Tuesday, April 3, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)


(၄)
ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။ သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော် တွေကြားမှာ သံသယလေးတစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။
တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ် အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့ သေဖို့ပဲရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။ မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ရတယ်။
တယောက်စီ ခေါ် ထုတ်ခွဲစစ်ခဲ့တယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက တယောက်တပေါက်စီ ဖြစ်ကိုဖြစ်နေရမယ်။ ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားတွေကို  ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။
လက်တွေ့မှာ အရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည်လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုးကိုတောင် တောထဲခေါ် ပြလိုက်ကြသေးတယ်။
အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊ ကိုညီညီအပါအ၀င် ဒါတွေနဲ့ပတ်သက်ပြီး မေး မြန်းလာကြတာတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို မိဘတွေကိုယ်တိုင်လာခေါ်ရင် လွတ်ပေးမယ်ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေ ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို ခင်ဗျာ့တို့ သားသမီးတွေက ဒီလိုဒီလိုတွေပါလို့ ရှင်းပြခဲ့ကြသေးတယ်။
အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့ အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့သူတွေနဲ့ တော ထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်။ အဖမ်းခံရပြီး သူ့မိခင်လာတွေ့ပြီးနောက် အ ကျယ်ချုပ်နဲ့ အဆောင်မှာပြန်လာနေတဲ့ နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လိုပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မိုင်က သူ့ အိမ်က သူ့ကိုခေါ်တာ “မိငယ်” မဟုတ်ဘူး “မီးငယ်” လို့ ခေါ်တာတောင် သိနေတဲ့အကြောင်းနဲ့ လက်ရှိအဖြစ်အပျက် တွေကိုပါ ကျမကို ပြောပြခဲ့ဖူးတယ်။
ပထမတော့ နဲနဲအံ့သြမိတယ်။ ဘာကြောင့်လဲဆို သူအဲဒီလို ယုံယုံကြည်ကြည်ပြောပြဖို့ထိ ကျမနဲ့ သူနဲ့က သိပ်အတွဲမဖြစ် ခဲ့ဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင်က အဲဒီအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြစ်မှန်ကို သိချင်လွန်းလို့ ကျောင်းသား ထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ် အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့သူတွေစကားကို အကုန်လိုက်နားထောင် နေခဲ့တယ်။
နန်းအောင်ထွေးကြည်ရဲ့ အကိုဝမ်းကွဲ ဦးစိုင်းထွန်း သူ့ကိုလာတွေ့ပြီးတဲ့နောက် ကေအိုင်အေဘက်သွားခါနီးမှာ လက် မောင်း သွေးဖောက်ပြီး သစ္စာဆိုချင်တယ်ဆိုလို့ ရင်းမှူးသိုက်ထွန်းဦးဆီက ဓါးမြှောင် ကျမ သွားငှားခဲ့တယ်။ အဆောင် နားက ကျောက်တုံးကြီး ဘေးမှာ ကျမကအရင် ဓါးမြှောင်နဲ့ လက်မောင်းကို စိုက်လိုက်တယ်၊ ရာသီဥတုကပဲ အေးလို့ လား၊ စိုက်တာက သိပ်မနက်လို့ပဲလား မသိဘူး၊ ကျမတို့ထင်ထားသလို သွေးက စီးကျမလာဘူး။ အဲဒါနဲ့ ဆေးဆရာ နိုင်ဝင်း အကူအညီနဲ့ ဆေးထိုးအပ်နဲ့ စုပ်ထုတ်ယူပြီး ရောလိုက်တယ်။ သူမေးတယ် ကဲ ဘာသစ္စာဆိုချင်လဲဆိုတော့ ကျမ က “မှန်တာကို ပြောရမယ်၊ မှန်တာကို လုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်” လို့ (၃) ချက်ကို ပြောတယ်။
သူက အောက်က နှစ်ချက်ကိုတော့ ငါလုပ်လို့ရတယ် အပေါ်ဆုံးက “မှန်တာကိုပဲ ပြောရမယ်” ဆိုတာ မင်းငါ့ကိုနားလည် ပေးပါ၊ ငါက အခြေအနေအရ လိမ်ပြောရတာတွေ ရှိတယ်လို့ပြောတော့ ကျမ သဘောတူလိုက်တယ်။ “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက် ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင် ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ သတ်မှတ်မယ်” လို့ ကျမ သူ့ကို ပြောခဲ့ တယ်။
တချိန်မှာ ဒါတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့ ရဲဘော်ထွန်းအောင်ကျော်နဲ့အတူ အားလုံးက ဆန္ဒကိုယ်စီ ရှိနေခဲ့ ကြတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ တော်လှန်ရေးမှာ နောက်ထပ်နစ်နာဆုံးရှုံးမှုတွေဖြစ်အောင် ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပြန်အသုံးချနေတာမျိုးကိုတော့ ရဲဘော်ထွန်းအောင်ကျော် လိုလားနှစ်သက်လိမ့်မယ်လို့ ကျမ မယုံပါဘူး။ ဒါကို ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို မဆိုလိုပါ)
အထက်ဗမာပြည် ဗကသ ညီလာခံဆိုတာ ကျမတို့ မန္တလေးကျောင်းသူကျောင်းသားတွေ နဖူးကချွေး ခြေမ ကျအောင် နေပူပူထဲမှာ တဆိုင်ဝင်တဆိုင်ထွက် တအိမ်ဝင်တအိမ်ထွက် မျက်နှာအောက်ချပြီး အလှူခံ၊ ထမင်းဟင်းတွေ ချက်ပြုတ်၊ ကိုယ်စားလှယ်တော်တွေအတွက် ကျမတို့ကိုယ်တိုင် ထမင်းထုပ်တွေ ပို့ပေးခဲ့တာပါ။
ကိုစိုးလင်း (အာအိုင်တီ၊ မန္တလေး) ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ညှိပြီး အခက်အခဲအမျိုးမျိုးကြားက ကျင်းပခဲ့ရတဲ့ ညီ လာခံပါ။ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့နဲ့အတူ စင်မြင့်တနေရာကနေ ပွဲကြည့်ပရိတ်သတ်အဖြစ်နဲ့လည်း ကျမ ပါဝင်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးက ဗိုလ်ကြီးမြင့်ဦး ကိုယ်တိုင် သူ့ကားကို ညီလာခံအတွက် သုံးစွဲခွင့်ပေးတဲ့အပြင် ထောက်လှမ်းရေးတွေကို ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ခွင့်ပေးခဲ့တဲ့အတွက် အဲဒီညီလာခံလဲ ပြီးရော နောက် ထပ် လူဖမ်းပွဲကြီး စခဲ့တာကိုလည်း မမေ့ပါဘူး။
မန္တလေးကျောင်းသားတွေ သပိတ်မှောက်ထားတဲ့ကြားက ကျမနဲ့ ကျမသူငယ်ချင်း ပါစင်နယ်အနေနဲ့ ကိုထွန်းအောင် ကျော် (မန္တလေး၊ ဗကသ) ရဲ့ညီ ကိုလတ် (မန္တလေး၊ မကသ) တို့ ရတနာဘုမ္မိနယ်မြေမှာ ရုံးစိုက်လုပ်ခဲ့တဲ့ မကသညီလာ ခံကိုလည်း တက်ရောက်ခဲ့လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရပါသေးတယ်။ ကျမ သူငယ်ချင်းက ကိုထွန်းအောင်ကျော် ရဲ့ညီ ကိုလတ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။ လက်ဘက်ရည်ဆိုင်မှာ စုံမိလို့ သူတို့ညီလာခံမှာ ထောက်လှမ်းရေးတွေ ကို လုံးဝအ၀င်မခံတဲ့အပြင် အောက်လိုင်းတွေ ကြိုချထားတာမျိုးလည်း မလုပ်ဘူးဆိုလို့ စိတ်ဝင်စားပြီး သွားတက်ကြည့် တာပါ။
ဗကသဆိုတာ ကျောင်းသားအားလုံးပိုင်တဲ့ အားလုံးက တန်ဖိုးထားတဲ့ သမိုင်းဝင်နာမည် တခုပါ။ ဗကသကိုယ်စား ပြော နေသလိုနဲ့ ဘယ်သူကမှ ဒီကိစ္စအတွက် တာဝန်ပေးထားတာမရှိဘဲ ကာဗာလုပ်ပြီး အသုံးမချပါနဲ့။ ကိုယ့်ကိုယ်ကိုယုံရင် ကိုယ့်အရည်အချင်းကိုပဲ ကိုယ်သုံးစေချင်ပါတယ်။ အချိန်တန်ရင် ဗကသ ကိုယ်စားပြောဖို့ အမှန်တကယ်တာဝန် အပေးခံ ရသူ ထွက်လာပါလိမ့်မယ်။ ဒီအတွက်တော့ စိတ်ပူစရာမရှိဘူးလို့ပဲ ကျမပြောချင်ပါတယ်။
မန္တလေး ကျောင်းသားလှုပ်ရှားမှုအကြောင်း ကောင်းကောင်းနားမလည်တဲ့ “စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီ လောက်တုံးရသလား” ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ မှတ်ချက်ကို မန္တလေးကျောင်းသားလှုပ်ရှားမှုထဲမှာ ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးတဲ့ ကျမ အပြည့်အ၀ထောက်ခံပါတယ်။
ကေအိုင်အေက မငယ် (ခ) နန်းအောင်ထွေးကြည်ကို ခေါ်ထားတဲ့အချိန်မှာ သူနေတဲ့အဆောင်ကို ကျမသွားတွေ့ခဲ့တယ်။ အဲဒီလိုသွားတာမျိုးက ကျမအတွက် အန္တရာယ်ရှိမှန်း ကျမသိတယ်။ ဒါပေမဲ့ အဲဒီအချိန်က ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့ စိတ် နဲ့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီကတည်းက သူရေးထားတဲ့မှတ်တမ်းစာအုပ်လေး ကျမကို ပေးဖတ်ခဲ့တယ်။ သူဟာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ပထမဆုံးအနေနဲ့ ကျမကို သူထုတ်ပြောခဲ့တယ်။ ကျမ နားမလည်တာတွေ သူ့ကို ပြန်မေးခဲ့တာတွေရှိတယ်။
“ဥပမာ ငါသာ အဖမ်းခံရလို့ မေးလာခဲ့ရင် ထောက်လှန်းရေးနံပါတ် ဘယ်နှစ်လုံးရှိလဲ ငါမသိဘူး။ ‘၀၀’ သုည သုညနဲ့ စသ လား။ ‘၀၁၁’ သုညတစ်တစ်နဲ့ စသလား ဘာနဲ့စမှန်းငါမသိပဲ ဘယ်လိုဖြေမလဲ” မေးကြည့်တော့ …
“အဲဒါ ဘယ်အချိန်မေးမေး ငါတို့အမြဲမှတ်မိနေတဲ့ ရက်စွဲတွေခုနှစ်တွေကို ငါတို့ဖြေထားကြတာ၊ ဥပမာ ငါဆို က ၁၇၅၀ (၁၇) က ငါ့ရဲ့ ကျောင်းသားရဲမေ ကိုယ်ပိုင်နံပါတ် (၅၀) က တရာရဲ့တ၀က် ဘယ်အချိန်မေးမေး ငါမှတ်မိတယ်။
“ဒါဆို ဘာတွေလုပ်ကြသလဲ မေးရင် ကိုယ်မလုပ်ပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ ထပ်မေးမိတော့ …
“အဲဒါက တယောက်နဲ့တယောက် မတူဘူး။ ငါတို့ လိုင်းတွေ ခွဲထားကြတယ်။ ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာ။ ရဲဘော်တွေနဲ့ လူကြီးတွေကြား မကျေနပ်မှု ဆူပူမှုတွေ ဖန်တီးပေးတာက တလိုင်း။ ခေါင်းဆောင်နေရာတွေ ရအောင်ယူ ပြီး ကိုယ်လိုချင်တဲ့လိုင်းရောက်အောင် ခေါ်သွားမှာက တလိုင်း။ အဲဒီလိုမှ မရရင် လက်နက်နဲ့ အာဏာသိမ်းမယ်။ ဒါမှ မရ ရင် နောက်ဆုံး လူကြီးတွေကို အဆိပ်ခပ်သတ်မယ် အဲဒီလိုမျိုးတွေ”
အဲဒီအချိန်ကတော့ ဘာမှန်းမသိပဲနဲ့ နားထောင်ခဲ့ရတာမို့ ဘာမှဆက် မမေးဖြစ်ခဲ့ဘူး။ အခုတချို့လူတွေ ပြန်ရေးထားတာ ကို ဖတ်ကြည့်မိတော့ မရှိဘဲနဲ့ သူတို့ဖြေထားခဲ့တဲ့ လက်နက်တွေ၊ အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း နည်းအမျိုးနဲ့ နှိပ်စက်ညဉ်းပမ်းမေးနေတဲ့သဘောကိုတွေ့ရတော့ ကျမအတွက် မေးခွန်းတခု တိုးလာတယ်။
ဘယ်သူတွေက ဒီလိုင်းတွေကို ချပေးပြီး ဖြေခိုင်းခဲ့ကြတာလဲ၊
ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရတဲ့ လူတွေထဲကလား၊
ဒါဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့ကြတယ်ဆိုတာကို ပြနေပါတယ်။
အဲဒီအချိန်က ကိုယ့်သူမယုံ သူ့ကိုယ်မယုံ ဖြစ်နေတဲ့အချိန်ပါ။ ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။ ဒါကို နောက်ပိုင်း နန်းစော က “ဒေါ်လှိုင်ကလည်း ပြန်လာရင် ကိုယ့်ကိုဖမ်းမယ့်သူပါဆို ဘာကိစ္စ ငိုရတာလဲ” တဲ့။
ဒါက ကိုမျိုးဝင်းရဲ့အပိုင်းပါ။ ကျမအနေနဲ့တော့ ကျမတို့အားလုံးဟာ မိဘပြည်သူတွေနဲ့ ကျမတို့တိုင်းပြည်ကို ကောင်းစေ ချင်တဲ့ ဆန္ဒတွေကိုယ်စီနဲ့ ကျောင်းသားလူငယ်ဘ၀ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ သီချင်းလေးတွေနားထောင်၊ အချစ်အ ကြောင်းတွေ ဆွေးနွေးရင်း ဟိုငေးဒီငေးနဲ့ အပူပင်မဲ့ ချိုမြိန်တဲ့အရသာတွေကို ဘေးဖယ် တော်လှန်ရေးရဲ့ သေနတ်သံ၊ လက်နက်ကြီးသံ၊ မိုင်းကွဲသံတွေကြားမှာ သူ့အလှည့်လား ငါ့အလှည့်လား ၀မ်းနည်းကြေကွဲဖွယ် သတင်းတွေနားထောင် ခါးသီးတဲ့ဆင်းရဲဒုက္ခတွေကို ရင်ဆီးခံရင်း ပေးဆပ်ခဲ့ရတဲ့ ဘ၀တူ ရဲဘော်တွေပဲ ဆိုတဲ့ခံစားမှု။
ဒီလိုသတင်းတွေကို ဘယ်သူတွေဖြန့်နေကြတာလဲ မသိပေမယ့်၊ ဒါက ကိုသံချောင်းနဲ့ ကိုမျိုးဝင်းကို တိုက်ပေးလိုက်တဲ့ သဘော။ ဒါကြောင့် ကိုမျိုးဝင်းတိုက်ပွဲမှာ ကျတာတောင် ရှေ့ကျည်လား နောက်ကျည်လား လုပ်နေကြတာပါ။
ကိုခင်မောင်ဇော် (မြို့မှာတုန်းက ကောင်စီရုံးက လက်နှိပ်စက်စာရေး။ ဒါပေမဲ့ ကြည့်လိုက်တိုင်း ယူနီဖောင်းနဲ့ အသားကျ နေတဲ့ သူ၊ ယူနီဖောင်းရဲ့ လျှို့ဝှက်ချက်က အသားမကျတဲ့သူဆို မီးပူတိုက်ဝတ်တောင်မရဘူး။ အသားကျပြီးသား ဆိုရင် လည်း အသားမကျအောင် ၀တ်လို့ကို မရတော့တာ။ မြောက်ပိုင်းကို စရောက်ကတည်းက သူ့ရုပ်ကိုမြင်တိုင်း ရဲနဲ့တူသလို နန်းရှေ့ရဲစခန်းဘက်မှာ မြင်ဖူးသလို စိတ်မှာခံစားခဲ့ဖူးတယ်။ မေးကြည့်တော့ မန္တလေးကလို့ မပြောဘူး၊ ပုသိမ်ကြီးကတဲ့၊ ပြန်ဝင်ခဲ့တဲ့အချိန် ပြန်တွေ့တော့ သူပြောတဲ့ပုသိမ်ကြီးဆိုတာ အဟုတ်။ မန္တလေးအရှေ့ဘက်ထွက်ပေါက် ကပ်ရက်က ပု သိမ်ကြီး ဖြစ်နေတယ်။ အဖမ်းခံရချိန် သူဖြေထားတာက ဒလမ) အရာရှိရိပ်သာက အကျယ်ချုပ်ကနေလွတ်ပြီးတဲ့ နောက် မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့်ရခဲ့သေးတယ်။
တနေ့ ကျမ စစ်ရုံးဘက်ကို တက်အသွားမှာ ကိုခင်မောင်ဇော်က ကိုမျိုးဝင်းပစ္စည်းတွေ ရှင်းနေတာလား မီးရှို့နေတာလား မမှတ်မိ။ မှတ်မိနေတာက ကိုမျိုးဝင်း ကျဆုံးချိန်က ၀တ်ခဲ့တဲ့ စစ်ပျောက်ကျား ၀စ်စကုတ်လေးကိုင်ပြီး ထွက်လာတယ်။  “ကျည်ဆံက ရှေ့ပေါက်လား နောက်ပေါက်လား” လို့ပြောရင်းနဲ့ ကျမရှေ့တင် မြေပေါ်မှာ ဖြန့်ချကြည့်နေတယ်။ သူလည်း ကျမကို မျက်မြင်သက်သေအဖြစ် ချန်ထားတာ သိနေပုံရတယ်။ ကျည်ဆံရှေ့ပေါက်လား နောက်ပေါက်လား အသေအ ချာထပ်သိချင်တဲ့ သူများရှိနေသေးခဲ့ရင် အရာရှိရိပ်သာ အကျယ်ချုပ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ရဲဘော်တွေအခေါ် ခို (ခ) ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်) ကို မေးကြည့်နိုင်ပါတယ်။
ကျမ မသိတဲ့ အမေးပုစ္ဆာ
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအချိန်မှာ ကျမ ကေအိုင်အေဆေးသင်တန်းမှာ ရှိနေတဲ့အချိန်မို့ မြို့မှာကတည်းက ကျမသိခဲ့ တဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ)တို့ ဘယ်အချိန်က ဗဟိုကို ရောက်နေကြမှန်းတောင် ကျမ မသိခဲ့ဘူး။ ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအလိုမှာပဲ မြို့ကနေ အုပ်လိုက်ရောက်လာခဲ့တဲ့ လူသစ်တွေလည်း ရှိတယ်။ အဖမ်းခံခဲ့ရတဲ့ တောထဲက ရဲဘော် ရဲမေတွေဖြစ်တဲ့ နန်းစော၊ နန်းအောင်ထွေးကြည် တို့ ကိုယ်တိုင်တောင် ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်) တို့တွေကို အဖမ်းခံရခါနီးနဲ့ ခံရတဲ့အချိန်ကျမှသာ မြင်တွေ့ဖူးခဲ့ကြရတာပါ။
နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင် ဘူးလို့ ယူဆကြလို့ ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျမ နားမလည်နိုင် တာက ဒါတွေဖြစ်ပျက်နေတဲ့အချိန် ကွက်တိကြီးမှာမှ ဒီ ယူဂျီလုပ်ခဲ့သူတွေအားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။
တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။ အဖမ်းခံရ ပြီး၊ အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ပြန်လွတ်) က လက်ချာဟောဘေးမှာ ကျမကို လာတွေ့ပြီး ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က ရန်သူ့လူတွေ မဖြစ်နိုင်ဘူးလားလို့ လိုင်းတင်မေးလာတာတွေရှိတယ်။ ကျမက “အဲဒါ တော့ မဖြစ်နိုင်ဘူး။ ကိုသံချောင်းဆို ဒီလောက်ရိုးတာ သူကျောင်းသားဆိုတာ ကျမယုံတယ်” လို့ ပြန်ဖြေခဲ့တယ်။
ဒါကိုမေးခဲ့တဲ့ ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။ ကိုညီညီ (မန္တလေး၊ ယူဂျီ) ဆိုတာ တောထဲမှာ ရဲဘော် ရဲမေ ဘ၀မျိုး နဲ့ မနေခဲ့ဖူးသလို၊ အဖမ်းခံရတဲ့ ရဲဘော် ရဲမေတွေအားလုံး အကြောင်းမပြောနဲ့ သူလာမေးနေတဲ့ မန္တလေးသူ ကျမ အ ကြောင်းတောင် ကောင်းကောင်းသိမှာ မဟုတ်ပါဘူး။
အဲဒီလိုလူရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲဆိုတော့ အံ့သြ စရာပဲ။ တောထဲမှာ ရဲဘော်ရဲမေတွေနဲ့ အတူတူနေခဲ့ပြီး ကိုယ်တိုင်အဖမ်းခံခဲ့ရတဲ့ ဒီဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တစိတ် တပိုင်းအားဖြင့် တာဝန်ရှိခဲ့တဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့လို ဗဟိုကော်မတီဝင်တွေတောင် ထောင့်စုံအောင် မစဉ်းစား နိုင်ခဲ့တဲ့ ကိစ္စ။ အေဘီရဲ့အပြင်ဘက်ကလူပါဆိုတဲ့သူက ဘာတွေပိုသိနေလို့ ဘာတွေကိုရေးမှာလဲ စိတ်ဝင်စားစရာပဲ။
အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိတ်) ဆိုတာ ကျမ တောထဲသွားတဲ့အချိန်က ကိုချိုကြီးနဲ့အတူ စီစဉ်ပေးခဲ့သူ။ ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက သူနဲ့ပတ်သက်တာတွေ ဘာမှမပြောဖို့ လှမ်းအကြောင်းကြားခဲ့တယ်။ ကျမ ကိုယ်တိုင်က လည်း ကျမအကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ ထည့်ပြောဖို့ ရည်ရွယ်မထားဘူး။ အဲဒီတုန်းက ကိုမောင်မောင် ဆီ မှာ ကျောင်းသားတပ်ကသီချင်းတွေ ပြန်နားထောင်ချင်လို့ သီချင်းခွေ သွားယူခဲ့သေးတယ်။ နန်းစော ခေါ်သွားလို့ ကိုညီ ညီကျော် တို့ အိုကေတို့နဲ့လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်သေးတယ်။
ဘာကြောင့်လည်းတော့ မသိဘူး၊ ကိုညီညီနဲ့တော့ တခါမှကို မဆုံဖြစ်ခဲ့ဘူး။ (ကိုညီညီကတော့ တရုတ်တန်းဈေးက သူ့ မိန်းမဈေးဆိုင်ရှေ့မှာ ကျမကို ဆဲတောင်လွတ်လိုက်တယ်ဆိုပါလား။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့သူက ယောက်ျားရင့်မကြီးဖြစ်ပြီး မဟုတ်ဘဲ လုပ်ကြံပြောဆိုရေးနေတဲ့အပေါ် အနည်းဆုံး တော့ ကိုယ့်ကိုယ်ကို ပြန်ရှက်ရကောင်းမှန်းတောင် မသိသေးတာ သနားစရာပဲ။ သမိုင်းဆိုတာ အမှန်တကယ်အများအ တွက် ဘယ်သူ ဘာလုပ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာမရှိပါဘူး။
ကျမအနေနဲ့တော့ ဘယ်သူ့ကိုမှ ရှောင်နေစရာ အကြောင်းမရှိတာတော့ သေချာပါတယ်။ တော်လှန်ရေးထဲက လူချင်း မျက်လုံးချင်းစုံပြီး ကျမ မကြည့်ရဲတဲ့သူ အခုချိန်ထိ တယောက်မှ မရှိသေးဘူး။ ကျမအဖေ ကျမကိုပေးခဲ့တဲ့အမွေက ပစ္စည်းဥစ္စာ မဟုတ်ဘူး။ လိပ်ပြာသန့်အောင် နေထိုင်တတ်နည်းပဲ။
ကိုညီညီရဲ့အကို ကိုမောင်မောင်သာ ဒီလိုင်းပေါ်ကို တက်မလာခဲ့ရင် သူ့နာမည်ကို ကျမ ထည့်ရေးစရာ မရှိဘူး။ ဒါပေမဲ့ လိုင်းပေါ်ကို တက်လာတဲ့အပြင် အဖွဲ့ကိုပါတိုက်ခိုက်လိုတဲ့ သဘောတွေ့ရလို့ သူဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။
တောနဲ့ ယူဂျီလိုင်းချိတ်ပြီး ပြန်ဝင်သွားခဲ့တဲ့ တောထဲကလူတချို့ မန္တလေးမှာ အဖမ်းခံခဲ့ရတယ်။ မန္တလေးမှာ လုပ်နေတဲ့ လူတချို့လည်း အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်သွားတယ်။ ရန်ကုန် မန္တလေးနဲ့ ချိတ်ပြီးလုပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း က ရှမ်းလူငယ်တချို့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့တယ်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်မေးမြန်းဒဏ် တော်တော် လေးခံ လိုက်ကြရတယ်။ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူတချို့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ ထဲထဲဝင်ဝင် လုပ်ခဲ့တာမျိုးမရှိတဲ့ ကျမတောင် တောထဲရောက်တာ စောသွားလို့နဲ့ ကျမနဲ့ ကျမ သူငယ်ချင်း (မာလာသိန်း၊အထဲပြန်ရာက်စဉ်သူပြောပြခဲ့လို့) ကို လူမှားပြီးလိုက်နေလို့ အဖမ်းမခံခဲ့ရတာ။ ထောက်လှန်းရေးက စလေ၊ ရွေဘိုမှာရှိတဲ့ အကိုအမအိမ်တွေပါမကျန် လိုက် ရှာခဲ့ကြတာ။
ကိုချိုကြီးရဲ့ လူယုံအနေနဲ့ ယူဂျီလုပ်ငန်းအတော်များများမှာတွဲလုပ်ခဲ့တဲ့ (ကေအိုင်အေအတွက်တောင် လုပ်ပေးခဲ့တာတွေ ရှိတဲ့) ကိုမောင်မောင်ကတော့ တခါမှအဖမ်းမခံခဲ့ရဖူးဘူး။ ဒါတွေကြောင့် ကေအိုင်အေက ဗိုလ်မှူးပန်းအောင်က သူ့ရဲ့ညီ ကိုညီညီကို ခေါ်ထားပေးခဲ့ ကာကွယ်ပေးခဲ့တယ်။ ထဲထဲဝင်ဝင် ယူဂျီလုပ်နေတဲ့ထဲမှာ ကိုချိုကြီးရဲ့ လူယုံတယောက်အဖြစ် နေရာတိုင်းမှာပါခဲ့ပေမဲ့ အခုချိန်ထိ အဖမ်းမခံခဲ့ရသေးတာ ကိုချိုကြီးတို့နဲ့အတူ တောထဲထွက်ပြေးဖို့လည်း မလိုသေးတာ ဘာကြောင့်လဲ။
ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီး အလိုလောက်မှာမှ မြို့မှာနေလို့မရတော့တဲ့ အဖြစ်မျိုး ဖန်တီးပြီး ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို တောထဲကိုမောင်းပို့ခဲ့တာ ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လား။ မတော်တဆ တိုက်ဆိုင်မှုပါလို့ ဘယ်လိုယူဆနိုင်ပါ သ လဲ။
ကိုချိုကြီးကို နိုင်ငံရေးဌာနမှာ ကိုညီညီကို နိုင်ငံခြားရေးမှာ တာဝန်တွေပေးခဲ့တယ်တဲ့။ တခြားသူတွေတော့ မသိဘူး ကျမ တော့ တခါမှကို မကြားခဲ့ဖူးဘူး။ ဒါတွေဖြစ်နေချိန်ကြီးမှာ ဘယ်သူမှ ဒီရာထူးတွေပေးဖို့ စဉ်းစားနိုင်မယ်လည်း မထင်ပါ ဘူး။ မဟုတ်ဘဲ ဘာကြောင့် ဇာတ်လမ်းတွေ ဆင်နေရတာလဲ။
ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) ကို ကျမ သိပေမဲ့ အဲဒီ ယူဂျီလိုင်းကနေ ဒါတွေဖြစ်ခါနီးမှ တောထဲကိုလွတ်ပေးခဲ့တဲ့ ကို ကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) တို့ရဲ့ သမိုင်းကြောင်းလေးတွေလည်း ချန်မထား သင့်ပါဘူး။ သူတို့တွေ အဖမ်းခံရပြီးနောက်မှ အဖမ်းခံခဲ့ရတဲ့ ရဲဘော်ထွန်းအောင်ကျော် အတွက် ပါဝင်ခဲ့သူတွေအားလုံး ထည့်သွင်းတွက်ချက်နိုင်အောင် ထည့်ရေးသင့်တယ်ထင်ပါတယ်။
ဒီယူဂျီအုပ်စုတွေ တောထဲရောက်လာတာနဲ့ အချိန်ကိုက် စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။
စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။
ကိုမောင်မောင် (ရွေကရိတ်ဝိတ်) က အဖမ်းလည်းမခံရ အဲဒီအချိန်က ကိုချိုကြီးတို့နဲ့အတူ တောထဲပြေးဖို့လည်းမလိုခဲ့ တာ အရမ်းကို သေသေသပ်သပ်နဲ့ ပိပိရိရိလုပ်ခဲ့ပါတယ် ဆိုတဲ့သဘောလား။
ဒါဆို ယူဂျီနေရာကနေ ထုတ်စရာ စာအုပ်အဆင့်သင့်နဲ့ အခုမှ ဘာကြောင့် အချိန်ကိုက် အပေါ်ကို တက်လာရတာလဲ။ ချိတ်စရာတော မရှိတော့လို့လား။ ဒါမှမဟုတ် ကိုသံချောင်းတို့အဖမ်းခံရချိန် (၂၀၀၆) သတင်းစာရှင်းလင်းပွဲလုပ်တုန်းက “လူငယ်တွေ ကျနော်တို့လိုအဖြစ်မျိုးနဲ့ ထပ်မကြုံရအောင် သမိုင်းအဖြစ်နဲ့ ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အနေနဲ့ စာ အုပ်ထုပ်သင့်ပါတယ်။ လိုအပ်တာတွေအတွက် အချိန်မရွေး ကျနော် ကူညီပေးဖို့အသင့်ပါပဲ” ဆိုတဲ့ တိုက်ပိတ် (ခ) သန်း ထွန်းစိုးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့လား။ ဒါမှမဟုတ် မထင်မှတ်ဘဲ ရည်ရွယ်ချက်ချင်း တူနေကြတာလား။ ကိုယ် တိုင်ပါဝင်ခဲ့တဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံးထွက်ပြေးနိုင်သူ) ကရော ဒီအကြောင်းတွေကို ဘာကြောင့် ကိုယ်တိုင်မရေးဘဲ ကိုမောင်မောင်ကို ရေးစေခဲ့တာလဲ။ ကိုမောင်မောင် စာရေးဆရာမဟုတ်တာတော့ သေချာပါတယ်။
ဒီအကြောင်းတွေရေးနေတဲ့ ကိုမောင်မောင်ရဲ့ညီ ကိုညီညီကိုယ်တိုင်ကရော သူရေးတဲ့ထဲမှာပါတဲ့ ရဲဘော်ရဲမေတွေ အား လုံးကို စကားရော ပြောဖူးခဲ့ရဲ့လား၊ အသာထားအုံး၊ သူ အကုန်လုံး မြင်ဖူးခဲ့ရဲ့လား။ နာမည်နဲ့လူနဲ့ရောတွဲမိရဲ့လား။ စဉ်း စားစရာပဲ။ တောထဲမှာ အကျယ်ချုပ်နဲ့လွှတ်ထားစဉ်က လက်ချာဟောနားမှာ တခါလေးပဲ သူလာမေးလို့ ပြောခဲ့တဲ့ ကျမ ကိုတောင် အချက်အလက်တွေကို ရှောင်ရေးတဲ့ သူ့ရဲ့မော်ဒန်ရေးနည်းနဲ့ ကျမ မပြောခဲ့တဲ့စကားတခွန်း မရရအောင် အ ဆစ်ထည့်လိုက် သေးတယ်။ “ကိုသံချောင်း မမှားဘူးတဲ့”
ခဲဖျက်စကိုင်ကတည်းက လူတိုင်းမှားတတ်တာကို သိနေတဲ့လူတိုင်း ဒီလို နလိန်ပတုန်း အပြောမျိုးပြောနေစရာကို အ ကြောင်း မရှိဘူး။ လူတိုင်း ကိုယ့်အမှားကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ။ ကျမမှားရင်လည်း ကျမတာဝန်ယူမယ်။ ဒီလို မရမက ဆွဲထည့်ရေးနေရတဲ့ဟာကလည်း (ကုသိုလ်ကံများ ဆိုးချင်တော့) ကျမက လက်ရှိမှာ ကိုသံခဲရဲ့ အမျိုးသမီး ဖြစ် နေပြန်တယ်။ မဟုတ်လို့ကတော့ ထည့်ရေးစရာ အကြောင်းကို ရှိမှာမဟုတ်ဘူး။
ဒါကြောင့် ကျမနာမည်ကို အသုံးချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကိုပါ ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ရှင်းဆိုတာ ဖြူ သလား မဲသလားးမသိ။ ဖားကန့်ဆိုတာလည်း တခါမှမရောက်ဖူး။ ဒါတွေဖြစ်ပြီးချိန်မှ မြဇော် (ခ) ၀သုန် (တောနဲ့မြို့ ဆက် သွယ်တဲ့ယူဂျီ၊ လက်ရှိအမေရိက) ခေါ်လာလို့ အိန္ဒိယဘက်ကနေ တယောက်တည်းတောင် မဟုတ်ဘူး ရဲဘော်တွေ အုပ် စုလိုက်နဲ့လာခဲ့တဲ့ ကိုသံခဲ (လက်ရှိ အေဘီ ဥက္ကဋ္ဌ) ကို ကျောင်းတော်က ရန်ညှိုးရန်စလည်း မရှိ။ စကားတောင် တခါမှ မပြောခဲ့ဖူးဘဲနဲ့ အသားလွတ်ကြီး ရန်ရှင်းကို ဖားကန့်မှာသတ်တာကို “လက်ပိုက်ကြည့်နေလို့ လွတ်မယ်ထင်သလား” တဲ့။ “ကိုသံခဲက အဲဒီအချိန်မှာ မအားဘူး၊ ကျမကို ပိုးနေရလို့” တဲ့။ ကိုသံခဲတို့ မြောက်ပိုင်းကို ရောက်တဲ့အချိန် (၁၉၉၃) မှာ ကျမက ကျောင်းဆရာမသွားလုပ်နေတဲ့ တပ်မဟာ (၁) နယ်မြေမှာ။ ကိုသံခဲနဲ့ ကျမနဲ့ တွေ့တာက ကျောင်းဆရာမသွား လုပ်ပြီး ကေအိုင်အေ အပစ်အခတ်ရပ်ဆဲရေးကြောင့် ပြန်လာခဲ့ရတဲ့ (၁၉၉၄) မှာ၊ ပြန်ပြင်ချင်ရင် ပြင်လိုက်အုံး။
ကျောင်းသားမှန်ရင် ဖြစ်ခဲ့တာကို အမှန်အတိုင်းပြောချင် ပြောမယ် မဟုတ်ဘဲနဲ့တော့ လုပ်ကြံဖန်တီးပြီး မပြောဘူး။ မ ဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး ပြောနေပြီဆိုရင် အဲဒါ ကျောင်သား မဟုတ်ဘူး။
အေဘီကို တိုက်ဖို့ရည်ရွယ်ချက်မရှိတာမှန်ရင် အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာမှန်ရင် တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေကို ပတ်ရမ်းပြီး အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။ တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်းပြီးရင် ဒုတိယအဆင့် အ နေအထားကနေ အဖမ်းခံရသူတွေ အားလုံးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ မြို့မှာကတည်းက ကိုညီညီ၊ ကိုညီညီကျော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊ ကိုမျိုးဝင်းရဲ့လူယုံ၊ တခါတလေ မန္တလေးမှာရှိနေတတ်) တို့နှစ်ယောက်လုံး ကိုညီညီနဲ့ တမြို့တည်း အနီးလေး မှာ ရှိနေတာပဲ။ ဒီလောက် အမှန်တရားလိုလားနေတဲ့လူက ကိုယ်ကလူမှန်ဆို ဘာကြောင့် ကိုသန်းဇော်နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။
ကျမအမြင်ကတော့ ရှင်းပါတယ်။ အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရဌား အားစမ်းကြည့်တဲ့သဘောပါ။ ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖကသတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။ အထဲမှာရှိနေတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးခေါင်းဆောင်တွေ ကျောင်း သားခေါင်းဆောင်တွေလည်း မသိစရာမရှိပါဘူး။ တတိုင်းပြည်လုံးအတွက် ကိုယ်အဓိကသွားနေတဲ့လမ်းကြောင်း မ ပျောက်အောင် ဒါတွေကို လုပ်ချိန် မတိုင်သေးဘူးလို့ သဘောထားခဲ့ကြလို့ မလုပ်ကြသေးတာပါ။
ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒါမျိုးတွေကို ဖော်ထုတ်ကြေးဆိုရင် မြောက်ပိုင်းတခုတည်းမှာတင်မကဘူး၊ တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။
“အမှန်တရားအတွက် အမှန်အတိုင်း ရေးသားတင်ပြထားတာတဲ့ စိတ်ဝင်စားစရာပဲ စောင့်ဖတ်ရအုံးမှာပေါ့။ ကျမ ထင်တာ မမှားဘူးဆိုရင် ဒီလိုလူမျိုးတွေပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ဦးစိန်တို့ကို ထိုးကျွေးပြီး မြောက်ပိုင်းမှာ လှုပ်ရှား သွားခဲ့ကြတာ။ တောနက်နက်ထဲမှာနေခဲ့တဲ့ ကိုမျိုးဝင်း၊ကိုသံချောင်းတို့က ဒီအဖြစ်အပျက်တွေမဖြစ်ခင် အစပိုင်းကတည်း က တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့တဲ့ နန်းအောင်ထွေးကြည်တို့ အုပ်စုအပေါ်၊ ကိုအောင်ကျော် တို့လို လူတွေ အပေါ် မသင်္ကာစရာသတင်းတွေ ဘယ်ကရခဲ့ကြသလဲ၊ ယူဂျီလမ်းကြောင်းက။
မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရတာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုဝင်းနဲ့ ကိုသံ ချောင်း။ အရပ်သားစကားနဲ့ပြောရရင် ရန်သူဆိုတိုက်ဖို့လောက်သာသိတဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ မီးပွား လာချ၊ ဓါတ်ဆီလောင်းပေးခဲ့တာ မြို့ကကျောင်းသားနာမည်ခံ လူလည်တစု။
(၅)
ကျမလို အောက်ခြေမှာနေတဲ့ သာမန်ရဲမေတယောက်တောင် ရန်အောင်ကို စဖမ်းကတည်းက ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ သံသယဖြစ်ခဲ့သေးရင် လူအယောက်နှစ်ဆယ်ကျော်လောက်ကို ဖမ်း စစ်မေးမြန်းပြီးတဲ့နောက်မှ အဖမ်းခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုညီညီ၊ ကိုညီညီကျော်၊ တို့ အနေနဲ့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါကို ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

“မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)”

  1. မိုးနတ် April 3, 2012
    အမှု စစ်လို့တစ်ယောက်နဲ့တစ်ယောက် ထွက်ချက်တူအောင်စစ် ပြီးတော့တူတာကို ဒေါ်လှိုင်မတွေ့ဘူးဘူး ဖြစ်မယ် ။ နဝတ ခေတ် သံလျှင်ရေချက်စက်ရုံ ဗုံးကွဲတဲ့အမှု တယောက်မှမဟုတ်ပဲ အခုထိထောင်ထဲ ရှိနေသေးတာ ဒေါ်လှိုင် ကြားကောကြားဘူးလား ။ဥက္ကဌ ကတော် ဆိုတဲ့အရှိန် နဲ့လူတွေ ငါပြောရင် ယုံမယ် ဆိုပြီးလာမလုပ်နဲ့ လူတိုင်းမှာ အတွေ့အကြုံရှိပါတယ် ။ မျိုးဝင်းတို့သံချောင်းတို့ တို့ထက်တောင်စစ်ကြောရေး အတွေ့အကြုံရှိသူတွေချည်းပဲဆိုတာ သိထားပါဒေါ်လှိုင် ။ ထွက်ချက်တူအောင်စစ်တာတွေ လိုက်ပြောမနေနဲ့ ။ ဒီလိုပြောလိုက်လို့ လူ၁၀၀ ထောက်လှမ်းရေးဖြစ်ရရောလား ။ တညင်အမှုလိုမျိုး မြောက်ပိုင်းကိစ္စ က။ ပိုပြီးစစ်ကြောရေးကြမ်းတာ ကတော့ မြောက်ပိုင်းကပိုတယ် ။မြောက်ပိုင်းထက်လျှော့ပြီးစစ်တာတောင် အင်မတန်ယုတ္တိရှိတဲ့ ဇာတ်လမ်းကြီးကို ဗိုလ်ခင်ညွန့်ကိုယ်တိုင် မရှက်မကြောက်ခပ်တည်တည် ပြောခဲ့ဘူးတာမှတ်မိလား ။ မလှိုင်တောထဲရောက်နေ လို့မကြားဘူးတာလဲဖြစ်မယ်။ ဗိုလ်ခင်ညွန့်ထက်ပိုအရှက်မရှိတဲ့သူ တွေပြောကြပါငါပြောတာလူတွေယုံမယ်ထင်နေရင်တော့ မှားမယ်နော်
    Reply
    • ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ Do You know why myo win thought he needed to detain 5 of you? Here is the answer, he realized that you and the other four were spying for the military junta. Right?
      Reply
  2. မိုးဝေ April 3, 2012
    ခင်ရွှေလှိုင်ရေ နင်ကတော့ လိမ်ပြီးရင်းလိမ်နေတယ်။ မန္တလေးမှာ လုပ်တဲ့ ဗကသ ညီလာခံဆိုတာ ကော်မတီကနေ တာဝန်ခံလုပ်တာဟ။ စိုးလင်း က ထောက်လှမ်းရေးနဲ့ ညှိလုပ်တာမဟုတ်ဘူး။ နင်ကရော ဘယ်သမဂ္ဂရဲ့ ကိုယ်စားလှယ်အဖြစ်ပါဘူးလို့လဲ။ မိတ်ဆက်ပါအုံး။
    Reply
  3. Htay Tint April 3, 2012
    ဗကပ ကို ဖြိုခွဲခဲ့တဲ့ အခါတုံးကလဲ တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးဌါနက လိုအပ်တဲ့ အချိန်မှာ သတင်းအမှန်တွေကို လိုချင်တဲ့ အမှားတွေ ထုတ်ပြန်ခဲ့တယ်လို့  ဦးချစ်လှိုင် ၂၀၁၁ သတင်းတခုမှာရေးခဲ့တယ် ။ ပြင်းထန်နေတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေမှာ ဆန့် ကျင်ဖက် ပျော့ညံ့မှုတွေ ရှိနေပါတယ် ။ ခေါင်းဆောင် ဆိုတဲ့သူတွေ မပြည့်ဝသေးတဲ့ အတွေ့ အကြုံတွေနဲ့  မိမိ အရိပ်ကို တစ္ဆေလို့ ထင်ယောင်မိတာတွေကို လက်တွေ့ ထင်နေတာ ရေးနေကြတာ အခုအနှစ် ၂၀ အထိ အဲဒီဘဝက မလွတ်ကြသေးဖူး ။
    Reply
  4. ကျော်ခိုင် April 3, 2012
    ခက်တော့နေပြီ မဒမ်သံခဲရယ်။ ကျော်ခိုင်ဝင်း ရဲ့ အစီရင်ခံစာမှာ လူတွေဘယ်လို အော်ပြီးသေသွားတယ် ဆိုတာ ပါတယ်လေဟာ။ ကျော်ဝေကွ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ၊ ဟေ့ကောင် ငါကျောင်းသားကွ ငါကျောင်းသား—- မဒမ်သံခဲက သတ်တဲ့နေရာမှာ အစအဆုံးရှိပါရဲ့လား။ ကျော်ခိုင်ဝင်းက မျိုးဝင်းနားမှာ ၊ သတ်တဲ့ကျင်းနားမှာ အစောင့်ကျခဲ့တဲ့သူလေ။ ကိုကြီးမျိုးဝင်း၊ ကိုကြီးသံချောင်း တို့ကို ကာကွယ်ချင်တာနဲ့ လျှောက်ရေးလျှောက်ပြောနေတာပါလား
    Reply
    • justice April 3, 2012
      ဒေါ်လှိုင်ပြောသလိုပဲ ကျောင်းသားအစစ်က မဟုတ်ခဲ့တာတွေ လုပ်ကြံဖန်တီးပြီးမပြောဘူး။ ( ကျော်ဝေကွ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ၊ ဟေ့ကောင် ငါကျောင်းသားကွ ငါကျောင်းသား…) ဆိုတဲ့စကားဟာ ကျော်ခိုင်ဝင်း ကကြားခဲ့ပြီး ပြောတဲ့စကားလား? နအဖ ထောက်လှမ်းရေးတွေက လုပ်ကြံဖန်တီးပြီး ပြောတဲ့စကားလား? အဲ့ဒီစကားကို ကျော်ခိုင်ဝင်း က ၁၀၀ % အာမခံသလား? ကျော်ခိုင်ဝင်းကရော သတ်တဲ့အချိန် အစောင့်အဖြစ် ရှိနေသလား? ကျော်ခိုင်ဝင်း စစ်စစ်ရဲ့ ပြောဆိုချက်ကို ကြားချင်ပါသေးတယ်။ သတ်တဲ့အချိန်မှာ အစောင့်အဖြစ်ရှိနေတဲ့ တခြား ရဲဘော်တွေ ရှိနေသေးတယ်ဆိုတာ နအဖ ထောက်လှမ်းရေးတွေ မေ့နေပုံရတယ်။ မင်းတို့ရဲ့ လန်ကြုတ်ဇာတ်လမ်းတွေ ရပ်လိုက်ပါ။
      Reply
  5. ဆရာ ချစ်ဦးညိုရဲ့ အတွေးအခေါ်ကို ပုံတူ ကူးတယ်လို့ အသိတစ်ယောက်က ထောက်ပြတယ်။ ဒဿဂီရိဟာ အချစ် သူရဲကောင်း ဖြစ်လာပြီး၊ ငတတ်ပြားဟာ ရွှေတိုက်စိုး ဖြစ်လာတဲ့ ရာဇဝင် ပြောင်းပြန်ရေးနည်းကို အတော် ကျေညက်ပုံရတယ်။ ဆရာချစ်ဦးညို သိရင် ဂုဏ်အတော်ယူနေမှာ။
    တစ်ယောက်မှ မငြင်းဘူးဆိုတဲ့ အဆိုကတော့ အတော်ရဲရဲ့တဲ့ အဆိုပဲ။ မျက်မြင် သက်သေတွေအရ ဦးစိန်ဟာ ဝန်မခံလို့ ဆိုပြီး အသတ်ခံရသလို၊ နောက်ဆုံး သေတဲ့ အထိ “ငါတို့ဟာ ကျောင်းသားတွေ” လို့ ပြောနေသူရှိတယ်ဆိုတာ သက်သေတွေကို ဖယ်ထားပုံရတယ်။ … တချို့က ပြောကြပါတယ်။ ကျွန်တော့်ကို အပ်တစ်ချောင်းသာပေး … စာရေးသူကို သန်းရွှေ သမီး ဖြစ်ပါတယ်ဆိုတာ သတ်ခံရမယ်လို့ သေချာ ပေါက် သိနေတဲ့ အချိန်အထိ ဝန်ခံအောင် လုပ်ပြမယ်။ စိန်ခေါ်ရဲပါသလား။
    Reply
  6. Tin Min Htet April 3, 2012
    ရိုးသားသယောင် ရှိပါတယ်၊ တသက်လုံး ရိုးရိုးသားသား တော်လှန်ရေးထဲ ပါခဲ့တဲ့ ရဲမေ တဦးဖြစ်ဟန်တူပါတယ်။ ဒါပေမယ့် အစွဲ သိပ်ကြီးပါတယ်။ တိုက်ခိုက်ရေးက သူတွေက လူရိုးလူဖြောင့်တွေ၊ သတ်ရင်တောင် စေတနာရိုးနဲ့  သတ်တာလို့  ပြောချင် နေသလို ဖြစ်နေပါတယ်။
    ၁။ ဒီလူတွေ ဒီလို အဖမ်းခံရအောင် လမ်းကြောင်းပေးဖို့  အဖမ်းခံရသူတွေနဲ့ ၊ ဖမ်းသူတွေ ဘယ်သူ လွယ်မလဲ။
    ၂။ အထက်ထိ ပါလာမှာ ကိုထွန်းအောင်ကျော်တို့  မရိပ်မိဘူးလား ဆိုတော့ သူတို့ က အသေခံပြီး လမ်းကြောင်းဖော် သွားတာလား။
    ၃။ ထွက်ချက်တွေ တညီထဲ ဖြစ်နေတာက အားလုံးက ထောက်လှမ်းရေးလား (ဒီလောက် အများကြီး၊ ကိုထိန်လင်းတို့ ကရော?)၊ ထောင်ထဲမှာ တယောက်ယောက်က ညှိပေးရအောင် လွတ်လာတဲ့ သူတွေပြောပုံ အရ အဲဒီလောက် မလွတ်လပ်ဘူး၊ စစ်တဲ့သူက လမ်းကြောင်းပေးပြီး ဝန်ခံ ခိုင်းတာက အလွယ်ဆုံး ဖြစ်မလား။
    ၄။ နှိပ်စက် ခံရတာတွေကို မကြား မသိဘူးလား။ မသတ်ခင် အက်ျီလျော့ပေးတော့ ဒဏ်ရာမတွေ့ ဘူးလား။ နှိပ်စက်တာကို မျက်မြင် မဟုတ်လို့  ဆိုရင်၊ ဆံပြုတ်နဲ့  ထမင်းကိုတော့ ယုံသလား။
    ကြားလူ တယောက်ရဲ့  မေးခွန်းတွေပါ။
    Reply
  7. မောင်ဒေါင်း April 3, 2012
    စာရေးသူအမျိုးသမီးလောက်တောင် တောမခိုရဲတဲ့ ကောင်တွေက အခြားသူရဲ့တွေးထင်ယူဆချက်တင်ပြတာကို ဝေဖန်နေလိုက်ကြတာ၊ ဟိုက တကယ့်လက်တွေ့ ကို ရေးနေတာ၊ အလင်းဝင်လက်နက်ချ ကျော်ခိုင်ဝင်းရဲ့ပြောတာကို ကိုးကားပြီးပြောနေရသေးတယ်၊ ဒေါ်ခင်ရွှေလှိုင်ရေ- ခင်ဗျားရေးတာ အဖြစ်မှန်နဲ့ နီးစပ်တယ်၊ တကယ့်ထောက်လှမ်းရေးက အခုချိန်ထိ လွတ်မြောက်နေပြီး လိုက်ဖွနေတယ်၊
    Reply
    • mg thant April 3, 2012
      တောခိုမှတော်လှန်ေ၇းသမားကောင်းတဲ့လား? ဟား..
      ဟား..
      Reply
  8. မိုးနတ် = မိုးဝေ = Htay Tint = ကျော်ခိုင် = ကိုထိုက် = Anonymous = တန်ဖိုးမဲ့ / လူသိမခံဝံ့သူ / လက်သီးပုန်းထိုးသူ / အရာမဝင်သော မှတ်ချက်ရေးသူ
    သူတစ်ပါးကို ဒီလို တည့်တည့်ပြောရတာ ဝါသနာ မပါပါဘူး ။ သို့ပေမင့် စောင့်ထိန်းအပ်တဲ့ တရား ၊ ထားရှိအပ်တဲ့ ကိုယ်ကျင့်တွေကို ပစ်ပယ် လုပ်ကိုင်ကြတဲ့နောက်၊ ကျုပ်ကိုယ်တိုင် လူသိတဲ့ နာမည်ကို ထုတ်မပြောပဲ၊ ခုလို နာမည်ဝှက်တစ်ခုနဲ့ ဝင်ပြောရတာ အတော် မကောင်းတာပဲ။
    တံငါနားသွားတော့ ငါးမျှားတံ ကိုင်ရတယ်။ သားသတ်သမားတွေကြား လာတော့လည်း စဉ်းတုံးလေးတော့ ကိုင်ပြရတော့တာပဲ။
    Reply
  9. နန်းအောင်ထွေးကြည် April 3, 2012
    ခင်ရွှေလှိုင် မင်းငါ့အဖေကိုမစော်ကားနဲ့။ငါ့ကိုလဲထောက်လှမ်းရေးဆိုပြီးတောထဲမှာစော်ကားပြီးပြီ။ခုငါ့အဖေကိုပါလော်ဆစ်ဟန်အမှု့နဲ့ပြုတ်တယ်တဲ့။ငါ့အဖေက၁၉၆၉မှာအမှတ်(၂)ထောက်တပ်မှုး။၁၉၇၂မှာအမြင်ကပ်ပုဒ်မနဲ့မျက်မှန်တင်ဦးကရေကြည်အိုင်မှာမတရားဖမ်းချုပ်ခဲ့တာခံရတာကွ။၁၉၇၇မှာအချုပ်ကလွတ်ပြီးခ.လ.ရ(၃၅)ကိုပို့တာကွ။အဲ့ဒီကနေအငြိမ်းစားယူလိုက်တာ။မင်းဘာလဲခင်ရွှေလှိုင်။မင်းရိုင်းစိုင်းလွန်းပြီ။ငါ့မိဘနဲ့ငါ့ဆွေမျိုးလာမထိနဲ့။အောက်တန်းကျလွန်းနေပြီ။
    Reply
    • Dear Ma Nge,
      Khin Shwe Hlaing is scare to dead since North AB case ( a case of mistaken Identity ) reappear. That is why she desperately trying to blame all of the victims like you who were toured by aung naing, myo win and than gyaung and many others. Why did not she get arrested? Because she could be one of the real spy in that time, then she wisely accepted Ko Than Gae to escape and settle. Congratulation Daw Hlaing!!!!!!
      Reply
  10. ကိုကို April 3, 2012
    မခင်ရွှေလှိုင်
    ဆက်ရေးပါ..ဒီကိစ္စပေါ်လာကတည်းက ကျနော်လို့ဘာမှဝင်comment မပေးပဲ ထွက်သမျှစာတွေ..commentsတွေ..ထိုင်ဖတ်နေသူတွေအများကြီးရှိပါတယ်..ထောက်လှမ်းရေးအကြောင်းပြောနေကြတော့ ကျနော့်ကိုယ်တွေ့ဗျာ..RIT ကပါပဲ..ကျောင်းသားဘဝ တွဲခဲ့ကြဖူးတယ်..အခုပြန်တွေ့တော့မှ ထောက်လှမ်းရေးဗိုလ်မှူးဘဝနဲ့ အနားယူတယ်ဆိုပြီး ဝန်ခံတယ်..ကျောင်းစတက်ကတည်းက လခစားနေပြီး စာတွေကပ်တာ..ဘယ်သူတွေစုရုးံနေတာကအစ သတင်းပို့ပေးခဲ့တယ်လို့ဆိုပါတယ်..အခုတော့ ဘုံးထားတဲ့ပိုက်ဆံတွေနဲ့ စီပွားရေးလုပ်ဖို့ပြင်ဆင်နေလေရဲ့..နောက်တခုမေးချင်တာ အောင်မိုးဝင်းဘယ်လဲ..ဘာလဲလို့မေးချင်နေပါတယ်..ဒီလူ ကိစ္စတော်တော်များများ..ဖြစ်ခဲ့သမျှဆန္ဒပြပွဲတွေ..အစည်းအဝေးတွေ သိနေတာများတယ်..ဒီလူက စာရေးကောင်းတာကိုအသုံးချပြီး နေရာတကာမှာပါနေပုံရပါတယ်..ဥပမာ..၁၉၉၁ 10D အကြောင်းရေးတာဖတ်ပြီးကတည်းက..အဖြစ်မှန်လူမှန်နာမည်မှန်တွေသုံးပြီး သူပဲပါခဲ့သယောင်ယောင်လုပ်ထားရေးထားကတည်းက ဒီလူ အာဂပဲဆိုတာ သိလိုက်ပြီ..အဲ့ဒါနဲ့လိုက်စုံစမ်းကြည့်လိုက်တော့..အင်း..လို့ပဲ အခုပြောပါဦးမယ်..
    Reply
    • mg thant April 3, 2012
      ဟုတ်တာပေါ့…မင်းပြောတာက..စစ်ထောက်လှမ်းရေးက
      နေဒေါ်စုကို အပုတ်ချချင်တော့..CIA ကငွေပေးပြီခိုင်း
      တာလို့ သတင်းစာမှာပါသလိုပါပဲလားကွ…ထင်တိုင်း
      သတ်၇ရောတဲ့လား..ခင်ဆွေလှိုင်နင့် မိသားစု တွေထဲ
      ကသာအဲလိုအဖြစ်မျိုးကြုံကြည့် နင်ဒီစကားမျိုးမပြောဘူး
      သေနတ်ကိုင်ပြီမှ သိပ်သတ္တိရှိကြောင်းပြောမနေနဲ့..တက
      ယ်သတ္တိရှိတဲ့သူက ဘာလက်နက်မှမပါလဲသတ္တိရှိတယ်..
      Reply
  11. ကိုကောင်း April 3, 2012
    တော်ပါတော့ဗျာ
    မခင်လှိုင် ခင်ဗျားကံကံ၏အကျိုးကိုနားလည်တယ်ဆိုရင်
    အခုလိုရှည်ရှည်ဝေးဝေးတပင်တပန်းဖွင့်ပြမနေပါနဲ့တော့
    ပြုခဲ့သူတွေဟာလူလုပ်ထားတဲ့ဥပဒေနဲ့ငြိစွန်းမှုမရှိရင်
    တောင်ကြမ္မာအဆုံးအဖြတ်ကတော့လွှတ်မပေးတတ်ပါ
    ငရဲမှာပဲဆက်အယူခံဝင်ပေတော့
    Reply
    • ဘယ်နှယ် တော်ရမလဲဗျ ။ အကြမ်းဖက် ရက်စက် ခဲ့သူတွေကို ရေးယူဖို့ လိုသလို ၊ ကလိန်ကကျစ် စစ်ထောက်လှန်းရေး ဆိုသူတွေကိုလဲ ဖေါ်ထုတ် အရေးယူရမှာပေါ့ ။ ဒါမှတာဝန်ကျေမယ်။ ကိုထိန်ဝင်းတို့က အစ ဒါကိုကြိုးစားဖေါ်ထုတ်ကြပါ။
      Reply
  12. justice April 3, 2012
    ဆက်ရေးပါ ဒေါ်လှိုင် ၊ ဒေါ်လှိုင် ရိုးသားမှုရှိတယ်ဆိုတာ ရေးတဲ့စာတွေက ဖော်ပြနေတယ်။
    Reply
  13. ကိုထိုက် April 3, 2012
    မျဉ်းကြောင်း နှစ် ကြောင်းနဲ့ လူတစ်ယောက်ကတော့ နံမည် မဖေါ်ပဲ ရေးတယ်ဆိုတာကို ထောက်ပြလိုပုံရတယ်။ သို့သော် သူဆိုလိုတာကို နားမလည်ပါ။
    presonal data ဖြည့်ပြီး အကုန် အပြည့်ရေးသလို၊ … ကျွန်တော့် FB မှာလည်း ရေးထားတာကို ရောင်ပြန်ဟပ်တဲ့ စာပဲ ပြန်တင်ထားပါတယ်။ UK မှာ နေတဲ့ ကိုထိုက်ဆိုရင် စုံးစမ်းဖို့ မခက်လောက်ပါဘူး။ လက်သီးပုံး နာမည်ဝှက်နဲ့ လုပ်တာ ဝါသနာ မပါဘူး။
    တောမခိုဘူးတိုင်း၊ သေနတ် မကိုင်ဖူးတိုင်း၊ ထောင်မကျဘူးတိုင်း … တောခိုတဲ့ မိန်းမတစ်ယောက်လောက်တောင် သတ္တိမရှိဘူးဆိုတဲ့ အပြောကလည်း လက်နက်ကိုင် တော်လှန်ရေး လုပ်မှ သတ္တိရှိမယ်လို့ ထင်နေတဲ့ ခပ်ပေါပေါ အတွေးပဲ ဖြစ်တယ်။ နအဖ သူလျှိုဆိုသူတွေကသာ အဲဒီလို အပြောရှိတဲံ လူတွေထဲက ဖြစ်ဖို့ ပိုများမယ်။ ဘာလို့လဲ ဆိုတော့ စစ်သားမှ တိုင်းပြည်အတွက် အသက်စွန့် အနစ်နာခံပြီး တိုင်းပြည်ကို ပိုချစ်တာ ဆိုတဲ့ ပုံစံတူ စကားကို သုံးတာဟာ မြန်မာပြည်မှာ နဝတ၊ နအဖ တဖွဲ့ပဲ ရှိတယ်လေ။ ဒီလူတွေက လေ့ကျင့်ပြီး စပိုင်လုပ်ဖို့ လွှတ်လိုက်တဲ့ လူဆိုရင်တော့ ဒီလေသံတွေ ပေါက်မှာပေါ့။
    Reply
  14. ဪ… ဒီလောက် အပိုင်းပေါင်းများစွာရေးပြီး ၊ မသိနားမလည် တဲ့ စာဖတ်သူအချို့ ကို နဝေတိမ်တောင်လုပ်နိုင်ခဲ့တဲ့ ခင်ဗျား.. နာမည် “ခင်ရွှေလှိုင်” ပါ ဆိုတော့ ကျုပ်လဲ မှန်းကြည့်လိုက်မယ် ။မှန်းနေရင် လွဲအုံးမယ်ဗျာ ။သေချာတာကို လုပ်မယ် ။ သူတို့နှိပ်စက်တာထက်လျှော့ပေါ့ပြီး စအိုထဲ အီလက်ထရစ် ရှော့ တည ပဲ ရိုက်မယ်။( ဒါ ကို ခံလို့ ကောင်းလွန်းလို့ ငြိမ် ခံနေတယ် ဆိုရင်တော့ ၊ခင်ဗျား ဟာ ခံချင်နေတဲ့သူပဲဖြစ်ရမယ် ) ။ အဲဒီ အချိန်ကျရင် ခင်ဗျားဟာ “ခင်”ညွန့် ရယ် သန်း “ရွှေ”ရယ် ၊မင်းအောင်“လှိုင်” ရယ် ၃ ယောက်ပေါင်းပြီး စပ် ကျ လာတဲ့ မိုးကျရွှေကိုယ်လို့  ဝန်ခံလာစေရမယ် ။ ဟုတ်ပလား ။
    စစ်တပ်အကြောင်း ဘယ်လောက်သိသလည်း ။ စစ်တပ်မှာ ရာထူးပြုတ်သွားပါတယ် ဆိုတဲ့သူကို ပင်စင်လစာခံစားခွင့် ပေးလေ့ ရှိသလား ။ လေ့လာလိုက်အုံး ။ ကြားဖူးနားဝ နဲ့ လျှောက်ပြော မနေနဲ့ ။ ခုခင်ဗျားကိုကြည့်ရတာ နေမြင့်လေ အရူးရင့်လေ ဆိုသလို မဲမဲမြင်ရာ လိုက်ကိုက်နေတဲ့ ခွေးရူး နဲ့ တူနေပြီ ။
    လူမှန်ရင် ကိုယ်စိုက်ခဲ့တာ ကိုယ်ပြန်ရိတ်သိမ်းရမယ် ။ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူတတ်ရမယ် ။သူများကို လက်ညိုးတချောင်းထိုးရင် ကိုယ့်ဖက်ကိုယ် လက် ၃ချောင်းပြန်ထိုးသလိုပဲ ဆိုတာကိုလဲ သတိရနေပါ။
    ခင်ဗျား စာတမ်းရှည်ကြီးကိုလည်း ဘယ်သူကမှ ဂန္တဝင် စာအုပ်ထုတ်ပေးမယ် မဟုတ်ဘူး ။ အချိန်တွေ သိပ်ပိုနေရင် ဘဝကူးကောင်းအောင် ဘာဝနာလေး အားထုတ်ဖို့ သင့်နေပြီ ခင်ရွှေလှိုင် ရေ။။
    အော်ဇီမှာ နှပ်နေတဲ့ မင်းပြန်အလာကို စောင့်ကြိုနေတဲ့
    မင့်ဘဂျီးစိန်
    Reply
  15. ABSDF မြောက်ပိုင်းအကြောင်းကို လူသတ်တဲ့ စာတွေက စပြီး ခုချိန်ထိ စောင့်စောင့်ပြီး ဖတ်နေခဲ့တာ တကယ့်ကို စိတ်ဝင်စားလို့ပါ .. ဒါပေမဲ့ ဒီဆောင်းပါးတွေကို (ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) ဖတ်ပြီး သိလိုက်တာကတော့ သေသွားရှာတဲ့ ကျောင်းသာတွေဟာ ဘာမှ သုံးစားမရဘူး ဆိုတဲ့ အဆင့်ကို ရောက်သွားမဲ့ သဘောရှိတယ် ဆိုတာဘဲ ..
    အမှန်တရားကို ရှာဖွေတာတော့ ရှာဖွေနေကြတာပါဘဲ .. ဒါပေမဲ့ ဘယ်လောက်တွေ့တွေ့ ရက်ရက်စက်စက် သတ်ခဲ့တဲ့ လူတိရိစ္ဆာန်တွေကတော့ ခုချိန်မှာ ဘယ်လောက်ဘဲ စည်းစိမ်တွေ ရစ်နေရစ်နေ ဘယ်လောက်ဘဲ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲခြင်း ဆင်းရဲနေ ပြစ်ဒဏ်ကတော့ ခံရမှာပါဘဲ …
    Reply
  16. စစ်မင်းအောင် April 3, 2012
    အော်ဖတ်ရတာအရသာရှိလိုက်တာ။ ထောက်လှမ်းရေးတွေကတော့ ပြန်ဟောင်နေပြန်ပြီ။ မြန်မာပြည် ဦးခင်ညွှန်က သူထောက်လှမ်းရေး ပါလို့ ၀န်ခံတဲ့တစ်နေ့ပေါ့ကွာ မင်းတို့ မသေဘဲကျန်တဲ့ထောက်လှမ်းရေးတွေကို ထောက်လှမ်းရေး မဟုတ်ဘဲ ငါတို့ ကျောင်းသားတွေ သေဆုံးမှုမှာ မင်းတို့တာဝန်ဆိုတာ သိနေဖို့ရယ်။တာဝန်ခံဖို့ ရယ်သာစဉ်းစားထားပေးတော့။
    Reply
  17. ကိုကိုကျော် April 4, 2012
    ခင်ရွှေလှိုင်- နင် အလင်းဝင်တုံးက သန်းဇော် တို့အိမ်ကို သွားပြီး ပြောခဲ့တာ မှတ်မိလား။ “ နောက် တကြိမ်ပြန်ထွက်ရအုံးမယ်” ဆိုတာ။ နင်ရယ်၊ သန်းဇော်ရယ်၊ ဇော်ဇော်မင်းရယ်က အလင်းဝင်ပြီး ကျန်တဲ့သူတွေကို အချောင်သမားတွေဆိုတော့ အိုးမိုင်ဂေါ့ လို့သာ ပြောပါရစေတော့ဟယ်
    Reply
  18. Thiri nandar April 4, 2012
    Look! Who was spy or who wasn’t is not main issue here. Those who killed people in North violated human rights and therefore they are murderers – and it is the main issue.
    In this kind of complicated situation, no one knows who were the real spies – including you!
    Reply
  19. ခင်မောင်သန့် April 4, 2012
    ကျွန်တော် ဒီကိစ္စကို စိတ်ဝင်စားလို့ စာတွေကို အစကတည်းက ဖတ်လာခဲ့တာပါ။ မခင်ရွှေလှိုင် ရေးတာ စိတ်ပျက်စရာ အရမ်းကောင်းတယ်။ ဘာကိုဆိုလိုမှန်းကို မသိဘူး။ ဝေ့လည်ကြောင်ပတ်နိုင်လွန်းတယ်။ ဘယ်သူ့ကို ထောက်လှန်းရေးလို့ ဆိုလိုတာလဲ။ ဘယ်သူတွေက သတ်တာလဲ။ ဘယ်သူတွေက ဘာကြောင့် အသတ်ခံရတာလည်း။ အသတ်ခံရတဲ့လူတွေက ထောက်လှန်းရေးတွေလို့ အတိအလင်း ဆိုလိုတာလား။ လူသတ်မှုတွေက မဖြစ်ခဲ့ဘူးလား။
    ဖြစ်နိုင်ရင် တည့်တည့်ရှင်းရှင်းရေးပါ။ ဟိုဟာလိုလို ဒီဟာလိုလို ဝေ့၀ိုက်မရေးပါနဲ့။ ခင်ဗျားစာကို ဖတ်ရတာ တစ်ခုခုကို ညာပြီးလုပ်ကြံဝါဒဖြန့်သလို ယောင်တောင်တောင်တွေများတယ်။ အတည့်ပြော အတည့်ရေးပါ။ ခင်ဗျားအမြင် ဘယ်သူတွေက ထောက်လှန်းရေးလည်း။ ဘယ်သူတွေက လူသတ်ကောင်တွေလည်း။ ခင်ဗျားယောက်ကျားက ထောက်လှန်းရေးလား။ နာမည်နဲ့ တိတိကျကျ အတိအလင်းရေးပါ။
    သဘောထားကို တိတိကျကျ ဖော်ထုတ်ပါ။ သတ်ခံရတဲ့လူတွေက အတိအကျ သတ်ခံရတဲ့အချိန်မှာ ခင်ဗျားက ယောင်တောင်တောင် မရှင်းမလင်းတွေ မရေးပါနဲ့။ အခုဟာက ဘာတွေမှန်းကို မသိဘူး။
    ဖတ်လာသမျှ ကျန်တဲ့လူတွေရေးတာ ရှင်းတယ်။ အချက်အလက်က တိကျတယ်။ ဖော်ပြမှုအားကောင်းတယ်။ ဝှေ့ပြီးရေးနေတာတွေ သိပ်မတွေ့ရဘူး။
    ကျွန်တော်က စာဖတ်ပရိသတ် တစ်ယောက်ပါ။
    Reply
  20. စောင့်ဖတ်နေတယ် April 4, 2012
    ကိုကို ဆိုတဲ့လူရေ
    အောင်မိုးဝင်းဘယ်ကလဲဆိုတာအရေးမကြီးပါဘူး။
    အောင်မိုးဝင်းက လူလည် တစ်ယောက်ဆိုတာကတော့ သိပ် သိသာပါတယ်။
    ဒီလူ မွှေတာကတော့တော်တော်မွှေတဲ့အထဲမှာပါတယ်။
    ဒါပေမယ့် သူ လဲ တကယ်ပတ်သက်နေတယ်ဆိုရင် ရေးပါစေ ဖတ်ရတာပေါ့။
    နောက်တခု က ခင်ရွှေလှိုင်ဆက်ရေးပါ ။ ဖတ်ရတာပေါ့ ဒါပေမယ့် ဒီလိုရေးလို့ လဲ ပြီးခဲ့တာတွေကို justify လုပ်လို့ မရဘူး။
    ခင်ရွှေလှိုင်အပြောအရ မောင်မောင်(ရွှေကရ၀ိက်)ဆိုတဲ့ကောင်က ဘာကောင်လဲ။
    ခက်တော့ခက်သားကလား မန္တလေးဘက်ကသူတွေက သူတို့ မှ သူတို့  ။
    မျိုးဝင်း တို့ သံချောင်းတို့  ကျောင်းသားအစစ်ဆိုတာကိုလဲ မငြင်းဘူး ။ ဒီကောင်တွေ အင်မတန် လွတ်ခဲ့တာတွေကိုလဲ ကြားဖူးတယ်။
    ငါတို့ တွေ ဆန်နီကြမ်းကြီးတွေကို ငရုတ်သီးခြောက်နဲ့ဆားလေး လက်တဆစ်လောက်နဲ့ မနက်မိုးမလင်းသေးဘူး ကိုက်ပြီးနှစ်ပေါင်းများစွာ ဖြတ်သန်းဖူးတယ်။ ငါတို့ တွေ တပ်ရင်းမှူးတွေ ၊ တပ်ခွဲမှူးတွေကို ငါတို့  ဗိုလ်မှူးလဲမခေါ်ဘူး ဗိုလ်ကြီးလဲမခေါ်ဘူး ။ နာမည်ပဲတပ်ခေါ်တယ် ။ သူတို့ ရှိတဲ့ ရာရှင်ထဲက ဆေးပေါ့လိပ်တောင် အနိုင်ကျင့်ပြီးယူသောက်ဖူးတယ်။ ငါတို့ ကအဲဒီတုန်းက ရိုးရိုးရဲဘော်လေးတွေ ပါ။
    ငါတို့ တပ်တွေမှာ တပ်ရင်းမှူး ထမင်းစားဖို့ဘယ်ရဲမေကမှလဲခူးမပေးဘူး လက်ဆေးရေလဲ အသင့်ကမ်းမပေးဘူး။ နောက်တန်းမှာပြန်တုန်းလေး စားဖိုကသံချောင်းခေါက်ရင် ကိုယ့်တပ်ခွဲ နဲ့ကိုယ် တပ်စိတ်အလိုက် အေးအေးဆေးဆေးဆင်းစားတာပဲ။ဒါပေမယ့် သံချောင်းတို့ တွေကအဲလို ထမင်းပွဲရှေ့ ရောက် လက်ဆေးရေအသင့်နဲ့ မောက်မာတယ်ဆိုတာတော့ ကြားဖူးတယ်။ ဘယ်ရန်သူကမှလဲ ငါတို့ တပ်မှူးကို တိုက်ပွဲကျအောင်မတိုက်နိုင်ခဲ့ဘူး ငါတို့ ကသာ ရန်သူကိုဆော်ခဲ့ကြတာ။
    ခုဝင်ပြောနေတာတွေကြည့်ပြီး သတိထားမိတာကတော့ ဌေးတင့်ဆိုတဲ့သူပဲ ။ သရီးအိုသရီး က ဘဲဆိုရင်တော့ ကိုခင်ဝမ်းသီချင်း ဧရာဝတီဆိုတဲ့သီချင်းကို ခပ်တည်တည်နဲ့ သူရေးတဲ့ကဗျာဆိုပြီး ဒေါင်းအိုးဝေကိုပို့ ပြီး အင်မတန် စာဖတ်အားကောင်းတဲ့ ဒေါင်းအိုးဝေအယ်ဒီတာဆိုတဲ့ နလပိန်းတုန်းတွေက အမေ ဆိုတဲ့ခေါင်းစဉ်နဲ့ထည့်ပေးလိုက်တာလဲ မှတ်မိသေးတယ်။
    နန်းအောင်ထွေးကြည်ကိုလဲ အစကလဲ စာနာတယ်။ ခုလဲ စာနာတယ်။ ဒါပေမယ့် ခုကြည့်နေရတာ သိပ်ပြီး ဆပ်ကော့လပ်ကော့လုပ်လာလွန်းတယ် လို့ မြင်တယ်။
    ဦးစိန် ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကတော့ကျိန်းသေတယ်။ ထွန်းအောင်ကျော် ဆိုတာ မန္တလေးကျောင်းသားခေါင်းဆောင်ဆိုတာကြားဖူးတယ်။ ကျန်တာတွေတော့သိပ်မသိဘူး ။ ရန်သူ့ လူတွေပါချင်လဲပါမယ် ။မပါချင်လဲမပါဘူး။ ဒါပေမယ့် ရန်သူက ငါတို့  ရဲဘော်တွေကို မိရင် တောထဲမှာသတ်သလိုသတ်တဲ့နည်းတွေနဲ့ ခုလို သတ်တာကတော့ မသင့်တော်ဘူး။
    အဲသလိုပဲ ခင်ရွှေလှိုင်ရေးသလို ခုလို အချိန်ကိုက် ဒီကိစ္စတွေကို သည်းကြီးမည်းကြီး မီးမောင်းထိုးလာတာကတော့ တိုက်ဆိုင်လွန်းပြန်တယ်။ နောက်တခု နန်းအောင်ထွေးကြည် ရေးထားတာမနေ့ ကဟစ်တိုင်မှာဖတ်ဖြစ်ပါတယ် ။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကတောင် ဘာဖြစ်တယ်ညာဖြစ်တယ် ကိုနိုင်အောင်က ဘာမို့ ဆိုတာ။
    နိုင်အောင်လဲဘာကောင်မှမဟုတ်ဘူး။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ဆိုတာလဲ ဘာကောင်မှမဟုတ်ဘူး။ တောထဲမှာတုန်းက ရိုးရိုးလေးပြောခဲ့ကြဖူးတဲ့စကားပဲပြောလိုက်မယ် ။ နိုင်အောင်တို့  တောင်ပိုင်း ကရင့် ဗဟိုနားကပ်နေတဲ့ကောင်တွေ လူရည်လည်ရင် အပြောညက်ရင် ၊ တပ်မှာ ချီးထုတ်ကျရင် ဗဟိုကော်မတီဖြစ်တယ်။
    အဲလိုပဲ ပြည်တွင်းမှာလဲ ရန်ကုန်မှာ နေရင် အာကျယ်ရင် အခြေအနေကြည့်ပြီး လုပ်တတ်ရင်
    ဗကသ ဗဟိုကော်မတီဖြစ်တယ် နာမည်ကြီးတယ်။ နာမည်ကြီးတဲ့အလျှောက် အဲဒီနာမည်ကိုထိမ်းတဲ့သူရှိတယ် မထိမ်းတဲ့သူရှိတယ် ဒါပဲကွာတယ် ။ ဒီတော့ မင်းကိုနိုင်လဲ ဘာကောင်မှမဟုတ်ဘူး။ ကိုကိုကြီးလဲဘာကောင်မှမဟုတ်ဘူး ။ ကျိန်းသေတာဒီကောင်တွေဘုရားမဟုတ်ဘူး။
    သို့ သော် မင်းကိုနိုင်တို့ က ကိုယ့်နာမည်ကိုယ် ထိမ်းတယ် အနီးကပ်မသိပေမယ့်အဝေးကသိသလောက်တော့ ကျောင်းသားစိတ်ရှိတယ် တိုင်းပြည်ကိုခုထိသစ္စာရှိတယ်။ နိုင်အောင်ကတော့ ကြောင်သေကြွက်မခုတ်မျက်နှာနဲ့ ငါးကြော်ပဲ နှိုက်တဲ့ စောက်ကျင့်ရှိတယ်။ ဒါပါပဲ။
    ဒီတော့ ဘယ်ကောင်တွေကဘယ်လိုဆိုတာကိုးကားမနေပါနဲ့ ။
    အပိုတွေမပါပဲ အမှန်တွေကို အမှန်အတိုင်းရေးကြပါ။ စောင့်ဖတ်နေတယ်။
    နောက်ပြီး တချိန် တုန်းက သံရုံးသတင်းပေးလုပ်ပြီးခုမှ အေဘီ အက်စ်ဒီအက်ဖ် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုတာ ကျယ်ကျယ်အော်ရင်း လူရာပြန်ဝင်ချင်တဲ့ကောင်တွေလဲ ကိုယ့်ကိုကိုယ်ရှက်ကြပေါ့ကွာ
    Reply
  21. fu ck you all
    Reply
  22. ကိုသံခဲ April 4, 2012
    ခင်ရွှေလှိုင် ရေးတာမှဟုတ်၇ဲ့လားလို့ မြက်ခင်းသစ်ဖတ်နေ၇သလိုပဲ။ သူကိုယ်တိုင်ကဖြင့် AU မှာနေပြီး လူသတ်ကောင်တွေကိုသူတော်စင် အဖြစ်
    သွတ်သွင်းနေလေ၇ဲ့ ။ AB (မပ) ၇ဲ့ သမိုင်းကိုေ၇းတာထက်
    ကိုယ်ေ၇သွေးပြီး နိုင်အောင်၊ အောင်နိုင်၊ လှဆိုင်း တို့ကို favour လုပ် ၊ လက်၇ှိ AB ဥက္ကဌ သူ့လင်ကို နိုင်အောင် အဖွဲ့က ပေးကမ်းထား တာတွေ ၇ှိနေတော့ AB ကို သိတ်ချစ်တဲ့ပုံစံတွေနဲ့ AB က Statement အမှန် မထုတ်၇ဲတာ ကိုတော့ မသိသလိုလုပ်နေပြီး ….favoritism လိုင်းပေါ်ကနေပြီး ၇ိုးသားတဲ့ပုံနဲ့ ကိုယ့်ကိုကိုယ် မှန်ပြန်ကြည့်ပြီး ၇ှက်လိုက်ဦး
    Reply
  23. မခင်လှိုင် ကိုယ့်ကိုယ်ကို သိပ်ကိုယ်ရည်သွေးတတ်တာဘဲနော်………ခင်ဗျားတစ်ယောက်ထဲ ဦးနောက်ရှိတယ်ထင်နေလား …ဘီးလူးတွေက မင်းသားဖြစ်ပြီး မင်းသားက ဘီးလူးဘဝရောက်တော့မယ်……တတ်လဲ တတ်နိုင်တယ် …
    Reply
  24. ssthwehtun April 4, 2012
    မြတ်စွာဘုရား တရားချရင်တောင် အမြင်မှန်ရမဲ.ပုံ မပေါ်ဘူး…တယူသန်တဇွတ်ထိုးကြီး….ခုချိန်ထိ လူသတ်သမားတွေကို ကာကွယ်ပေးနေတုံးပဲ..မျိုးဝင်းသေတော.ငိုသေးတယ်တဲ….မျိုးဝင်းကိုကြိတ်ကြိုက်နေလားမသိဘူး..

No comments: