Tuesday, November 6, 2012

တောင်ငူကလည်းတောင်ငူ မောင်းထောင်ကလည်းမောင်းထောင်

  ( အားလုံးကိုမေတ္တာရပ်ခံပါတယ်)

ဒီပိုစ့်ကိုတင်ရခြင်းကတော့ ဒိခုတလောမှာကြားနေရတဲ့ ကိစ္စတစ်ခုကြောင့်ပါ။ ပြသာနာလေးတစ် ခုကြောင့် ပါ။ဘိုးတော်ဘုရားလက်ထက်မှာ သာသနာပိုင်ဆရာတော် က မောင်းထောင် ဆရာတော်ပါ။ သာသနာပိုင်ဆိုတာက အဲ့ဒီခေတ်မှာ သာသနာထဲမှာ ရာထူးအရရော သြဇာအရပါ အမြင့်ဆုံးဖြစ် ပါတယ်။
ဆရာတော်ကတစ်နေရတော့ ရဟန်းတစ်ပါးကို စာဝါတစ်ခုနဲ့ပက်သက်ပြီး မေးရာမှာ ရဟန်းငယ် ကမရတဲ့ အတွက်  သဲဒဏ် ရေဒဏ်ပေးပါတယ်။ဖြစ်ချင်တော့ ဒီရဟန်းရဲ့ ဒကာရင်းက ဘိုးတော်ဘုရားရဲ့ သားတော် တောင် ငူ မင်းသားဖြစ် ပါတယ်။

ဒီအကြောင်းကို မင်းသားကြားတော့ မခံ ချင်ဖြစ်ပြီး သာသနာပိုင်ကို သွားလျှေက်ပါတယ်သူ့ဆရာအနေနဲ့  ခုအရမ်းပင်ပန်းနေလို့ အပြစ်ကိုလျှော့ပေါ့ပေးပါဆိုပြီး လျှေက်ပါတယ်နောက်ကိုလည်း ဒီလိုတော့ မလုပ် ပါနဲ့လို့ လည်းလျှောကိပါတယ်  ( သူ့ဆရာကြောင့်တော့   ဒေါသသံ အနည်းငယ်ပါပါတယ်)ဒီတော့ သာ သ နာပိုင်က ဘုန်းကြီးအလုပ် ၀င်ရှုပ်ရမလားဆိုပြီး မင်းသားကို အနားမှာရှိတဲ့ ထွေးခံ နဲ့ ကောက်ပေါက် ပါတယ်။

အဲ့ဒီမှာ မင်းသားကလည်း ဆရာတော်ကို နပန်းဝင်လုံးပါတယ်။ မင်းသားနဲ့ ဆရာတော် ဘတပြန် ကျား တပြန် နပန်းလုံးနေကြတာ ဘေးနားက တိုက်အုပ်တိုက်ကြပ်ဆရာတော်တွေု တစ်ပါးမှ ၀င်မဆွဲရဲ ပါဘူုး။နောက်တော့ မဟာဒါန်ဝန်လာရောက်ဖြနဖြေမှ ဘဲ ပြီးသွားပါတယ်။

နောက်တော့ ဘိုးတော်ဘုရားက မင်းသားကိုနားချပြီး ဆရာတော်ကိုပြန်တောင်းပန်ခိုင်း ပါတယ်။မင်း သား ကလည်း သူ့အမှားကိုသူသိပြီး ဆရာတောိကို ကန်တော့တောင်းပန်ပါတယ်။ဒီအခါမှာ ဆရာတော်က ဒီကိစ္စ မှာ ဆ၇ာတပည့် နှစ်ဖက်စလုံးမှားကြတာဖြစ်ကြောင်း။သို့သော်မိမိက ဘုရားသားတော်ဖြစ်ပြီးဒေါသကို မထိန်းနိုင်တြာေ့ကာင့်မိမိက ပိုမှားကြောင်း ပြောပါတယ်။
မင်းသားကလည်း မိမိလည်းမှားကြောင်း ပြသာနာကို သေသေချာချာ မသိဘဲ စိတ်လိုက်မာန်ပါလုပ်မိတဲ့ အတွက်တောင်းပန်ကြောင်ြးေ့ပာပါတယ်။နောက်ပိုင်းမှာဘိုးတော်ဘုရားက တောင်ငူကလည်းတောင်ငူ   မောင်းထောင်ကလည်းမောင်းထောင်လို့ မိန့်ခဲ့ဖူးပါတယ်။

ဒါကိုဘာလို့ေ၇းရလဲဆိုတော့ခုလည်းတောင်ငူကလည်းတောင်ငူ မောင်းထောင်ကလည်းမောင်းထောင်ဖြစ်နေ ကြလို့ပါ။ခုဆေးကျောင်းမှာ D Bar ကိစ္စနဲ့ပက်သက်ပြီး ပြသာနာတက်နေကြတယ်လို့ပါ။ပထမဦးစွာ D bar ကိုရှင်းလိုပါတယ်။ကျောင်းသားမှန်ရင်ကျောင်းမှန်မှန်တက်ရမှာ သဘာ-၀ပါ။ဆေးကျောင်းသားဆိုရင် လည်း ကျောင်းမှန်မှနမ်ပိုတက်ရပါမယ်။ဆေးရုံမှန်မှန်သွားရပါမယ်။ လက်တွေ့မှန်မှန်လုပ်ရပါမယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ချိန်မှာ လူနာတွေရဲ့အသက်ကို ကယ်ရမှာပါ။သူတို့ရဲ့ လောင်းကြေး က ငွေကြေးမဟုတ် ဘူးနော်။လူ့အသက်ပါ။ခွဲစိတ်ဆရာဝန်တစ်ယောက် ဓါးတင်မှားလို့မရ ပါဘူး။ပေး ရမှာက လူနာအသက်ပါ။သမားတော်တစ်ယောက် ဆေးမှားပေးလို့မရဘူး။ ပေးရမှာ က လူနာအသက်ပါ။
ကျွန်တော်တို့ သွားဆရာဝန်တွေ သွားမှားနှုတ်လို့မရပါဘူး ။  သွားညှိကုပညာမှာလည်းနည်းနည်းလေးတောင် မှား လို့မ ရပါဘူး ။
ပေးရမှာက လူနာရဲ့ အရေးကြီးဆုံး မျက်နာအစိတ်အပိုင်းပါ။ လူနာရဲ့ ဘ၀ပါ။
ဒီလိုဆိုရင်ဆေးကျောင်းသားဟာကျောင်းမတက်ဘဲ ဘယ်လိုလုပ်ဒီပညာကိုတတ်မှာပါလဲ ။မေးချင် ပါတယ်။စာမေးပွဲပုံစံကိုက Minus System ပါ ။ဒီစနစ်အရမှားရင် အနှုတ်တစ်ပါ။2ခုမှားရင် အနှုတ်နှစ်ပါ။
လူနာကိုဆေးကုမယ့် ဆရာဝန်ဟာ ရမ်းဖြေလို့မရပါဘူး။ ရမ်းဖြေရင် ရမ်းကုဘဲဖြစ်မှုာပေါ့။
နောက်တခုက D Bar ပါ။ဒီကိစ္စကိုလည်း ရှင်းးပြချင်ပါတယ်။ကျောင်းတွေမှာ လစဉ်ကျောင်းခေါ်ချိန်ချုပ် လိုက်လို့ မပြည်တဲ့ကျောင်သားရှိရင်  ဒီကျောင်းသားကို သက်ဆိုင်ရာဆရာ ဆရာမက ခေါ်တွေ့ ပါ တယ်။တစ်ပြိုင် တည်းမှာဘဲ အိမ်ကိုလည်းတိုင်စာပို့ပါ တယ်။နောက် 6 လတစ်ြ့ကိမ်ချုပ်ပြန် ပါတယ်။ ဒီမှာတော့ မပြည့်သေးရင် ကျောင်းသားကို ပါချုပ်ကခေါ်တွေ့ပါ တယ်။တိုင်စာ လည်းပို့ပါ တယ်။နောက် ဆုံးမှာ စာမေးပွဲကြီးနီးရင်လည်း တစ်ခါတည်း တန်းဆွဲံတာမဟုတ်ပါဘူး။
D Bar Board Meeting ရှိ ပါသေးတယ်။ ဒီမှာလည်း အတတ်နိုင်ဆုံး ကယ်လို့ရတဲ့သူကို ကယ်ပါသေး တယ်။နောက် ဆုံးမှာမှ မရတဲ့သူကို မှ ဆွဲတာပါ။
ဒီတော့ DBar ထိရင်ဒီကျောင်းသားဟာတကယ်ကျောင်းမတက်ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပါ

နောက်စာမေးပွဲစနစ်
ဆေးကျောင်းတွေမှာ ကျောင်းသားတစ်ယောက်ဘ၀ကို နောက်ဆုံးစာမေးပွဲနဲ့ဘဲဆုံးဖြတ်တာမဟုတ်ပါဘူး။ကျောင်း သားကိုတစ်နစ်လုံးစောင့်ြ့ကည့်သွားတာပါ။ပထမအစမ်းမှာ ကျောင်းသားက  100 ရရင် 10 မှတ်ယူ တယ်။ 50ရရင် 5 မှတ်ယူတယ်။ဒုတိယအစမ်းမှာလည်း ထိုနည်းလည်းကောင်းဘဲ။နောက်ကြား ထဲမှာစစ်တဲ့ လက်တွေ့စာမေးပွဲ ကနေလည်း အမှတ်ကို အချိုးကျကျယူပါတယ်။
ဒီအမှတ်တွေက်ုနောက်ဆုံး စာမေးပွဲမှာ solid ပေါင်းထည့်ပေးပါတယ်။ ဒီတော့ကကျောင်းသားတစ်ယောက်ဟာ Final Exam မှာ စာတွေ့ကို 50ဖိုးလောက်ဘဲဖြေပစေအုံး။Class Work ကောင်းရင် အနည်းဆုံး 15မှတ်လောက်ရ ထားရင်ကို အောင်ဖို့ရာ သေချာ သလောက်ရှိနေပြီ။ လက်တွေ့စာမေးပွဲကို ကောင်းကောင်းလေးဖြေနိုင်ရင် ဒီကျောင်းသား ကန်ချတောင် မကျပါဘူးခင်ဗျာ ။ ဒီတော့ကျောင်းသားတစ်ယောက်ဟာ ၈ိုက်လုပ်နေရလို့ကျောင်း မတက်ဖြစ်တာ ကျောင်းခေါ်ချိန်မပြည့်တာ ။စာမေးပွဲမအောင်တာဆိုတာလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ကြောင်းကို ဒီစနစ်နှစ်ခု က ကောင်းကောင်း သက်သေပြနေပါတယ်။

နောက်ကျောင်းသားတွေအပိုင်းပါ
ဒီဘက်ခေတ်မှာကျောင်းသားတွေရဲ့ သည်းခြေကြိုက်က ဂိမ်းပါ။ ဂိမ်းကို နေ့မအိပ်ညမအိပ်ဆော့ကြပါတယ်။             
( တကယ်ကို နေ့မအိပ်ညမအိပ်ပါ)ဒီဟာကိုလည်းငြင်းလို့မရပါဘူး။ဆေးကျောင်းသားတစ်ယောက်ဟာ စာ နဲ့ ဂိမ်းကို Balance ဖြစ်ါအောင်မလုပ်ဘဲနေတော့ ထိပြီပေါ့ D Bar /ကျပြီပေါ့ Exam။
ကျောင်းသားတွေဒီလိုဖြစ်နေတာဟာလည်း သူတို့ကို လုံးလုံးအပြစ်တင်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့  စစ်အာဏာရှင်တွေရဲ့ ပညာတတ်လူတန်းစားပပျောက်ရေးနှစ်ရှည် စီမံကိန်း က  အောင်မြင်နေတာကိုး


နောက်ဆရာတွေအပိုင်းပါ

ဆရာမှာလည်းအမျိုးမျိုးပါ။ကျောင်းသားတွေကို နားလည်မှုအပြည်နဲ့ သင်ကြာပေးနေတဲ့ ဆရာတွေ အများအပြားရှိသလို။ကျောင်းသားတွေကို အကြောင်းအမျိုးမျိုးနဲ့ စိတ်ပျက်နေတဲ့ ဆရာတွေ။အလုပ် ကထွက်ချင်ပေမယ့် ထွက်လို့မရသေးတဲ့ဆရာတွေကျောင်းသားတွေ ကို ဗြူရိုကရက် ဆန်ဆန် အလုပ်ရှင်နဲ့  အလုပ်သမားလိုဆက်ဆံနေတဲ့ ဆရာတွေ
( တကယ်ရှိပါတယ် ကိုယ်တိုင်ကြုံဖူးလို့ပါ)
ဒီကြားထဲမှာ ဦးသန်းဝင်းလို အထက်က ဖိအားနဲ့ မလှုပ်သာမလူးသာရှိနေတဲ့ ဆရာတွေလည်း ရှိပါ တယ်။ဒီကိစ္စမှာ ဦးသန်းဝင်းကိုအပြစ်တင်လို့ မရပါဘူး။သူလည်းသူ့အလုပ်အတွက်သူ့ရာထူးအတွက် သူ့နောက်က သူ့မိသားစုအတွက် လုပ်ခဲ့၇တာလို့ဘဲ  ကိုယ်ချင်းစာမိပါတယ်။
ကိုယ်သာသူ့နေရာဆိုရင် ဘယ်လိုလုပ်မလဲ.......................................................
ဒီအကြောင်းတွေရဲ့အဓိကဇစ်မြစ်က နှစ်ပေါင်းများစွာ ကျောင်းသားတွေကြားမှာ ကျောင်းသားနဲ့ဆရာကြားမှာ အထင်အမြင်မှားအောင်သွေးခွဲအုပ်ချုပ်ခဲ့တဲ့ အာဏာရှငိအုပ်ချုပ်ရေးပါဘဲ။ 
ပညာတတ်လူတန်းစား ပပျောက်ရေးလူတော်လူကောင်း အမြစ်ပြတ်ရေးနှစ်ရှည် စီမံကိန်းတွေကြောင့်ပါ                                         
 နောက်ပြီး အကျင့်ပြတ်ခြစားမှုတွေဟာ နယ်ပယ်အသီးသီး နဲ့ ပညာရေးလောကမှာပါ ။ နက်ရှိုင်းစွာအမြစ်တွယ်နေတာကြောင့်ပါဘဲ။ဒီတော့ကျွန်တော်တို့အားလုံးရဲ့၇န်သူဟာ ဦးသန်းဝင်း လည်း မဟုတ်ဘူး ။ ကျောင်းသားတွေလည်းမဟုတ်ဘူး။ ဆရာတွေ လည်းမဟုတ် ဘူး။ရန်သူကိုတွေ့အောင်ရှာပြီး မြင်အောင်ကြည့်ရ မှာပါ

ခုကြားနေရတာတွေက တော်တော်ဝမ်းနည်းစရာကောင်းပါတယ်။အဓိကကတော့ ကျောင်းသားတွေကြားမှာ ရ ငါစည်းတွေသတ်မှတ်နြေ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲနေကြတာပါ။
ဒီလိုအပြစ်တင်နေရအောင် ဘယ်သူကအပြစ်ရှိလို့လဲ???????????????????????????????????
ကျွန်တော်မေးချင်ပါတယ်..............။တောင်ငူကလည်းတောင်ငူ မောင်းထောင်ကလည်းမောင်းထောင်တွေပါဘဲ။  အားလုံးဟာမှားတော့မှားနေတယ်  ။အပြစ်ရှိလားဆိုရင် အပြစ်မရှိပါဘူးအားလုံးဟာ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ။ဘာလို့ ရန်သူကဖြစ်စေချင်သလို ကျွန်တော်တို့က ဖြစ်စေရမှာလဲ။ အားလုံးဟာ ဒီစနစ်ကိုတော်လှန်ရမှာပါ။ကျောင်းသားတွေဘက်က သတင်းစာ၇ှင်းလင်းပွဲလုပ်ရုံ  ဆရာကြီးက ပြန်ဖြေရှင်းရုံ နဲ့ ဒီကိစ္စကို ဖြေရှင်းလို့မရပါဘူး။
လောကြီးလို့မရပါဘူး။အလှမ်းကျယ်ရင် အလယ်လပ်တတ်ပါတယ်။ကျွန်တော်တို့ဟာ လမ်းကြောင်း တစ်ခု တည်းပေါ်မှာရှိနေတယ်။ပန်းတေိုင်တစ်ခုတည်းကို ချီတက်နေတယ်ဆိုရင် ဘယ်သူနဲ့မဆို လက်တွဲပြီး လုပ်ရမှာဘဲ။ဒီမိုကရေစိ အရလည်း လူကိုလူလိုမြင်တယ် ။လူတစ်ယောက်ချင်း စီကိုလေးစား တဲ့ အတွက်ကြောင့်  အမြင်ကွဲမှာဘဲ။ဒါက အဓိကမဟုတ်ဘူး သာမညဘဲ။အမြင်ကွဲတဲ့ကြားကနေ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ညှိနှိုင်းလုပ်ရမှာဘဲ။ ဒီလိုမဟုတ်ရင်   နိုင်ငံရေးပါတီတွေအများကြီးပါဝင်တဲ့ ပါလီမန်တွေ လွှတ်တော်တွေဘယ်ရှိတော့မှာလဲ။ လက်တွဲပြီးမလုပ်နိုင်ဘူးဆိုရင် အဲ့လူမှာ တော်တော်လေးချွတ်ယွင်းနေပြီ။ ဒီတော့ကျွန်တော်တို့ အားလုံး ဟာဒီလိုအရေးကြီးနေချိန်မှာ သွေးကွဲံနေ လို့မရပါဘူး။နွားကွဲလျှင်ဆွဲမယ့်ကျားကအဆင်သင့်ပါ။


သတိမရှိရင် တော့  ငယ်ကကျွမ်းတဲ့ငယ်ကျွမ်းဆွေနဲ့ပြန်ပေါင်းထုတ်ရပါလိမ့်မယ်။

ဆရာပေါ
Sayar Paw facebook

No comments: