by Thanda Win on Friday, 26 October 2012 at 21:14 ·
- ၂၀၀၉ ခုနှစ်မှာ နိုင်ငံရေး ဆို တဲ့ ခေါင်း စဉ်တ ခုကို စပြီးသိခွင့်ရတုန်းက အံ့သြတကြီးဖြစ် ခဲ့ရ တာ။ နိုင် ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတာလေးတခုကိုပဲ မသိခဲ့ တာနှစ်ပေါင်းများစွာကိုး။ သင်ခဲ့တဲ့စာတွေ ဖတ်ခဲ့တဲ့စာတွေ ကြားဖူး တဲ့ပုံပြင်တွေ မြင်ဖူးတဲ့သတင်းတွေ အားလုံးထဲ က ဖောက် ထွက် လာတဲ့ ဘာသာရပ်အသစ်တခုပါပဲ။ ဒီဘာသာရပ်ကို ငယ်စဉ် က တည်းက သင်ကြားထားရမှာ ကျွမ်းဝင်ရင်းနှီးပြီးသား ဖြစ်နေရမှာ ဆိုတာကို နားလည်လာတော့ ရေတွင်းကလေး ထဲမှာ နေလာတဲ့ ဘ၀ ကို ရှက်မိသား။ ကိုယ့်အတွက် သိပ်မထူးတော့ဘူးဆိုရင်တောင် သမီးလေးအတွက်တော့ အနည်းဆုံးအသုံးဝင်နိုင်ကောင်းရဲ့လို့ မျှော်လင့်ချက်နဲ့ လက်လှမ်းမှီသမျှ လေ့လာခဲ့ပါတယ်။ လုံးဝ မရင်းနှီးတဲ့စကားလုံးတွေ အယူအဆတွေ အမြင်တွေ အားလုံးကို အခြေခံလေးလောက်ပဲ သိနိုင်အောင် အပန်းတကြီးကြိုးစားလိုက်ရတာ နှစ်နဲ့ချီကြာပါတယ်။ မတူညီမှုများကို လက်ခံခြင်း ဆိုတဲ့ တလုံးကလေးအတွက်တောင် တော်တော်ကျင့်ယူရတာကလား။ အခုထိလည်း အောင်မြင်ပြီလို့ မဆိုနိုင်သေး။

- ဒီအတောအတွင်းမှာ ဆရာဖေမြင့်ရဲ့ Sociology မိတ်ဆက်ဆိုတာ ဖတ်မိပြန်တော့ နောက်ထပ်ဘာသာရပ်အသစ်တခုတွေ့ပြန်ပါတယ်။ ကမ္ဘာကြီးက တော်တော်ကျယ်တာပဲ။ မမျှော်မှန်းနိုင်လောက်အောင် မိုးကုတ်စက်ဝိုင်း ဟိုမှာဘက် အထိအောင်ပဲကိုး။ ဒီအထဲကမှ Public Psychology နဲ့ Propaganda ဆိုတဲ့ဘာသာရပ်တွေ ကို လေ့လာရဦးမယ်လို့ ဂျာနယ်တခုက ဆိုပြန်တော့ တော်လောက်ပြီထင်တယ်လို့ တွေးမိတာပါပဲ။ ဘာတွေလုပ်နေတာလဲလို့ သူငယ်ချင်းတွေက မေးလာပြီလေ။ နိုင်ငံရေးလုပ်မလို့ထင်တယ်လို့ မှတ်ချက်ပြုသူတွေကလည်း ပြုကုန်ပြီ။ မဟုတ်ရပါဘူးလို့ ပြောရုံအပြင် ဘယ်လိုရှင်းပြရမှန်းလဲ မသိဘူးလေ။ကိုယ်ကပဲ လူစိတ်မ၀င်စားတာတွေကို စိတ်ဝင်စားနေမိတဲ့ အူကြောင်ကြောင်လို။
- ဒီလိုအံ့သြဘနန်းတွေကြားထဲမှာမှ နီးလွန်းလို့ မမြင်ခဲ့တာတွေကို တွေ့ ရပြန်တော့ ဖြစ်မှဖြစ် ရလေခြင်းလို့သာပြောရတော့မှာပါပဲ။ နိုင် ငံတခုကြီးပွားတိုးတက်ဖို့ ရာ ပြည် တွင်းစစ်တွေရပ်ရမယ်လို့တော့ အကြမ်းဖြင်းသိထားခဲ့တာပါပဲ။ အိတ်ပေါက်နဲ့ ဖားကောက်ဖို့ မဖြစ်နိုင် မှန်း လွယ်လွယ်ကလေးစဉ်းစားခဲ့တာကလား။ ငြိမ်းချမ်းရေးဆိုတာ လက်နက်တွေဖယ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ရုံလောက်သာမက ဒေသဖွံ့ဖြိုးရေးတွေပါမှရမယ်လို့ အောက်မေ့နေမိတာ။ ငြိမ်း ချမ်းရေးဆန္ဒပြပွဲဆိုတော့လည်း ဘယ်သူကပဲပြပြ ကောင်းတဲ့လက္ခဏာပဲလို့ ထောက်ခံနေမိတာ။
- ကျဉ်းကျဉ်းကလေးမှာ နေလာရတဲ့အခါ ကိုယ့်တယောက်စာကလွဲပြီး မမြင်နိုင်တာ၊ မမြင်ရတာ သဘာဝပဲထင်ပါရဲ့။ ကျဉ်းတယ်ဆိုတဲ့နေရာမှာ အမြင်ကျဉ်းတာဖြစ်နိုင် သလို နေရာကျဉ်းတာ တနည်းအားဖြင့်လမ်းပန်း ဆက်သွယ်ရေးခက်ခဲ တာကြောင့် ဝေးဝေး မမြင်နိုင်တာမျိုးလည်း ပါနေတာကို အခုမှပဲသိပါတော့တယ်။ တမြေတည်းနေလို့ သတ်မှတ်ထား တဲ့ သွေးချင်းတွေရဲ့အကြောင်းကို ဘယ်လိုမှ တော်စပ်ခြင်းမရှိသူများ က ပြောပြမှပဲ ရေးတေးတေးပေါ် ရုံ ရှိသေးတာ။ တကယ်ဆို မောင်ရင်းနှမတွေလို အတွင်းသိ အစင်းသိ ဖြစ်နေရမှာများ။ ဘယ်လိုအကြောင်းတရားတွေကြောင့်များ ရေတွင်းကလေးတခုထဲမှာတောင် အကန့်တွေခြား ထားနေပါလိမ့်။
- မကောင်းခဲ့တဲ့အကြောင်းတွေကို ဘေးဖယ်ထားပြီး ပသီပုံပြင်တွေလို နားထောင်ကြည့်တဲ့အခါ ၀မ်းနည်းစရာလည်းကောင်း ရင်နာစရာလည်းကောင်းလိုက်တာ။ ဘယ်လိုအဖြေရှာကြမယ်ဆိုတာအထိများ ဆက်တွေးကြည့်ရင် တောင်ဆယ် လုံးတက်တာ အထိတောင် မောမိပါ့။
- လမ်း၊ တံတားတွေ၊ ကျောင်းတွေ မလိုချင်တဲ့။ ငြိမ်းချမ်းရေးဆိုတာများ မလိုချင်ကြ ဘူးလား။ မငြိမ်းချမ်းတာကြာတော့ ငြိမ်းချမ်းရေးဆိုတဲ့ စာလုံးပေါင်းကိုတောင် မသိရှာတော့ဘူးလား။ ရာစုနှစ်ဝက်ချီပြီး တိုက်ခဲ့တဲ့စစ်၊ ဆုံးရှူံးခဲ့တဲ့ အသက်တွေ၊ ကျခဲ့ရတဲ့သွေးတွေ၊ ပျက်စီးခဲ့တဲ့ ဘ၀တွေ အတွက် တိုင်းရင်းသားမောင်နှမအားလုံး တညီတည်းလိုချင်တာက Identity တဲ့။ ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာ၊ ကိုယ်ပိုင်အမှတ်တံဆိပ်၊ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်။ တသက်လုံး ကိုယ်တိုင်မကြုံတွေ့ခဲ့ဘူးတဲ့ တောင့်တမှုမျိုးပါပဲ။ လိုအပ်လိမ့်မယ်လို့ စဉ်းတောင်မစဉ်းစားမိပါဘူး။ ကိုယ့်မှာအလွယ်တကူရှိနေတာတွေအတွက် အမှတ်တမဲ့ဖြစ်နေ တတ်တဲ့သဘောလဲပါမှာပေါ့။ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့တွေ၊ တိုင်းရင်းသား ၀တ်စုံလှလှတွေနဲ့ ကခုန်ခဲ့တဲ့ စည်းလုံးခြင်းအတွက် သီချင်းတပုဒ်။ ဒါတွေအားလုံးဟာ အပေါ်ယံတွေ၊ Propaganda တွေ ပါတဲ့။ အများစုကြီးထဲရောနေတဲ့အခါ အနည်းစုရဲ့အတွေးတွေကို နားလည်နိုင်ဖို့ ခက်လှပါလား။ တသီးတသန့်စီ နေလာကြရလို့လည်း ပါမယ်ထင်ပါတယ်။ ကိုယ်တိုင်ကလည်း ထောင်တတ်တဲ့နား မရှိခဲ့တာလဲ ချို့ယွင်းချက်တခုပါပဲ။
- အင်္ဂလိပ်ကျွန်ခံပြီးနောက် ဗမာကျွန်ခံကြရတယ်တဲ့။ တို့များလည်း သခင်မဖြစ် ခဲ့ပါဘူးကွယ်။ အာဏာနဲ့အုပ်စိုးသူများအောက် တိုင်းပြည်ကိုပြိုကွဲစေတယ် လို့ ခြိမ်းခြောက် မှုများအောက် အတူတကွ ဒုက္ခခံခဲ့ကြသူချင်းပဲ မဟုတ်ဖူးလား။ ဒုက္ခကြီးနဲ့ ဒုက္ခသေး ကွာတယ် ဆိုရင်တောင် ဒါတွေဟာ ပြိုင်ဆိုင် စကားနိုင်လုစရာ မကောင်းလှဘူးထင်ပါရဲ့။
- သမိုင်းအမွေအနှစ်တွေ အမျိုးသားရေးလက္ခဏာတွေကို စနစ်တကျဖျက်ဆီးခဲ့တာတဲ့။ မဟုတ်ဘူးလားလို့ မေးရင်ဟုတ်ပါတယ်လို့ပဲ ဖြေရမှာပေါ့။ ဒါတွေအားလုံးကို ဗမာမင်းများက ရည်ရွယ်ချက်ရှိရှိ ကျုးလွန်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါ။ ဒါပေမယ့် အုပ်ချုပ်သူဗမာနဲ့ အုပ်ချုပ် ခံဗမာများကိုတော့ ခွဲခြားလို့ မြင်စေချင်ပါရဲ့။ အတိတ်ဆိုတာ မေ့ဖျောက်ပစ်ဖို့မဟုတ်သလို ပစ္စုပ္ပန်မှာ တနင့်တပိုးလက်စားချေဖို့လည်း မဟုတ်တန်ကောင်းပါဘူး။ ရှေ့ကို အတူလျှောက်ကြမယ့်လမ်းမှာ အနောက်ကိုပြန်ဆွဲနေတာအားလုံးထားခဲ့ဖို့သာ တောင်းပန်ချင်တာပါပဲ။ တောင်းဆိုစရာရှိတာ၊ လိုချင်တာ လိုအပ်တာများကို စုစုစည်းစည်း ညီညီညွတ်ညွတ် လွတ်လပ်စွာတောင်းဆိုဖို့ တိုက်တွန်းပါတယ်။တအိမ်တည်းနေကြတဲ့ မောင်နှမများလို သူကြီးပွားတာ ငါမနာလိုဖြစ်ဖို့ အကြောင်းမရှိပါဘူး။ ကိုယ့်ကိုယ်ပိုင်အရည်အသွေးများနဲ့ တပြည်လုံးကြီးပွားအောင် ၀ိုင်းဝန်း ရမယ်လို့ပဲ နားလည်ထားပါတယ်။ တို့များအားလုံး အတူတကွနေထိုင်ကြတဲ့မြေလို့ အခြေခံစိတ် ကလေးချင်းတူကြမယ်ဆိုရင် လူချင်းမဝေးလှပေမယ့် နှစ်ပေါင်းများစွာကွဲကွာနေတဲ့ အိမ်သားတွေပြန် ဆုံကြရတာ ပျော်စရာအလွန်ကောင်းမှာပါ။
CHOSEN FATE
*****
You know me not
and I don't know you.
Oh, better not to know
but do what to do.
For this.....for that.....
we face each other.
Who is right or wrong
is another matter.
In the name of duty
our lives are at stake.
In the name of history
''pawns'' we are made.
History is just paper
words of one's will.
But on the battle field
our blood shall spill.
So, pull your trigger
and certainly will I.
One or both of us
in the end must die.
If your wife a widow
and my son a fatherless
will be......inherit they
our chosen tragedy. ( Moe Hein )

မွန်မောင်နှမတွေပြောကြတဲ့ တို့ဗမာ
မိမိလူမျိုး၊ မိမိသမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားသူမှန်သမျှကို ရန်သူလို့ သတ်မှတ်တယ်။ စေ့စပ်ညှိုနှိုင်းစရာ မရှိ။
- ၁၈၈၅ ခုနှစ် ဗမာ့ဦးစွန်းကို အင်္ဂလိပ်တို့ ရိုက်ချိုးပစ်ခဲ့ပြီးနောက် ယခင်ရှိခဲ့သော ဌာနေ လူမျိုးတို့၏ နေရာဒေသ ပထ၀ီသည် အကြီးအကျယ် ပြောင်းလဲခြင်းကို ခံခဲ့ ကြရသည်။ ဗမာပြည် အနှံ့တွင် အင်္ဂလိပ်တို့သည် နေရာကောင်း၊ သဘာဝကောင်း၊ ရာသီဥတုကောင်း၊ နှင့် အုပ်ချုပ်ရေး ယန္တရား လွယ်ကူစေရန် မြေနေရာတို့ကို ရွေးချယ်၍ အုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ယ္ခင်ဌာနေလူမျိုးတို့ ပိုင်ဆိုင်ရာဒေသသည် ကြုံ့ဝင်သွားပြီးလျှင် လွပ်လပ်ရေး ရရှိလာသောအခါ ဗမာပိုင်နယ်မြေ ဖြစ်သွားလေတော့သည်။
- ဗမာဘုရင်များ လက်ထက်တွင် အောက်ဗမာပြည်၌ ဗမာတို့မှာ မဆိုစလောက် သာရှိခဲ့ပြီး မွန်နှင့် ကရင်မှာ လူများစု ဖြစ်ခဲ့သည်။ရန်ကုန်ကို အခြေပြု၍ အင်္ဂလိပ်အုပ်ချုပ် သည်မှ စ၍ အောက်ဗမာပြည်သို့ ဗမာများ အလုံး အရင်းနှင့် ၀င်ရောက်နေထိုင်လာကြသည်။ မြေနုကို မမြင်ဖူးသော မိုးခေါင်ရေရှား ကန္တာရတွင် နေထိုင်လာခဲ့ကြသော ဗမာတို့မှာ နေရာကေါင်းကို လက်လွတ်ရမည်ကို စိုး၍ ကရင်နှင့် မွန်တို့ ကို ဗမာပြည်အောက်ပိုင်း ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ စသည့် နယ်မြေတို့မှ လူမျိုးရေးဖြင့်တဖုံ၊ စစ်တိုက်၍ တမျိုး၊ အနု၊ အကြမ်း၊ အရမ်း၊ မျိုးစုံသုံးကါ နှင် ထုတ်ခဲ့ကြသည်။ နေရာကေါင်းကို အပြီးအပိုင် ရယူခဲ့ကြသည်။
- ဗမာနိုင်ငံတော် အစိုးရ၏ ကျောင်းသုံးစာအုပ်တွင် ရခိုင်တို့၏ ဧရိယာမှာ နတ်မြစ် ၀မှ မော်တင်စွန်းထိ ဟုဖေါ်ပြပါရှိသည်။ ၁၉၇၅ ခု ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ကိုပြည်နယ် ပေးသော အခါမူ နတ်မြစ်ဝမှ ဂွ အထိသာ ရရှိလိုက်ပြီး မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် နေထိုင်သော ဗမာတို့မှာမူ ရခိုင်ပိုင် နယ်မြေ အနောက်ကလေးဟု ခေါ်သော နယ်မြေ တခုလုံးကို ဗမာတို့ ဘိုးဘွားပိုင် နယ်မြေ အဖြစ် ရယူသွားလေသည်။ ထို့ပြင် ရှမ်း မေမြို့၊ မိုးကုတ် ကချင် ဖါးကန့် ဆင်ကလိန်ခန္တီး ရခိုင် ပလက်ဝ၊ စသည်တို့ အပြင် လူမျိုးစု ဆိုင်ရာဒေသ အသီးသီးကို အင်္ဂလိပ်တို့ နည်းပေး လမ်းပြခဲ့မှုကြောင့် ဗမာတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်၍ တိုင်းရင်းသား အချင်းချင်း ရန်တိုက်သော လုပ်ရပ်များကို လုပ်ချင်တိုင်း လုပ်ခဲ့ကြသည်။ (နမူနာ။ ဂိုလန်၊ ဟီနန် ရှမ်းနှင့် ၀ ၊ ကချင် နှင့်ချင်း၊ ရခိုင်နှင့်ချင်း၊ ကရင်နှင့် မွန်၊ တို့ကိုရှုပါ) အင်္ဂလိပ်တို့၏ ဗမာပြည်ကို သိမ်းယူမှုသည် ဗမာတို့အတွက် နယ်မြေဒေသ ပိုမိုရရှိ လာသည့်အတွက် ရေရှည်တွင် အကြီးအကျယ် အမြတ်ထွက်ခဲ့ လေသည်။ ဂတိမတည်သော မုသ၀ါဒများသော လောဘ ဒေါသ မောဟ များသော ဗမာ့စစ်ဝါဒအောက်၌ နေထိုင်လာကြရသော တိုင်းရင်းသားတို့မှာ မူ ဗမာတို့၏ လူမျိုးရေးအရ နယ်မြေတိုးချဲ့လာမှု၊ သယံဇာတ ကေါင်းများရှိရာ ဒေသကို ဗမာပိုင် နယ်မြေပြုလုပ်မှု၊ စသည့် လောဘ ဒေါသ မောဟ အလိမ်အကေါက် များလှသော ဗမာတို့နှင့် အတူ လွပ်လပ်ရေး ယူခဲ့သော အရသာကို ခံစားရင်း ယနေ့တိုင် ဒုက္ခပင်လယ် ဝေခဲ့ကြလေ တော့သည်။"
- "ဗမာတွင်စာမရှိ၊ ဗမာစာကို မွန်တို့ထံမှရသည်ဟု ဗမာပညာရှင်တို့ လက်ခံထားကြ သည်။ ဗမာဟုဖြစ်လာသော အနော်ရထာမင်း မတိုင်မှီ ပုဂံတွင် ပျူစာပေ ထွန်းကါးခဲ့သည်။ အနော်ရထာမင်း နန်းရပြီးနောက် အရည်းကြီးသာသနာကို အယုံအကြည် မဲ့လာခဲ့သည်။ ထိုအကြောင်းကို သိသော အရည်းကြီးတို့သည် မိမိတို့ အမူအကျင့်နှင့် တထေရာတည်း တူသော ပိဌကဋ်ကို နွားသားရေပြားတွင် ရေး၍ သရေခေတ္တရာ ရသေ့ပြည်၌ သခွပ်ပင်ကြီး ကိုထွင်းကါ ထိုကျမ်းစာကို ထည့်ထားလေသည်။ သုံးနှစ်အကြာ အသားမာတက်၍ အသား စေ့လေလျှင် သာသနာပိုင် အရည်းကြီးရဟန်းက ဘိုးလောင်းတော် ဒွတ္တပေါင် မင်းကြီး၏ မြို့တော် သရေခေတ္တရာ ရသေ့ပြည်တွင် မြို့လည်၌ရှိသော သခွတ်ပင်ကြီးထဲတွင် ပိဌကဋ် ကျမ်းစာ ရှိကြောင်း နတ်တို့အိမ်မက် ပေးလှာကြောင်း ထိုကျမ်းစာကို သွားယူရန် အနော် ရထာမင်း ထံ ပြောကြားလေသည်။ အနော်ရထာမင်း သွား၍ ရှာလေလျှင် လုံးပါတ် ၃၂ တောင်ရှိ သခွတ်ပင် ကြီးထဲတွင် အရည်းကြီးတို့၏ အကျင့်နှင့် တထေရာတည်း တူသော ပိဌကဌ်ကျမ်းစာကို ရလေသည်။ ဤသည်မှာ ပျူစာရှိကြောင်း အထောက်အထား ပင်ဖြစ် သည်။ ပျူယဉ်ကျေးမှုသည် မွန်ယဉ် ကျေးမှုထက် ရှေးကျသည်။ မွန်စာ၊ ပျူစာ၊ ရခိုင်စာ၊ လူမျိုး ၃ မျိုးမှာ အနွယ်မတူသော်လည်း စာမှာ အတူတူပင် ဖြစ်သည်။
- ဗမာစာ ဟုခေါ်သော မြမ္မာစာကို မွန်တို့ထံမှရသည်ဟု အလွယ် တကူ လက်ခံလိုက်ကြခြင်း အားဖြင့်၎င်း ပျူ ကိုဖျောက်၍ ဗမာ ဟုဖြစ်လာပြီးမှ မြန်မာဟု တဖန် လူမျိုးပြောင်းလာခြင်းကို အလွယ်တကူနှင့် လက်ခံလိုက် ကြခြင်းဖြင့်၎င်း ဗမာ့စစ်ဝါဒ၏ ဆိုးခဲ့ မိုက်ခဲ့ ပေခဲ့သော အကြောင်းအရာတို့ကို အလွယ်တကူ ခေတ်ရေစီးကြောင်း ထဲသို့ မျောပါသွားနိုင် ခဲ့လေသည်။တနှစ်အရ သင်္ကြန်ကျဟု ဌာနမြန်ပြည် သမုဒ်သည်ကို အတည်တွက်ဆ ခဆပဉ္စာ သက္ကရာကို ရာဇာအမွန် စောရဟန်တည့် ပုဂံရွှေမောက် ခြေဖျောက်ကြွင်းရစ် အစနှစ်မှ တွက်စစ်ကော ဇာ နှစ်သင်္ချာကါး၊ ဤသည်မှာ အမျိုးအနွယ်ကို အောက်မေ့စွာဖြင့် ဗမာအစ ပျူမှ ဟု ရေးဖွဲ့ထားသော နှစ်စဉ်ထုထ် သင်္ကြန်စာပင်ဖြစ်ပါသည်။"
- နရပတိစည်သူမင်းလက်ထက်ပါ။ ဒီမင်းလက်ထက်မှာ မွန်စာကို နန်းတော်မှာ မသုံးတော့ဘဲ မွန်စာအစား မြန်မာစာကို သုံးတယ်။ အနော်ရထာမင်းလက်ထက်ကနေ စပြီး သံဃာ့ရာဇာ (မင်းဆရာ)ကို မွန်သံဃာတော်များကိုပဲ ခန့်ခဲ့တယ်။ ဒီဘုန်းကြီးတွေက ဓမ္မသတ်ဥပဒေတွေကို တည့်မတ်စေခဲ့တယ်။ ဒါပေမယ့် နရပတိစည်သူမင်းလက်ထက်ရောက်တော့ မြန်မာတွေက အင်အားကောင်းလာခဲ့ပြီး သံဃာ့ရာဇာဖြစ်ရမဲ့ဓမ္မဝိလာသမထေရ်ကို အကြောင်းအမျိုးမျိုးပြပြီး တွံတေးဘက်မှာ သာသနာပြုဖို့ စေလွှတ်လိုက်တယ်။ တွံတေးဘက် မသွားခင် တိုင်းပြည်အုပ်ချုပ်ဖို့ သူ့အတွက် ဓမ္မသတ်တစ်စောင် ရေးပေးရသေးတယ်။ ဓမ္မဝိလာသဓမ္မသတ်လို့ နာမည်ကျော်ခဲ့တယ်။ ဒီအကြောင်းကို ဆန့်ကျင်ချင်လို့ ဆပ္ပဒမထေရ်တို့က သီးခြားဂိုဏ်းထူထောင်ကြတယ်။ ရှင်အရဟံဂိုဏ်းက မြန်မာဂိုဏ်းဖြစ်သွားလို့ ပုဂံရောက်မွန်တွေက ပစ္ဆိမဂိုဏ်း ထပ်ပြီး ထူထောင်ကြရပြန်တယ်။ မကြာပါဘူး။ ဒီဂိုဏ်းဝင်များကိုလည်း နရပတိစည်သူက လာဘ်လာဘများနဲ့ ဖျက်ဆီးလိုက်လို့ ရေရှည်မတည်တဲ့နိုင်ခဲ့ဘူး။
- "၁၁၄၆ ခုနှစ်မတိုင်မှီက ဗမာပြည်တွင် အဌကဌာ မရှိပေ။ ရခိုင်ပြည်ကို သိမ်းယူပြီး နောက်မှ ဗုဒ္ဓတရားတော် အဌကဌာများကို ဗမာတို့ ရရှိသွားခြင်း ဖြစ်သည်။ ထိုအဌကဌာ နီကါ များသည် အသျှင်မဟာ ဗုဒ္ဓဃောသ မထေရ်၏ ပါဠိအသံ အတိုင်း မရမာဘာသာ ရခိုင်စာ ဖြင့် ရေးခဲ့ သော ကျမ်းစာများ ဖြစ်သည်။ထိုအဌကဌာများကို ပါဠိ(အနက်) ကို မတတ်သူတို့ အတွက် ညောင်ကန် ဆရာတော် သည် စကါးပြေဖြင့် ရေးသားခဲ့သည်။ ထို့ကြောင့်ပင် ဗုဒ္ဓစာပေများကို ဗမာတို့ တတ်သိ နား လည် လာခြင်း ဖြစ်သည်။"
- "နုတ်ခမ်းမွေးနှင့်ဘုရား"
- မွန်သမိုင်းမှာ ရွှေတိဂုံဆံတော်ဌာပနာကို ဖွင့်ဖို့ ပျူဘုရင်ဒွတ္ထဘောင်မင်းက စစ်ချီသတဲ့။ မိုးကြိုးပစ်၊ လျပ်စီးလျပ်နွယ်တွေ ဖြစ်ပေါ်လို့ ကြောက်လန့်ပြီး ထွက်ပြေးရသတဲ့။ ဒီဒွတ္ထဘောင်မင်းတွေက ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးကိုလည်း တိုက်ခဲ့သူဖြစ်တယ်။ ဗိဿနိုးမြို့ဟောင်းကို ပျူမြို့ဟောင်းမဟုတ်ဘဲ မွန်ခမာမြို့ဟောင်းဖြစ်ကြောင်း ဆရာဦးရီစိန်က သုံးသပ်ထားပါတယ်။
- "တကေါင်းမြို့တွင် ကံရာဇာငယ်သည် နန်းရလိုမှုဖြင့် အမျိုးအနွယ်ကို လိမ်သည်မှစ၍ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။ သရေခေတ္တရာ ရသေ့ပြည် တွင် မျှက်ရှင်တော်သခင် ဒွတ္တပေါင် မင်းကြီးကို မယား ပန်ထွာမင်းသမီးသည် ထမိန်ကို မျှက်နှာ သုတ်ရန် ပ၀ါဟု လိမ်၍ပေးသည့် အဖြစ်မှ ဆွေမျိုးတော် စပ်မှု စနစ်ကို လိမ်သည် ဆိုက ဆိုနိုင် ၏။ ပျူလူမျိုးဟု မခံဝန့်သော ပုဂံခေတ် စုက္ကတေးမင်း ပုတ္တလင် အမျိုးမှစ၍ ဆွေမျိုး တော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။"
- "သမိုင်းကိုဤသို့ ဖေါ်ပြရသည်မှာ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်မှာ သင်ပုန်းခြေ၍ မရသောကြောင့် ဖြစ်သည်။ ဗမာတို့၏ သမိုင်းမှန် အကျင့်ဆိုးကို ဘုရင်ခေတ်တွင် ချန်ထားခဲ့ လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် ပြည်ထောင်စုခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ ၏။ သို့မဟုတ် မဆလခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် နအဖခေတ် တွင်ဥပဒေ ပြု၍ ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ ဘုရင်ခေတ်မှစ၍ ဗမာတို့အုပ်ချုပ်သမျှ ကါလပါတ်လုံး လူမှုရေး ဖေါက်ပြန်မှုများမှာ အော့နှလုံးနာစရာပင်ဖြစ်သည်။ သားနှင့်အမိ၊ မရီး နှင့်မတ်၊ တူနှင့်ဝရီး၊ လိင်ဖေါက်ပြန်မှု အပြင် ကြာခိုမှု၊ မုဒိန်းမှု၊ အမြှောင်ထါးမှု တို့မှာ တရားရေး ဌာနနှင့် ဗမာလူမှု အသိုင်းအ၀န်းထဲတွင် မမြင်ချင်အဆုံး မကြားချင်အဆုံး ကြားနေရ မြင်နေရ သည်။ ဖေတရာမှ စ၍ ဆဲရာတွင် သူမတူအောင် ရိုင်းစိုင်းလှသော ဗမာ့လူ့ အဖွဲ့အစည်းကို တိုင်းရင်းသားတို့ မည်သို့ အတုယူရ ပါမည်နည်း။"
- "ယခင် သမိုင်းအဆက်ဆက် ကိုပြန်ကြည့်ပါကလည်း ဗမာမင်းများသည် မိမိ အမေနှင့် နှမ များကို မိဖုရားမြှောက်ခဲ့သည်ကို လည်းအခိုင်အမာ တွေ့ရှိခဲ့ရပါသည်။ထို့ပြင် ဗမာတို့သည် တိုင်းရင်းသားတို့၏ နေရာဒေသသို့ အကြောင်း အမျိုးမျိုးနှင့် ရောက်လာ ကြသောအခါ တိုင်းရင်းသူတို့ကို အတည်တကျ ပေါင်းဖေါ်ခြင်း မရှိဘဲ ခလေးနှင့် တဖုံ ကိုယ်ဝန်နှင့်တမျိုး အပျော်မယားအဖြစ်တနည်း ပြုကျင့်ကါ ပြစ်ထားခဲ့ကြလေသည်။ဤသို့ဗမာတို့၏ လူမျိုးရေး လိင်ဖေါက်ပြန်မှုကြောင့် ဘ၀ပျက်သွားရသော တိုင်းရင်းသူ အမျိုး သမီးတို့မှာ မရေမတွက်နိုင်အောင် များလှပေသည်။"
- "နိုင်ငံတခု၏ အချုပ်အချာ အာဏါကို ရယူထားသည့် ၊ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထား သည့်၊ ဗမာတို့သည် ဆွေမျိုးတော်စပ်မှု စနစ်ကို၊ တိုင်းရင်းသားတို့ အတုယူရလောက် ပြုပြင်မှု မရှိလျှင် လူမျိုးကြီးဟုခံနေခြင်းသည် အလဟသပင် ဖြစ်ပါသည်။
- "ပုဂံခေတ် က ဒုသနသော ကျန်စစ်သား နှင့် အဏာရူး လူသတ်သမား အနော်ရထာ"
- "ကျန်စစ်သားသည် လက်ရုံးရည်နှလုံးရည်နှင့်ပြည်စုံတယ် မြင်းစီးကျွမ်းကျင်သလို့ စကားပြောကလည်းကောင်းတယ်လေ ဒါကြောင့်လဲ အနော်ရထာ မိန်းမ မဏိစန္ဒာကို တော်ကီနဲ့ ချူပ်ပြီး အပိုင် ကြံလိုက်တာပေါ့။ ဒုသနသော (ကြာကူလီ) အလုပ်ကို လုပ်ခဲ့ပေမဲ့ သမိုင်း လှအောင် ရေးဖို့ကြတော့ ဘုရားတရားသိပ်ကြည်ညို တယ်ပေါ့လေ။ အနော်ရထာမင်း က ကျန်စစ်သား သူ့မယားကို ကြာခိုနေတာကို ပထမတော့မသိသေးဘူး၊ နောက်သူ့သား စောလူးမင်းက ပြောမှ သိတော့ စိတ်ဆိုးတာပေါ့ အဲ့ဒီတော့ ကျန်စစ်သားကို သူ့ရဲ့ လက်စွဲတော် အရိန္နမာ လှံနဲ့ ပစ်လိုက်သတဲ့ ပစ်လိုက်တာ ကျန်စစ်သားကို မထိ ဘူးဖြစ်သွားတယ်။ ကျန်စစ်သားလဲ ပြေးနိုင်မှ လွတ်မယ်ဆိုတာ သိတော့ ပြေးတာပေါ့။ အဲ့ဒီမှာထဲက ကျန်စစ်သား ဇာတိပြပုံကတော့ အနော်ရထာမင်း ပစ်လိုက်တဲ့ အရိန္နမာ လှံကို ပါ ခိုးပြေးသွားလိုက်သေးတယ်။ ဒီအကြောင်းအရာထဲမှာ အနော်ရထာက ကိုလဲ သိက္ခာအကျမခံနိုင်ဘူးလေ ဒါကြောင့် ရှေးရာဇဝင် ဆရာကြီးတွေက အနော်ရထာကို ဖာထေးပေးရတာပေါ့။ ဘယ်လိုဖာထေးလဲဆိုတော့။။။"ကျန်စစ်သားက သူ့မယားကိုထိလို့ လှံနဲ့ပစ်သတ်ပေမယ့် ကျန်စစ်သား သစ္စာတရားကို လှံက သိတာကြောင့် မထိပဲ လွဲချော်ခဲ့ရတယ်တဲ့"
- "အချို့ကျပြန်တော့လည်း အနော်ရထာမင်းက လှံပစ် အရမ်းကိုတိကျတာတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ အင်မတန်အားထားရတဲ့ သူရဲကောင်းတစ်ဦးကို သတ်ရတယ်ဆိုပြီး ရာဇဝန်မတင်အောင် မထိအောင်ချော်ပစ်လိုက်တာဆိုဘဲ။ အနော်ရထာ လှံပစ်တာ တိကျလား မတိကျလား တော့မသိဘူး။ မြို့တံခါးဝမှာ လူတကာလိုက်ခွေ့နေတဲ့ ကျွဲ တစ်ကောင်ကို အနော်ရထာက ငါကိုယ်တော်တိုင် ဒီကျွဲဆိုးကို သုတ်သင်မယ်ဆိုပြီး ဆင်နဲ့ချီတက်သွားခဲ့တယ်။ ကျွဲနဲ့တွေ့တဲ့အခါ လှံပစ်တိကျပါတယ်ဆိုသူကြီး လှံနဲ့ ပစ်လိုက်တာ လှံက ကျွဲကို မထိဘဲ ကျွဲ ခွေ့လို့ အသေဆိုးနဲ့ သေပါလေရောလား။"
- "အီဂျစ် သမိုင်း မှာ ဆိုးလွန်းပါတယ်ဆို တဲ့ "ဖေရိုဘုရင်" အဆက်ဆက် တို့ ကို အနော်ရထာက သနားတယ်။ အနော်ရထာလည်း အာဏာရူး တစ်ယောက်ဘဲ။ အနော်ရထာရဲ့ ပုဏ္ဏား နှစ်ယောက်က ဖြစ်တဲ့ ဟူးရားဖြူ၊ ဟူးရားညို တို့က အရှင်ရဲ့ ဘုရင်ရာထူးကို လူ့ယူမဲ့သူက အခုဆိုရင် အမိဝမ်းထဲမှာ သန္ဓေတည် နေပြီးလို့ တွက်ချက်တွေ့ရှိထားပါတယ်ဆိုပြီး ပြောပါလေရော။ အာဏာရူး အနော်ရထာ တစ်ယောက် ဘာပြောကောင်းမလဲ နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင် မိန်းမတွေအကုန်လုံးကို လိုက်သတ်ပစ်ခိုင်းပါလေရော။ ကာလ အတော်အကြာမှာ သတိရပြီးထပ်မေးတော့ အခုဆိုရင်ဖြင့် အရှင်မင်းရဲ့ ဘုရင်ရာထူးကို လုယူမဲ့သူဟာ နို့ဆိုအရွယ် သို့ရောက်ရှိနေပါပြီး လို့ လျှောက်ထားပြန်တော့ အနော်ရထာ ဟာ တိုင်းပြည်မှာရှိတဲ့ နို့စို့ ကလေးတွေ အကုန်လုံးကို သတ်ခိုင်း ပြန်ရော။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်မေးတော့ နွားကျောင်းသား အရွယ်ကို ရောက်နေပြီလို့ ဆိုပြန်တော့လည်း တိုင်းပြည်မှာရှိတဲ့ နွားကျောင်းသားအရွယ် ကလေးတွေ အကုန်သတ်ခိုင်းပြန်တော့ အပြစ်မဲ့ ကလေးတွေ အစုလိုက် အပြုံလိုက် သေပွဲဝင်ခဲ့ကြရရှာတယ်။ "
- "ယခု ဗမာပြည် က ဗိုလ်ချူပ်တွေ နဲ့ အာဏာရူးတာခြင်းတူပေမဲ့ ရက်စက်တဲ့နေရာမှာတော့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ အနော်ရထာရဲ့ ခြေဖျားတောင်မမှီဘူး။ ဒါကြောင့်လဲ ကျွဲခတ်ပြီး သေခြင်းဆိုးနဲ့ သေရတာ။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ လို့ ပရောဟိတ်တွေက ဖြေတော့ ရဟန်းတွေကို သတ်ဖို့ နန်းတော်ထဲမှာ ထမင်းဖိတ်ကြွေးတယ်။ ဒီတစ်ခါ ပရောဟိတ်တွေက ဘယ်လို ထပ်ပြီးကြပ်လဲဆိုတော့ ထိုသူအား ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက် တာကိုမြင်ရလိမ့်မယ်တဲ့ .. ခင်ဗျားတို့ စဉ်းစားကြည့်ဘယ်သူက ရေသောက်ရင် ပါးစပ်ထဲက စက်ရောင်ထွက်မှာလဲ.... ဒါနဲ့ ဟူးရားဖြူ၊ ဟူးရားညို မေးပြန်ရော ဒီတစ်ခါတော့ ကျေးဇူးရှင်နှစ်ယောက်က ဘာပြန်ဖြေလဲ ဆိုတာ မင်းကြီးနဲ့ နောက်မင်းတစ်ဆက် ခြားမှ သူက ဘုရင်ဖြစ်မှာလို့ ပြန်ပြောင်းဖြေမှ ရဟန်းတွေ အနော်ရထာ သတ်မဲ့ဘေးက လွတ်ခဲ့ရတယ်။ အဲ့ဒီ လူက နောက်တော့ ကျန်စစ်သားဖြစ် သွားတယ်ဆိုဘဲ ... ကျန်စစ်သား ပါးစပ်က စက်ရောက်ထွက်လို့လည်း သမိုင်းမှာ တခါမှ မကြားဖူးဘူး။ ကျန်စစ်သားလိုလူလား သူ့ပါးစပ်က စက်ရောင်ထွက်လို့ကတော့ ရေးလိုက်မဲ့ ကျောက်စာတွေ မြန်မာတစ်နိုင်ငံလုံး ကျောက်စာ တွေပြည့်သွားလိမ့်မယ်။ ဒီအတိုင်းတောင်မှာ သူ့အဖေက နေမျိုးနေနွယ်၊ အမေက အုန်းသျှစ်သီးထဲက မွေးလာတာလို့ လျှောက်ဖြီးဖြန်း နေတာ အာခေါင်က စက်ရောင်များ ထွက်လို့ကတော့လား ပြောမဆုံးပေါင်တောသုံးထောင်ဘဲ။"
- "အနော်ရထာမင်းဟာ ဗုဒ္ဓသာသနာကို စတင်အုပ်မြစ်ချခဲ့တယ်လို့ ဆိုပြန်တယ်။ အမှန်ကတော့ သူ့အာဏာမှေးမိန်မှု့ကို ဗုဒ္ဓသာသနာနဲ့ ပွတ်တိုက်ပြီး ပြောင်အောင်လုပ်ခဲ့တာလို့ပြောရင် ပိုမှန်မယ်။ တချိန်က မြန်မာလူမျိုးတွေမှာ အရည်းကြီး သာသနာဘဲရှိခဲ့တာပါ။ အရည်းကြီးများဟာ သူ့တို့အား ကိုးကွယ်သူ တိုင်းသူပြည်သားများ အပေါ်မှာ အနော်ရထာထက် ပိုပြီး သြဇာညောင်းပါတယ်။ အနော်ရထာ အမေကိုယ်တိုင်လည်း အရည်းကြီးများက ပန်းဦး ချွေတာ ခံခဲ့ရသူပါ။ ဒါကိုဘဝင်မကျတဲ့ အနော်ရထာက သူ့သြဇာပိုကြီးအောင် မွန်ပြည်က ရဟန်းတွေကို စစ်ခင်းဓါးမြတိုက်ယူကာ ပုဂံမှာ သာသနာပြုခိုင်းပါတယ်။ နောက်ကျတော့ ဗုဒ္ဓတရားတော် ကိုးကွယ်ရာဆိုပြီး အရည်းကြီးတွေကို သုတ်သင်လိုက်တာဘဲဖြစ်တယ်။ အနော်ရထာ ဘယ်လိုနန်းရခဲ့လဲ ဆိုတာ ပြောရင်တော့ ကိုယ့်အမေ ကို မိဖုရားပြန်မြောက်တဲ့ နောင်တော် စုက္ကတေးမင်း သတ်ပြီးနန်းရခဲ့တာပါ။"
- "ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။"
- မြန်မာတွေ လာတဲ့အရပ်ကို သိချင်ရင် သူတို့သုံးတဲ့အလေးချိန်၊ သူတို့သုံးတဲ့ပြက္ခဒိန်၊ သူတို့အခေါ်အဝေါ်ကို ကြည့်ရတယ်။ မြန်မာနဲ့ပျူကို ရောပစ်တာလောက် အဆင်မပြေတာ ဘာရှိလဲ။ မွန်နဲ့ကမ္ဘောဒီးယားလူမျိုးမတူသလိုပဲ။ မွန်နဲ့ပလောင်မတူသလိုပဲ။ ပလောင်ကို ခင်ဗျားတို့ မွန်ပဲ သွားပြောလို့ ဘယ်ရမလဲ။ ဒီလိုပါပဲ။ ရခိုင်လည်း ရခိုင်ပဲ။ ထားဝယ်လည်း ထားဝယ်ပဲ။ မောင်ပိုင်စီးလို့ မရဘူး။
၁။ အရှေ့ (နေထွက်ရာအရပ်) ဒါဟာ သူတို့အိမ်တွေက ဘယ်ဘက်မျက်နှာလှည့်သလဲ သိရတယ်။
၂။ အနောက် (နေဝင်ရာအရပ်) သူတို့အိမ်ဘယ်ဘက်ခေါင်းထားလဲ သိရတယ်။
၃။ တောင် (တောန်တန်းတွေ ရှိတယ်)
၎။ မြောက် (မြောက်ကို ပုဂံခေတ်မှာ မ္လစ်အောက်လို့ ရေးတယ်)။ တောင်ပေါ်ကျရေ စီးဆင်းရာအရပ်ပါ။
ဒီတော့ ရှင်းနေပါပြီ။ သူတို့ရဲ့ မူလနေရာဟာ တရုတ်နိုင်ငံကန်စုနယ်ပေါ့။ ကမ္ဘာမှာ မြောက်ဘက်စီးတဲ့မြစ် ရှားတယ်။ ဒီနယ်မှာပဲ ရှိတယ်။ ဒါကြောင့် မြန်မာအစ ကျောက်ဆည်က လို့ ပညာရှင်တွေ အဆိုအမိန့်ပြုခဲ့ကြတာ ဖြစ်တယ်။
- စိတ်ထဲ အမှန်ရှိတာ ပြောရရင် မိမိ လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် (သို့) မွန်နိုင်ငံ တောင်းနိုင်တဲ့ အနေအထား ရှိတဲ့ ယခု လိုအချိန်သမယမျိုးမှာ တောင်းဆိုသင့်ပြီ။ ဒီ အရူး တွေနဲ့ကဘယ်လိုမှ တွဲမနေကောင်းတော့ဘူး ဆိုတာ အထက်မှာ တင်ပြခဲ့တဲ့ ရာဇဝင်ကြောင်းတွေအရ ဘဲ ကြည့်ကြည့် သားဖျက်ချ ( ကန်တော့ပါ) နေတဲ့ လက်ရှိအခြေအနေ ကိုဘဲပြောပြော ဘယ်လိုမှ ယှဉ်တွဲမနေသင့်တော့ပါ။ မနေ့တနေ့ ကမှ ပေါ်လာတဲ့ "ရိုဟင်ဂျာ" တောင် ပိုင်နက်နယ်မြေ တောင်းရဲသေးတာ ကျနော်တို့လို ရာဇဝင် ရှိတဲ့ အမျိုး က သူတို့ လုပ်တိုင်း ခံပြီး မသိကျေးကျွံပြု ခေါင်းရှာင် နေကြမယ် ဆို တာဝန်မကျေရာရောက်ပါလိမ့်မည်။"

ထားဝယ်မောင်နှမတို့ရဲ့ အသံ
- ပြည်ထောင်စုကိုချစ်သလောက် ဒုက္ခရောက်ရပါတယ်။ ချစ်လေ နစ်လေပါပဲ။ ထားဝယ်တွေဆို ပိုတောင်ဆိုးပါသေးတယ်။ မှတ်ပုံတင်လုပ်တဲ့အခါ လူမျိုးနေရာမှာ ထားဝယ်လူမျိုးကို ဗမာ (မြန်မာ) လူမျိုးလို့ မထည့်ချင်ပဲ ထည့်နေရပါတယ်။ ထားဝယ်လူမျိုးတိုင်း မနှစ်သက်ပါ၊ မထည့်ချင်ကြပါ။ လူမျိုးနေရာမှာ ထားဝယ်လို့ ထည့်ချင်ကြတယ်။
- ထားဝယ်လူမျိုးကို ဗမာ (မြန်မာ) ပြောမယ်ဆိုရင် ရခိုင်၊ ဓနု၊ အင်းသား၊ မြို၊ မရမာ၊ ကဒူးကန်းတွေဟာ ဗမာ (မြန်မာ) ပြောဆိုရပါမယ်။ ရခိုင်ဆိုရင် ထားဝယ်ထက် ပိုပြီး ဗမာနဲ့ နီးစပ်ပါတယ်။ နယ်နိမိတ်ထိစပ်မှု၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား အားလုံးနီးပါး မထူးခြားနာပါပဲ။
သင့်သမိုင်းအဖြေ
။။။။။။။။။။။။။။။။။။။
သမိုင်းကြောင်း ကောင်းချင်လို့
သမိုင်းဘယ်လောက်ပဲ ပြောင်းပြောင်း
သမိုင်းဟောင်းတွေထဲမှာတော့
သမိုင်းဗလောင်းဗလဲတွေ တစ်ပုံတစ်ပင် ၊
သမိုင်းကြောက်လို့
သမိုင်းဘယ်လောက်ပဲဖျောက်ဖျောက်
သမိုင်းအောက်မှာတော့
သမိုင်းမှောက်သူတွေ တစ်ပုံတစ်ပင် ၊
သမိုင်းသစ်ချင်လို့ပဲ ဖြစ်ဖြစ်
သမိုင်းချစ်ခင်လို့ပဲ ဖြစ်ဖြစ်
သမိုင်းအပြစ်မမြင်စေချင်လို့ပဲ ဖြစ်ဖြစ်
သမိုင်းအဖြစ်က အဖြစ်ပါပဲ ၊
သင် ယဉ်ကျေးခဲ့သလား
သင် ရိုင်းစိုင်းခဲ့သလား
သင့်သမိုင်းမှာ အဖြေမှန်ရှိတယ် .... ။ ။
(စက်သွေး)
http://www.facebook.com/notes/thanda-win/
No comments:
Post a Comment