Thursday, November 15, 2012

တရုတ် သမ္မတရာထူး ဆက်ခံမယ့် ခေါင်းဆောင်ကြေငြာ


နောက်ဆုံးရေးသားချိန် 16 November 2012, 12:27 AEST
တရုတ်နိုင်ငံကို ​နောက်ထပ်လာမယ့် ​ဆယ်နှစ်အတွင်း ​ဦးဆောင်ရမယ်လို့ ​ယူဆရတဲ့ ​နိုင်ငံရေး ​ခေါင်းဆောင်ကို ​တရုတ်ကွန်မြူနစ်ပါတီက ​ကြောငြာလိုက်ပါတယ်။
ဒီနေ့မှာပဲ ​Xi ​Jinping ​ကို ​ကွန်မြူနစ် ​ပါတီ ​ထဲမှာ ​အင်မတန်အရေးပါတဲ့ ​အထွေထွေ ​အတွင်းရေးမှုးရာထူးကို ​ခန့်လိုက်တယ်လို့ကြေငြာလိုက်ပြီး ​ဒါဟာ ​သမ္မတ ​Hu ​Jintao ​ရဲ့နေရာကို ​ရယူလိုက်ခြင်းဖြစ်ပါတယ်။
Xi ​Jinping ​ဟာ ​လာမယ့်နှစ်အစောပိုင်းမှာ ​သမ္မတရာထူး ​ကိုတရားဝင် ​စတင် ​တာဝန်ထမ်းဆောင် ​မှာဖြစ်ပါတယ်။ ​Xi ​Jinping ​ရဲ့ဖခင်ဟာ ​ဒု ​၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး ​တရုတ်ပြည်တွင်းစစ်တုန်းက ​မော်စီတုန်း ​နဲ့ ​အတူတိုက်ပွဲဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးကိုတော့ ​Li ​Keqiang ​က ​ရရှိမှာဖြစ်ပါတယ်။ ​Li ​Keqiang ​ဟာ ​မော်စီတုန်းရဲ့ ​တရုတ်ပြည်တွင်းစစ် ​ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ​နယ်တွေမှာ ​တိုက်ပွဲဝင်ဖို့အပို့ခံရသူတဦးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

No comments: