Monday, April 9, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၃)


by ဘရာဇီး ငှက်ရိုး on Monday, April 9, 2012 at 4:19am ·
အပိုင်း(၃)မှာ တော့ ရက်ရက်စက်စက် နှိပ်စက်ပြီး ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ကြီးမှာ ခေါင်းဖြတ် အသတ်ခံရသူ ကိုချိုကြီးနဲ့ ပါဂျောင်ထောင်မှုးလှမျိုးအောင်ရဲ့ နေ့ရော ညပါ နံချပ်ကူနဲ့ ရိုက်နှက်ခဲ့လို့ ဘာစကားတခွန်းမှ မပြောနိုင်တော့ပဲ သွေးတွေသာ အန်ထွက်လာခဲ့ပြီး ကျဆုံးသွားရှာတဲ့ ကိုအောင်မင်း(ဝီစီ)တို့ မန်းလေးမြို့မှာ အဖမ်းအဆီးတွေ များလွန်းတဲ့ ကာလ... ဘယ်လိုမှ UG အနေနဲ့ နေလို့ မရတော့လို့ (ဒေါ်လှိုင့်လိုပဲ) အေဘီအက်စ်ဒီအက်ဖ်ရှိရာ ထွက်သွားကြရတဲ့ မြို့ပေါ်က တာဝန်ခံတွေပါ... ရောက်ပြီး မကြာခင်ပဲ သူလျို ဖြစ်ကုန်ကြရတဲ့ သူတွေပါ... အချိန် အတော်ကြာမှ နောက်ကျပြီးမှ ရောက်သွားတဲ့ အတွက် သံသယကြောင့် သူလျို အဖြစ် စွပ်စွဲခံရသူတွေလဲ ဖြစ်နိုင်ပါသေးတယ်... အဖမ်းအဆီး အနည်းငယ် ငြိမ်သက်လာတာနဲ့ မြို့ပေါ်မှာပဲ တာဝန်ဆက်လက် ထမ်းဆောင်ရမဲ့ မြို့ပေါ်က UG တာဝန်ခံတွေ ဆိုတာကို ဒေါ်လှိုင် သိရဲ့နဲ့ ဒီအဖြစ်ကို မြှုပ်ပြီး ရေးထားပါတယ်...
"(ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)" အထက်က အတိုင်းရေးထားတော့ ဒေါက်တာ နိုင်အောင်နဲ့ မိုးသီးတို့ မပါဝင်သလိုလိုပါ... ကိုမိုးသီးက ဥက္ကဌကိုထွန်းအောင်ကျော် အပါအဝင် အများအပြားကို ဖမ်းဆီး ကတည်းက သိသူပါ... ကော်မတီမှာ တင်ပြသူ... ဝိုင်းဝန်းကန့်ကွက်လို့သာ ငြိမ်နေခဲ့ရတဲ့သူ... ကျောင်းသားစိတ် ၅ပြားဖိုးလောက် ကျန်နေသေးကြောင်းကို ပြည်ထောင်စုနေ့ ခေါင်းဖြတ်သတ်ပွဲ အပြီးမှာ ၁၉၉၂က ကန့်ကွက်စာထုတ်ခဲ့သူပါ... ဘာသက်သေ အထောက်အထားမှ မရှိလို့ ယခုတိုင် ငြိမ်သက်နေသူပါ... ဒေါက်တာနိုင်အောင်ကတော့ အားလုံးကို တာဝန်ခံကြောင်း ၁၉၉၂ကစာထုတ်ခဲ့ပြီး ယခုတိုင် ကျောင်းသားစစ်စစ် ဖြစ်ခဲ့လျှင်သာ တောင်းပန်မည့် အကြောင်းနှင့် သူလျိုများလဲ ရှိနေနိုင်သေးကြောင်း စာထုတ်ခဲ့သူပါ... ယခုအထိ သူလျို သံသယများနဲ့ ဆရာဝန်ပါ... ဒေါ်လှိုင့် ရေးသားချက်က ကာကွယ်သယောင် ရေးထားတာပါ... ယခုအထိလဲ စာရေးသူ ဒေါ်လှိုင်ကိုယ်တိုင် သူလျို သံသယက မလွတ်မြောက်သေးသလိုပါပဲ... ဒေါ်လှိုင်ကော မဖြစ်နိုင်ဘူးလား???... ရန်သူ့လူ ဝင်ရောက် သပ်လျို နေတာလဲ ဖြစ်နိုင်ပါတယ်... သို့သော် အနှစ်နှစ်ဆယ်အတွင်း ဒေါ်လှိုင်တို့ အေဘီအက်စ်ဒီအက်ဖ်က ခွဲခြားသိနေလောက်ပြီ... အမှန်အတိုင်း ရေးပြလိုက်ရင် ရှင်းနေပါပြီ... သတင်းပေါက်ကြားမှု့ကြောင့် ရန်သူဖြတ်တိုက်ခံရ ဆိုတဲ့ အပေါ်မှာတော့ အေဘီက ဗမာလိုပဲ စက်နဲ့ ပြောတယ်လို့ အပြင်လူ အနေနဲ့ထင်မိပါတယ် ဒါဆိုရင် ရန်သူကလဲ ဗမာစကားပဲ သုံးတာဆိုတော့ သိနိုင်တဲ့ကိစ္စပါ... အခြားဘာသာ သုံးစွဲရင်တော့ တမျိုးတမည် ဖြစ်သွားနိုင်တာလဲ မှန်းလို့ ရပါတယ်... တိုက်ပွဲ ဖြစ်ရပ်တွေ ခံစားချက်တွေက ကျောင်းသားတွေ စစ်သားလို ဖြစ်နေကြရတာ စိတ်မကောင်းစွာနဲ့ ဖတ်ရပါတယ်... ညီအကိုရင်းတွေလို ချစ်ကြ ကာကွယ်ကြမယ်ဆိုတာလဲ ခန့်မှန်းလို့ ရပါတယ်... " ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်"လို့ ရေးထားတာ စစ်ကားကြည့်နေရသလိုကို ခံစားမိပါတယ်... မြို့ပေါ်မှာ နေဖူးတဲ့ မန်းလေးသူ စစ်စစ်က ပြောတာမှ ဟုတ်ပါလေစ လို့တောင် ထင်ရလောက်အောင် အရေးအသား ကောင်းပါတယ်... "ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်" VCS လို အရာရှိကိုတောင် ရဲဘော်မျိုးဝင်းလို့ သုံးထားလေတော့ ဒေါ်လှိုင်ဟာ အဲ့ဒီအချိန်က အတော်အတန် ရာထူးကြီးကို ရယူထားနိုင်သူ ဖြစ်မယ်လို့လဲ မှန်းဆရပါတယ်... "ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။" ဆိုတော့ ဟိုဘက်အဖွဲ့က သေနတ်ငါးလက်ရလို့ ဒို့ခြောက်လက် ရအောင်ဆိုတဲ့ စကားလေး ခဏဖယ်ထားပြီး ကိုမျိုးဝင်းလို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး အောက်ခြေရဲဘော်တွေကို ညှာတာတတ် ချစ်ခင်တတ်တဲ့ စစ်သားကောင်း ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက်လာပါစေလို့ ဆုတောင်းပါတယ်... အတော်အတန် ကြင်နာတတ်သူလို့လဲ ခန့်မှန်းမိပါတယ်... ဒီအရေးအသားလေးကို ရမ်ဘိုကြီးဆီ သွားမေးရပါဦးမယ်... ရမ်ဘိုကြီး သိကောင်း သိနိုင်တဲ့ ကိစ္စပါ... လက်တွဲ တိုက်ပွဲဝင်ခဲ့ဖူးသူကိုး... စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်းဆိုတာကလဲ စိတ်ဝင်စားစရာပါ... မဖြစ်နိုင်တဲ့ ကိစ္စကို သွားလုပ်ခိုင်းသလို ဖြစ်နေလို့ ပျက်ခဲ့တာလို့ ထင်ပါတယ်... "ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း”....၊....၊....၊.... တပ်ရင်း(၂၀) လောက်နဲ့ ဖြတ်လေးဖြတ် ကိုသုံးပြီး...၊....၊....၊....  ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။" ကတော့ မသိသူတွေကို သွားပြောပါ... ရှမ်းသံတော်ဆင့်က ရေးရာမှာတော့ စစ်တပ်နဲ့ ညှိနှိုင်းပြီး အလင်းဝင်ဖို့ ကြိုးစားရာမှာ စစ်တပ်က ကတိဖျက်ပြီး ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်... " သေဒဏ်ကျခံနေရတဲ့ ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသား အဖြစ်က စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့ သူတွေ။" ဆိုတာကတော့ များသွားပြီ။ လက်နက်ချ အညံ့ခံသွားတဲ့ ရှမ်းတပ်က လူကို ကျောင်းသားဖြစ်သလိုလို အတင်း ကာကွယ်ပေးနေတဲ့ အရေးအသားပါ... အေဘီအက်စ်ဒီအက်ဖ်မှာ ကိုသံချောင်း တာဝန်ထမ်းခဲ့တဲ့ ကာလ လွန်မြောက်နေပြီ မို့လို့ နိုင်/ကျဉ်း စာရင်းတောင် မဝင်တော့ပါ... အေဘီက လက်နက်နဲ့ မိသွားတဲ့ ကျောင်းသား စစ်စစ်တွေတောင် ထောင်က လွတ်ဖို့ မျှော်လင့်ချက် မရှိပါ... တောင်းဆိုတိုင်းလဲ မရပါ... ကိုသံချောင်းအတွက် ခံစားချက်လေးတွေ လျှော့ပါဦး... "ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမား ဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။" အေဘီရဲဘော်သစ်/ဟောင်းတွေ အားလုံးထဲမှာ ဒီအမှုမှန် ပေါ်စေချင်တာ လက်ဆယ်ချောင်းတောင် မပြည့်ပါ... အနှစ်နှစ်ဆယ်ကျော်က လူသတ်မှု့ကို ဖုံးထားတဲ့ ဒေဝဒတ်ကို ဆရာတင်ထားမိသူတွေ ကြိတ်ငိုနေကြမှာပါ... အဖွဲ့အစည်း အရိပ်ကို ခိုနေတဲ့ လူသတ်သမားကို ဆွဲထုတ်နေတာပါ... အဖွဲ့အစည်းက အမှုမှန် ပေါ်ဖို့ ပူးပေါင်း ဆောင်ရွက်သင့်သော်လည်း ရေငုံနေပါတယ်... ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ... မြောက်ပိုင်းကေ့စ်နဲ့ ဆင်ဆင်တူ လူသတ်မှုတွေမှာ ပါဝင် ပတ်သတ်နေသူတွေ ဖြစ်နေကြလို့ပါ... (ဥပမာ - ကိုဌေးနိုင်ကို သတ်ဖြတ်မှု၊ ကိုနေဝင်းအောင်ကို ဖမ်းဆီးမှု) အဖြစ်အပျက်ကို တိတိကျကျ ခွဲခြားချင်လွန်းလို့ အေဘီက လူတွေပဲ ရှင်းကြပါဆိုတာတောင် ငြိမ်နေကြသလားလို့... လည်ပင်းနား ကြိုးရောက်လာမှ သားသားမပါဘူးနော် ဆိုတာတွေ တွေ့နေရလို့ သနားမိတယ်... ဒါနဲ့ ပြောလိုက်ပါဦးမယ်... ဒီကေ့စ်ကို လိုက်နေတာ မတရား ညှဉ်းပမ်း နှိပ်စက် အသတ်ခံရသူတွေနဲ့ ထွက်ပြေးမှ လွတ်မြောက်သွားသူတွေကို သနားမိလို့ စာနာမိလို့ပါ... အပယ်ခံ အဖြစ် အနှစ်နှစ်ဆယ် နေခဲ့ရတဲ့ ဘဝကို စာနာမိတယ်... ဒေါ်လှိုင်ရော ပြည်တွင်း ပြန်ဝင်တော့ ဘယ်လို ခံစားရလဲဗျ... ကိုယ်ချင်းစား ကြည့်ပါ... အသိုင်းအဝိုင်းဟောင်းက အဖက်လုပ် မခံရတဲ့ အခါ ဘယ်လို စိတ်ဒုက္ခ ရောက်တတ်ကြောင်း ဒေါ်လှိုင့် ကိုယ်တွေ့ပဲလေ... ဒီကေ့စ်မျိုးက မတော်တဆ နာမည် ပျက်ဖို့ ပဲ ရှိပါတယ်... နေရာလိုချင်လို့ ဝင်လာတယ်လို့ မထင်ပါနဲ့ လူတိုင်းဟာ သူဟာနဲ့သူ နေရာ တနေရာ ရထားပြီးသား လူတွေချည့်ပါပဲ... နာမည်ကောင်းလဲ မလိုချင်ပါ... နာမည်လဲ မပျက်ချင်ပါ... အမှုမှန် ပေါ်စေချင်သူတွေ စုသွားတာ ဖြစ်မယ်... အမှန်တရား အတွက်ဆို ဘယ်အရာကမှ တားမရဘူး ဆိုတာလဲ သိထားသင့်ပါသေးတယ်... "ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။" အယုံကြည် မရဲပါနဲ့ ဒေါ်လှိုင်... ဒေါ်လှိုင်ပြောတဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်တို့ ရုပ်တွေက ဘာရုပ်တွေများ ပေါက်နေကြတုန်းဗျာ... "ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။" ဆိုတော့ ဒေါ်လှိုင်ရေ... နေပြည်တော် ဆိုပြီး ဖြစ်လာအောင် စစ်အစိုးရ မြို့တည်တာ ၅နှစ် မပြည့်သေးဘူး... ဘယ့်နှယ့် နေပြည်တော် ဖြစ်သွားတာတုန်း... "တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာ" စနစ်ဆိုး သားကောင် ဆိုလဲ စနစ်ဆိုးရဲ့ သားကောင်တွေပေါ့... (သို့သော် အချင်းချင်းတော့ သတ်မစားပါဘူးဗျာ... အရက်နဲ့ မြည်းဖို့ သမင်ဇော်ဝင်းချစ်ရဲ့ ပေါင်သား ဆိုလားပဲ... ထွီ...ဝေါ့)... "ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။" ပြောနေ ရေးနေရင်း ဒေါ်လှိုင် Heat တက်သွားပုံ ရပါတယ်... ခွေးသားတဲ့... အေးဆေးပြောပါဗျာ... လက်ရှိရပ်တည် နေတဲ့ အဖွဲ့ဆိုလို့ မေးပါဦးမယ်... ဘာကြောင့် ဒီကေ့စ် ပေါ်လာမှာ (ပေါ်လာတော့) သွေးပျက်နေတာတုန်းဗျာ... ကိုယ်နဲ့လဲ ဆိုင်နေကြလို့လား... ကိုယ့်လက်ရှိ အခြေအနေနဲ့ ဟိုတုန်းက ဖြစ်တဲ့ ပြသနာ... ဘယ်လို ပါဝင်ပတ်သတ် ခဲ့ဖူးလို့လဲ... ပတ်သတ်ခဲ့ဖူး လို့များ သွေးပျက်နေတာလား... အချင်းချင်း မေးကြည့်ကြပါဦး... ဘယ်သူတွေ ဘယ်တုန်းက ဘာတွေ လုပ်ခဲ့ကြတုန်းလို့... အေဘီအက်စ်ဒီအက်ဖ် အတွက် ဆိုပြီး အမှန် အတိုင်း ရပ်တည်ချက် ရှိရှိ... ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ဆောင်ချက်တွေ ဘယ်အဖွဲ့ ဘယ်လူတွေကရော ဒီအမှု အတွက် စွမ်းစွမ်းတမံ ဖော်ထုတ်ပေးတာ တွေ့ဖူးလို့တုန်း... မနေနိုင် မထိုင်နိုင် ဝင်ပြောတဲ့ ဘေးကလူတွေကိုတောင် မုန်းချင် နေကြသေးတယ်... အမှန်တကယ်ဆို အေဘီ ပြသနာက အေဘီထဲမှာတင် ပြေလည် မသွားသင့်ဘူးလား... မဟုတ်တာ လုပ်ခဲ့ကြဖူးတာ လက်ရှိလူတွေမှ အားလုံး မဟုတ်တာ... အနည်းငယ်ပဲ ရှိတဲ့ ဒီလူတွေကိုရော ဒီကေ့စ်ထဲမှာ ပါဝင် ပတ်သတ်မှုကို မေးမြန်းပြီးပလား... (မထင်ပါ)... ဘယ်ခြောက်ပြီး ညာလှမ်းနေတဲ့ အကွက်က ရိုးစင်းလွန်းတယ်လို့ပဲ ပြောလိုက်ပါ့မယ်... "ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။" ဆိုတော့ အပိုင်း၁နဲ့ ၂ရဲ့ အောက်က ကွန်မန့်တွေ လာဖတ်ပြီး စိတ်နာနေပုံ ရတဲ့ အရေးအသားပါ... ကိုယ်ရေးတဲ့ အပိုင်းက အပိုင်း၃ သာရောက်လာရော... တော်လှန်ရေးနေ့(တပ်မတော်နေ့) ကနေကို မတက်သေးဘူး... တရက်ထဲနဲ့ အပိုင်း၃ခုတောင် ရေးနိုင်လို့ ဂုဏ်ပြုလိုက်ဦးမယ်... ဘယ်သူတွေက ရိုးသားပြီး ဘယ်ကောင်တွေက ဖျက်ဆီးမှာလဲ ဆိုတော့ အခုလို အပိုင်းတွေ ရေးတာနဲ့တင် ပြည်သူတွေ ခန့်မှန်းမိနေလောက်ပြီ... ကွန်မန့် တွေထဲမှာ သူလျိုဆိုရင်တောင် မသတ်သင့်ပါဘူးလေတဲ့... ဒီအရေးအသားနဲ့ဆို ကိုယ့်ကိုယ်ကိုယ် ဘာဆုရမလဲ မှန်းထားပေါ့... စစ်အာဏာရှင်ဆီမှာတောင် သေဒဏ်မရှိတော့လို့ သံချောင်းလို သေဒဏ်အခါခါကျတဲ့ သူတောင် ထောင်ထဲမှာ တသက်လုံးပဲ နေချင်နေရတော့မှာ... ဒါတောင် ကောင်းကောင်းမွန်မွန် နေရင် တချိန်က အေဘီရဲဘော်ဟောင်း မောင်သံချောင်း လွတ်နိုင်ခြေများပါတယ်... လူမပြောင်းပေမဲ့ မူတွေတော့ နဲနဲပြောင်းလာတာ ဒေါ်လှိုင့် မျက်မြင်ပဲ... ဒါနဲ့ ကျနော့် နာမည်လေး ဘယ်စာရင်းထဲမှာ ပြုစုထားတုန်း... အမှုမှန် ဖော်ထုတ်ရေးသမားလား??? အဖွဲ့အစည်းကို ဖြိုခွဲဖို့ လုပ်သူလား??? တကယ်ကြီးကို သိချင်သွားမိတယ်... "ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။" သိပ်မှန်တဲ့ စကားပါ... အချင်းချင်း ခေါင်းမဖြတ်ကြရင်ပေါ့လေ... ကြားထဲက ဒေါက်တာကြီးကပါ စာတွေ ဘာတွေ ထုတ်ထားဖူးလို့ ရွာလည် နေပြီလား... မေးကြည့်ပါဦး... တခါတလေ သမိုင်းမှာ သုံးစားမရတဲ့ ခပ်ကြောင်ကြောင် အာဏာရူးတဲ့ လူတချို့ကြောင့် စုပ်ပြတ်သတ်သွားတော့မဲ့ အဖွဲ့အစည်းတွေ အာဏာရှင်ဘက်ကော အာဏာရှင် ဆန့်ကျင်သူတွေ ဘက်မှာပါ မြင်နေရလို့ စိတ်မကောင်းကြောင်း ပြောရင်းနဲ့ပဲ အပိုင်း၃ကို အဆုံးသတ်လိုက်ပါ့မယ်...
အမှန်တရား ပေါ်အောင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြပါစေ... အမှန်အတိုင်း ဆောင်ရွက်ပေးမဲ့ လူအားလုံးနဲ့ လက်တွဲချင်ပါတယ်... လူသတ်ဝါဒ ကျဆုံးပါစေ... လူသတ်သမားတွေနဲ့ ထောက်ခံသူ အားပေးအားမြှောက်တွေပါ ကျဆုံးပါစေ... ဘရာဇီးငှက်ရိုး(ဒေါ်လှိုင် ဒီအပိုင်းတွေ မရေးခင်လေးမှာပဲ အကုန်ငြိမ်သက်နေကြလို့ ကျနော့် အကိုတော်တွေကို ကျနော် အမှန်အတိုင်း နာမည်အရင်းနဲ့ပဲ စာရေးချင်ပါတယ်လို့ ပြောတဲ့ အခါ အကိုတော်တွေက အခုအခြေအနေက မုန်တိုင်းမျက်စေ့ထဲမှာ ခဏပဲ ငြိမ်နေတာ မုန်တိုင်းက တိုက်ဦးမှာလို့ ပြောလာပါတယ်... မုန်တိုင်း ပြီးရင်ရော ဆိုတော့ မုန်တိုင်းပြီးရင် လေနီကြမ်း ထပ်တိုက်ဦးမှာတဲ့... ကဲ... ဘယ်နေ့ နာမည်မှန်နဲ့ ရေးမလဲ ဆိုတာ ခေတ္တတော့ စောင့်ပါဦးလေ...)

No comments: