
ယမင်း(မြစ်မခ)
မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုဖြစ်စဉ်များထဲမှ
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းပို
မို့မို့
အသက် (၃၂)နှစ်
ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃)သောင်း လောက်ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ်နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော် လုပ်မလားတဲ့။ တရပ်ကွက်သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။
ဒီလိုနဲ့ ၈လပိုင်း (၂၂)ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂)သိန်းရမယ်ဆိုလို့ မစိုးပြောတဲ့စကားကို ယုံပြီး ယောင်္ကျားသဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။
သားအိမ်အစစ်ခံရတယ်-
ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆)ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့ က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက်ကိုစစ်တယ်။ သားအိမ်ကိုစစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေ က လူကုန်သည်ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့တွေက လူပွဲစားတွေဆိုတာ။
တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ်
ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။
နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။ ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇)နှစ်လောက်ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ်ရှိတာတွေ့ရ တယ်။
စောင့်ရှောက်ရေးဂေဟာမှာ သောင်သင်နေတယ်
သူ့ဆီရောက်လို့ (၄)ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေးအိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်းနေတဲ့ တရုတ်ကြီးတစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။ တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာရှိတယ်လေ။
အဲ့ဒီမှာ (၁၅- ၁၆)အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ် တောင်မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများထိန်းသိမ်းစေ
အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေအများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန် ကူးခံရတဲ့ သူတွေကြီးပဲ။
(၂)လတာ ငရဲခန်း
“ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း ” ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ဆောင်ပုဒ်လေး
မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ်
အခု ကျွန်မစိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။
လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှုကာကွယ်တာဆီးရေးအ
“ အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲလူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူးခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေတဆင့်သွားတဲ
မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ
တရုတ်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်
အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ
Photo From :Myit Makha Mediagroup
No comments:
Post a Comment