Wednesday, November 7, 2012

ငပေါ် တို့ နောက်မှာ ကျောင်းသားလည်းမရှိဘူး။



....ဘာကြောင့်လဲဆိုတော့ ဗကသ၊ မကသ ခေါ်ဝေါ်တဲ့ပြဿနာတွေ သမိုင်းမှာလည်းအများကြီးရှိခဲ့ တယ်။ မကသ ဆိုတာ ဗကသ ကို အပြိုင်လုပ်တာဘဲ၊ဘဘတို့ဘက်က မဟုတ်ဘူး။

'ငပေါ်'တို့၈၈ ကျောင်းသားခေါင်းဆောင်တွေ။ သူတို့နောက်မှာ ကျောင်းသားလည်း
မရှိဘူး။ ကျောင်းအနေနဲ့ လည်း နောက်မှာမရှိဘူး။ ပြောချင်တာက ကျောင်းသားခေါင်းဆောင်ဆိုတာ နောက်မှာကျောင်းသားထုရှိရမယ်။

'ငပေါ်' တို့ကို ပြောချင်တာလေး တစ်ခုရှိတယ်။ အဲဒါက ဒီအတိုင်းဘဲသွားနေလို့တော့ ရေ ရှည်မှာ မလွယ် ဘူး။ ဒေါ်စုနဲ့ ပေါင်းချင်ပေါင်း၊ မပေါင်းချင်လည်းကိုယ်ပိုင် တစ်ခုထောင်ပေါ့။ အခု သူတို့လုပ်နေ တာ က နိုင်ငံရေးမဟုတ်ဘူးဟိုပွဲသွား တက်၊ ဒီပွဲသွားတက်နဲ့တော့ ဘဘတို့လည်း မကြိုက်ဘူး။

(၆၂ ကျောင်းသားခေါင်းဆောင် လှရွှေ)

No comments: