Saturday, November 10, 2012

ခင်မောင်တိုး....ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ


ခင်မောင်တိုး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ
10 November 2012
စင်ကာပူတွင် ဆေးကုသမှုခံယူနေသော တေးသံရှင် ခင်မောင်တိုး ၏ ကျန်းမာရေး အခြေအနေ မှာ ယခင် အခြေအနေထက် ပိုမိုကောင်းမွန်လာပြီ
ဖြစ်ကြောင်း စင်ကာပူတွင် ရောက်ရှိနေသော တေးသံရှင် ဂျေမောင်မောင် မှ ရန်ကုန်မှ မိတ်ဆွေ များဆီသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။ " စကား ပြောနိုင်ပြီ၊ ပုတီးတွေတောင် စိပ်နိုင်ပြီဟု" တေးသံရှင် ဂျေမောင်မောင်နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သော မိတ်ဆွေများထံမှ သိရသည်။
Popular
Photo FNG

*****************************************************************************

10 November 2012
 Sandaya Aung Win
 
အသေခြာဆုံး သတင်းပါဘဲ . . အသေခြာဆုံး သတင်းပါဘဲ . . အသေခြာဆုံး သတင်းပါဘဲ . . တကူးတကန့်  ရန်ကုန်ကနေ ကျနော့်ဆီ ခေါ်လာတဲ့ ဖုန်းဝင်ပါတယ်။ ဖုန်းချပြီးတာနဲ့  ကျနော်ရိုက်ပြီးတင်လိုက်ပါတယ်။ ကိုတိုး နဲ့ ကိုဇော်တို့ ကို အမေရီကားရောက်တဲ့ အထိ . . အပြန်လေယျဉ် သေခြာတဲ့အထိ စီစဉ်ပေးတဲ့ စ လယ် ဆုံး ကူညီပေးတဲ့ ရန်ကုန်က နှစ်ဖက်လုံး ရင်းနှီးသောမိတ်ဆွေ၊ ကျနော် ကိုယ်တိုင် Sep ဒုတိယပါတ် ၀န်းကျင်မှာ စင်္ကာပူတွင် ဆေးကုသရန်ရောက်
နေသော၊ ကိုတိုးနဲ့  တိုက်ရိုက် စကားပြောဖို့  သူ့ အိမ်မှာ ၃ ယောက် တပြိုင်တည်း ပြောနိုင်အောင် စီစဉ်ပေးတဲ့သူက၊ ခင်ဗျားတို့  မှား ကုန်ပြီ။ ကိုတိုး ကွယ်လွန်ပြီ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ယခု မနက်မှာဘဲ စင်္ကာပူ ဆရာတော်ကြီးအား သင်္ကန်းကိုယ်တိုင် ကပ်လှုပြီးတရားနာ သာဓုခေါ်နိုင်ကြောင်း ဖုန်းခေါ်လာပါတယ်။ ကျနော်တို့  အလွန် အံ့အားသင့်ရပါတယ်။ မြန်မြန်ပြန်ရေးပါလို့  ဖုန်းခေါ်လာပါတယ်။ အဲဒီတော့ ဒီထက်သေခြာတာ မရှိတော့ပါဘူး။ ဖုန်းချပြီးတာနှင့် ကျနော် ဒီစာရိုက်တင်လိုက်ပါတယ်။

(လွန်ခဲ့သော ၁၉ နာရီ ခန့်က ကိုတိုးသည် စင်္ကာပူ ဆရာတော်ထံ သင်္ကန်းကပ် လှူ၍ တရားနာယူခဲ့ပါသည်။ )ထို အချိန်မတိုင်မှီ ရှေ့ပိုင်းတွင်၊ ကိုတိုး ကွယ်လွန်ပြီ ဆိုသော သတင်းအမှားများ ထွက်လာပြီး ဖြစ်သကဲ့သို့  ရေးခဲ့ပြီး သတင်းများ မမှန်ကြောင်း အခြေအချ ဖတ်ခဲ့ရသော၊ မိတ်ဆွေများအား၊ ကိုတိုး ယခုတိုင် မကွယ်လွန်ကြောင်းနှင့်၊ ပြီးခဲ့သည့် နာရီပိုင်းတွင် တရားနာယူခဲ့ကြာင်း၊ ကျနော့်အား ရေးခိုင်းခဲ့ပါသည်။ စင်္ကာပူတွင် ဆေးကုသမှုခံယူလျက်ရှိသော၊ ကိုတိုး အား၊ ကျနော်တို့ အားလုံး၊ ကိုတိုး လျင်မြန်စွာ ကျန်းမာ လာစေကြောင်း၊ ဆုတောင်း မေတ္တာပို့ ရန်သာ တိုက်တွန်းပါရစေ။

No comments: