Saturday, November 10, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတဘားရက်အိုဘားမား ကို နိုဝင်ဘာ ၁၉ရက်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ၊အမှတ် ၅၄ နေအိမ် ၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း



ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတဘားရက်အိုဘားမား ကို နိုဝင်ဘာ ၁၉ရက်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ၊အမှတ် ၅၄ နေအိမ် ၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။



ဒေါ်အောင်ဆန်းစုကြည်သည် မူလစီစဉ်ထားသည့်အတိုင်း အိန္ဒိယနိုင်ငံ သို့ နိုဝင်ဘာ ၁၂ရက်နေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း လိုင်း ဖြင့်ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်းဖြင့်ပင် ရန်ကုန်မြို့သို့ ပြန် လည်ရောက် ရှိမည်ဖြစ်သည်။



မှတ်ချက်

............
အိုဘားမားရဲ့တောင်းဆိုချက်အရ ခြံအမှတ် ၅၄ မှာ တွေ့ရခြင်းပါ။နှစ်အတော်ကြာ နေအိမ် အကျယ်ချုပ်ခံခဲ့ ရစဉ် ဖြတ်သန်း ခဲ့တဲ့ နေရာကို အမှတ်တရအနေနဲ့၊ သမိုင်းဝင်အနေနဲ့ အိုဘားမားက တွေ့ချင်မြင်ချင်တာပါ။
7Day News Journal Ref;CNN

http://myatlayngon.blogspot.ca/2012/11/blog-post_9118.html

No comments: