Thursday, April 12, 2012

နတ်လူ သာဓုခေါ်အောင် လုပ်ကြပါဦး



ကာတွန်း – ကူမိုးကြိုး
ဧပြီ ၁၂၊ ၂၀၁၂



ကာတွန်း နေမျိုးအေး (မိုးမခ၀က်ဘ်ဆိုက်)


ရန်ကုန်မြို့ အတာသင်္ကြန် အကြိုနေ့ မြင်ကွင်း နှင့် မန္တလေးမြို့ အတာသင်္ကြန်အကြိုနေ့ မြင်ကွင်း

ရန်ကုန် အတာသင်္ကြန် အကြိုနေ့ မြင်ကွင်း
















မန္တလေးမြို့ အတာသင်္ကြန် အကြိုနေ့ မြင်ကွင်း



















ဓာတ်ပုံများ အားဖေ့ဘုတ်စာမျက်နှာ မှ စုစည်းပြီး ကူးယူ ဖော်ပြပါသည်.။ 

သင်္ကြန် အကြိုနေ့ မှတ်တမ်းဓာတ်ပုံများ































အနိုင်ဖဲ တချပ်၊ အပြီးသတ်မဲ့ ပွဲ

ဒီပဲရင်းမှာ..ဒေါ်စုကို သူကယ်တယ် မကယ်တယ်။
သူနဲ့  ဘုရားဘဲသိမယ်။
ဒါပေမဲ့ ဒေါ်စုကို လုပ်ကြံခိုင်းတဲ့ တရားခံ အစစ်
ဘယ်သူဆိုတာ သူသိတယ်။
ဒါက သော့ချက် ဘဲ။

အပြစ်တင်မစောကြပါနဲ့ 

ဆွမ်းကြီးတွေ ၀င် မလောင်းကြပါနဲ့ 
လူမိုက်တွေ လိမ်မာလာ တတ်တာ
ပုံပြင်တွေထဲ ရှိပါတယ်။
အင်္ဂုလိမာလ…သူသွမ်းကြီးတောင်တရားရတာ..
လူကြမ်းကြီး သူတော်ကောင်းဖြစ်လာ မလာ..
ခဏလေးတော့ စောင့်ကြည့်ပါ။

သင်္ကြန် အခါ..မြန်မာယောက်ျား ဘုန်းကြီးဝတ်တာထုံးစံဘဲ
ကြက်ခေါင်းဆိတ်မခံ..ဘုန်းကြီးထွက်ထိ မစောင့်သာ.
သူမပြောပါ…ဗြောင်လိမ်ကြတာ ဘယ်သူလည်း။
ဘယ်သူက ဖြေရှင်းချင်တာလည်း။
ဒါ မသင်္ကာစရာမဟုတ်ဖူးလား။

ဒီပွဲမှာ…ဘယ်သူ အလံရှူးလည်း။
ဒီပွဲမှာ…ဘယ်သူ လက်ဦးမလည်း။
အိုးမလုံ အုံပွင့်..
ငုတ်ကောင်တွေ ပါးပျဉ်းထောင်စွင့်
လုပ်သော တရားခံ..ဘုန်းကြီးတောင် မ၀တ်နိုင်ရှာဖူး။

ကိုယ်ပျောက် ဘီလူးကြီးခမျာ။
အနာပေါ် ဒုတ်ကျ ဆတ်ဆတ်ခါ
သိသောသူ၏ အနာဂတ်က မရေရာ
ပြည်သူ့ သက်သေ ရှားပါးသူတစ်ဦး။
ဒို့ သဲလွန်စတွေ အပျောက်ခံသင့်ဖူး။

လူကြီးတွေ ဗျုဟာသိ သူနည်းသူရှိတယ်။
သူတို့ ရဲ့ သံတမာန် ဗျူဟာ လေ့လာသင်ယူပါ။
ငါးမူးတန်းက ကလေးတွေ ငြိမ်ငြိမ်ကလေးတိတ်
ငွေရောင်ပိတ်ကားပေါ် ပွဲဆက်ကြည့်စို့ ။

အရင်စလို ပိတ်ကားကို ပြောင်းဖူးရိုးနဲ့ မပေါက်ကြနဲ့ 
အချိန်တန်  ရွှေဘသာ အနိုင်ရရိုး။
ဟောကြည့် နှစ်ခါပြိုင်..ဒို့ ချည်းနိုင်တယ်။
စိတ်ရှည်ကြ မလောကြနဲ့ ။
အနာဂတ်က ဒို့ ဘက်ယိုင်နေပြီ။

အသင်္ခရာစောယွန်းကို သတ်ဖို့  သွားခဲ့တဲ့ ငခင်ညို
ထမင်းရှင်မသတ်လိုပေမဲ့ တာဝန်မကြေ မျက်နှာညိုမဲ့သခင်အတွက်
ကျောက်စီဓါးတော့ သက်သေပြရတယ်။
သင့်ကိုသာ တာဝန်ပေး..ဘယ်လို သင်လုပ်မလည်း။
ခေါင်းပြတ်သယ်မလား။ ကျောက်စီဓါးလွယ်ပြန်မလား။

တာဝန်နဲ့ မိုးခါးရေ။
ငခင်ညိုလို ကျောက်စီဒါးလွယ် အမှန်ကို မပြောရဲ
ပြောလဲ မင်းတရားက သတ်မှာမလွဲ။
ခေါင်းပြတ်လဲမပြ ကျောက်စီဓါးလဲ မရ
တေ့လွဲလေးတော့ လွှဲပြလို့ ရတယ်။
ကံကောင်းတာက ဒေါ်စု မသေတာဘဲ။
ဘုန်းချင်းက မယှဉ်သာဖူး။

သင်ပုန်းတွေ ချေပစ်။
သူပြောတာတွေ ဆန်းစစ်
ငါးလိုချင် ငါးစာချိပ် မှ ရမယ်
သစ်ခုတ်ချင် ပုဆိန်ရိုးတော့ လိုတယ်။
အတွင်းသိသက်သေ..ကိုယ့်ဘက် စည်းရုံးတတ်ရမယ်။

အသံတွေ ကြားတဲ့အခါ။
ပဲတင်သံလား..အသံလား ခွဲခြားသိတတ်ပါ။
ငုတ်ကောင်ကို အပိုင်ကိုင်မဲ့ အနိုင်ဖဲ တချပ်
အညှာချူတတ်ဖို့  ဒို့ လိုတယ်။
သိလိုတဲ့ သတင်း ဘယ်သူ့ ဆီမှာဝယ်။
ယုံကြည်မှု ပေးပါမှ ယုံကြည်မှရ…
နိုင်ဖဲ ကို အလွတ်မခံကြနဲ့ ။

မသဒ္ဓါ (04/12/2012)

No comments: