Tuesday, November 13, 2012
ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။
သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island
caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ
Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ
တာဝန်ကျတာ ဖြစ်ပါတယ်။
ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။
၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ်
ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက်
လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး
ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊
ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို
ဘလောဂ် တစ်ခု လုပ်ပြီးတော့
တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောက်ရေး
ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။
သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။
တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ
ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။
ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း
ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း
မရှိပါဘူး။
ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့
ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland
(သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။
ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့
ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက်
ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။
Queensland ဘုတ်အဖွဲ့က
ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး
အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။
Ref: greatist.com
International news for myanmar
Tuesday, November 13, 2012
ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။
သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island
caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ
Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ
တာဝန်ကျတာ ဖြစ်ပါတယ်။
ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။
၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့
တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောက်ရေး
ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။
သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။
ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။
Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။

No comments:
Post a Comment