Saturday, November 10, 2012

ABSDF ကျောင်းသားတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ


တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၁၊ ၂၀၁၂

ABSDF ကျောင်းသားတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကျောင်းသား တပ်မတော် ABSDF တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သောကြာနေ့က တွေ့ဆုံကြပြီးနောက် အချက် ၂ ချက်ကို သဘောတူနိုင်ခဲ့ကြသည်ဟု ABSDF အထွေထွေ အတွင်းရေးမှူး ရဲဘော် မျိုးဝင်း က ပြောသည်။ “ABSDF အနေနဲ့ ပြည်တွင်းကို လေ့လာရေး ခရီးစဉ်ကို သွားရောက်ဖို့ကို မကြာမီ ဆောင်ရွက်သွားဖို့ရယ်နဲ့ နောက်တချက်က တရားဝင် နှစ်ဖက် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်သွားဖို့ သဘောတူ နိုင်ခဲ့ကြတယ်” ဟု ပြောသည်။ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်မည့် အချိန်နှင့် ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရောက်ခြင်း အချိန်တို့အား နောက်ပိုင်း၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဆက်လက် ချိတ်ဆက်ကာ အတည်ပြုသွားမည် ဖြစ်သည်။
( Posted by Hla Maung Shwe )
http://www.dawnmanhon.com/

No comments: