Tuesday, April 10, 2012

ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည်



ရန်ကုန်၊ ဧပြီ ၁၀

တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်ခဲ့သော ရွှေလီရေအား လျှပ်စစ်စီမံကိန်း၏ တာဘိုင်စက်တစ်လုံးမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်ဖူလုံရေး အတွက် ရည်ရွယ်ပြီး အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားသည်။

အဆိုပါရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်တာဘိုင် ခြောက်လုံးရှိပြီး လောလောဆယ် နှစ်လုံး ဝယ်ယူထားပြီး နောက်ထပ်တစ်လုံးထပ်မံ၍ အမြန်ဆုံး ဝယ်ယူသွားမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်မှာ မီးမရှိရင်ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကြောင့် လျှပ်စစ် လုံလုံ လောက်လောက် ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ဆိုသည်။

 The Voice Weekly

No comments: