Thursday, November 15, 2012

မြိတ်မြို့မှာဘေးတွဲဆိုင်ကယ်ကုန်စည်ပို့ဆောင်ရေး အသင်းအသိမှတ်ပြုကဒ်လိုက်လုပ်ပေးနေ

အခုရက်ပိုင်းအတွင်းမှာ မြိတ်မြို့မှာဘေးတွဲဆိုင်ကယ်ကုန်စည်ပို့ဆောင်ရေး
အသင်းအသိမှတ်ပြုကဒ်ဆိုပြီး ရပ်ကွက်တွေထဲအထိဆင်းပြီးလိုင်စင်လိုလို၊
ခွင့်ပြုချက်လိုလို လိုက်လုပ်ပေးနေတာတွေ့ရတယ်အဲဒီအဖွဲ့ကို ဦးလှသန်း (ခရို
နီလှသန်းမဟုတ် ) ဗီဒီယိုလှသန်း က ဦးဆောင်ပြီး ယခင်က ၀န်ထမ်းပြုတ်
တွေ၊အော်လီအော်လက်တွေကိုရက်စားပေးပြီးအဖွဲ့တစ်ဖွဲ့လုပ်ထားတယ်လို့သိ
ရပါတယ်အဲဒီအဖွဲ့ ကတရားဝင်လား၊မတရားအသင်းလားဆိုတာအာဏာပိုင်
တွေသိမှာပါ။ခေါင်းစဉ်က ဒေသဖွံ့ ဖြိုးရေးတွေမှာသုံးဖို့ ဆိုပြီးဆင်းရဲသားဘေး
တွဲမောင်းသူတွေကိုယ်စား အနစ်နာခံကာ တရားဝင်အဖြစ်အသိမှတ်ပြုကဒ်
ရရှိအောင်လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ပြောကြားထားတယ်လို့သိရ
ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ကိုအကြောင်းကြားထားကြောင်းအဲဒီကရတဲ့
ငွေတွေကို ဒေသဖွံ့ ဖြိုးရေးတွေမှာသုံးမယ်လို့ပြောထားကြောင်းသိရပါတယ်
ဘေးတွဲဆိုင်ကယ်တစ်စီးကို အသိမှတ်ပြုကဒ်ပေးလိုက်တာနဲ့ ကျပ် 5000 ပေး
ရပြီးလစဉ် ကျပ် 3000 ပေးရမယ်လို့သိရပါတယ်။ လှသန်း တာဝန်ခံဆိုပြီး
အောက်မှာဘာရာထူးမှမပါပဲလက်မှတ်ထိုးထုတ်ပေးပါတယ် ။မြို့နယ်အုပ်ချုပ်
ရေးအဖွဲ့ကို အစီးရေ 500 ကျော်ရှိနိုင်ကြောင်းစာရင်းတင်ထားပြီး အဲဒီကိစ္စ
ကို မြိတ်မြို့နယ်ယာဉ်ထိန်းရဲ ကလည်းမသိကြောင်းတစ်ကယ်လို့ အထက်က
ဒီဘေးတွဲတွေကိုဖမ်းဖို့ အမိန့် ကျလာရင်ယာဉ်ထိန်းရဲကလည်းဖမ်းရမည်ဖြစ်
ကြောင်းကို ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသွားတယ်လို့သိရပါတယ် မ.ထ.သ လည်းဒီကိစ္စကိုမသိကြောင်း၊က.ည.န လည်းဘာမှတာဝန်ယူမည်
မဟုတ်ကြောင်းလည်းသိရပါတယ်။ဒီလိုလုပ်ရပ်တွေကအရင်စစ်အစိုးရလက်
ထက်က ဒီဇိုင်းအဟောင်းတွေဖြစ်ပြီး ရတဲ့ဂွင်ကိုဖန်ပြီးဆင်းရဲသားတွေကို
လည်ပင်ညစ်နေကြောင်း အဲဒီအဖွဲ့ခေါင်းဆောင်လှသန်းက မသိရင်ကုမ္မဏီ
သူဌေးလိုလို ဘွတ်တွေ၊ရှူးတွေနှင့်အိုက်တင်ကောင်းကောင်းနှင့်လျောက်
မောင်းနေပြီး အရင်ကတည်းက ရဲနှင့်ပေါင်းပြီးဆိုင်ကယ်လိုင်းကြေးတွေကို
ဖမ်း၊ခပ်တည်တည်နှင့်ဆိုင်ကယ်ဦးထုပ်တွေကိုလည်းဝင်ဖမ်းနေတဲ့လူဖြစ်
ကြောင်းအခုလည်းဘာဂွင်ဖန်ပြန်ပြီလဲဆိုသည်ကိုသိချင်ကြောင်း၊ ကျွန်တော်
တို့ ဆင်းရဲသားတွေကို ၀င်ကြေး 5000 နှင့်လစဉ်ကြေး 3000 ဆိုပြီးကောက်
ကာ တစ်ကယ်တရားဝင်စီးနင်းကာလုပ်ကိုင်စားသောက်နိုင်မလား၊အဲဒီကဒ်
ကဘယ်အချိန်အတိုင်းအတာအထိခံမလဲဆိုတာ ဆင်းရဲသားတွေကကြောက်
ကြောက်နှင့်သိချင်ပေမယ့်လည်းမမေးရဲလို့ News 0f Myeik ကိုယ်စားမေး
ပေးလိုက်ပါတယ်။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ..

No comments: