးစုံသုံးပြီး သူ့သမီးပြန်လွတ်မြောက်ဖို့ ကြိုးစားတယ်ဗျ ။ နောက်ဆုံး ပုတ်ရဟန်းမင်းကြီးကိုတောင် ငွေအမြောက်အများ လှုဒါန်းမည်ဟုဆိုကာ အိမ်ကိုဖိတ်ခေါ်လိုက်ပြီး ညစာစားပွဲလေးတစ်ခု ဖန်တီးလိုက်တယ် ။ ထမင်းစားရင် အာလာပသလာပပေါ့ဗျာ ဟိုပြောဒီပြောပြောကြ တယ်ဗျ ။ နောက်ဆုံးမှ သူ့သမီးအခြေအနေကို မေးမြန်းတယ် ။ ပုတ်ရဟန်းမင်းကြီးကလည်း အသက်ရှင် လျက်ရှိကြောင်း အာမခံပြောဆိုပါတယ် ။ ဒါပေမယ် သူမအနေနဲ့လည်း အမှန်အတိုင်းဝန်ခံခဲ့ပြီး ထိုက်သင့် တဲ့ ပြစ်ဒါဏ်ကို ကျခံရမှာဖြစ်ကြောင်းပြောတယ် ။ ဒီနေရာမှာ သူတို့နှစ်ဦးရဲ့ စကားလုံးတွေကို ကျနော်ကြိုက် လွန်းလို့ အလွတ်မမှတ်မိတော့ပေမယ့် အဆင်ပြေသလို ဘာသာပြန်ပါရစေ ။ 
"" ခံနိုင်ရည်ထက်ပိုတဲ့ နာကျဉ်ခြင်းတွေ ကြုံတွေလာခဲ့မယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတစ်ချို့ လွဲချော်ပြီး အမှန်တရားနဲ့ သွေဖီတဲ့ အပြုအမူတွေကို ပြုလုပ်မိ တာကြောင့် နှိပ်စက်စစ်ဆေး တဲ့နည်း လမ်းတွေဟာ အမှန်တရားတစ်ခု ဖြစ်နိုင်ပါ့မလား " ဆိုတဲ့ ဖခင်ရဲ့ အမေးကို ပုတ်ရဟန်းမင်းကြီးက " အမှန်တရား အတွက် ဘုရားသခင်က လုံလောက်တဲ့ ခံနိုင်ရည်တွေ ကောင်းချီးပေးပါလိမ့်မယ် " လိုဖြေတယ် ဗျာ ။ အဲဒီမှာပဲ အဖိုးကြီးက စာရွက်တစ်ရွက်ကိုထုတ်ပေးလိုက်ပြီး စာရွက်မှာ လက်မှတ်ထိုးပေးခဲ့ပါ လို့ ပြော တယ်ဗျာ ။ ကျနော်သည် အူတုံအူမ မျောက်မျိုးမှ ဆင်းသက်လာပြီး ဘုရားသခင်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေ ဖို့ငှာလို့ အစပြုပြီး စုံနေအောင်ကိုရေးထားတဲ့စာပါ ။ ဘုန်းကြီးလည်း ကြိုးတုပ်မခံရခင် အချိန်ထိ ကျီစယ်တယ်ဟုသာ ထင်သော်လည်း တကယ်စပြီး နှိပ်စက်တဲ့အခါမှာတော့ သိပ်ကြာကြာ တောင့်မ ခံနိုင်ပါဘူး ။ ချက်ချင်းပဲ လက်မှတ်ထိုးပေးခဲ့ပါတယ် ။ သူလည်း စပိန်ကနေ ပျောက်သွားတာ နပိုလီယံနဲ့အ တူ စပိန်ကိုပြန်လည် သိမ်းပိုက်မဲ့ စပိန်တော်လှန်ရေးထိပါပဲ ။ အော်မေ့နေလို့ အဲ့ဒီ့ဘုန်းကြီးနံမည်က "" ဖရန်စစ်စကို "" ပါ ။

(((ကျနော်လည်း စဉ်းစားနေတာပါ "နာကျင်ခြင်းကြောင့် ထွက်ဆိုခဲ့ရတဲ့ ထွက်ဆိုချက်တွေဟာ အမှန်တရား တစ်ခုလား"ဒါဟာ မှားယွင်းနေတယ်ဆိုရင် ခုချိန် ထိ ဘာလို့ဆက်လက် မှားယွင်းနေကြတာလဲဆိုတာကိုပါ ။)))
 Kyaw Swar facebook မှကူးယူးဖော်ပြသည်။
 

ကိုထိန်လင်း၊ မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုထင်လင်းအောင်၊ကိုထွန်းအောင်ကျော် နဲ့ကျနော်

 ဦးသန်းဆွေ(မြေနီကုန်း)- 25-1-2012 
”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”
- သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။
တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊
လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။


”ကိုအောင်မိုးဝင်း”
- သူက စာဖွဲ့လို့ မရနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ ဒီပက်စက်မှုကြီးကို စာဖွဲ့ပြီး မှတ်တမ်းတင်နေတဲ့သူ ။
ပြီးတော့ လူ၊ လူ့တန်ဘိုး၊ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ အားလုံးကို တစ်စ မကျန် ဖေါက်ပြန်ကျူးလွန် ခဲ့ကြတဲ့ အဲဒီ အဟိတ်တွေနဲ့ တရားမဲ့မှုကို အပြစ်မဲ့စွာ ခံလိုက်ရတဲ့ ဘက် ၊ နှစ်ဘက်လုံးက အတော်များများနဲ့ ထဲထဲဝင်ဝင် ကျွမ်းဝင်ခဲ့သူ ။
လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော် ၊ မိတ်ဆွေ ၊အသိ အဖြစ် ထိတွေ့ ဆက်ဆံခဲ့ဖူး သူ၊ သူ့မှာ အထောက်အထားတွေရှိတယ်။
သူ့အထောက်အထားတွေကို သူယုံတယ်။ မျှတတဲ့ စိမ်ခေါ်မှု နဲ့ ပြည်သူကို ချပြမယ်၊။
ဓမ္မနဲ့အဓမ္မ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။

ဒီဖြစ်ရပ်ကြီးထဲ သူဘာကြောင့် ဝင် ပါခဲ့တယ်၊ သူ့ရပ်တည်ချက် က ဘယ်လိုဆိုတာ စ ဝင်ကတည်းက ” သူ” ဒီလို ရှင်းရှင်းပြောပြီး -ဝင်ခဲ့သူဖြစ်တယ်။


”ကိုထွန်းအောင်ကျော်”
- ABSDF ကို စတည်ခဲ့ကြသူ တွေထဲက တစ်ဦး၊ ပင်မ ဗဟိုအေဘီရဲ့ အစောဆုံးဥက္ကဋ္ဌလည်း ဖြစ်တယ်။
မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ နေစဉ်ကာလမှာ ဖြစ်ခဲ့တာ မဟုတ်ပေမယ့်- ကျောင်းသား တပ်မတော် ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကို မဆို၊ ဆန့်ကျင် တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့- မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး ဆော်သြတဲ့၊ အေဘီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တယ်။

ကျနော်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ကာယကံရှင်လဲ မဟုတ်ပါဘူး ။
နှစ်ဘက်လုံးနဲ့ထဲထဲဝင်ဝင် သိခဲ့ကျွမ်းခဲ့ပြီး နှစ်ဘက်လုံးနဲ့ ပတ်သက်တဲ့အထောက်အထား တွေ ရှိတဲ့သူလည်း မဟုတ်ပါဘူး ။
ဘယ်နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းဝင်မှလည်း မဟုတ်ပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီပြဿနာထဲကို ဝင်ပါရတာလဲလို့ သဏ္ဌာန်မျိုးစုံနဲ့မေးလာသူ မိတ်ဆွေများကို ကျနော် တလေးတစား တန်ဘိုး ထားပြီး ဖြေလိုက်ပါတယ် ။” ကျနော်ဟာ မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ မြန်မာ နိုင်ငံသား တစ်ဦးဖြစ်လို့ပါဘဲ” ။


ပြီးတော့ ”လူသား တစ်ဦးအနေနဲ့လူ့ဂုဏ်သိက္ခာ ၊ လူ့တန်ဘိုးကို ထိန်းသိမ်းဖို့တာဝန်ရှိတယ်” လို့အခိုင်အမာ ယုံကြည်လို့ပါဘဲ။

အရင် စာတွေမှာ ကတည်းက ကျနော်ရေးခဲ့ပြီးပါပြီ။
မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။
နယ်လွန်သွားပြီ၊
မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။

အဲဒီလူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်တဲ့ကျနော့်မှာ တာဝန်ရှိတယ်လို့ယုံကြည်လို့ အခုလို ဝင်ပြီး ရေးသားခြင်းဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျား၊ အားလုံးကို လေးစားပါတယ်။
ဒါကြောင့်လည်း ရေးလက်စ များ ဆက်မတင်ခဲ့တာပါ။
အခုလည်း ကျနော့်အမြင်၊သဘောထားကို ကြားဖြတ်ပြီး ကျနော်တတ်စွမ်းသမျှ ရှင်းပြလိုက်ပါတယ် ။
ကျနော်ဆက် ရေးသွားပါမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

”ဟေး... အသံတွေ တိတ်ကုန်ပါလားဟေ့......
ခွာရှပ်ပြီး ကန်သင်းကို ထိုးခွဲ ...ဂျိုပဲ သွေးနေတာလား၊
စိတ်ကြိုက်ပြင်ဆင်ပြီးရင် ခတ်ကွင်းထဲ ဝင်ခဲ့တော့ ၊
”ဂျို”ထောင်လား။ ”ဂြိုဟ်” ကောင်လား..။
အံသွားတွေ ကျိကျိမြည်အောင် ကြိတ်ထားတဲ့ ပရိသတ် ကြီးက သိပြီးသား အဖြေကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြိုဆို နေကြပါတယ် ။”


ဦးသန်းဆွေ(မြေနီကုန်း)

ဟစ်တိုင် မှကူးယူဖော်ပြသည်။ 
 

Loss Of Innocence at the ABSDF (North) or အပြစ်မဲ့ကျောင်းသားတွေဟာ သူလျှိုတွေလား?

by Aye Aye Soe Win on Wednesday, 11 January 2012 at 14:31

  • ကချင်ပြည်နယ်မှာေ ကျာင်းသားတွေကို ခေါင်းဖြတ်သတ်လိုက်တဲ့ ကိစ္စတွေနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးကော်မတီဖွဲ.ကာ ဖြစ်ရပ်မှန်ပေါ်ပေါက်အောင် ABSDF ကျောင်းသားတပ်မ တော် က ဆောင် ရွက်မည်ဆိုတဲ့အကြောင်း ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါသည်။ ဒီအကြောင်း ကို DVB နော်ဝေးအသံ က လွဲပြီး ကျန်တဲ့ BBC, VOA, RFA, Mizzima & Irrawady သတင်းဌာနတွေမှာ ရေးသားဖော်ပြခြင်း ထုတ်လွှင့်ခြင်းမရှိပါ။
    • ကျောင်းသား ၃၀ ကျော် အသတ်ခံရပြီး လူပေါင်း ၈၀လောက် မတရားဖမ်းဆီးချုပ်နှောင် နှိပ် စက်ခံရတဲ့ကိစ္စနဲ့  ပတ်သက်တဲ့သတင်းကိုတော့ ထုတ်လွှင့်ခြင်းမရှိပဲ တစ်ကိုယ်တော် ဆန္ဒပြ လို့  ရဲ က ခေါ်စစ်တဲ့ကိစ္စကိုတော့ သတင်းဌာနတွေကို ဟိုလေးတကြော် ရေးသားထုတ်ခဲ့ကြပါ သည်။
      ဒီကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စကို သတင်းလွှင့်တဲ့ DVB သတင်းကို ပြန်ကြည့်တော့လဲ သတင်းမိတ်ဆက် intro မှာတင် တလွဲတချော်ဖြစ်နေတာ တွေ့ ရပြန်ပါသည်။ “သူလျှိုတွေ ကို ဖော်ထုတ်စစ်ဆေးတဲ့ကိစ္စ” ဆိုပြီး မတရား စွပ်စွဲခံရပြီး အသတ်ခံလိုက် ရတဲ့ ကျောင်းသားတွေကို ထပ်ပြီး စော်ကားသလို ဖြစ်နေပါသည်။ သူလျှိုတွေမဟုတ်ပဲ အ သတ်ခံရတာ ဖမ်းဆီး နှိပ် စက်တာတွေ ဖြစ်ခဲ့လို. ကျန်ရစ်သူတွေက အနှစ် ၂၀ ကြာမှ အမှုမှန်ဖော်ထုတ်ဖို. ကြိုးစားလာမှ ဒီကိစ္စကို ငြိမ်နေလို့ မရ တဲ့အ ဆုံး ကျောင်းသားတပ်မတော် ABSDF အနေဖြင့် ကြေညာချက် ထုတ်ရတာကို သိပါလျက်နဲ. DVB သတင်းထောက်တွေက ဆက်ပြီး စစ်ထောက်လှမ်းရေးသူ လျှိုတွေကို ဖော်ထုတ် ခဲ့သည့်ကိစ္စ ဆိုပြီး ရေးသားပြော ဆိုခြင်းကိုက သေဆုံးသွားတဲ့ ကျောင်းသားတွေအပေါ် ထပ်ပြီးမလေးမစားနဲ့ စော် ကားနေ သလိုပါ။
      အဲဒီသတင်းထောက်ကို ပြန်လေ့လာလိုက်တော့လဲ သူလဲ လူသတ်တရားခံတွေ၏ အောက်မှာ အလုပ်လုပ်ခဲ့သည့် ABSDF အဖွဲ.၀င်ဟောင်း တဦးဖြစ်နေပြန်ပါသည်။ ဒါအပြင် ဒီသတင်းနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် DVB သတင်းထောက်ကလဲ သတင်းထဲမှာ ဟိုဖက်ဒီဖက် မျှမျှတတရှိအောင် မေးမြန်းတာ မဟုတ်ပဲ ABSDF အဖွဲ.က ခေါင်းဆောင်ရဲ့ အသံကိုပဲ အကြိမ် ကြိမ် ထပ်သုံးပြီး ဖြေရှင်းခွင့်ပေးထားပေမယ့် ခံလိုက်ရတဲ့သူတွေ၏ အသံ၊ ခံလိုက်ရသူတွေဖက် က အမြင်ကိုတော့ ထည့်သွင်းထုတ်လွှင့်တာ မကြားလိုက်ရပါ။ သတင်းတပုဒ်ရေးတဲ့အခါ ၂ ဖက်အမြင်ကို တင်ပြခွင့် ပြောခွင့်ပေးမှ Balance ဖြစ်ပြီး အခုတော့ တဖက်တည်းကိုပဲ အကြိမ် ကြိမ် အသံဖိုင်တွေနဲ. သတင်းရေးထားတော့ တခုခုကို ကာကွယ်ပေးဖို. တဖက်သတ် ဖြေရှင်း ချက်တွေ လုပ်နေသလို ဖြစ်ပါသည်။ ဘာကြောင့် ခံရတဲ့သူတွေ၏ အသံ၊ ခံရတဲ့သူတွေ၏ အမြင်နဲ့  ပြောဆိုချက်တွေ အဲဒီသတင်းထဲမှာ ပါမလာခြင်းကို မေးခွန်းထုတ်ရမလိုပါ။ သတင်း ရေးရင် Objective ဖြစ်ဖို့  Balance ဖြစ်ဖို. Impartiality ဖြစ်ဖို. Facts ပြည့်စုံဖို. လိုပါသည်။ အဲလိုမဟုတ်ရင်တော့ ခပ်ညံ့ညံ့ ၀ါဒဖြန့် တာထက် မပိုပါ။
      ဒါကြောင့် ကချင်ပြည်မှာ ကျောင်းသားတွေ ခေါင်းဖြတ် အသတ်ခံရတဲ့ကိစ္စတွေဟာ ပြည်ပ သတင်းဌာနတွေကြောင့်ဆိုရင် လူတွေ ဘာမှတောင် အမှန်တိုင်း သိခွင့်ရရှိလိုက်မှာ မဟုတ်ပါ။ အခုတော့ ဆိုရှယ်မီဒီယာခေါ်တဲ့ Facebook, Blogs and Internet Technology တွေ တိုး တက်လာလို့ သာ ဒီလူသတ်မှု ရက်စက်ယုတ်မာမှုတွေကို အခုလောက်အထိ လူတွေ အများ အပြား ဖြစ်ရပ်မှန်တွေ သိခွင့်ရရှိလိုက်တာမို. သူတို့ ကိုပဲ ကျေးဇူးတင်ရမလိုပါ။ ပြည်ပ သတင်း ဌာနတွေကတော့အများစုကနှာစေးနေပြီးSelfCensorလုပ်ကာမသိချင်ယောင် ဆောင်နေပြီး   ရေးတဲ့ပြောတဲ့သူကျတော့လဲ သာသာထိုးထိုးနဲ့  ကာပေးဖုံးပေးချင်တာကို တွေ့ နေရပါသည်။
    • Thanks for everyone who offers nothing but truth and courage. aye aye soe win
    Aye Aye Soe Win Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။ 

ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်၍ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်၏ အကြံပြုချက်

ဒီနေရာမှာ ပြောချင်တာက မကဒတရဲ့ ဂုဏ်သရေကို ဒီမြောက်ပိုင်းသတ်ဖြတ်မှုကြီးက အကြီးအကျယ် ညစ်နွမ်းစေခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလိမ့်မယ်လို့ မထင်ဘူး။ ဒီလုပ်ရပ်ဟာ အောက်ပါ အကြောင်းတရားတွေနဲ့ ရောထွေးနေခဲ့တယ်။

၁။ ခေါင်းဆောင်ရူးပြီး နေရာလုမှု။

၂။ ခေါင်းဆောင်ရူးနေသူတွေကြား သူလျှိုအစစ်များက ဝင်ရောက် သွေးထိုးမှု။

၃။ စစ်မှန်သော ကျောင်းသားတော်လှန်ရေးသမားများကို အပြတ်ရှင်းပြီး မကဒတကို ဗကပလို ဖြုတ်-ထုတ်-သတ် လမ်းစဉ်မှားရောက်အောင် တွန်းပို့မှု။

ဒီနေရာမှာ ဗကပ မှားခဲ့တာကို ပညာတတ်ကျောင်းသားတွေ သိတယ်။ သိနေရက်နဲ့ ဘာလို့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတာလဲ။ ဗကပ မှားခဲ့တာကို သင်ခန်းစာမယူဘဲ တမင် ဗကပလိုဖြစ်အောင် အဓိက လုပ်ခဲ့တာ ဘယ်သူတွေလဲ။ နိုင်ငံရေးနားလည်တဲ့ ကျောင်းသားတွေ ဒီလိုမလုပ်ဘူး။

၎။ အဓိက မကဒတကို ပြည်တွင်းမှာ နိုင်ငံရေး သတ်လိုက်တာ ဖြစ်တယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စနစ်တကျ လုပ်ကြံမှုကြီး ဖြစ်တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သတ်ခဲ့တာကိုက ပြည်ထောင်စုနေ့ကို တမင် ရည်ညွှန်းပြီး လုပ်တာဖြစ်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနေ့ကို တန်ဖိုးမထားခဲ့တာ ဘယ်သူတွေလဲ။ နအဖက လွဲပြီး ဘယ်သူမှမရှိဘူး။

၅။ မြောက်ပိုင်းကိစ္စနဲ့ ဆက်စပ်ပြီး တောင်ပိုင်းမှာလည်း ကြိုးစားမှုတွေ ရှိခဲ့တယ်။ အဲဒီဆက်စပ်မှုတွေ၊ ကွင်းဆက်တွေကို စေ့စေ့စပ်စပ် လေ့လာကြဖို့ လိုတယ်။

ယနေ့ခေတ်မှာ ရိုက်နှက်မေးစရာ မလိုဘဲ စစ်ဆေးပြီး အမှန်တရားပေါ်အောင် လုပ်နိုင်တဲ့နည်းတွေ ပေါ်နေပါပြီ။ တရားလိုတွေလည်း ပေါ်လာပြီ။ သူလျှိုတွေကို ကျောင်းသားက သတ်တာလား၊ ကျောင်းသားတွေကို နအဖစပိုင်တွေက သတ်တာလား၊ စစ်ကြဖို့ အချိန်ရောက်ပြီ။ လက်ရှိ မကဒတ တာဝန်ရှိသူတွေနဲ့ သမာသမတ်ရှိတဲ့ မကဒတက ရဲဘော် ခေါင်းဆောင် ငယ်သားမရွေး ပါဝင်တဲ့ စုံစမ်းရေးကော်မီရှင်ကို တရားဝင်ဖွဲ့နိုင်ရင် သိပ်ကောင်းမယ်။ အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျတဲ့နေရာက အစွမ်းကုန် ကူညီသွားမယ်။ ဒီကိစ္စဟာ အချိန်ဆွဲရမယ့် ကိစ္စမဟုတ်ဘူး။ မကဒတ သိက္ခာကျမှာစိုးလို့ အချိန်မကျသေးလို့ စောင့်ပါဦးလို့ ပြောနေတဲ့ ရဲဘော်တွေကို နားလည်ပေးနိုင်ပေမယ့် အလွန်တန်ဖိုးရှိတဲ့ မျိုးချစ်ကျောင်းသားတွေရဲ့လည်ကို ဖြတ်၊ လည်ချောင်းသွေးကို ခြေဆေးခဲ့ကြတဲ့သူတွေကို ကာကွယ်ပြောလာကြတဲ့ သူတွေကိုတော့ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ မတရား စွပ်စွဲ အသတ်ခံရသူ ရဲဘော်တွေရဲ့ ဂုဏ်ကို ဆယ်ပေးဖို့ မကဒတဟာ အမြဲ တရားမျှတမှုကို တန်ဖိုးထားတယ်ဆိုတာ ပြဖို့ ရဲဘော်အားလုံးမှာ တာဝန်ရှိတယ်။

ထွန်းအောင်ကျော်
 
 

ဇာတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊

ဇာတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊ABSDF ကောက်ကြောင်းများ(၁)
ကိုကိုဦး
19th Febuary, 2012
ရှစ်ဆယ့်ရှစ်အရေးအခင်းအပြီး၊အတောက်အပြောင်ဆုံးသောတော်လှန်ရေးအဖွဲ့အစည်းဆိုရင်ABSDF ဟာနံပတ်တစ်ဖြစ်ခဲ့တယ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲအမတ်မင်းများ၏စင်ပြိုင် အစိုးရပေါ်လာပြီး သည့်နောက် ပိုင်း၊ ABSDFဟာ၊ အနာဂတ်နိုင်ငံရေး ကိုမျှော်ကိုးသောနိုင်ငံရေးသမားများ၊ တကိုယ်တော် ကိုယ်ကျိုးစီးပွါး ကိုဦးစားပေးသောသူတို့၏ ချနင်း သွားသောလှေကားထစ်များဖြစ်ခဲ့ရ တယ်။
အုပ်စုလိုက်တိုက်ပွဲတွေကြားမှာ အမှန်တရားကိုချစ်မြတ်နိုးသူတွေနေရာ မရခဲ့သ လို၊ ချေမှုန်းခံခဲ့ရသည့် သာဓ ကတွေနဲ့အလံတော် ကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရ တယ်၊ယနေ့ထက်ထိပင် အမှန်တရားကို လိုလားသူနဲ့ ဖုံးကွယ်လိုသူတွေ အားပြိုင်ဆဲပဲဆိုတာ ဘယ်သူ မှငြင်းနိုင်မယ်မထင်ပါဘူး၊ ဒီအပြင်အဖွဲ့အစည်းကို ချစ်မြတ်နိုး တဲ့စိတ်နဲ့ယူကြုံးမရဖြစ်နေရသူတွေ လည်းရှိတယ်။

ဒါကြောင့်မြောက်ပိုင်းလူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး၊အတွေးအဖုံဖုံ၊ခံစားချက်အဖုံဖုံရှိနေကြသူများ၊ချစ်ခြင်း မုန်းတီးခြင်းစသည်တို့ကိုရင်ဝယ်ပိုက်ထားသူများအနေနဲ့၊ကြမ်းတမ်းလှသောအဖွဲ့
၏သမိုင်းကြောင်း၊ ထုထည်ကြီးမားလှသောအညတရရဲဘော်များ၏ပေးဆပ်မှု၊တစ်သီးပုဂ္ဂလ
လူပုဂ္ဂိုလ်တို့၏မှားယွင်းမှုများ၊တာဝန်ရှိခေါင်းဆောင်တစ်ဦးချင်းစီ၏မှားယွင်းမှုများကိုအတိ
အကျဖေါ်ထုတ်ကာလေ့လာရန်လိုအပ်လာပါပြီ၊မှားသောသူများကခေါင်းမာစွာငြင်းဆန်နေ
ပေမဲ့အမှန်ကိုသိသောသူများက၊လူထုကိုရိုးသားစွာရှင်းလင်းချပြရမဲ့တာဝန်ရှိနေပါတယ်၊
ဒီမိုကရေစီဆိုသည့်အမှန်တရားနဲ့ရိုးသားပွင့်လင်းမှုကိုကျနော်တို့မြတ်နိုးကြောင်းပြသရပါလိမ့်
မယ်၊လူညီရင်ဤကိုကျွှဲဖတ်ခဲ့ကြသောသူတွေကြောင့်အုပ်စုလိုက်အားပြိုင်မှုတွေတွေ့ခဲ့ရသလို၊ နိုင်ငံရေးအတွေးအခေါ်အားနည်းသောစစ်ဝါဒီသမားသက်သက်ကိုလည်းတွေ့ခဲ့ရပါတယ်၊ အဲဒီလိုစစ်ဝါဒီအာဏာရှင်လက်သစ်တို့ရဲ့ခေါင်းဆောင်ဖြစ်ချင်လွန်းသောရှုးသွတ်မှုတွေကြောင့် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောသမိုင်းကို ကျနော်ဒီမိုကရက်တစ် အင်အားစုတွေ အားလုံးခါးစည်းခံခဲ့ရပေပြီ၊
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြုံနေခဲ့သော ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်မှုကြီး
ဘွားကနဲပေါ်လာတဲ့အခါမှာတော့ ပြည်ပနိုင်ငံရေးလောကမှာမေးမှိန်နေခဲ့တဲ့ABSDFဟာဗြုန်း
ကနဲဆိုတောက်ပြောင်လာပါတော့တယ်၊ ဒီတစ်ခါတောင်ပြောင်လာပုံတော့သိပ်မကောင်းလှပါ
နာမည်ကျော်လူသတ်မှုကြီးဆိုပါတော့၊ဒီတော့ဒီလိုမျိုးတော်လှန်ရေးကိုအသက်စွန့်ပြီးလုပ်ခဲ့ပြီး
ကာမှ နာမည်ပျက်ရကိန်းဆိုက်တော့တာမို့ တပ်ဖွဲ့ဝင်တိုင်းကာကြိတ်မနိုင်ခဲမရငိုချင်းချခဲ့ရသူ
အများကြီးရှိမယ်ဆိုတာအလွန်ကိုသေချာပါတယ်၊ဒါကြောင့်ဒါဟာသာမန်နိုင်ငံရေးကိစ္စမဟုတ်
အသေးစိတ်ကိုလေ့လာဆန်းစစ်ခွဲခြမ်းစိတ်ဖျာရတော့မယ်အနေအထားကိုရောက်လာရပါတယ်
ပြည်တွင်းပြည်ပနိုင်ငံရေး၊လက်တွဲဖေါ်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၊ရှစ်လေးလုံးမျိုးဆက်များ
အတွင်း၊အမှန်တကယ်နားလည်မှုရအောင်ပြန်လည်တည်ဆောက်ရမှာဖြစ်သလို၊အပြစ်ရှိသူ
များကိုလည်းဘက်မလိုက်ပဲ၊ ရဲရဲဝံ့ဝံ့ဖေါ်ထုတ်သွားရမဲ့အခြေအနေကိုရောက်နေပါပြီ၊
တကယ်တော့ABSDFဟာ၊ပေးဆပ်မှုများစွာနဲ့ပြည့်နှက်နေတဲ့အဖွဲ့အစည်းတစ်ခုပါ၊ အမိတိုင်း ပြည်လွတ်မြောက်ရေးအတွက်အဘက်ဘက်ကပေးဆပ်ရင်းဆက်လက်ချီတက်ခဲ့ရတာပါ၊
လက်နက်ကိုင်တော်လှန်ရေး၏နေရာကိုပါတီနိုင်ငံရေးများ၊လက်ဝေခံအင်ဂျီအိုနိုင်ငံရေးများ၊
စာရင်းရှင်းရန်ခက်ခဲသောယူဂျီနိုင်ငံရေးများ၊မှိုလိုပေါပေါ်လာချိန်မှာတော့ABSDFဟာ၊ရိက္ခာ
ပြတ်အထောက်အကူအားလုံးအဖြတ်ခံခဲ့ရပြီးမှစနစ်တကျဖြိုခွဲခံခဲ့ရပါတယ်၊နောက်ဆုံးငါ့တို့
ရိက္ခာကျည်ဆံငါတို့ရှာမယ်ဆိုပြီး၊အန္တရယ်ထူပြောလှတဲ့ပင်လယ်ပြင်ကြီးထဲအရဲစွန့်ကာ ဘ၀များစွာကိုပေးပြီးရည်မှန်းချက်ကိုရောက်အောင်ကြိုးစားခဲ့ကြရတယ်၊တော်လှန်ရေးယုံ
ကြည်ချက်နဲ့အတူပင်လယ်ပြင်မှာအသက်ပေါင်းများစွာကိုပေးဆပ်ရင်းတော်လှန်ရေးကိုအ
သက်ဆက်ခဲ့ကြရတယ်၊
သို့သော်တော်လှန်ရေးဆိုသည်မှာဗလာကျည်ဆံဖြစ်တိုက်လို့မရသည်မို့အားလုံးတစစီဖြစ်ခဲ့ရတာကိုတော့ငြင်းကွယ်လို့မရနိုင်ပေ၊သေချာတာတစ်ခုကတော့အားလုံးဟာသူတို့ခွဲခွါခဲ့ရသော
ကျောင်းသားတပ်မတော်ကိုအမုန်းတရားမရှိဆက်လက်ချစ်ခင်နေဆဲပင်ဖြစ်ပါတယ်၊တတိယ
နိုင်ငံများသို့ရိုးရိုးသားသားထွက်ခွါသွားသူများရှိသလို၊လက်ဝေခံအင်ဂျီအိုအဖွဲ့များတွင်လူဖြူ
တွေပြောသမျှကိုဟုတ်ကဲ့လုပ်ပြီးနိုင်ငံရေးဘ၀သစ်ထူထောင်သူများလည်းရှိလာခဲ့ပါတယ်၊
ဖြစ်ချင်တော့လက်ဝေခံအင်ဂျီအိုအဖွဲ့တွေမှာ နိုင်ငံရေးဘ၀သစ်ကိုထူထောင်ကြသူတွေအထဲမှာ
ရော်နယ်လ်အောင်နိုင်ကဲ့သို့သော၊နိုင်ငံရေးအရေခြုံရာဇ၀တ်သားများပါလာတယ်၊ သူရဲ့နောက် ကြောင်းကိုသိရဲ့သားနဲ့ မကဒတဗဟိုရဲ့အရေးပါလှတဲ့သုသေသနဌါနာမှာ၊ ဌါနမှုးအထိတာဝန် ပေးခဲ့တဲ့အထိဖြစ်ခဲ့တာ၊ ဒါဟာနိုင်ငံရေးပုလင်းတူဗူးဆို့များကအကာအကွယ်ပေးလူရာသွင်း ထားတာကိုသက်သေပြတဲ့အချက်တွေပါပဲ၊
အရင်ကသူတို့ဖုံးဖိထားကြခဲ့သည့်လူသတ်မှုကြီးကမထင်မှတ်လောက်အောင်ကြီးကျယ်ရက်
စက်နေတာကိုသိလိုက်ရတော့ အမှန်ကိုလိုလားသောရဲဘော်များကလူ့ဂုဏ်သိက္ခာ၊အဖွဲ့အစည်း ဂုဏ်သိက္ခာအတွက် အမှန်တရားကိုဖေါ်ထုတ်တောင်းဆိုလာကြတာပဲဖြစ်တယ်၊မိမိတို့အားလုံး ရိုးသားစွာပေးဆပ်မှုတွေကိုတာဝန်ရှိသူတစ်ချို့ကတာဝန်မဲ့စွာအာဏာကိုအလွှဲသုံးစားလုပ်ခဲ့ကြမှန်းသိလာခဲ့ကြတယ်၊
တစ်ချို့ကလည်းဒီလိုဖေါ်ထုတ်တဲ့လုပ်ရပ်ဟာ မကဒတရဲ့စွန့်လွတ်မှုဂုဏ်သိက္ခာကိုထိခိုက်စေ
သည့်အပြင် တော်လှန်သောအစုအဖွဲ့အားလုံးကိုထိခိုက်စေနိုင်တာမို့ ဒီအချိန်မှာမပြောကြသေး
ရင်ကောင်းမယ်၊ အချိန်မတန်သေးဘူးဆိုပြီးယူဆပြောဆိုနေကြတာကိုလည်းတွေ့နေရပါတယ်၊
အချိန်တန်ခြင်းမတန်ခြင်းဆိုတာကိုကျနော်တို့ဆုံးဖြတ်လို့မရ၊အဖြစ်အပျက်တွေကသာပေါ်လာချိန်တန်ရင်ပေါ်လာပြီး ပျောက်ချင်ရင်ပျောက်သွားတတ်တဲ့သဘာဝကိုသာအထူးနားလည်ကြ
ရမှာပါ၊ဖေါ်ချင်တိုင်းလည်းဖေါ်လို့မရ၊ဖျောက်ချင်တိုင်းလည်းဖျောက်လို့မရ၊ဒါဟာအဖြစ်အပျက်တွေ့ရဲ့လောကနိယမအတိုင်းလက်ခံရယူရန်သာရှိပါတယ်၊
တကယ်ဆိုရင် ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ကိုရွံမုန်းသူတွေဖြစ်ပြီး တော်လှန်
ရေးချစ်မြတ်နိုးကြသူတွေပါ၊မိမိတို့ကျင်လည်ဖြတ်သန်းရာနီးစပ်ရာ တံငါနားနီးတံငါဆိုသလို
ဖြစ်ခဲ့ရသူတွေကြီးမို့ မိမိသိခဲ့တာအမှန်ကြီးပဲလို့ဇွတ်ပေငြင်းဆန်မဲ့အစား အပြန်အလှန်လေး
စားမှုနဲ့အတူ မိမိသိသောအချက်အလက်များကိုရိုးသားစွာဝေငှပေးခြင်းကသာလျှင် အကောင်း
ဆုံးဖြစ်ပါလိမ့်မယ်၊အပြုသဘောဆန်ဆန်ဆွေးနွေးရင်း အဖြေမှန်ကိုရလာသည့်အခါမိမိတို့အား
လုံး၏ညီညွတ်ရေးကိုလည်းမထိခိုက်သည့်အပြင် ပိုမိုကျစ်လစ်စွာတည်ဆောက်ပြီးသားဖြစ်ပါ လိမ့်မယ်၊ ကျနော်တို့အားလုံး ပုဂ္ဂိုလ်ရေးခင်မင်မှုတွေကိုဘေးချိတ်ပြီးဆွေးနွေးကြရအောင်၊
ABSDF ကိုရိုးရိုးသားသားချစ်ခဲ့ကြသောရဲဘော်များနဲ့ဒီမိုကရက်တစ်အင်အားစုများအကြား၊ အထင်မှားအမြင်မှားဖြစ်အောင်လုပ်ခဲ့ကြတယ်၊ သူတို့ရဲ့တာဝန်ရှိမှုကိုသတ္တိရှိရှိမဖြေရှင်းပဲ ရဲဘော်ရဲဘက်တွေအချင်းချင်းနောက်ထပ်ညီညွတ်မှုကိုထိခိုက်စေခဲ့ပါတယ်၊ ဒီလိုတာဝန်ယူ မှုမရှိတဲ့အတွက် မလိုလားအပ်တဲ့အနှောက်အယှက်တွေ၊ဘေးထွက်ဆိုးကျိုးကိုအားလုံးခံစား ခံစားခဲ့ရပါတယ်၊
ဒီအကျိုးသက်ရောက်မှုတွေအားလုံးဟာ တာဝန်ရှိသူတွေ့ရဲ့တာဝန်မဲ့မှုတွေကြောင့်ပဲဆိုတာကို မမြင်ပဲ အချင်းချင်းပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြတယ်၊ ဒီတော့ ရန်သူအားရအောင်လုပ်နေ
ကြတဲ့တရားခံအစစ်ကဘယ်သူဖြစ်မှာလည်းစဉ်းစားကြည့်ကြပါ၊
တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးအတွက်အားကြိုးမာန်တက်လုပ်နေချိန်မှာမလိုလားအပ်တဲ့အနှောက်အယှက်အတားအဆီးတွေဝင်လာသယောင်ယောင်၊ရန်သူအလိုကျလုပ်နေသယောင်
ယောင်လေသံပြစ်ခဲ့ကြတယ်၊ ဒါဟာလုံးဝမရိုးသားမှု၊ လိမ်လည်မှု၊ဖုံးကွယ်မှု၊ကိုယ်ကျိုးစီးပွါး
ကာကွယ်မှု၊ လူထုအပေါ်သစ္စာဖေါက်မှုတွေအားလုံးကို တပြိုင်နက်တည်းကျူးလွန်ပြသနေတာ
ဖြစ်တယ်။
တစ်ယောက်ကပြောတော့..ရန်သူအားရအောင်လုပ်နေတာတဲ့ဗျာ..နောက်တစ်ယောက်က
တော့…. ပြည်သူတွေကိုထောင်နဲ့သောင်းနဲ့ချီ သတ်ဖြတ်ညင်းပန်းခဲ့တဲ့ စစ်အုပ်စုကိုတော့ ခုထိတရားစွဲဆိုဖို့ မကြိုးစားပဲနဲ့ မြောက်ပိုင်းမှာတာဝန်ရှိတဲ့သူတွေကိုတရားစွဲဆိုဖို့လုပ်နေ တာတော့တော်တော်အံ့သြတယ်။…ရော်နယ်လ်အောင်နိုင်ကပြောတာကတော့…
ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်တဲ့ဗျာ။
ကျနော်တို့အားလုံးဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ရိုးသားစွာတိုက်ပွဲဝင်ခဲ့ကြတယ်၊လူ့အ
ခွင့်အရေးကိုလူ့အခွင့်အရေးပေတံနဲ့တိုင်းတာရမှာဖြစ်သလို၊နိုင်ငံရေးကိုနိုင်ငံရေးပေတံဖြင့်
သာတိုင်းတာရပါလိမ့်မယ်၊ ဒီနေရာမှာနိုင်ငံရေးပါးဝနေကြသူတွေဟာသူတို့၏မှားယွင်းခဲ့သော လူ့အခွင့်အရေးဖေါက်ဖျက်ကျူးလွန်မှုတွေကိုနိုင်ငံရေးကွက်ဖြင့်လှည့်စားပြီးဆက်လက်လိမ်ညာဘို့ကြိုးစားနေတာကိုတွေ့နေရပါတယ်။
တော်တော်ကိုရယ်စရာကောင်းတဲ့သူတွေပဲ၊တကယ်တော့ဒါတွေအာလုံးဟာမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာတာထက်သူတို့ရဲ့အကြောက်လွန်နေတဲ့စိုးရိမ်မှုကိုဖေါ်ပြနေပါတယ်၊လူအခွင့်အရေးဖေါက်ဖျက်မှုကိုနိုင်ငံရေးနဲ့ဖုံးလွမ်းပြစ်ချင်တဲ့မရိုးသားတဲ့စိတ်တွေကိုမြင်တွေ့နေရပါတယ်။
စစ်အာဏာရှင်တွေရဲ့အတုအယောင်ပြန်လည်ရင်ကြားစေ့ရေးကိုပဲ တကယ်နိုင်ငံရေးအရေး
ပါမှုအဖြင့်ဖေါ်ပြလိုကြပြီး ကျနော်တို့အစဉ်အဆက်တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ လူ့အခွင့်
အရေးချိုးဖေါက်မှုတွေ မိမိတို့အတွင်းမှာပေါ်လာတဲ့အခါကျတော့ ပိတ်ပင်တားဆီးလိုတဲ့
မူမမှန်တဲ့သူတွေရဲ့စိတ်ဓါတ်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။
တကယ်ဆိုရင် ငါတို့မှာတာဝန်ရှိနေပါလား၊ ငါတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာအတွက်ဖြေရှင်းပေး
ရမည့်တာဝန်ရှိနေပါလားဆိုတဲ့ အသိစိတ်၊ တာဝန်ယူလိုစိတ်ကိုပြသရမည့်အစား ဖြေရှင်းပေး ရန်တောင်းဆိုနေကြသူတွေကို မလိုမုန်းထားရှိနေတာကလည်း မူမမှန်ဆိုတာထင်ရှားလှပါ
တယ်၊
ကျနော်သူတို့ကိုပြောလိုက်ချင်တာက..ဒီနေ့ဟာအိုင်တီ(IT)ခေတ်ကိုရောက်နေပြီ၊ဘယ်အရာမှ
ဖုံးကွယ်ထားလို့မရတဲ့ပွင့်လင်းတဲ့(Globalization)ခေတ်ကြီးကိုရောက်နေပါပြီဗျာ၊တကယ်လို့သူတို့ABSDFကိုချစ်ရင်၊ ပေးဆပ်ခဲ့ပြီးသောသူတို့၏သမိုင်းကိုတန်ဖိုးထားလျှင် တာဝန်ရှိ သူတွေ ကို တာဝန်ယူဘို့ပူးပေါင်းပြီးပြောစေချင်တယ်ဗျာ၊ စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေ ရေးမဟုတ်ဘူး၊ ဒါပေမဲ့လှစ်လျှူရှုခြင်းလဲမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊ အမှန်တရားကို ထာဝရဆုပ်ကိုင်ခြင်းမည်၏၊
ပထမဦးဆုံးကျနော်ရှင်းပြချင်တာကABSDFရဲ့အသက်သွေးကြောဖြစ်တဲ့ဖွဲ့စည်းပုံစည်းမျည်း
(သို့)အခြေခံဥပဒေကိစ္စပါပဲ၊ ဖွဲ့စည်းပုံအခြေခံစည်းမျည်းထဲမှာသေဒဏ်နဲ့ပတ်သက်တဲ့အချက်
ကိုပဲအရှင်းဆုံးကောက်နှုတ်ဖေါ်ပြရင် ဗဟိုကော်မီဥက္ကဌတစ်ဦးကပင်သေဒဏ်ကိုပေးပိုင်ခွင့်မရှိ
သလို အမိန့်ပေးပိုင်ခွင့်လည်းမရှိခဲ့ပါ၊ဗဟိုကော်မီတီမျက်နှာစုံညီအစည်းအဝေးကဆုံးဖြတ်ချက် ချထားရင်တောင် ညီလာခံအထိအယူခံပိုင်ခွင့်ရှိနေပါတယ်၊ ဗဟိုကော်မီတီနဲ့ညီလာခံအကြား
မှာတောင် ဥက္ကဌကအသနားခံပိုင်ခွင့်ကိုပေးနိုင်ခွင့်ရှိနေပါသေးတယ်၊(ABSDFတောင်ပိုင်းတွင်
ဖြစ်ခဲ့သောကိုဝင်းနိုင်ငြိမ်းအမှုတွင်ကိုဝင်းနိုင်ငြိမ်းသေဒဏ်မှလွတ်ငြိမ်းခွင့်ရခဲ့သည်ကိုABSDF ဗဟိုကော်မီတီသုသေသနဌါနတွင်မှတ်တမ်းရှိပါသည်)၊
ဒါကြောင့်မြောက်ပိုင်းကိစ္စမှာတာဝန်ရှိသူတွေလုပ်ပိုင်ခွင့်အလွဲသုံးစားပြုပြီး၊လူ့အခွင့်အရေးကို
ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့မှန်းသိသာနေပါတယ်၊ဦးနှောက်အလွန်နည်းတဲ့မြောက်ပိုင်း
မျိုးဝင်းရဲ့လူမိုက်ဆန်သောလုပ်ရပ်တွေကိုအမျှော်အမြင်ညာဏ်နည်းခဲ့ကြတဲ့၊သံချောင်းနှင့်ရော်
နယ်အောင်နိုင်တို့ကထပ်ဆင့်ပူးပေါင်းကာမှားခဲ့ကြတယ်၊ ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်
ဆိုတဲ့ရော်နယ်အောင်နိုင်ဟာABSDF ရဲ့ဖွဲ့စည်းပုံကိုလုံးဝမျက်ကွယ်ပြုခဲ့တာထင်ရှားတယ်၊
မြောက်ပိုင်း(၁၅)ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိစ္စကိုဖြစ်ပြီးတော့မှ တောင်ပိုင်းဗဟိုက၊ လူသတ်မှုကိုထပ်ဆင့်ထောက်ခံမှုပေးခြင်းဟာ သမိုင်းတွင်ခဲ့သည့်မဟာအမှားပဲဆိုတာအားလုံး နားလည်လိုက်ပေမဲ့ အလွန်တရာနောက်ကျခဲ့ပါတယ်၊ ဘာကြောင့်မြောက်ပိုင်းအမှားကိုဗဟို ကထပ်ဆင့်ထောက်ခံခဲ့တာလဲ? ဒါဆိုဘယ်သူတွေကမှားခဲ့ကြသလဲ ?
ဘယ်နေရာမှာမှားခဲ့ကြသလဲ ?၊ တစ်ခုချင်းပြောကြရအောင်။
နိုင်ငံရေးပရောဂါကြောင့်လို့ပြောရင် စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် ဒီအဖြစ်ဆိုးတွေကြုံရ
တာပါလို့ပြောရင်၊ သိပ်ကိုအလှမ်းဝေးသွားမှာဖြစ်ပြီး၊လူသတ်မှုဆိုတဲ့ရာဇ၀တ်မှုဟာ ပျောက် သွားလိမ့်မယ်၊ တချိန်တည်းမှာပဲကျနော်တို့ဟာ လူသတ်မှုဆိုတဲ့လူ့အခွင့်အရေးချိုးဖေါက်မှု ကိုအမှန်အတိုင်းဖေါ်ထုတ်ရမှာဖြစ်သလို နိုင်ငံရေးအရတာဝန်ရှိမှုတွေကိုလည်း တစ်စစီ ဖေါ်ထုတ်ရမဲ့တာဝန်လည်းရှိနေပါတယ်။
မြောက်ပိုင်းဗဟိုကော်မီတီဟာ လူသတ်မှုအတွက်လုံးဝတာဝန်ရှိတယ်ဆိုတာဘယ်သူမှငြင်း
မယ်မထင်ပါဘူး၊ သူတို့အားလုံးဟာ အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် လုံးဝတာဝန်ရှိ
သူတွေဖြစ်နေတဲ့အတွက် သူတို့ကတော့တရားဥပဒေကို မုချရင်ဆိုင်ရမှာပါ၊ တောင်ပိုင်းဗဟို
ကော်မီတီကရော ဘယ်လိုဘယ်အတိုင်းအတာထိပါဝင်ပတ်သက်ခဲ့သလည်းဆိုတာကို အား
လုံးကစိတ်ဝင်တရားလေ့လာအဖြေရှာနေကြဆဲပါပဲ။
ထင်ထင်ရှားရှားထွက်ပေါ်နေတာကတော့ မြောက်ပိုင်းလူသတ်မှုအမှားကြီးကိုတောင်ပိုင်း
ဗဟိုကနေတာဝန်ယူခဲ့တဲ့ကိစ္စ၊ တာဝန်ယူခဲ့တဲ့ပုံစံကိုလုံးဝသဘောမတွေ့ခဲ့ကြတဲ့ကိစ္စတွေပါပဲ၊
ကိုင်တွယ်ပုံကိုင်တွယ်နည်းလုံးဝမှားခဲ့သည့်အတွက်ကြောင့် အဖွဲ့အစည်း၏ဂုဏ်သိက္ခာကျဆင်း
ခဲ့ရသည်သာမက တော်လှန်ရေး၏ဂုဏ်သိက္ခာကိုပါထပ်ဆင့်ထိခိုက်နစ်နာခဲ့ရပြန်ပါတယ်၊ ဒီအတွက်ဘယ်သူ့မှာတာဝန်အရှိဆုံးဆိုတာ ဖေါ်ထုတ်ပြီးတာဝန်ယူခိုင်းရမှာဖြစ်ပါတယ်၊
I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.
အထက်ပါစာသားကတော့ ဗဟိုကော်မီတီဥက္ကဌတစ်ဦးရဲ့ ဗဟိုကော်မီတီကိုယ်စားတာဝန်
ရှိမှုကိုတာဝန်ခံခဲ့တာဖြစ်တယ်၊ ဒါဟာအမှန်တရားကိုစနစ်တကျဖြေရှင်းတာလား(ဒါမှမဟုတ်)
တော်လှန်ရေးကိုဦးချိုးခံခဲ့ရတာလားဆိုတာငြင်းစရာကျန်ခဲ့ပေမဲ့၊ တာဝန်ရှိမှုအတွက်ကိုတော့
ဝန်ခံထားပြီးသားမို့ပြောစရာလိုမယ်မထင်တော့ပါဘူး။
မည်သို့သောအခြေအနေတွင်ဖြစ်ပါစေ၊စပိုင်လို့စွပ်စွဲခံရသူတွေအတွက်မှာတော့ABSDFဖွဲ့စည်းပုံအရသူတို့အသက်၊သူတို့သိက္ခာကိုကာကွယ်ပိုင်ခွင့်မရခဲ့သွားရှာပဲ၊ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတယ်၊ဒါဟာလုံးဝငြင်းပယ်လို့မရတဲ့အဓိကသက်တွေတွေပဲဆိုတာဘယ်သူမှငြင်းလို့မရဘူး။
ရော်နယ်လ်အောင်နိုင်ရဲ့သွေးရှုးသွေးတန်းနဲ့ပြောနေတဲ့၊စပိုင်ဆိုရင်သတ်ခွင့်ပေးထားပါတယ်ဆိုတဲ့စကားဟာ ABSDF ရဲ့ဖွဲ့စည်းပုံကိုဗြောင်စော်ကားနေတဲ့ စကားလုံးတွေပဲဖြစ်တယ်၊ ဒီလိုလူ တွေရဲ့လက် လွတ် စ ပယ် ပြောကြားချက်တွေကြောင့်ABSDF ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ရ သလို၊ တိုက်ပွဲအသီးသီး မှာကျဆုံးခဲ့ရသောရဲဘော်ရဲဘက်တွေရဲ့သမိုင်းကြောင်းကိုလည်း စော်ကား လိုက်တာဖြစ်တယ်။
ကိုအောင်ထူးကဘာတွေထုတ်ပြန်ခဲ့သလဲကြည့်ကြရအောင်၊
ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံ ကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကိုတရားရုံးမှာ ကြားနာခဲ့ပါတယ်။
အပြစ်မရှိတဲ့သူတွေကိုအညိုးအတေးထားပြီး၊လက်နက်အားကိုးလူမိုက်အားကိုးဖမ်းဆီးပြီး
သွေးအေးအေးနဲ့ရက်ရက်စက်စက်သတ်နေကြတာကိုခင်ဗျားသိနေရက်သားနဲ့၊ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့လို့ပြောရက်ဆိုရက်တဲ့ စိတ်ဓါတ်မျိုး နဲ့ရှေ့နေဖြစ်လာကိုသိပ်ကိုအံ့သြစရာကောင်းပါတယ်။
ကိုအောင်ထူးခင်ဗျား၊မိမိတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ဥပဒေကို၊ကိုယ်ကိုယ်တိုင်ကျူးလွန်ဖေါက်ဖျက်လို့ကတော့၊မသိလို့နားမလည်လို့ဖေါက်ဖျက်မိတာပါလို့ပြောလို့မရတော့ဘူး၊သိသိကြီးနဲ့ကျူး
လွန်ခဲ့တာကိုထောက်ခံပေးလိုက်တာဖြစ်တယ်၊အဲဒါခင်ဗျားတို့ရဲ့မဟာအမှားကြီး၊သိသိကြီးနဲ့မှားတဲ့မဟာအမှားကြီး၊နိုင်ငံရေးလောဘကြီးသူတွေရဲ့မဟာအမှားကြီးတွေပဲဆိုတာထင်ရှားတယ်၊အဲဒီခင်ဗျားတို့ရဲ့မဟာအမှားကြီးတွေအောက်မှာABSDFသာမက၊ပြည်တွင်းပြည်ပဒီမိုကရေစီ
အင်အားစုတွေအားလုံးကိုထိခိုက်ခဲ့ရတယ်ဆိုတာ၊ဒီနေ့ဒီအချိန်မှာခင်ဗျားတို့သိနေပါပြီ။
ဒါပေမဲ့ဒီကိစ္စမှာတစ်ဦးချင်းတာဝန်ရှိသူတွေဟာ၊အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုငဲ့ညှာခြင်းမရှိပဲ၊အကြောက်တရားကြီးစွာဆက်လက်ငြင်းဆိုနေဆဲ၊တာဝန်မဲ့သောစကားများကိုပြောဆိုနေဆဲပဲ
တွေ့ရလို့၊အပြစ်မဲ့သောတပ်ဖွဲ့ဝင်များအတွက်အတော်ကိုရင်ထုမနာဖြစ်ရပါတယ်၊အခုတော့ခင်
ဗျားတို့ရေးသားခဲ့ကြတဲ့သမိုင်းလိမ်သမိုင်းအမှားကြီးတွေအတွက်၊ခင်ဗျားတို့အားလုံးရှေ့ထွက်ပြီးရဲရဲဝံ့ဝံ့ဖြေရှင်းဖို့လိုနေပါပြီ။
နောက်ဆုံးကုန်ကုန်ပြောရရင်ဖြစ်ပြီးတဲ့ကိစ္စအတွက် ကိုယ့်နဲ့ဆိုင်ရာဆိုင်ရာ ပတ်သက်ရာ
ပတ်သက်ရာတွေအားလုံးကိုအရိုးသားဆုံးတာဝန်ယူစေချင်ပါတယ်၊ဒီလိုပြောနေရတာကလည်း
အဖွဲ့အစည်းရဲ့အလံတော်အောက်မှာ တော်လှန်ရေးယုံကြည်ချက်ကြောင့်အသက်ပေးခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက်ရော လူတွင်မကသမိုင်းကိုပါအသတ်ခံခဲ့ရသောကံဆိုးသူကျနော်
တို့မြောက်ပိုင်းကရဲဘော်ရဲဘော်တွေအတွက်ရောအမှန်ကန်ဆုံးဖြစ်စေချင်တဲ့ဆန္ဒတစ်ခုတည်းပါ။
ကျနော်ဖြစ်စေချင်တာက ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊ ကျနော်တို့ကြည့်နေကြမြန်မာ
ဆန်ဆန်ရုပ်ရှင်ကားလေးထဲကလိုပဲဇတ်သိမ်းခန်းမှာဗီလိန်အားလုံးလဲအမြင်မှန်ရ၊ငါ့သားငါ့သမီးကိုမတူဘူးမတန်ဘူးဆိုတဲ့လူတန်းစားခွဲခြားတဲ့မိဘတွေကလည်းအမြင်မှန်ရ၊လူဆိုးလူမိုက်တွေကိုရဲတွေဖမ်းဆီးရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွား၊မင်းသားနဲ့မင်းသမီးကြည်ကြည်နူး
နူးနဲ့ပြန်ပေါင်းဆုံကြတဲ့သမရိုးကျဇါတ်လမ်းလေးလိုဖြစ်စေချင်ပါပြီ၊ ဂျိမ်း(စ်)ဘွန်းကားလိုရမ်ဘို
ကားလို၊ တစ်ယောက်မှလည်းအမြင်မှန်မရပဲတစ်ကိုယ်တော်လူစွမ်းကောင်းကြီးတစ်ဦးကပဲ
အပြတ်အသတ်အနိုင်တာမျိုးကိုလည်းမမြင်ချင်တော့ပါ။မြန်မာဆန်ဆန်ကျနော်မှားခဲ့ပါတယ်ဆိုတာကိုတော့ လူထုရှေ့မှောက်မှာရဲရဲဝံ့ဝံ့ကြီးပြောစေချင်တယ်ဗျာ။
ဒီလိုမျိုးကံယကံရှင်တွေလုပ်ကြဖို့ တိုက်တွန်းနေကြ၊ဖြစ်စေချင်နေကြတဲ့အထဲမှာ ခံခဲ့ရတဲ့သူ တွေတောင်ပါနေတာကိုက အင်မတန်ကိုထူးခြားနေပါတယ်၊နောက်တစ်ချက်က ကိုယ်ချင်းစာ
စိတ်နဲ့ ခံခဲ့ရသူတွေနောက်ကရပ်နေတဲ့သူတွေကလည်း နောက်ဆုံးအချိန်ထိအပြစ်ရှိတဲ့သူတွေ
ကိုမလွတ်တန်းစောင့်ကြည့်နေတာကိုလည်းမေ့ထားလို့မရပါဘူး၊ အမြင်မှန်မရပဲဆက်ပြီးမှားတဲ့ လမ်းကိုဆက်လျှောက်နေရင်တော့ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး၊
ဒီနေ့မြန်မာ့နိုင်ငံရေးမှာလည်း မှားတာကိုမှားခဲ့ပါတယ်လို့လုထုကိုဝန်မခံရဲတဲ့စစ်ဗိုလ်ချုပ်ကြီး တွေကြောင့် တိုင်းပြည်ဟာလုံးဝငြိမ်းချမ်းရေးမရသေးဘူး၊ ကျနော်တို့အားလုံး ဒီစစ်ဗိုလ်ချုပ် ကြီးတွေရဲ့အကျင့်ဆိုးတွေကို အတုခိုးဦးမှာလား။ ဒါမှမဟုတ် အမြင်မှန်ရပြီး မိမိတာဝန်ကိုမိမိတို့
ရဲရဲဝံ့ဝံ့တာဝန်ယူသွားကြမှာလားဆိုတာကို ကျနော်တို့အားလုံးကမျှော်လင့်စောင့်စားနေကြ
ကြောင်းပါခင်ဗျာ၊
-------------------------------------------------------------------------------------------------
စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေရေးမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊
အမှန်တရားကို ထာဝရဆုတ်ကိုင်ခြင်းမည်၏၊ အမှန်တရားကိုတော်လှန်ရေးသမားတိုင်း
ဆုပ်ကိုင်နိုင်ကြပါစေ၊

ကိုကိုဦး
19th Febuary, 2012
New Generation မှကူးယူဖော်ပြသည်။ 
 

ကိုနိုင်အောင်ABSDFဥက္ကဌဟောင်း၏ထုတ်ပြန်စာအပေါ်သုံးသပ်ချက်

by Ko Oo on Sunday, March 25, 2012 at 8:36pm ·
ကိုနိုင်အောင် ABSDF ဥက္ကဌဟောင်း၏ရှင်းလင်းချက်အပေါ်တွေ့ရှိချက်များ၊
ABSDF ကောက်ကြောင်းများ(2)
ဆလိုင်းကိုကိုဦး
25th March, 2012

ကျနော်အနေဖြင့်ပထမဦးစွာ ရှင်းလင်းချက်လူသိရှင်ကြားထွက်လာသည့်အပေါ်တွင်ကြိုဆိုပါ
သည်၊ ထို့အပြင်ဤရှင်းလင်းချက်နဲ့ပတ်သက်ပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုအတိမ်အနက်များကို
လည်း ကျနော်တို့အနေဖြင့်မယိမ်းမယိုင်ဝေဖန်ဆန်းစစ်မှုပြုရမည်ဟုလည်းနားလည်သဘော
ပေါက်မိပါသည်၊ ကျနော်အနေဖြင့် ဖြစ်စဉ်တခုအပေါ်လူပုဂ္ဂိုလ်တဦး၏ ရှင်းလင်းအပေါ်တွင်
ဝေဖန်ထောက်ပြသည်မှာလည်း အမှန်တရားပေါ်ထွန်းရေးကိုဦးတည်ခြင်းသာဖြစ်ပြီး မည်သူ
တဦးတယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း၊ ဦးစားပေးခြင်း(favour)ပေးခြင်းမျိုးမရှိပဲ ပြဿနာ
ကိုဝိုင်းဝန်းဖြေရှင်းသည်ကို ပါဝင်ပတ်သက်နေသူများအားလုံးကိုနားလည်ပေးစေချင်ပါသည်၊
မကဒတမြောက်ပိုင်းတွင်ဖြစ်ပွါးခဲ့သောကိစ္စဖြစ်သည်မို့ မတရားအညှင်းဆဲခံခဲ့ရပြီးမှအသတ်ခံခဲ့
ရသောကျနော်တို့၏ရဲဘော်ရဲဘက်၊ နောင်တော်ညီတော်များနှင့်သက်ဆိုင်သည့်ကိစ္စများကိုဦး
စားပေးသွားမည်ဖြစ်ပြီး မကဒတ၏အတွင်းကောက်ကြောင်းများကိုပါလိုအပ်ရင်လိုအပ်သလို
ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်၊

ကိုနိုင်အောင်စာပါရေးသားချက်များကို ကိုးကားရန်စာလုံးစောင်းဖြင့်ဖေါ်ပြထားပါသည်၊

(၁)မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နာ ဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ ထံသို့စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ် ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။
(၂)အောက်တိုဘာလ (၁၁) ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ် မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏သတင်းစာရှင်းလင်းပွဲကိုကြားသိရပါ သည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက် ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

ကိုနိုင်အောင်ရေးထားသည့် အပိုဒ်(၂)အရဆိုလျှင် စပိုင်ဟုအစွပ်စွဲခံရပြီး(၅)ဦးအသတ်ခံခဲ့
ရသည့်ကိစ္စကို အောက်တိုဘာလ(၁၁)ရက်နေ့ကပင်သိရှိနေပြီးဖြစ်သော်လည်းကိုနိုင်အောင်ဦး
ဆောင်သောဗဟိုအနေနဲ့ ကချင်ကျော်ကျော်ကိုမကဒတမြောက်ပိုင်းကိုညွန်ကြားချက်များအတူ စေလွတ်ခဲ့သည်မှာဇန္နဝါရီလတွင်ဖြစ်ခဲ့သည့်အတွက် ဥက္ကဌတဦးအနေနဲ့အလေးထားဆောင်
ရွက်မှုကိုမေးခွန်းထုတ်စရာဖြစ်လာပါသည်၊ အဖွဲ့အစည်းတခုလုံး၏ဂုဏ်သိက္ခာကိုလုံးဝထိခိုက်
နစ်နာစေနိုင်သောကိစ္စကို အချိန်တိုတိုအတွင်းမှာဘာကြောင့်မစွမ်းဆောင်ခဲ့ပါသလဲ၊

(၃) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိ တို့ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အပိုဒ်(၃)အရဆိုလျှင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာမှတဆင့်သိခဲ့
ရသော အလွန်တရာကြီးမားသောသတ်ဖြတ်မှုများအတွက် အလိုတိုတောင်းသောတစ်ရက်တာ
မျှအတွင်း ကိုအောင်ထူး၏မတ်လ(၁)ရက်နေ့ထုတ်ပြန်ကြေငြာချက်ထွက်လာရသည့်အပေါ်
အလွန်မှဘ၀င်မကျဖြစ်ရပါသည်၊
အဆိုပါထုတ်ပြန်ကြေငြာချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်အရထုတ်ပြန်သောထုတ်
ပြန်ကျေငြာချက်မှဟုတ်ပါရဲ့လားဟု အမှန်ပင်သံသယရှိပင်ဖြစ်ပါသည်၊အကယ်၍ဤထုတ်ပြန်
ချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်မပါခဲ့ပါကအလွန်တရာမှားယွင်းနေသောလုပ်ဆောင်
မှုတခုဖြစ်ပြီး မကဒတ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းမျည်းစည်းကမ်းများကို တာဝန်ရှိခေါင်း
ဆောင်များက ဖေါက်ဖျက်ကျူးလွန်ခဲ့သည်ဟုယူဆရမည်သာဖြစ်သည်၊
၎င်းအပြင် အဆိုပါလူသတ်မှုကို ဃဃနနမသိရှိပဲ ဘန်ကောက်နိုင်ငံခြားရေးရုံးအနေနဲ့
တာဝန်ခံခဲ့သည့်အမှားသည် ကျနော်တို့အားလုံးချစ်မြတ်နိုးကြသော ကျောင်းသားတပ်မ တော်၏ဂုဏ်သိက္ခာကိုထိခိုက်စေယုံမျှမက ဤခွပ်ဒေါင်းအလံတော်အောက်တွင်ပေးဆပ်ခဲ့
ကြပြီးဖြစ်သောကျဆုံးရဲဘော်ရဲဘက်များ၊ ပေးဆပ်နေဆဲဖြစ်သောရဲဘော်ရဲဘက်များ၏ ပေးဆပ်မှုများအားလုံးအပြင် မကဒတ၏သမိုင်းကြောင်းကိုလည်းမှေးမှိန်စေခဲ့ပါသည်၊
ဒါကြောင့်ဒီလိုမှားယွင်းစွာအလျှင်စလိုလုပ်ဆောင်မှုအတွက် မည်သူတွေမှာတာဝန်ရှိခဲ့ပါသလဲ၊
ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၄) မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်
လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေ များကိုဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။

အဖမ်းခံရသူတွေထွက်ပြေးလွတ်မြောက်ပြီးမှ ကိုနိုင်အောင်ထုတ်တဲ့ထုတ်ပြန်ကြေငြာချက်ဟာ
နည်းနည်းတော့ထူးဆန်းနေပါသည်၊ မကဒတဥက္ကဌတဦးအနေနဲ့ဗဟိုကော်မီတီ၏တာဝန်ခံမှုမ
ရှိပဲ မြောက်ပိုင်းကော်မီတီ၏လုပ်ရပ်ကိုတာဝန်ခံခြင်းမှာ ဖွဲ့စည်းပုံစည်းမျဉ်းပါတာဝန်နဲ့လုပ်ပိုင်
ခွင့်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်၊ ထို့အပြင်သေဒဏ်အပြစ်ပေးခဲ့ခြင်းကိုတာဝန်ရှိဥက္ကဌတ
ဦးအနေနဲ့ ထောက်ခံမှုပေးခဲ့ခြင်းမှာ လုံးဝလက်ခံဘွယ်ရာမရှိသောတသီးပုဂ္ဂိလကဆုံးဖြတ်ချက်
အမှားပင်ဖြစ်ပါသည်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

ကိုနိုင်အောင်အနေနဲ့ မည်သည့်အတွက်ကြောင့်အဆိုပါ(၁၅)ဦးကိုတပြိုင်တည်းသတ်ဖြတ်ခဲ့
သည်ကိုမှန်ကန်ပါသည်လို့ဆုံးဖြတ်ခဲ့ပါသလဲ၊ ကျနော်တို့အားလုံးလက်မခံနိုင်ပါ၊ တခါတရံမှာ
တာဝန်ရှိသောဥက္ကဌတဦးအနေနဲ့ ဦးနှောက်တကယ်သုံးပြီးဆုံးဖြတ်ခဲ့တာမှဟုတ်ရဲ့လားလို့
တောင်သံသယရှိလှပါသည်၊ ဒါဟာမကဒတသမိုင်းကြောင်းတခုလုံးကိုရိုက်ချိုးခံခဲ့ရတာနော်
ဒီအတွက်ရောကိုနိုင်အောင်ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း
တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။

အပိုဒ်(၅)ဆိုလျှင် တောင်ပိုင်းဗဟိုဋ္ဌါနချုပ်တွင် အထင်ကရဖြစ်သောဗဟိုကော်မီတီဝင်များ
ဖြစ်ကြသော ကချင်ကျော်ကျော်၊ကိုလှဋ္ဌေး၊ကိုစိုးလင်း၊တို့ရှိနေသည်မှာလူသိရှင်ကြားဖြစ်သည်၊

(၆)မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှတစစဖြင့်စိတ်မ
ကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွား ချိန်က ဤမျှအထိ ဖြစ်ခြင်းကိုမသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မ
တီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန်မမှန်၊ ၎င်းတို့လုပ်နည်း မှန်မမှန် ဆိုသည်ကိုစစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ
အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူ နိုင်ရေးကိုသာအဓိကကြိုးစားခဲ့ပါသည်။

ဤအပိုဒ်တွင် “အခင်းဖြစ်ပွားချိန်က ဤမျှအထိဖြစ်ခြင်းကိုမသိခဲ့ကြပါ။” ဆိုသည့်အချက်ကို
လက်ခံပြီးစဉ်းစားကြည့်ပါသည်၊ ဥက္ကဌတဦးအနေနဲ့အဖြစ်အပျက်ကိုအသေအချာမသိရှိပဲ
အန္တရယ်အလွန်များသော နိုင်ငံရေးအရတပ်ဦး၏ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေနိုင်
သောကိစ္စကို မည့်သည့်အတွက်ဗဟိုကော်မီတီအများစုနဲ့တိုင်ပင်ဆွေးနွေးခြင်းမပြုပါသလဲ၊
“မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏လမ်းညွှန်မှုကိုခံယူနိုင်ရေးကိုသာ အဓိကကြိုးစားခဲ့ပါသည်။” လို့ဆိုထားတဲ့အတွက် ဗဟိုနှစ်ခုကွဲနေသည့်အပေါ် မိမိဦးဆောင်မှု
ဘက်ပါလာရေးကိုအဓိထားဆောင်ရွက်ရင်း၊ တပ်ဦး၏ဦးတည်ချက်ပါလူ့အခွင့်အရေးချိုးဖေါက်
မှုကိုသိသိကြီးနဲ့လစ်လျှူရှု့လေခဲ့သလား မေးစရာများပေါ်လာနေပါသည်၊

(ရ)ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်
နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။
http://www.scribd.com/doc/86685600/D3Conf

ကျနော်အနေဖြင့်ကိုနိုင်အောင်၏အထက်ပါမြွက်ဆိုချက်ကိုလုံးဝနားလည်ပေးရန်သော်လည်း
ကောင်း၊ ယုံကြည်ရန်သော်လည်းကောင်းလုံးဝမဖြစ်နိုင်သည့်အကြောင်းတရားများအခိုင်အမာ
ရှိနေခဲ့ပါသည်၊ဗဟိုနဲ့နှစ်နာရီမျှသာခရီးဝေးသော သံလွင်စခန်းတွင်ဖြစ်ခဲ့သောတပ်ဖွဲ့ဝင်တဦးကို
စခန်းကော်မီတီမှဗဟိုအားလုံးဝအသိပေးအကြောင်းခြင်းမရှိပဲဆုံးဖြတ်ကာသေဒဏ်ပေးခဲ့သည့်
အမှုနှင့် ဘုရားသုံးဆူတပ်ရင်း(၁၀၁)တွင်အလားတူဖြစ်ခဲ့သော လုပ်ရပ်များအတွက် ဗဟိုကော်
မီတီအစည်းအဝေးနှင့်တတိယအကြိမ်ညီလာခံတွင် မည်သူတွေကိုမည်သို့ရပ်တည်ခဲ့ကြပြီး၊ အ
ပြစ်ရှိသူများကိုအကာအကွယ်ပေးခဲ့သည်ကို ကျနော်သိရှိနေသည့်အတွက်ကြောင့်ဖြစ်သည်၊
http://www.scribd.com/doc/86677742/ABSDF-MTZ-Third-Conference-Clarification

 (၈)သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်းမ
ဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့်ကျောင်းသား တပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကိုမှေးမှိန်ပပျောက်ရန် အထိမတိုက်ခိုက်သင့်ပါ။
ကိုနိုင်အောင်အနေဖြင့်မိမိ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် မကဒတအဖွဲ့ဂုဏ်သိက္ခာထိ
ခိုက်ခဲ့ရပါသည်ကိုလုံး၀၀န်ခံခြင်းမရှိပဲ၊ ဝေဖန်ပြောဆိုနေကြသောသူများကိုအပြစ်မြင်နေခြင်း
များကလည်းခေါင်းဆောင်မပီသသည့် တာဝန်ကိုရှောင်လွှဲလိုသောစိတ်ဓါတ်ကိုအပီအပြင်ဖေါ်
ပြလျှက်ရှိနေပါသည်၊ တကယ်ဆိုလျှင်မိမိ၏ချို့ယွင်းချက်များကြောင့် မကဒတဂုဏ်သိက္ခာကျခဲ့
ရပါသည်၊ မိမိတွင်လည်းတာဝန်ရှိခဲ့ပါသည်၊ မကဒတ၏တည်ရှိပြီးဖွဲ့စည်းပုံစည်းမျည်းများအ
တိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည်ကိုဝန်ခံပြီး မကဒတတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပေးဆပ်ခဲ့ပြီးပေးဆပ်ဆဲရဲဘော်ရဲဘက်များကိုလည်း လူသိရှင်ကြားတောင်းပန်စကားဆိုသင့်
အပ်ပါသည်၊

(၉) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။မြောက်ပိုင်းသူလျိုများ
အား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာဖမ်းဆီးနှိပ်စက်ခံခဲ့ ရသော ရဲဘော်၊
ရဲမေများအားလုံးကို မကဒတဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်
အပ်ပါသည်။

မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်ခဲ့သည်အပေါ် ကျနော်အနေ
ဖြင့်ကျေနပ်မိပါသည်၊ “တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်
၎င်းအရေးယူ ဆောင်ရွက်မှုများပြုလုပ်သင့်ပါသည်။”ဆိုသည့်အချက်အတွက်ပိုပြီးရှင်းလင်းသွား
ရန်လိုအပ်နေပါသည်၊ ကိုနိုင်အောင်အနေနဲ့လက်တွေ့ဆုံးဖြတ်ပြီးသတ်ဖြတ်မှုကျူးလွန်သူများ
ကိုသာ“တာဝန်ရှိသူများ”အဖြစ်ရည်ညွှန်းပုံရသည်၊
အဆိုပါရည်ညွှန်းချက်ဖြစ်သည်“တာဝန်ရှိသူများ”ကိုအပြန်အလှန်ရှင်းချက်ထုတ်ရမည့်ကိစ္စက
တော့ သတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူဟုအများကယူဆနေကြသည့်ရော်နယ်အောင်နိုင်နှင့်
မြောက်ပိုင်းဗဟိုကော်မီတီများသာလျှင်ဖြစ်ပေသည်၊

(၁၀)(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူသိ ရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာသိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆို
ခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင့် ကိုနိုင်အောင်အနေဖြင့်မြောက်ပိုင်းသတ်ဖြတ်မှုများအတွက်
နောင်တတရားမရသေးသည်ကိုဖေါ်ပြနေသည့်အပြင် မိမိ၏ဗဟိုကော်မီတီမှလူမဆန်စွာ
ညှင်းပန်းနှိပ်စက်ပြီးရယူထားသော မရေရာသောထွက်ဆိုချက်များနဲ့ပင် နောက်ထပ်လူများ
ကိုခြိမ်းချောက်ပြနေသကဲ့သို့ပင်ဖြစ်သည်၊ ဒါကြောင့်ကျနော်အနေဖြင့်ကိုနိုင်အောင်၏နစ်
နာခဲ့ရသောမိသားစုများနှင့်ရဲဘော်ရဲမေများကို တောင်းပန်ခဲ့သည်မှာအမှန်တကယ်ရင်ထဲ
မှလာသောစကားမှဟုတ်ပါလေစဟု ကျနော်အနေဖြင့်သံသယ၀င်မိပါသည်၊

ကျနော်အနေဖြင့် ကိုနိုင်အောင်မြောက်ပိုင်းကို ဖေဖေါ်ဝါရီလ(၁၂)ရက်မတိုင်မှီရောက်ခဲ့
သည်ဖြစ်စေ၊ မရောက်ခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်မမြင်မတွေ့ခဲ့ရသည့်အတွက် အငြင်းပွါး စရာမရှိပေမဲ့ ဥက္ကဌတဦးအနေဖြင့် မကဒတ၏ဖွဲ့စည်းပုံဆိုင်ရာစည်းမျည်းစည်းကမ်းအရ
လိုက်နာဆောင်ရွက်မှုမရှိခဲ့သည်ကိုတော့ အခိုင်အမာပြောဆိုချင်ပါသည်၊ မကဒတဥက္ကဌ
တဦးအနေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာမှားယွင်းခဲ့သည့်အတွက် မကဒတသာမကရှစ်လေးလုံးတော် လှန်ရေးသမိုင်းကြောင်းတခုလုံး ထိခိုက်ခဲ့ရသည့်ကိစ္စကိုတော့ မုချမသွေတာဝန်ယူရလိမ့်
မည်ဖြစ်ကြောင်းပြောကြားလိုပါသည်၊

ကျနော်အနေနဲ့ခံယူထားသည်မှာ ကျနော်တို့အားလုံးသည် မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်
ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံး၏ နိုင်ငံရေးဂုဏ်သိက္ခာကိုပြန်လည်ဖေါ်ထုတ်ပေးရ
မည့်အပြင် မကဒတ၏သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်
ဆောက်ရမည်ဟုအပြည့်အ၀ယုံကြည်မိပါသည်၊ ဤယုံကြည့်ချက်နဲ့အတူ အမှန်တရားနှင့်အ
မှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကို ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြော
ကြားလိုက်ပါရစေခင်ဗျာ၊

အမှန်တရားနှင့်အမှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကိုဦးတည်လျှက်
(ကိုကိုဦး)
ကျောင်းသားတပ်မတော်အဖွဲ့ဝင်ဟောင်း၊

http://www.scribd.com/doc/86691013/Review-DNA-Statement


ဘယ်လောက်အထိ သင်ပုန်းချေနိုင်စွမ်းရှိမလဲ


ကျော်ထွေးနိုင်
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

တလောဆီက ဖေ့ဘုတ်ပေါ်မှာ ဆောင်းပါးတပုဒ် ပျံ့နှံ့ရောက်ရှိလာခဲ့တယ်။ ပထမတော့ အမှတ်တမဲ့ ဘဲ… နောက်တော့ လူပြောများလာခဲ့တယ်။ ဟိုနှယ်ဒီနှယ် ဝေဘန်သံတွေ ညံလာတော့မှ ဖတ်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကြောက်ခမန်းလိလိ ဖက်ဆစ်တွေ နာဇီတွေလို ကျင့်ခဲ့ကြတဲ့ လူရမ်းကားတစုရဲ့ အယုတ်ကြီးကမ်းကုန်အောင် ABSDF ကျောင်းသားလူငယ်တွေကို စစ်အစိုးရ စပိုင်လို့ မှားယွင်းစွာ စွပ်စွဲ မသေမချင်း ညှင်းပန်းရင်း သတ်ဖြတ်ခဲ့ကြပုံကို ကံကြီးလွန်းလို့ ငရဲတွင်းက လွတ်မြောက်ခွင့် ရသွားခဲ့ရှာတဲ့ ကျောင်းသားတယောက်က (မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ – အပိုင်း ၁ အောင်မိုးဝင်း (အမေရိကန်) December 22, 2011 http://www.naytthit.net/?p=22940) ဆိုပြီး ဖွင့်ချထားတာ ဖြစ်နေပါတယ်။

ဆက်တိုက်ဆိုသလိုပါဘဲ.. ဒီလင့်ခ် တွေ – (Aung Naing had admitted to theexecutions and killings of young ABSDF students in the book, “AllWars Are Dirty” by PHIL THORNTON August26, 2009 http://sanooaung.wordpress.com/2009/08/26/aung-naing-had-admitted-to-the-executions-and-killings-of-young-absdf-students-in-the-book-%E2%80%9Call-wars-are-dirty%E2%80%9D-by-phil-thornton/) မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -၂ http://www.pyustate.com/2011/12/blog-post_24.html – ထပ်တွေ့လာရပါတော့တယ်။
သိတဲ့အတိုင်း ဖေ့ဘုတ်ပေါ်မှာ လူမျိုးစုံ ရှိနေပါတယ်။ အမြင်မျိုးစုံနဲ့ပေါ့။ ဝေဘန်ကြတယ် အကောင်းအဆိုး နှစ်မျိုးလုံး။ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါးသူတွေလည်း ရှိလာကြပါတယ်။ စာရေးသူရဲ့ပတ်လည်မှာ တကမ္ဘာလုံး ရောက်ရှိပျံ့နှံ့နေတဲ့ ကျောင်းသားတပ်မတော်သား တချို့ ရှိနေခဲ့တယ်။ သူတို့ ၀မ်းနည်းစွာ ငြိမ်သက်နေကြတယ်။ ပါဝင်ပတ်သက်ခဲ့သူ မဟုတ်ဘဲ ရင်နာနေရရှာတဲ့ ကျောင်းသားတယောက် က အခုလို ဆိုရှာပါတယ်။

“ကျောင်းသား တပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ် ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ ကျောင်းသားတွေက မိဘတွေနဲ့အတူ နေ၊ စာသင်၊ စီးပွားရေးလုပ်၊ ဘဝရဲ့ အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကို ချစ်ခဲ့ကြတယ်။ သူတို့ရဲ့ ပုဂ္ဂလိကဘဝတွေ စွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသား နယ်မြေတွေမှာ နားလည်မှု တခု တည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ် အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီ အပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိ အမှတ် မပြုချင်နေပါ။ ထိခိုက် စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလို ရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ ထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေ ဆင်းရဲ ဒုက္ခတွေက လွတ်မြောက်စေဖို့ အတွက် တောခို လက်နက်ကိုင် ကြတယ်၊ ဘဝကိုမြှုပ်နှံ စတေးခဲ့ကြတယ် ဆိုတဲ့ အချက်ကို လက်ခံစေချင်ပါတယ်။ ရဲဘော်တွေက ရိုးသား ချစ်စရာကောင်း ပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော် ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ၊ ခွဲခြားမရပါဘူး။ ”
နောက် တောင်ပိုင်းက ကျောင်းသားတယောက်ကတော့ ဒီလို ရှင်းပြပါတယ်။
“မြောက်ပိုင်းမှာ ကြိတ်ပြီးဖြစ်နေခဲ့တာ တကယ်တန်း ဖုံးမရဖိမရ အခြေအနေ ရောက်လာမှ တောင်ပိုင်းကို ခေါ်ပြီးလာကြပါ ဆိုတဲ့ အချိန်ရောက်တော့မှ သိကြရတာ။ ကျနော်တို့ ဘယ်လိုခံစားကြရမှာ ကို ခန့်မှန်းကြည့်ပါ။ နယ်စပ် ရောက်လာကြသူတွေထဲမှာ အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ အထဲမှာ နေရာစွဲ ဒေသစွဲ အာဃာတ တရား ကြီးပြီး အသိပညာ ခေါင်းပါးတဲ့ လူတစုကြောင့် ဖြစ်ခဲ့ရတဲ့ ယူကြုံးမရ ဖြစ်ရပ်တခုပါ။ တောင်ပိုင်းက ခေါင်းဆောင်တွေ ကိုယ်တိုင် မြောက်ပိုင်းကို လိုက်သွားပြီး ဖမ်းထားတဲ့ သူတွေကို နယ်မြေခံတွေကို တောင်းပန်ပြီး လွတ်မြောက်စေခဲ့ပါတယ်။ ဒါ အဖြစ်မှန်ပါ။ အဲဒီနောက်ကွယ်မှာ အများကြီး ရှိပါသေးတယ်။ လူသတ်သမားတွေကို တရားစီရင်ရေး လမ်းကြောင်းကို ပို့နိုင်ရေး အတွက်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီအဖြစ်အပျက်တွေကို တောခိုကျောင်းသားတိုင်း အနှစ် ၂၀ကျော် မြိုသိပ်ထားခဲ့ပါတယ်။ ပန်းတိုင် မရောက်ခင် တက်မကျိုးစေလိုတဲ့ ဆန္ဒကြောင့်ပါ။ ခုတော့ အချိန်တန်ပြီ ထင်ပါတယ်။ ICC မှာ တနေ့တော့ ရင်ဆိုင်ကြရမှာပါ။ ”
လုပ်သင့်လုပ်ထိုက်တာတွေကို အားလုံးက အချက်ပြလိုက်တဲ့အချိန်မှာစတင်လှုပ်ရှားလိုက်တယ်လို့ နားလည်လိုက်ရတာမို့ ကျောင်းသားတပ်မတော်သားတွေ စုစည်းပြီးမှန်မှန်ကန်ကန် ဖေါ်ထုတ် နိုင်ကြပါစေလို့သာ ဆုတောင်းပေးနေရတော့မှာပါ။
တခါ မီဒီယာတွေက ဘာလုပ်နေကြသလဲ။ ဘာလို့ငြိမ်နေကြတာလဲ လို့သိချင်သူ စူးစမ်းသူတချို့လည်း ပေါ်ထွက်လာပြန်တယ်။ ဒါကြောင့် ဇစ်မြစ်ကို လိုက်ကြည့်ဖို့ဆုံးဖြတ်ပြီး ရှာဖွေတော့ ၂၀၀၂ ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ ဒီဆောင်းပါးကိုသွားတွေ့လိုက်ပါတယ်။ ထဲထဲဝင်ဝင်ရေးထားလေရဲ့ -It’s a jungle out there http://www.irrawaddy.org/article.php?art_id=2669&page=1 ဆိုပြီးတော့။
မီဒီယာတွေငြိမ်မနေကြပါဘူး။ သူတို့ထဲက အတော်များများဟာ ABSDF ပါဝင်ခဲ့သူတွေနဲ့နီးစပ်တဲ့ သူတွေဖြစ်ကြပါတယ်။ ပြောချင်လွန်းလှပေမဲ့ ထုတ်ပြောဖို့ အခွင့်အခါမသင့်သေးဘူး။ ဒီအချိန် ဖွင့်ချလိုက်ရင်ဖြင့် နအဖ အစိုးရ လက်စောင်းထက်ချိန်ဖြစ်လို့မို့ ကျောင်းသားတပ်မတော်ကို တလွဲ အပုပ်ချမှာ စိုးရိမ်ဟန်ရှိပါတယ်။ အသေအချာ စဉ်းစားကြည့်ကြမယ် ဆိုရင် စစ်အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းမှာ နေထိုင်သူ အတော်များများဟာ ပြည်ပမီဒီယာတွေနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းခဲ့ကြတယ်။ ဧရာဝတီမဂ္ဂဇင်းကို တိုက်ရိုက်ဖတ်နိုင်သူ တော်တော်ကို နည်းမှာပါ။ ၂၀၀၂ ဆိုတာ အဖြစ်အပျက်တွေနဲ့ မဝေးလှသေးတဲ့ အချိန်ပါဘဲ။ အခု မကြာသေးတဲ့ နှစ်ပိုင်းတွေကမှ ဖေ့ဘုတ်ဆိုတာနဲ့ နီးစပ်ရာက ပြည်တွင်းပြည်ပ ဆက်သွယ်မှုတွေ အားကောင်းပြီး သိလာကြရတာပါ။ ဒီအချိန်မှာဘဲ ပြည်တွင်းပြည်ပ လူငယ်ခြေတက်တွေက ဟိုဟိုဒီဒီ စနည်းနာ ဖတ်ရှုရင်း တစတစ ဖေါ်ထုတ်နိုင်လာကြရပါတယ်။ တကယ်တော့ပြည်ပမီဒီယာတွေဟာ ပြည်တွင်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေခဲ့တာ ဘယ်သူမှ ငြင်းပယ်မယ် မဟုတ်ပါဘူး။ ပုဂ္ဂိုလ်စွဲ၊ ၀ါဒ စွဲဆိုတာ အပြင် အလှူရှင်တွေရဲ့ လွှမ်းမိုးမှုကလည်း ရှိနေကြသမို့ အမှားအယွင်းတွေလည်း ရှိနေကြမှာပါ။ အခု ခေါင်းထောင်လာတဲ့ ပြည်တွင်း မီဒီယာတွေိုလည်း ကြည့်လိုက်ရင် ကျင့်စဉ်ပိုင်းမှာ ဘာမှသိတ်ကွာခြားမှုမရှိလှတာ ကြည့်သောသူ မြင်နိုင်မှာပါ။ ဒီတော့ မဆုံးနိုင်အောင် အဝေဘန်လည်း ခံနေကြရဦးမှာပါဘဲ။
အခုတော့လည်း မီဒီယာတွေက အချိန်တန်ပြီလို့ သတ်မှတ်လိုက်ပုံဘဲ။ ဧရာဝတီ မှာ ဖေ့ဘုတ်ပေါ် ပျံ့နေပြီးသားဖြစ်တဲ့ ဟောဒီ ဆောင်းပါး နှစ်ပုဒ် ကို ညက တင်လာတာ ဖတ်လိုက်ရပါတယ်။
ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က http://www.irrawaddyblog.com/2011/12/blog-post_8572.html ကျွန်တော် လူကက်ဆက် http://www.irrawaddyblog.com/2011/12/blog-post_6658.html
ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာ ဖြစ်တဲ့ ဘ၀တပါး ပြောင်းသွားခဲ့ရရှာတဲ့ ကျောင်းသားများနဲ့ သူတို့ရဲ့ ကျန်ရစ်သူမိသားစုများ က အများရဲ့ တောင်တောင်အီအီ စိတ်ကူးတည့်ရာ ဝေဘန်မှုများအောက်မှာ နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံအတွက်အသက်ပေးဖို့ ထွက်သွားခဲ့တဲ့သူတို့ရဲ့လူမမယ် ရင်နှစ်သည်းချာ များရဲ့ အဖြစ်ဆိုးကြီးတွေ အတွက် ဘယ်လောက်များ နာကျည်းခံခက်နေကြရှာမလဲ။ တခါ မသေလို့တွေ့ရတဲ့ မသမာသူတွေရဲ့ အကျဉ်းစခန်းက လွတ်မြောက်လာခဲ့သူများကကော ဘယ်လောက်အထိ သင်ပုန်းချေနိုင်စွမ်းရှိမလဲ။ မတွေးရဲအောင်ပါဘဲ။
ဒီတော့ကာ အားလုံးဘဲ စာနာမှုရှေ့ထားလျက် ခံစား နားလည်ပေးနိုင်ကြပါစေလို့သာ မျှော်လင့် ရတော့မှာပါ။ မသက်မသာ ဝေဘန်မှုတွေကို အလွယ်မပြုကြပါနဲ့လို့ အနူးအညွတ် တောင်းပန်ရင်း…………………

မိုးမခ  မှကူးယူဖော်ပြပါသည်။ 
 

စစ်တပ်ကြိးစိုးရေးအတွေးအခေါ် ကျဆုံးရမည်။


by Nyo Htet on Friday, 23 December 2011 at 18:03
ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရားအသတ်ခံရတဲ့အမှု ဆိုတဲ့ ဂရုတခုလုပ်ထားတယ်။ အဲဒီ ဂရုထဲမှာ ကျနော့်ကိုလည်း ထည့်ထားတယ်ဆိုတော့ ကျနော်ကို တခုခုပြောစေချင်လို့လို့ ထင်ပါတယ်။ ဒါ့ကြောင့် ပြောပါမယ်။
“ကျနော်သန်းကြွယ်သူဌေးဖြစ်စဉ်က” ကိုရေးတဲ့ကိုထိန်လင်းကို၊ ကိုထိန်လင်းရဲ့ ခံစားရမှုကို၊ ကိုထိန်လင်းရဲ့ နာကျင်မှုကို နင့်နင့်နဲနဲ ဖြစ်ရတယ်ဆိုတာ ဦးဆုံးပြောချင်ပါတယ်။ ကျနော့်ရဲ့ တဦးချင်းသဘောထားအရလည်း တော်လှန်ရေးကို လုပ်နေကြသူအချင်းချင်း ဒီလို ရက်ရက်စက်စက်လုပ်တာကို လက်မခံနိုင်ပါဘူး။ ဒီလိုပဲ နိုင်ငံရေးအရ အသေသတ်တာ တွေလည်း ရှိတာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီလုပ်ရပ်တွေကိုပါ တပေါင်းတည်း လက်မခံဘူး ဆန့်ကျင်တယ်။ ကိုထိန်လင်းတို့၊ ကိုဌေးနိုင်တို့ ခံခဲ့ရသလိုမျိုး လူသတ်တာတွေကိုရော အဲလိုမဟုတ်ပဲ အုပ်စုဖွဲ့ပြီး နိုင်ငံရေးအရ အနိုင်ကျင့်တာ၊ နိုင်ငံရေးသိက္ခာချတာ၊ နိုင်ငံရေးလုပ်မရတော့အောင် နိုင်ငံရေ့းသတ်တာတွေအားလုံးကို လူသတ်ဝါဒလို့ သတ်မှတ်ပါတယ်။ လူသတ်ဝါဒ ကျဆုံးပါစေ။

ကျနော် ABSDF ကဖြစ်ပေမယ့် မြောက်ပိုင်းကမဟုတ်ပါဘူး။ ကျနော့်မိခင်တပ်ရင်းက ၆၀၁ ပါ။ ၆၀၁၊ ရင်း ၄၊ ရင်း ၈ စသည်အားဖြင့် တာဝန်တွေအရ နေထိုင်ခဲ့တဲ့ တပ်ရင်းတွေရှိပါတယ်။ နံပါတ်တွေမတူသလို နိုင်ငံရေး ရေခံ မြေခံတွေလည်း မတူကြပါဘူး။ လွတ်လပ်တဲ့ ပွင့်လင်းတဲ့နိုင်ငံရေးအခင်းအကျင်းရှိပြီး ညီရင်းအကိုလို နေထိုင်ခွင့်ရတဲ့ တပ်ရင်းရှိတယ်။ ဂိုဏ်းဂဏ အမြင်ရှိကြပြီး တပ်ရင်းကြီးအမြင်နဲ့ ခွဲခြားဆက်ဆံရေးကျင့်သုံးတက်တဲ့ တပ်ရင်းရှိတယ်။ ဂိုဏ်းဂဏအမြင် ပိုမို ပြင်းထန်ပြီး ငါနဲ့မတူငါ့ရန်သူလို့ သတ်မှတ်တဲ့ မတူတဲ့သူကို နိုင်ငံရေးသတ်တာမျိုးတွေလုပ်တက်တဲ့ တပ်ရင်းရှိတယ်။ ဒီလိုမျိုးတွေ ရှိခဲ့ပါတယ်။
ABSDF မြောက်ပိုင်းကိစ္စနဲ့ ပါတ်သတ်ပြီး ကျနော်မသိသလောက်ပါပဲ။ မြောက်ပိုင်းက ကျနော်နဲ့ ရင်းနှီးတဲ့ ရဲဘော်တဦး ရှိပါတယ်။ ကိုပန်ချာလို့ခေါ်ပါတယ်။ ကျနော်တို့က ကျားသိုင်းဆရာကြီးလို့ ခေါ်တဲ့ ရဲဘော်ပါ၊ ဗဟိုဆက်သွယ်ရေးဌာနမှာ တာဝန်ယူပါတယ်။ သူက မြောက်ပိုင်းအဖြစ်အပျက်တွေကို သိပါတယ်။ အခုတော့ သူလည်း ကွယ်လွန်ခဲ့ပါပြီ။ ကျနော် ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးက ထွက်လာတဲ့ ညီနောင်အားသစ်တွေကို သင်တန်းပေးပြီးအပြန်မှာ သူနဲ့ ၂ လ လောက်အတူနေခဲ့ရပါတယ်။ ကျနော်လည်း သူ့ကို မြောက်ပိုင်းကိစ္စတွေ စပ်စုဖြစ်ပါတယ်။ သူလည်း အဲဒီကိစ္စတွေကို ပြန်ပြောချင်ပုံမရပါဘူး။ သူပြောသမျှကို ပြန်မျှရရင်
-       ဒီဂရုထဲမှာ အများသူငါ ဆွေးနွေးနေကြသလိုမျိုး မြောက်ပိုင်းကိစ္စကို အမှားအယွင်းတွေရှိခဲ့တယ်လို့ သူလည်း ယုံကြည်ပုံရပါတယ်။ (ဒီမှာ ကျနော်သတိထားမိတာက အခု မြောက်ပိုင်းအဖြစ်အပျက်လို့ “ယဉ်ကျေးမှု တော်လှန်ရေး (တချို့တွေကလည်း ဖြုပ်၊ ထုတ်၊ သတ် ဆိုပြီး ပြောကြပါတယ်) ဆန်ဆန်ဖြစ်ရပ်တွေဟာ ကာလတခုရောက်ရင် ပြန်ပေါ်တက်တာပါပဲ။ ပြီးရင် အဲဒီ ဖြုပ်၊ ထုတ်၊ သတ် လုပ်တဲ့လူတွေဆီကို ပြန်လှည့်လာ လေ့ရှိတယ် ဆိုတာပါပဲ)
-       ကိုသံချောင်းက လက်နက်ချတယ်ဆိုတာထက် အရှင်မိသွားတာလို့ ပြောပါတယ်။ သူ (ကိုပန်ချာ) က ကိုသံချောင်းတပ်ဖွဲ့မှာ ကန - ၃ ကိုင်တဲ့သူပါ။ ကိုသားဆွေတို့ ကိုအောင်မိုးဝင်းတို့လို့မျိုးပါပဲ။ ကိုသံချောင်းကို ကမ္ဘာမကြေဆိုတဲ့သူ ရှိပါတယ်။ “တိုက်ပိတ်” ဆိုတဲ့သူပါ။ ကိုသံချောင်းကို မိတော့ နအဖ က ခုံရုံးဖွဲ့ပြီး “တိုက်ပိတ်” တို့က ဆွဲချက်တင်ပါတယ်။ အဲဒီဆွဲချက်တင်တဲ့ပွဲမှာ တိုက်ပိတ်က ကိုသံချောင်းကို ကမ္ဘာကြေသော်လည်း ဘယ်တော့မှ မကြေဘူးဆိုပြီး ပြောခဲ့တာပါ။ မှတ်မိကြမယ်ထင်ပါတယ်။ တိုက်ပိတ်နဲ့ မြခိုင် အပေးအယူရှိရှိ ကိုသံချောင်းကို ဆွဲချက်တင်ခဲ့တာကို။ MRTV ကနေ ထုတ်လွှင့် ပြသခဲ့တာပါ။
-       ကိုမျိုးဝင်းကိစ္စပါ။ အခု ABSDF မှာ ဒုဥက္ကဌလုပ်နေတဲ့ ကိုမျိုးဝင်းက အခုပြောမယ့် မြောက်ပိုင်းက ကိုမျိုးဝင်းနဲ့ မဆိုင်ပါဘူး။ မြောက်ပိုင်းကိစ္စဖြစ်နေစဉ်က အခု ဒု ဥက္ကဌလုပ်နေတဲ့ ကိုမျိုးဝင်းက ဗဟိုကော်မတီဝင် မဖြစ်သေးပါဘူး။ တဆက်တည်းပြောရရင် အခု ဥက္ကဌ ကိုသံခဲလည်း ဆေးမှူးဘ၀မှာပဲ ရှိပါသေးတယ်။ မြောက်ပိုင်းကိုမျိုးဝင်းက ဒီမှာပြောသလို နောက်ကျည်မှန်ပြီး ကျတာမဟုတ်ဘူးလို ကိုပန်ချာက ပြောဖူးပါတယ်။ မှတ်မိသလောက် ကိုပန်ချာစကားက “ကိုမျိုးဝင်းလည်း သူလုပ်ခဲ့တာတွေ ကြေလိုကြေငြား အသေခံတိုက်ပွဲဝင်ပြ ခဲ့တယ်ထင်တာပဲဗျာ” ဆိုပြီး ပြောခဲ့တာပါ။ ကိုသားဆွေတို့ ကိုအောင်မိုးဝင်းတို့ မှတ်တမ်းတွေထဲမှာတော့ ဘယ်လိုရှိတယ်ဆိုတာ မသိပါဘူး။
-       မြောက်ပိုင်း ကိုမျိုးဝင်းနဲ့ ပါတ်သတ်ပြီး ကိုပန်ချာပြောတဲ့အထဲမှာ ကျနော်မှတ်မိနေတာလေးရှိပါသေးတယ်။ အခု ကိစ္စနဲ့ ဆိုင် မဆိုင်မသိပေမယ့် ကျနော်သိသလောက်ဖေါ်ပြသင့်တယ်ထင်လို့ မိတ်ဆက်ပေးတဲ့သဘောပါ။ မြောက်ပိုင်းကိုမျိုးဝင်းက “သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ” စာအုပ်ကို သိပ်ကြိုက်တယ်။ အမြဲတမ်း ဖတ်တယ်ဆိုတာပါပဲ။

ဒီဂရုကိုလုပ်တဲ့သူတွေက လူသတ်ကောင်တွေနဲ့ အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ ABSDF မဆိုင်ဘူးဆိုတာကို ပြောတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဂရုအမည်ကိုက “ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား အသတ်ခံရတဲ့အမှု” ဆိုတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို လက်ရှိ ABSDF အပေါ်ကို လုံးဝ သက်ရောက်မှု မရှိနိုင်ပါဘူးလို့ ကံသေကံမ ပြောလို့ရတဲ့ ဟာတော့မဟုတ်ပါဘူး။
ဒီဂရုထဲမှာ ၀င်ဆွေးနွေးနေသူတွေထဲမှာ ABSDF ကို စ - လယ် - ဆုံး သံယောဇဉ်ကြီးသူတွေကို တွေ့ရပါတယ်။ ကိုသန်းနိုင် (Than Naing)၊ ကိုအောင်နိုင်၊ မငယ်နိုင်၊ အတာလင်း … စသည်တွေကို တွေ့ရပါတယ်။ ကျနော်သိသလောက်က လူမှာ သိမြင်မှု အကန့်အသတ်ရှိပါတယ်။ ကိုယ်ပါဝင်မှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားကိုတော့ ကျနော်တို့လည်း သိမြင်မယ် မဟုတ်ပါဘူး။ ကိုယ်ပါဝင်ခဲ့ရတဲ့ ABSDF ရဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ရေးပေးကြစေချင်ပါတယ်။ အခု ဖြစ်နေတဲ့ မြောက်ပိုင်းကိစ္စကို ကလောင်အားနဲ့ ၀ိုင်းဖိကြဖို့ပြောနေတာတော့မဟုတ်ပါဘူး။ ABSDF ဟာ ကျယ်ပြန့်တဲ့ ဒေသတွေမှာ ပေါ်ထွန်းခဲ့တာပါ။ ကျနော်ပြောခဲ့သလိုပါပဲ ဒေသမတူသလို နိုင်ငံရေး ရေခံ မြေခံတွေလည်း မတူပါဘူး။ မြောက်ပိုင်းမှာ ဒီလိုတွေဖြစ်ခဲ့တယ်။ ဒါတွေဟာ အကျဉ်းတန်တဲ့ ဘက်တဖက်ဖြစ်တယ် ဆိုတာကို ၀ိုင်းငြင်းကြဖို့ ပြောတာမျိုးမဟုတ်ပါဘူး။ ဒီလိုတွေ ရှိခဲ့ကြပေမယ့် ABSDF ရဲ့ အဓိကဘက်ဟာ အမျိုးသားနိုင်ငံရေးလမ်းစဉ်အောက်မှာ စစ်အာဏာရှင်အောက်က တပြည်လုံးလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စွဲရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ဖက်ဒရယ်နိုင်ငံ မျှော်မှန်းချက် စတဲ့ နိုင်ငံရေးဦးတည်ချက်တွေနဲ့ ချီတက်နေကြတာဖြစ်တယ်ဆိုတာက အဓိက ဘက်ဖြစ်တယ်ဆိုတာကို ၀ိုင်းဝန်းဖော်ဆောင်ရမယ့်အချိန်လို့ မြင်ပါတယ်။ ကျနော်တို့ရဲက အမျိုးသားနိုင်ငံရေး လမ်းစဉ်မှာ ပါရှိတဲ့ ဦးတည်ရန်သူ ဖြစ်တဲ့ ဦးတည်ရန်သူအဖြစ် သတ်မှတ်ထားတဲ့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ကို မမှိတ်မသုံ ဖယ်ရှားရမယ့်အချိန် ဖြစ်တယ်လို့ မြင်ပါတယ်။ အထူးအားဖြင့် အခု မကြာခင်က ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ထားတဲ့ တပြည်လုံးအပစ်ရပ်စဲရေးကို အစိုးရသစ်က ကြေငြာပေးဖို့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစု အားလုံးကို နိုင်ငံရေးအရ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကို တွန်းတင်ရမယ့် အချိန်လို့ မြင်ပါတယ်။
ဒါက ကျနော့်အမြင်ပါ။ ကျနော့်ရပ်တည်ချက်ကိုလည်း တခါတည်း ကြေငြာပါတယ်။ သတ်နေကြရင် ပျက်နေမှာပါပဲ။ လူကိုပဲ သတ်သတ်၊ နိုင်ငံရေးကိုပဲ သတ်သတ်၊ ဂုဏ်သိက္ခာကိုပဲ သတ်သတ် အားလုံးဟာ လူသတ်ဝါဒတွေချည်းပါပဲ။ လူသတ်ဝါဒမှန်သမျှ ဆန့်ကျင်ပါတယ်။ ဘာကိုပဲသတ်သတ်၊ ဘယ်မှာပဲ သတ်သတ်၊ ဘယ်သူကပဲ သတ်သတ် သတ်တဲ့ လူတွေကို ရှုံ့ချပါတယ်။ အသတ်ခံခဲ့ရသူတွေကို စာနာပါတယ်။ အသတ်ခံရတဲ့ လူတွေအတွက် ကျနော်လုပ်ပေးနိုင် တာကတော့ လူသတ်ဝါဒကျဆုံးရေးလှုပ်ရှားမှုမှာ ပါဝင်တာပဲဖြစ်ပါတယ်။ လူသတ်ဝါဒရဲ့ဇစ်မြစ်ကို စစ်ဆေးကြည့်တော့ ကျနော်တို့ အမျိုးသားနိုင်ငံရေးလမ်းစဉ်မှာ ဥိးတည်ရန်သူအဖြစ်သတ်မှတ်ထားတဲ့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
လူသတ်ဝါဒ ကျဆုံးရမည်။
စစ်တပ်ကြိးစိုးရေးအတွေးအခေါ် ကျဆုံးရမည်။

ညိုထက် (လမ်းသစ်ဦး)
၂၃ - ၁၂ - ၂၀၁၁
 

လိုင်စင်တောင်၊ ပါဂျောင်က လာခဲ့တယ်...

”တကယ်ပါဗျာ.. ၊ အဲ့ဒါတွေ တကယ်ဖြစ်ခဲ့တာပါ.. ။ အိုး..မဟုတ်ဘူး  မဟုတ်ဘူး..ဒါ ချဲ့ကား  တာ”     
” ကြံတောမှာ သေသူရောရှင်သူပါ ဒဏ်ရာအသေးအမွှားရတဲ့သူတောင် မရှောင် မီးလောင်တိုက်သွင်း သတ်ခဲ့တဲ့ အကောင် ၊တံတားဖြူဟာ ကားစပါယ်ရာကအစ  လူတိုင်းက တံတားနီလို့ခေါ်ကြတဲ့အထိ ကျောင်းသားသွေးတွေနဲ့အိုင်သွားအောင်၊” ရိုက်၊ ရိုက်၊ အသေရိုက်” လို့  
အနီးကပ် ညွှန်ကြားခဲ့တာ ဘယ်ကောင်လဲ၊ အဆိပ်ခတ်တာကအစ ဥက္ကလာက ခေါင်းဖြတ် ပွဲတွေအဆုံး အားလုံးကို ကောက်ကောက်ကျစ်  ကျစ်ပက်ပက်စက်စက်လုပ်ခဲ့တဲ့ကောင်က လိမ်သမျှ၊ ယုံချင်တဲ့ကောင်ယုံ၊ ငါတော့မယုံဘူး ။ မင်းတို့ ကွာ  ဆေးရုံကြီးရှေ့မှာကားကိုရပ်ပြီး သေသေချာချာ အနီးကပ်ချိန် ပစ်တာကို ကိုယ်တိုင်လည်း ခံခဲ့ဘူးတယ် ၊ အဲဒါကိုပဲ သူတို့ ရေဒီယိုက မတော်တဆ၊ အမှတ်မထင်၊
မရည်ရွယ်ပဲ၊ ချွတ်ချော်၍ ကျည်ထွက်သွားပါသည် ဆိုတော့ မင်းတို့ဘာပြောခဲ့ကြလဲ ။ မင်းတို့ခန္ဓာကိုယ်မှာ ရှိသမျှသုံးဆယ့်နှစ်ကောဋ္ဌာဿလုံး ကိုင်ပြီး ဆဲလိုက်ကြတာ၊ တချို့ဆို အားမရလို့ မအေနှစ်မ ပစ္စည်းတွေနဲ့  လိုက်ပွဲပေးပြီးတောင် ဆဲလိုက်သေးတယ်မဟုတ်လား ။
တကြိမ် မဟုတ်နှစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်အလိမ်ခံရရင်၊ လိမ်တဲ့ကောင်အပြစ်ထဲမှာ မင်းတို့အသုံးမကျတာလဲတဝက်ပါတယ်။”  
 ကျနော့်သူငယ်ချင်းတယောက်ပြောခဲ့တာပါ။ မြောက်ပိုင်းကိစ္စ ကို ခင်ညွန့်တို့သတင်းစာရှင်းလင်းပွဲလုပ်တုံးက ပါ။ အနှစ် နှစ်ဆယ်လောက်ကြာခဲ့ပါပြီ ။
 ဒါကိုဘာကြောင့် အခုလိုပြန်ရေးပြရတာလဲလို့ ဆိုရင်၊ အနှစ် နှစ်ဆယ်ငြိမ်နေပြီး၊ အခုမှဘာလို့ထွက်လာ၊ ရေးလာရတာလဲ  လို့မေးခွန်းထုတ်လာ သူတွေထဲက အသက်အရွယ်အရ မသိမမီလိုက်လို့ ရိုးရိုးသားသား ခံစားမှုနဲ့စူးစမ်းကြတဲ့ ဒီကနေ့အသက် သုံးဆယ်တန်း ရောက်နေပြီဖြစ်တဲ့၊ အဲဒီအချိန်ကလူလားမမြောက်ကြသေးတဲ့ လူငယ်မေးခွန်းရှင်တွေရဲ့ အမေးကို တန်ဘိုးထားလို့၊ လေးလေးစားစားဖြေ
ကြားချင်လို့ပါ ။ အနှစ် နှစ်ဆယ်လုံးငြိမ်မနေခဲ့ကြပါဘူး၊ အခုမှထွက်လာရေးလာကြတာလည်း မဟုတ်ပါဘူး။ ခင်ညွန့်တို့သတင်းစာရှင်းလင်း
ပွဲ ကြောင့် တပြည်လုံးသိခဲ့ကြတဲ့ အချိန်က စပြီး ကိုထိန်လင်းရဲ့ ပထမဦးဆုံးစာ မထွက်မီကာလအထိရေးလာပြောလာကြတာတွေရှိခဲ့ပါတယ်
လို့သိစေချင်ပါတယ်။ အဲဒီမေးခွန်းရှင် အမျိုးအစားထဲမှာ(အထောက်အခံတစ်ခုခု၊ နောက်ခံတစ်ခုခု၊အယူအဆတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်)မပါတဲ့
သူများကိုလည်း ကျနော့်အမြင်ကို လေးလေးစားစားတင်ပြပါတယ်။ သဘောကြိုက်ညီမှု၊ကွဲလွဲမှုအတွက်ခံစားချက် စိုးစဉ်းမျှမရှိပါ ။ ”လက်ခုပ်”
နဲ့”ဒုတ်” အပေါ် တုန်လှုပ်မှုကင်းစွာနဲ့ ဒီစာကိုရေးလိုက်ပါတယ် ခင်ဗျား ။
 အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ၊ ဒီသတင်းစာရှင်းလင်းပွဲဟာ ခင်ညွန့်မြော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ (၈၈)အရေးအခင်းကြီးကိုသူတို့  ဘယ်လိုကောက်ကျစ်ယုတ်မာတဲ့နည်းနာတွေသုံးပြီးဖြိုခွင်းခဲ့သလဲ  ဆိုတာတပြည်လုံးကသိနေတော့ သူတို့ဘာပြောပြော၊ ပြည်သူက လုံးဝ
အယုံအကြည်မရှိတော့ပါဘူး။ စစ်တပ်နဲ့ပတ်သက်တာမှန်သမျှ သီချင်းတောင် ”ဒို့ပြေ(ပြည်)ကြီးကို ကာကွယ်မလေ၊ ဒို့မြေကြီးကို ကာကွယ်မလေ  ကနေ ဒို့အဖေကြီးကို ကာကွယ်မလေ၊ ဒို့အဖေကြီးကို ကာကွယ်မလေ လို့ပြောင်းဆို၊ မြန်မာ့အသံက စံတော်ချိန်တီးလုံးလာတိုင်း ဗြောင်လိမ့်  ဗြောင်လိမ်  ဗြောင် ဗြောင်ဗြောင်  လို့လိုက်ဆို ပြီး သူတို့ရဲ့မနိုင်၍အောင့်ခံရခြင်း သည်၎င်းကို
ကြိတ်ဖြေနေကြတဲ့အချိန် ၊ စစ်ထောက်လှမ်းရေး တွေဆိုပိုဆိုးတာပေါ့ ခေတ်အဆက်ဆက်ကတည်းက  ရာဇဝင်မကောင်းခဲ့တဲ့အကြွေးနဲ့
လောလောလတ်လတ်ကောက်ကျစ်ယုတ်ပတ်မှု လက်ငင်း လုပ်ရပ်ပေါင်းပြီး သွေး၊ပြည်၊ချွဲ၊သလိပ် ၊မစင်ဘင်ပုတ်လို စက်ဆုတ်မှုဒီဂရီအမြင့်ဆုံးတက်နေချိန်နဲ့ တိုးနေတော့ ခင်ညွန့်မြော်လင့်ထားသလိုဖြစ်မလာတာ မဆန်းပါဘူး။ ဆန်းတာက စစ်အစိုးရ  လုပ်သမျှ အချိန်ကုန်ခံပြီး စဉ်းစားစရာ၊ဆင်ခြင်စရာမလိုဘူး ဆိုတဲ့ အမြင်နဲ့အဆင်ခြင်မဲ့မုန်းတီးကြခြင်းဖြစ်တယ်။ အဲဒီအကျိုးဆက်က 
အမှန်တကယ်ခံစားခဲ့ကြရသူတွေအပေါ်လုံလောက်တဲ့စာနာမှုမျိုးမပေးနိုင်ခဲ့ကြဘူး။ စာနာမှုမဲ့ခဲ့ကြသလိုဖြစ်ခဲ့တယ်။ အမှန်တကယ်အပြစ်မဲ့
စွာ၊  လူမဆန်အောင်ခံစားခဲ့ရတဲ့သူတွေအဖို့ သူတို့ဘဝနဲ့အသက်နဲ့ရင်းပြီး ချစ်ခဲံ့ရတဲ့ လူ့အဖွဲ့အစည်းကြီးက သူတို့ကိုဥပေက္ခာပြု  
လိုက်သလိုဖြစ်သွားတယ်။ သူတို့အဖို့ကြေကွဲစရာအကောင်းဆုံးနစ်နာဆုံးရှုံးမှုပါ။ နှစ်ထပ်ကွမ်းဆုံးရှုံးမှုပါ။ သူတို့ရဲ့မိဘ၊မောင်ဘွားများ
ဘယ်လိုခံစားကြရမလဲ  ၊ သူတို့အဖြစ်ကိုတမလွန်ကသူတို့သိခဲ့ရင်ဘယ်လောက်ကြေကွဲ ကြလေမလဲ ။ အလွယ်တကူပြောပြီး၊အလွယ်တ
ကူမေ့လေ့ရှိကြတဲ့ ကိုယ်ချင်းစာတရား နဲ့ ကိုယ့်နှလုံးသားကိုယ် တံခါးခေါက်ကြည့်ကြပါ ။  တကယ်နစ်နာသူဘယ်သူလဲ။                   
  ဖြစ်ရပ်တစ်ခုတည်းဟာ၊ အချိန်ကာလဆိုတဲ့ ဘောင်အောက်မှာ တန်ဘိုးပြောင်းတတ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် က သတင်းစာထဲမှာပါခဲ့တဲ့  နှမငယ်လေးခင်ချိုဦးရဲ့ အဖြစ်ဆိုး ဟာ အနှစ် နှစ်ဆယ်ကြာပြီး အခုအချိန်မှာ တစ်ထပ်တည်း ပြန်ပေါ်လာတော့  
လိမ်တဲ့သူအပြစ်ထဲ မင်းတို့အသုံးမကျတာလဲ တဝက်ပါတယ်လို့  ဆိုခဲ့သူ  ကျနော့် မိတ်ဆွေ က   အေးကွာ ၊ ငါက နှစ်ထပ် အလိမ်ခံလိုက်ရတာ   တဲ့ ။ သူ့မျက်လုံးတွေ နီဖျင်းဖျင်းနဲ့ မေးကြောကြီးတွေတင်းလို့..
 
 
 

ကိုယ်ချင်းစာစိတ် နည်းနည်းထားပေးကြပါလို့ 

ကိုကိုဦး(၁၀၂)
မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ လူရမ်းကားတစ်စုရဲ့ ဂိုဏ်းဂဏဆန်ဆန် ဗိုလ်ကျသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဒါမကဒတကိုသက်သက်စော်ကားနေတာလို့ခံစားမိသူတွေရှိနိုင်ပါတယ်၊ ဒီနေရာမှာ ကိုယ်ချင်းစာတတ်ပါမှ အမြင်မှန်ကိုတွေ့နိုင်ပါတယ်၊ငါသာဒီလိုမျိုးအလုပ်ခံခဲ့ရရင်ဆိုတဲ့အတွေးလေးကို တကယ်တွေးကြည့်ကြပါ၊ 
သိပ်ကိုရင်နာဖို့ကောင်းတယ်ဆိုတာကိုလူတိုင်းကိုယ်ချင်းစာမိပါလိမ့်မယ်၊မကဒတကိုသက်သက်သိက္ခာချနေ ပါတယ်လို့ထင်နေတဲ့သူတွေအပြန်ပြန်အလှန်လှန်စဉ်းစားကြစေချင်ပါတယ်၊ဒီကိစ္စတွေကိုလူမသိစေချင်လို့ဖုံး တာကသိက္ခာကြတာလား၊တရားဥပဒေအတိုင်းဖြစ်စေသူတွေလုပ်ရပ်ကသိက္ခာကြစေသလား၊တကယ်ခံခဲ့ရတဲ့ ကံယကံရှင်တွေဟာ အံသြစရာကောင်းအောင် ဒီနေ့အထိမျိုသိပ်နေခဲ့တယ်။
သူတို့မှာလည်းစိုးရိမ်စိတ်တွေရှိနေကြပြီ၊ငါတို့တစ်တွေအသက်တွေကြီးကြပြီ၊ကြရင်ဒီသမိုင်းဟာအမှန်မပေါ် ပဲပျောက်ကွယ်သွားတော့မယ်၊ငါ့တို့အသက်ရှင်နေခိုက်မတရားပြုကျင့်ခံခဲ့ရယုံမျှမက သမိုင်းကွေးနေအောင် စပိုင်အဖြစ်သေခဲ့ရတဲ့အဖြစ်ဆိုးမျိုးကိုဘယ်သူကလိုချင်မလဲ၊ကိုယ်ချင်းစာတတ်သူတိုင်းသူတို့ကိုနားလည်ပေး ရမယ်၊၀ိုင်းလည်းဝိုင်းရံပေးကြရယ်၊အဖြစ်မှန်၊သမိုင်းအမှန်အတွက်ငါတို့သတ္တိရှိကြရမယ်၊ပုဂ္ဂိုလ်ရေးခင်မင်မှု ကိုဘေးချိတ်ပြီး တကယ်နစ်နာသူတွေအတွက်ငါတို့အားလုံးအမှန်တရားဖက်က ရပ်တည်ပေးကြရမှာပဲ၊ ဒါမှမကဒတဟာသူ့သမိုင်းကိုလာဖျက်တဲ့သူတွေကိုလုံးဝလက်မခံဘူးဆိုတာဖြစ်လာမယ်၊ ရေငုံနှုတ်ပိတ်နေရင် စစ်အစိုးလုပ်ရပ်မျိုးနဲ့သွားတူနေမှာပေါ့၊ ဖြစ်လာခဲ့ပြီမို့သတ္တိရှိရှိရင်ဆိုင် ဖြေရှင်းကြရမှာပဲ၊ ဖုံးထားလို့ရတဲ့ ကိစ္စမဟုတ် သလို ပြစ်ပယ်ထားလို့လည်းသင့်တဲ့ကိစ္စမဟုတ်ဘူး၊မကဒတမူဝါဒထဲမှာလည်း။ ဒီလိုလက်လွတ် စပယ်မင်းမဲ့စရိုက်ကိုလက်မခံဘူးဆိုတာပြဒါန်းထားတာငါတို့အားလုံးအသိပဲ၊ ပထ၀ီအနေအထားအရဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေးအခက်အခဲကြောင့်ဖြစ်စေ(ဒါမှမဟုတ်)အုပ်စုအစွဲကြောင့်ဖြစ်စေ၊ လက်တွေ့အနေအ ထားမှာကျူးလွန်ခဲ့သူတွေကို မကဒတ အနေနဲ့ဒီနေ့အထိအရေးမယူနိုင်ခဲ့တာလို့ပဲ နားလည်ထားခဲ့ကြ သူတွေ များပါတယ်၊ တကယ်ဆိုရင် အမှန်တရားကိုလိုလားသူတွေ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတွေ ကျောင်း သားတော်လှန်ရေးကိုအသက်နဲ့ထပ်တူချစ်မြတ်နိုးသူတွေအားလုံးရင်ထဲမှာလည်း ဒီလိုပဲရှိကြမှာပဲ။
ငါတို့အားလုံးတောင်းဆိုနေကြတဲ့ဒီမိုကရေစီစံနှုန်းနဲ့ပဲဆိုဆို၊ လူ့အခွင့်အရေးစံနှုန်းနဲ့ပဲဆိုဆို တကယ်ဆိုရင် ဒါတွေဟာလုံးဝမတရားသလို လုံးဝကိုလက်ခံအားပေးရမဲ့ကိစ္စမဟုတ်ဘူး၊ အွန်လိုင်းမှာ အသံတွေမျိုးစုံကြား ရပေမဲ့ ဒီလိုအသံမျိုးတွေကိုကျနော်ပိုကြိုက်တယ်၊
==== ငါတို့ဟာ ကျောင်းသားအစစ်တွေဖြစ်တယ် ကွ။ ငါတို့ဟာ ကျောင်းသားအစစ်တွေ ဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လိုပုံသဏ္ဍာန် နဲ့ သေရသေရ သေ ရဲတယ်မှတ်ပါ။ သေရဲလို့ တော်လှန်ရေးလုပ်နေတာ။ ငါ့နာမည် သံဒုတ်ဖြစ်တယ်။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊ ငါတို့ ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အလေးပြုတယ်။ ငါဟာကျောင်းသား အစစ်ဖြစ်တယ်။=====
အချို့အသံတွေကမှုံဝါးဝါးနိုင်လွန်းတယ်၊ ငါတို့အားလုံးချစ်ကြတဲ့မကဒတသိက္ခာကိုထိခိုက်နိုင်တယ် ဆိုပြီး ခံရ သူတွေကိုမလုပ်ပါနဲ့တော့မပြောရုံတမယ်ရေးသူတွေရှိလာတာအံကြစရာပါပဲ၊တကယ်ဆိုရင်လူသတ်ကောင်တွေ ပဲဆိုဆို မကဒတအလံတော်ကိုညစ်နွမ်းအောင်လုပ်သူပဲဆိုဆို ထိုသူတွေကိုပြစ်တင်ရမဲ့အစား သူငယ် ချင်းပြောနေကြ လူရာသွင်းပေးနေကြမြှောက်ပင့်ပြောနေကြသူတွေကိုလည်းတွေ့နေရပါတယ်၊ ဒါဟာကိုယ် ချင်းစာရာမရောက်သလိုဒီမိုကရေစီစံနှုန်းနှင့်လူ့အခွင့် အရေးစံနှုန်းတွေကို ပျက်ရယ်ပြုရာလည်းရောက် ပါတယ်၊
တစ်ချို့ လူတွေဆိုရင်ရော်နယ်လ်အောင်နိုင်ကိုဥက္ကဌလေးဆိုပြီး တလေးတစားခေါ်ပြောနေတာ ကိုတွေ့ရလို့ အံ့ကြစရာတောင်ကောင်းတယ်၊တကယ်ခံရသူတွေအတွက်နှလုံးကြေကွဲခံခဲ့ရပေမဲ့လုပ်ခဲ့တဲ့သူတွေဟာဘာမှ မဖြစ်သလို ကနေ့အထိလူရာသွင်းနေတဲ့သူတွေရှိနေတာက အလွန်အရုပ်ဆိုး အကျည်းတန်လှပါတယ်။
တစ်ချို့ ကမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုမျိုး မဆီမဆိုင်တဲ့အကြောင်းပြချက်တွေနဲ့ ဆိုလာကြ တာကိုလည်းတွေ့နေရပါတယ်၊ ခုအချိန်မှာထပြီးလာလုပ်တာလည်း ညာလည်းပေါ့။ ခံခဲ့သူတွေလည်း ခံခဲ့ရ၊အသက်ဆုံးရှုးသူတွေလည်းဆုံးရှုံးခဲ့ရပြီ၊သမိုင်းလည်းအဖျက်ခံခဲ့ပြီးပြီသူတို့အောင့်အီးပြီး ဒီလောက် အထိနေနိုင်တာ မအံ့သြပဲ ငါသာဒီလိုခံခဲ့ရရင်လို့ကိုယ်ချင်းမစာခုအချိန် မှာထပြီးဘာလာ လုပ်တာလည်းပြော သူတွေကို အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။
ညီအစ်ကိုချင်းလိုကိုယ့်ချင်းစာစိတ်မထားနိုင်တောင်မှ တော်လှန်သောညီအစ်ကိုများသဘွယ်ကိုယ်ချင်းစာစိတ် နည်းနည်းလေးထားပေးကြပါလို့၊
 
 
 
 
 

No comments: