by Bo K Nyein on Saturday, November 10, 2012 at 7:38pm ·
ဒီဓါတ်ပုံထဲက
(လူ) တွေဟာ နောင်တချိန်မှာ တိုင်းပြည် လွပ်လပ်ရေးရအောင်
ဆောင်ရွက်ပေးခဲ့တဲ့ လွပ်လပ်ရေး ခေါင်းဆောင် တွေလာဖြစ်ကြသည်မို့ ၊ ဒီဓါတ်ပုံ
ဟာ နိုင်ငံ့ ရာဇ၀င် ကိုကြည့်နေရသလိုပါပဲ
ဒါကြောင့် ဒီဓါတ်ပုံ ဟာ အလွန်တန်ဖိုး ရှိတယ်လို့ ယူဆ မိပါတယ်။
ဝဲမှယာ
ကိုဗဆွေ ၊ သခင်မြ ၊ ကိုရာရှစ် ၊ ဗိုလ်ချုပ်အောင်ဆန်း ၊ မသိ ၊ ဒေါ်ခင်ကြည် ၊ ကိုနု ၊ ကိုကျော်ငြိမ်း ၊ မသိ ၊ မသိ။
ဒီဓါတ်ပုံထဲမှာ ပါတဲ့သူ (၆)ယောက် ရဲ့ ….ရာဇ၀င်မှာ ပါဝင်မှု ကို တချက်လောက် ပြန်လှည့် ကြည့်ရ အောင်
၁၉၂၀ ကျောင်းသားသပိတ် သခင်မြ
၁၉၃၆ ကျောင်းသားသပိတ် ကိုနု တကသ ဥက္ကဋ္ဌ
ကိုအောင်ဆန်း ကိုနု ၊ ကိုအောင်ဆန်းတို့ကိုကျောင်းထုတ်၍ သပိတ်စ
ကိုကျော်ငြိမ်း သပိတ်ကော်မီတီ အတွင်းရေးမှူး
ကိုရာရှစ် တကသ ဒုဥက္ကဋ္ဌ သပိတ်ခေါင်းဆောင်
ဗကသ ကိုအောင်ဆန်း
ကိုရာရှစ်
ကိုကျော်ငြိမ်း
ကိုဘဆွေ
၁၉၃၉ သြဂုတ်လ ကွန်မြူနစ်ဖွဲ့ ကိုအောင်ဆန်း
၁၉၃၉ စက်တာင်ဘာ သခင်မြ ရဲဘော် (၃) ကျိပ်ကို လွှတ်သောအဖွဲ့
ပြည်သူ့အရေးတော်ပုံပါတီဖွဲ့ ကိုအောင်ဆန်း
ကိုကျော်ငြိမ်း
ကိုဗဆွေ
ရဲဘော် (၃) ကျိပ် ကိုအောင်ဆန်း
ဂျပန်ခေတ်ကက်ဘိနက် သခင်မြ (ဒု) ၀န်ကြီးချုပ်
ဗိုလ်ချုပ်အောင်ဆန်း စစ် ၀န်ကြီး
သခင်နု နိုင်ငံခြားရေးဝန်ကြီး
ကိုကျော်ငြိမ်း ကက်ဘိနက် အတွင်းဝန်
ဖတပလ founders ဗိုလ်ချုပ်အောင်ဆန်း
ဦးကျော်ငြိမ်း
ဦးဗဆွေ
ဆိုရှယ်လစ်ပါတီ founders သခင်မြ (ဥက္ကဋ္ဌ)
ဦးကျော်ငြိမ်း (ဒုဥက္ကဋ္ဌ)
ဦးဘဆွေ (အထွေထွေ အတွင်းရေးမှူး)
အောင်ဆန်းအက်တလီ ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ ဥက္ကဋ္ဌ)
သခင်မြ (အဖွဲ့ဝင်)
ဦးကျော်ငြိမ်း (အကြံပေး) (ဖဆပလ အထွေထွေ အတွင်းရေးမှူး)
ဘုရင်ခံ ကက်ဘိနက် ဗိုလ်ချုပ်အောင်ဆန်း (ဒုဥက္ကဋ္ဌ)
သခင်မြ
ဦးကျော်ငြိမ်း
အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း
သခင်မြ
(မှတ်ချက် .. ဦးကျော်ငြိမ်း နိုင်ငံခြားရောက်နေ)
လွပ်လပ်ရေးကက်ဘိနက် ဦးနု (၀န်ကြီးချုပ်)
ဦးကျော်ငြိမ်း (ပြည်ထဲရေး)
ဒီမိုကရေစီကက်ဘိနက် ဦးနု (၀န်ကြီးချုပ်)
ဦးကျော်ငြိမ်း (ဒု) ၀န်ကြီးချုပ် (စီးပွားရေး)
ဦးဘဆွေ (ဒု) ၀န်ကြီးချုပ် (ကာကွယ်ရေး)
ဦးရာရှစ် (၀န်ကြီး)
၁၉၆၀ ဦးနု ကက်ဘိနက် ဦးနု (၀န်ကြီးချုပ်)
ဦးရာရှစ် (၀န်ကြီး)
မြန်မာနိုင်ငံ လွပ်လပ်ရေး သမိုင်းကို ကြည့် ရင် ကျောင်းသားသမဂ္ဂ နဲ့ ဒို့ဗမာအစည်းအရုံး ၊ ဒီနှစ်ဖွဲ့ ဟာ အဓိက အဖွဲ့အစည်း နှစ်ခုလာဖြစ်ကြတယ်။
ဗိုလ်ချုပ် နိုင်ငံရေး (စ) ခဲ့တာ ကျောင်းသားသမဂ္ဂ။ ဒီကမှ ဒို့ဗမာအစည်းအရုံးကို နိုင်ငံရေးလုပ်ဖို့ ခြေစုံပစ်ဝင်လိုက်တာ။ တကသ ကို အလိုတော်ကျောင်းသားတွေစီက ပြန်လုခဲ့ကြတာ ကိုနု ၊ ကိုအောင်ဆန်း ၊ ကိုကျော်ငြိမ်း ၊ (ကိုသိန်းဖေ) တို့။ (ဒီမှာမပါ)
ကိုနု ကိုဗိုလ်ချုပ် အတင်းဆွဲခေါ်သွားပြီး ဒို့ဗမာအစည်းအရုံး မှာ သခင်မြ ၊ သခင်နု ၊ သခင်သန်းထွန်း ၊ သခင်စိုး တို့နဲ့ အတူ ခေါင်းဆောင်ရင်း ဗိုလ်ချုပ်က အထွေထွေအတွင်းရေးမှူး လုပ်ခဲ့တာ။
၁၉၃၉ မှာ စ ဖွဲ့ဖြစ်ကြတာ က ကွန်မြူနစ် နဲ့ ပြည်သူ့အရေးတော်ပုံ အဖွဲ့။
ပြည်သူ့အရေးတော်ပုံက က ရဲဘော် (၃) ကျိပ်ကိုလွှတ်ခဲ့တာ။
ဒါကြောင့် ရဲဘော် (၃) ကျိပ်ဝင်တွေ က ဒို့ဗမာအစည်းအရုံး နဲ့ တကသ လူတွေ။
ဒီကမှ ကွန်မြူနစ် ၊ ပြည်သူ့အရေးတော်ပုံ နဲ့ စစ်တပ် ပေါင်းပြီး ဖတပလ ကိုဖွဲ့ ဂျပန်ကိုတော်လှန်ကြတာ
ဗိုလ်ချုပ် တဦးပဲ (၃) ဖွဲ့လုံးမှာပါခဲ့တယ်။ ဗိုလ်ချုပ် က အာလုံးကို ဆွဲခေါ်လာတာ။
ပြည်သူ့အရေးတော်ပုံ ပါတီက ဆိုရှယ်လစ် ပါတီဖြစ်လာရတယ်။
ကွန်မြူနစ် တွေကို ဗိုလ်ချုပ်က ဖဆပလ က ထုတ်တော့ ဆိုရှယ်လစ် တွေပဲကျန်ခဲ့ရတယ်
ဒီဓါတ်ပုံ က ဗိုလ်ချုပ်နဲ့ အတူကျန်ခဲ့ကြတဲ့ ၊ လွပ်လပ်ရေး တောင်းခဲ့ကြတဲ့ ခေါင်းဆောင်တွေပဲ။

No comments:
Post a Comment