Wednesday, November 7, 2012

မဇ္ဈိမ သတင်းဌာန တလွဲတွေတင်ထားတာ ပြင်ဆင်ဖော်ပြပါရန်...


Htay Tint
၈၈ မျိုးဆက်ကျောင်းသားများ၏ ထိုင်းနိုင်ငံ ခရီးစဉ်သည်အစိုးရနှင့် မသက်ဆိုင် ။ သီးခြားလုပ်ငန်းစဉ်ဖြစ်သည် ။

အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန်
ABSDF နှင့် ၈၈ လိုလားခေါင်းစဉ်ဖြင့်နေမျိုး | တနင်္လာနေ့၊  နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၉ မိနစ်မဇ္ဈိမတွင် ဖေါ်ပြခဲ့သည့်  "၎င်းတို့၏ ခရီးစဉ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တရပ်ဖြစ်သလို အားလုံးပါဝင်သည့် ညီလာခံကြီး တရပ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်း မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေး က ပြောသည်။

" ဆိုသောအထက်ပါစာပိုဒ်နှင့်ပတ်သက်ပြီး ယင်းကဲ့သို ပြောဆိုခဲ့ခြင်းမရှိပဲမှားယွင်းဖေါ်ပြခြင်း အား မဇ္ဈိမ သတင်းဌာနအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးရန်နှင့် တယ်လီဖုန်းအင်တာဗျူးဖြစ်၍ ဖမ်းယူထားသော အသံဖိုင် ယင်းသတင်းဌာနတွင် ရှိမည်ဖြစ်သောကြောင့် ထို အင်တာဗျူးအသံဖိုင် မူရင်းအတိုင်း အများပြည်သူ သိရှိအောင် ဖေါ်ပြပေးစေလိုပါသည်။

ယင်းကဲ့သို့ မှားယွင်း ဖေါ်ပြချက်သည် အစိုးရနှင့် ပတ်သက်ခြင်းလုံးဝမရှိသော၈၈ မျိုးဆက်ကျောင်းသား များ၏ ထိုင်းနိုင်ငံ ခရီးစဉ်နှင့် လုပ်ငန်းစဉ်များအား နားလည်မှု မှားယွင်းသွားစေနိုင်သောကြောင့် မဇ္ဈိမ သတင်းဌာနအနေဖြင့် အချိန်မှီ ပြန် လည်ပြင်ဆင်ဖေါ်ပြပါရန် အလေးအနက် အကြောင်းကြားလိုက်သည်။

ုမြအေး (၈၈ မျိုးဆက်ကျောင်းသားများ)

(အရေးပေါ် လိုအပ်မှုကြောင့် မိမိ account ကို ၈၈ ရုံးမှ တဆင့် တင်ခိုင်းလိုက်ခြင်းဖြစ်သည်။)
http://www.facebook.com/groups/153053471497489/

No comments: