သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ  ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။
မနေ့က တွေ့ဆုံပွဲအပြီးမှာ သမ္မတဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

မျတ်ချက်သူ့ အတွေးသူ့ အမြင်

ကျနော့်အနေနှင့်တော့ လက်တွေ့ မှာ ကိုယ်တိုင်ကိုယ်ကျလုပ့်နေတဲ့သူတွေကို မြန်မာပြည်ကောင်းကျိုးအတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးချင်တာတခု့ ပါဘဲ့။
အောက်ဖေါ်ပြပါတွေက မတူတဲ့ထင်မြင်ချက်များကို စုစည်းတင်ပြမှု့ တခုသာဖြစ်ပါတယ်။

 

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီမိုကရေစီကျင့်ထုံးကို လိုက်နာပြပါ”

Posted on April 12, 2012 
“သရက်ကင်းကို မှဲ့အောင်အုပ်ရင် မစားလိုက်ရပဲဖြစ်သွားမယ်”
မနေ့ကညနေပိုင်းနဲ့ ဒီနေ့မနက်ပိုင်း ပြည်ပရေဒီယိုတွေကနေ ကြားရတဲ့သတင်းကတော့ မဆန်းပေမဲ့ ကြည့်ကောင်းဦးမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရရဲ့ကိုယ်စားလှယ်များဖြစ်တဲ့ ပါလီမန်အင်အားစုခေါင်းဆောင် သူရဦးရွှေမန်းတို့ရဲ့ လက်လှဲပွဲကြီးလို့ ပြောရပါလိမ့်မယ်။ သူရဦးရွှေမန်းရဲ့နောက်မှာ ဘယ်သူဘယ်ဝါရှိနိုင်တယ်ဆိုတာကတော့ အားလုံးမှန်းဆချက်တွေချည်းပါပဲ။ ဟုတ်လဲ ဟုတ်နိုင်တာပဲပေါ့။
ဒါဖြင့် ပြဿနာက ဘာလဲ
မိတ်ဆွေတို့ရေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရွေးကောက်ခံ အဲန်အယ်လ်ဒီတွေက လွှတ်တော်မှာ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို “ကာကွယ်စောင့်ရှောက်ပါမည်” အစား “လေးစားလိုက်နာပါမည်” လို့ ပြောင်းမပေးရင် ကျမ်းသစ္စာမကျိန်ဆိုနိုင်ဘူးတဲ့ဗျာတို့ရေ။ ဆင်မကြီးတော့ အရင်းကျမှတစ်ပြန်ပြီဗျို့။ ရွေးကောက်ပွဲဝင်ဖို့အတွက်တော့ ရွေးကောက်ပွဲဥပဒေမှာလဲပါတဲ့ အဲဒီအပိုဒ်ကို ဒေါ်စုတို့မဝင်ပဲနေမှာစိုးလို့ “လေးစားလိုက်နာပါမည်” လို့ပြင်ပေးခဲ့တယ်လေ။ ဒါလဲ လူတိုင်းသိဖြစ်ပြီး ထောက်ခံသူတွေက ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနဦးအောင်ပွဲလို့ ကြွေးကြော်ကြပေမဲ့ သဘောမတူသူတွေကတော့ “ကုလားကြီး” ကနေ “အရာကြီး” လို့ ပြောင်းတာများဗျာ၊ ရေကြီးခွင်ကျယ်လို့ ဝေဖန်ကြပါတယ်။
မောင်ညွန့်ကတော့ အဲန်အယ်လ်ဒီ ပါတီမှတ်ပုံပြန်တင်တာကော ရွေးကောက်ပွဲဝင်တာကို သူ့မူနဲ့ကိုက်လို့ ပစ်ထောက်ခံတယ်ခင်ဗျ။ ဒါပေမဲ့ ခုနပြောင်းလဲမှုကိုတော့ သဘောမတူသူတွေမြင်သလို ကုလားကြီး သို့မဟုတ် ဘာဘူကြီးကနေ အရာကြီးဖြစ်သွားတာထက်မပိုပါဘူးလို့ပဲ မြင်ပါတယ်။
အဓိကက အဲန်အယ်လ်ဒီရဲ့ အငမ်းမရ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ချင်တဲ့ ဆန္ဒကြီးက သီးခါစ သရက်ကင်းကို ချက်ခြင်းမှဲ့အောင် အုပ်ချင်နေတာနဲ့ တူနေတာ အဲဒီလူတွေက သတိမထားတာလား၊ မယ်ဘော်လုပ်ပြနေတာလား ဒါ သူတို့မှပဲ သိမယ်ဗျ။ အဲဒါကြီးကို လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လို့ပြင်ပေးလိုက်ရင် အဲဒီဥပဒေတစ်ခုလုံးကော ရေးဆွဲခဲ့သူ အတည်ပြုခဲ့သူတွေကော ဒီမိုကရေစီကျင့်ထုံးဆိုတာတွေကော အားလုံးနှပ်ပစ်ခံရတာပဲဗျ။
ဘာလို့လဲဆိုတော့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို ခင်ဗျားတို့ ကာကွယ်စောင့်ရှောက်သည်ပဲ ဖြစ်စေ လေးစားလိုက်နာသည်ပဲဖြစ်စေ လွှတ်တော်ရဲ့လုပ်နည်းလုပ်ထုံးနဲ့သာ ပြင်ရလိမ့်မယ်ဗျ။ အဲပြင်ရမယ်ဆိုတာက လိုအပ်တဲ့ မဲအရေအတွက်ရရင်ပေါ့ဗျာ။ အခြေခံဖြစ်တဲ့ ဒီအချက်ကိုတောင်မှ သတိမမူနိုင်လောက်အောင် မဏ္ဍပ်တိုင်တက်ပြချင်လို့ကတော့ ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်အဖွဲ့အစည်းကပါ ဒီမိုကရေစီဆိုတာကို ငါမိုကရေစီ လုပ်နေတာဖြစ်သွားမယ်ခင်ဗျ။ အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အရိုက်အရာကို အာဏာရှင်ဒေါ်အောင်ဆန်းစုကြည်က ဆက်ခံလိုက်တယ်လို့ သမိုင်းဆရာတွေက မှတ်တမ်းတင်ကြရလိမ့်မယ်ခင်ဗျ။
နောက်ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီပြန်လည်မှတ်ပုံတင်တဲ့ မနှစ်နိုဝင်္ဘာကနေစပြီး အရင်ကအတိုင်း မပြောင်းမလဲ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မလေးစား မလိုက်နာဘူးခင်ဗျ။ ဒါကိုလဲ အစိုးရက သိသိကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချော့ပေါင်းတဲ့အနေနဲ့ လစ်လျူပြုထားတာ သိသာတယ်ခင်ဗျ။ အချက် ၂ ချက်ကိုကြည့်ရင် ရှင်းတယ်ခင်ဗျ။
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေက နိုင်ငံကို မြန်မာ လို့ ခေါ်ဖို့ခင်ဗျ၊ ရန်ကုန်ကို ရန်ကုန်လို့ခေါ် ရဲန်းဂွန်းလို့မခေါ်နဲ့လို့ အတည်ပြုထားသဗျ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဗားမား နဲ့ ရဲန်းဂွန်းကနေ တစ်ရွေးသားမှ မလျော့နိုင်ဘူးဗျ။
၂။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူးဗျ။ အင်္ဂလန်နိင်ငံသားနဲ့လက်ထပ်ထားလို့တဲ့ဗျ။ ဗိုလ်ချုပ်ကိုယ်တိုင်ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပုဒ်မ ၇၄၊ ၁၊က အရ ပယ်သတဲ့ဗျ။ ထူးခြားတာက အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေပုဒ်မ ၁၂၁ (စ) မှာလဲပဲ အဲဒီဥပဒေကို ကူးချထားတယ်ခင်ဗျ။ အခုတစ်ခါလဲ ကြံ့ဖွံ့က ဒီဥပဒေကို ညွှန်းပြီး အရင် ၁၉၉၀ တုန်းကလို ကန့်ကွက်တာပဲခင်ဗျ။ သိတဲ့အတိုင်းပဲ တရားရုံးက ပယ်ချလိုက်တယ်ဗျ။
အဲဒီတော့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလဲ ရိုးရိုးသားသားနဲ့ ပြုပြင်ရေးတွေကို လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို လေးစားဖို့ လိုက်နာဖို့လိုတယ်ခင်ဗျ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဖို့လိုတယ်ဆိုတာကတော့ စစ်အစိုးရကလဲ သဘောတူပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့လဲ သူတို့အကျိုးကိုကြည့်ပြီး အာဏာရှိသူပီပီ အလွယ်နဲ့ ပြင်ချင်တိုင်း ပြင်မရအောင်တော့ လုပ်ထားခဲ့တယ်လေ။ ဥပမာ ဆွေးနွေးခန်းရောက်ဖို့က လွှတ်တော်အမတ် ၂၀%က သဘောတူရမယ်၊ ပြင်ဆင်ဖို့ကျတော့ ၇၅% ကျော်က သဘောတူရမယ်လို့ လုပ်ထားတယ်လေ။
ဒီတော့ ဒါတွေကို ဖြေးဖြေးခြင်းပြင်နိုင်အောင် အားစုပါ။ အဲလိုအားစုချိန် ကာလတစ်ခုအတွင်း အစိုးရနဲ့ပူးပေါင်းပြီး တိုင်းပြည်တိုးတက်အောင် အထူးသဖြင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးမပူပင်ရအောင် သားသမီးတွေကို ပညာသင်ပေးနိုင်အောင် လုပ်စရာတွေအများကြီးပါ။ အခု ဒေါ်အောင်ဆန်းစုကြည် သိပ်ပြီးတော့ အလှမ်းကျယ်နေတယ်။ သိပ်သူရဲကောင်းလုပ်နေဖို့ မသင့်သေးဘူး။ အစပျိုးနေတဲ့အပြောင်းအလဲကို ရပ်သွားအောင် နောက်ပြန်လှည့်သွားအာင် မလုပ်သင့်ဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကြိုက်တဲ့ လေးစားလိုက်နာပါမည်ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်အသားအတိုင်း အခုလက်ရှိပြဋ္ဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံကို မြန်မာနိုင်ငံလို့ ခေါ်ဖို့နဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Let’s Visit Burma နဲ့ Freedom From Fear ထဲမှာ ရဲန်ဂွန်း Rangoon ဆိုတာ အင်္ဂလိပ်အသံထွက်မှားတာလို့ပြောခဲ့ ရှင်းပြခဲ့တာ ခုထိကိုယ်တိုင်လဲ ယုံကြည်တယ်ဆိုရင် ရန်ကုန်လို့ ပြောဆိုသုံးနှုန်းဖို့ အလေးအနက် တောင်းဆိုလိုက်ပါတယ်။
ပြောင်းချင်တာမှန်သမျှ ပြောင်းလဲဖို့ဆိုတာကတော့ ဒီလိုနဲ့ သူ့အချိန်ရောက်လာရင် အားလုံးပြေလည်သွားပါလိမ့်မယ်လို့ပဲ သုံးသပ်လိုက်ရကြောင်းပါခင်ဗျား။

အားလုံးကျန်းမာရွှင်လန်းပါစေ
မောင်ညွန့် (မင်းကျောင်းတိုက်)

ရွေးကောက်ပွဲမ၀င်ခင်NLDမှတရားဝင်ပြောခဲ့တာ၇ှိသည်။ဖွဲ့စည်းပုံကိုကာကွယ်စောက်ရှောက်ပါမည့်အစားလေးစားလိုက်နာမည်ကိုပြင်ပေးလျှင်ရွေးကောက်ပွဲဝင်မည်ဟုပြောခဲ့တာကိုလက်ရှိသီးသိန်းစိန်အစိုးရမှသဘောတူခဲ့သည်။ကြားဖြတ်ရွေးကောက်ပွဲမှာNLDပါတီလည်းအပြတ်အသတ်အနိုင်လည်းရရော-မင်းအောင်လှိုင်ကတမင်ညစ်ပြီးတပ်မတော်နေ့မှာ-တပ်မတော်ကဖွဲ့စည်းပုံကိုကာကွယ်စောက်ရှောက်ပါသွားမည်ဟုဗြောင်ပြောသွားတာတွေဟာ-အခုNLDပါတီလွှတ်တော်ထဲဝင်မည့်ခုချိန်တွင်အနှောက်အယှက်ဖြစ်နေတာတွေကိုတွေရမည်ဖြစ်သည်။လွှတ်တော်စည်းဝိုင်းထဲကိုမ၀င်ခင်ဒေါ်အောင်ဆန်းစုကြည်မှစပြီးဗွေဆော်ဦး-ဖွဲ့စည်းပုံကိုပြင်ဘို့အတွက်-ကျမ်းသစ္စကျိန်ဆိုမည့်ကိစ္စမှာယခင်ကပြောထားခဲ့သည့်-ကတိပေးခဲ့သည့်ဖွဲ့စည်းပုံကိုလေးစားလိုက်နာပါမည်ကိုမပြင်ဆင်ပေးခြင်းကြောင့်ပေးထားသည့်ကတိကိုအမြန်ဆုံးပြင်ဆင်ပါမှကျန်သစ္စာကျိန်ဆိုရာတွင်-NLDအဆိုပြုထားသည့်အတိုင်ဖွဲ့စည်းပုံကိုလေးစာလိုက်နာပါမည်ဟုလအတ်တော်မှလူထုသိအောင်ပြင်ဆင်ကြောင်းထုတ်ပြန်ပေးမှသာလျှင်ဖြစ်မည်ဖြစ်သည်။

ဒေးဗစ်။
နိုင်ငံရေးပါဆိုမှပဲ ဘယ်မှာ အဆုံးသတ်ရမယ် ကြိုပြောလို့ ရမလား--။ မှန်ကန်သင့်တော်တယ် အလုပ်ဖြစ်တယ်ဆိုရင် ထလုပ်ကြပါလိမ့်မယ်--။ ဘယ့်နှယ် လေးကျိတ်ကျော် အမတ်တွေက လွှတ်တော်ထဲမှာ အရောက်သွားပြီး စိန်ခေါ်နေတာ လက်ခုပ်သာ တီးပေးလိုက်--။ အဖြေက ကျနော်တို့ ကြိုက်တာ ထွက်ချင်မှ ထွက်မယ်--။ နိုင်ငံရေးကို ဂဏန်းပေါင်းစက်လို တွက်နေရင် ရူးပြီး ကျန်ခဲ့မယ်--။ ခင်ဗျား ရှုပ်နေတာကို ရိုးရိုးပြောလည်း ရပါတယ်--။ အဲ သူများလက်နဲ့ မြွေ ဖမ်းဖို့တော့ မကြံနဲ့ဗျို့--။
Lal Thanga

ပြောတော့ သိပ်မပြောချင်ပါဘူး။ လူတွေဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နိုင်တာ ကိုရွေးကြတာ သဘာဝပါဘဲ။
ဒါပေမယ့် ကိုချင်းစာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအနေနဲ့ အသိပေး သတိပေးချင်ပါတယ်။ ပညာရှိ သတိဖြစ်ခဲ လို့ ဆိုသမို့လား။
စိုးရိမ်မိတယ် ညီမလေးရယ်။ ဒါကြောင့် နာဂစ်ဥပဒေကို ကြေအောင်ပြန်ဖတ်စေချင်တယ်။
စစ်ဗိုလ်နဲ့ စစ်ဗိုလ်လူထွက်တွေဟာ ဘောင်းဘီချွတ်ထားသူနဲ့ ဘောင်းဘီဝတ်ထားတာသာ ကွာပါတယ်။ ရဲဘော် ရဲဘက်စိတ်ဓါတ်ဆိုတာ တဦးနဲ့တဦး အသေခံပြီး အသက်ပေးပြီး စောင့်ရှောက်တာကိုပြောတာပါ။ စစ်ဗိုလ်တွေဆိုတာ အထက်ကလာတဲ့အမိန့် ကို တသွေမတိမ်း နာခံရပါတယ် မှန်၏ မှား၏ တရား၏ မတရား၏ စစ်ကြောရရိုး ထုံးမရှိပါ။ စစ်သုံ့ပန်း စစ်ဗိုလ်က ရာထူးကြီးနေရင်တောင် အလေးပြုရတာ စစ်တပ်ရဲ့သဘာဝဖြစ်ပါတယ်။
ဘယ်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက်တွေကမှ တယောက်နဲ့တယောက်အသက်ပေး မစောင့်ရှောက်ယုံမက၊ အခွင့်အရေးရရင် နောက်ကျောကို ဒါးနဲ့ထိုးတာ အဲဒီနိုင်ငံရေး လုပ်ဖေါ်ကိုင်ဘက်တွေဖြစ်ပါတယ်။
ထိုင်နေတော့အကောင်းသား ထသွားမှကျိုးမှန်းသိဆိုတာမျိုး ကို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ တရားဝင်ရောက်သွား ပြီး တနှစ်လောက်အကြာမှာ ရတဲ့နောင်တဆိုတာမျိုးကိုလည်း မကြုံစေချင်တာ ပြည်သူတွေရဲ့စစ်မှန်သော ဆန္ဒပါ။
စစ်တပ်ကို စိတ်နဲ့တောင်မပစ်မှားနဲ့လို့ ဆမူဆာ အောင်ကြီး ပြောခဲ့သလို ကြံ့ဖွတ်တွေကို စိတ်ငြိုငြင်အောင် မလုပ်ဘို့ ဒေါ်စုတရားဝင်စာထုတ်ခဲ့တာကတော့ ကြံ့ဖွတ်တွေကဘဲ ဒေါ်စုကိုချစ်လားမလား ပြည်သူတွေကဘဲ ဒေါ်စုကို ဘိန်းမုန့်ဒေါ်အောင်ဆန်းစုကြည်တို့ အာပိုဒေါ်အောင်ဆန်းစုကြည်တို့ ခေါ်လာမလားဆိုတာကလည်း အချိန်ကအဖြေပေးပါလိမ့်မယ်။
ပါတီနိုင်ငံရေးကို သမာသမတ်ကျကျ တရားရှိရှိ သီလမြဲမြဲ လုပ်လို့မရပါဘူး ပါတီနိုင်ငံရေးဆိုတာ လူလိမ်တွေလုပ်တာပါ။ မလိမ်ဘဲလုပ်လို့မရပါဘူး မလိမ်ဘဲလုပ်ရင် အာဏာလည်း ရလာမှာမဟုတ်ဘူး။ ဒါကြောင့် သာမန်ပြည်သူ အများစု ကြည်ညိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူလိမ်မဖြစ်စေချင်သလို၊ အပြစ် ကင်းတဲ့ သာမန် ပြည်သူတွေကို လည်း လူလိမ်ကိုမကိုးကွယ်စေချင်တာ ကိုယ့်ဆန္ဒပါ။
အခုတော့ ဒေါ်စုခမြာ ရွှေရုပ်ကဲ့သို့သော ဒီမိုကရေစီကို မျှော်ကိုးပြီး ဘောင်းဘီချွတ်တွေ လမ်းကြောင်းပေးသမျှလိုက်လုပ်နေရင် ကိုသိန်းစိန် ညာတယ်လို့ အပြစ်ပြောဘို့တော့ သင့်မှာမဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။
အရှေ့အနောက် နိုင်ငံတွေ အားလုံးကလည်း မြန်မာပြည်မှာ ဒီမိုကရေးစီထွန်းကား ဘို့ထက် သူတို့ရဲ့ အကျိုးစီးပွားကိုသာ အဓိကထား လုပ်ဆောင်တယ်ဆိုတာ သူတို့ဘာလုပ်ခဲ့တယ် ဆိုတာတွေကိုကြည့်ပြီး သုံးသပ်စေချင်တယ်။
တချို့ကလည်း ကုန်းဆင်းမှာ ဘိန်းလေးတပ်ပေးဘို့စိတ်ကူးနေပါတယ် ဒါပေမယ့် ဘလိတ်ကို နင်းမရအောင် အောက်က ခဲခုထားကြပါတယ်။
ပါတီနိုင်ငံရေးသမားတွေက ဒေါ်အောင်ဆန်းစုကြည်ကို အချစ် မနှောဘဲ အပြစ်ပြောဘို့ လယ်ကတွတ်ပေါက်မှာ ဗျိုင်းစောင့်သလို စောင့်နေကြပါတယ် ဆိုတဲ့အကြောင်း......
မိမိဆုံးဖြတ်ချက် အမှားတခုကြောင့် သန်းပေါင်းများစွာသော အပြစ်မဲ့ပြည်သူများ၏ဘ၀နဲ့ သူတို့၏ သားစဉ်မြေးဆက်များကို ဆင်းရဲတွင်းထဲမှာ ထာဝရ မထားမိပါစေနဲ့။ ဒါက ကုလို့ရတဲ့ ကိုးဆယ့်ခြောက်ပါးရောဂါ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။
စေတနာ ဗလပွဖြင့်
အောင်နိုင်အောင်