Wednesday, November 7, 2012
မွတ်ဆလင်သူပုန်အဖွဲ့မှ ၀င်တိုက်၍ မြန်မာစစ်တပ်မှ ဗိုလ် တစ်ဦးကျပြီး အများအပြား ဖမ်းဆီးခံရ
မြန်မာ နိုင်ငံ အနောက်ဘက်
နယ်စပ် မောင်တောမြို့နယ်
 မြောက်ပိုင်းကို မွတ်ဆလင်
လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ
စစ်ဗိုလ် တစ်ဦးကျဆုံးပြီး တပ်သား ၃ ဦးခန့် ဖမ်းဆီးခံသွားရသည်
ဟု သတင်း ရရှိသည်။
နစက နယ်မြေ(၁)တွင် ဘင်္ဂလာ-မြန်မာ ချစ်ကြည်ရေး လမ်းကို တည်ဆောက်နေသော ဆောက်လုပ်ရေး GE အဖွဲ့အား ယမန်နေ့ ညနေ
(၆) နာရီက ၀င်ရောက် ပစ်ခတ်စဉ် စစ်ဗိုလ် တစ်ဦးကျပြီး ၃ ဦးဖမ်းဆီး
 ခံသွားရသည်ဟု စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ
တစ်ဦးက ပြောသည်။
ယခု တိုက်ခိုက်မူကို RSO ခေါ် Rohingya Solidarity Organization အဖွဲ့မှ ပြုလုပ်သည်ဟု မြန်မာဘက်က စွပ်စွဲထားပြီး နိရဉ္စရာ အနေဖြင့်
သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
နစက နယ်မြေ (၁) အောင်သပြေ ဒေသခံ တစ်ဦးအား နိရဉ္စရာမှ
 မေးမြန်းရာ သူက ယခုလို ပြောသည်။
“မနေ့က လုပ်ငန်းခွင် ရုတ်သိမ်းချိန် ညနေ ၆နာရီမှာ ၀င်ရောက် ပစ်ခတ်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တပ်ဖွဲ့က ဗိုလ်တဦး
 သေတယ်။ ဗိုလ်တဦးကျတော့ လူ ၁၃ဦး ခန့်ရှိတဲ့ ဆောက်လုပ်ရေး
တပ်ဖွဲ့ က လူတွေက ကိုယ်လွှတ် ထွက်ပြေး ကြတယ်။
 အဲဒီ အထဲက ၃ဦး ဖမ်းဆီး သွားပါတယ်။ ဒီနေ့အထိလွတ်လာတာ
မရှိသေးဘူး။ သတ်ပစ်ခံရလိမ့် မယ်လို့ လူတိုင်းက ထင်နေကြတာဘဲ”
 ဟု ဒေသခံက ပြောသည်။
ယခု ၀င်ရောက်ပစ်ခတ် ခံရသည့်  နေရာမှာ မောင်တောမြို့နှင့် မိုင်
 ၄၀ခန့်ဝေးပြီး ဘင်္ဂလား-မြန်မာနယ်စပ်အနီး တွင်ဖြစ်သည်။ သူပုန်အဖွဲ့မှ
 ရှောင်သခင် ၀င်ရောက်စီးနှင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သေနတ်ပစ်ခတ်သံ ကြားရပုံကိုလည်း ဒေသအတွင်းက ဆရာတော် တစ်ပါးက
ယခုလို မိန့်ကြားသည်။
“အောင်သပြေ အထက်ပိုင်း ဗန္ဓူလ အရှေ့ဘက် မှတ်တိုင် (၁) (၂) (၃) နယ်မြေမှာ ဖြစ်တာပါ။ သေနတ်သံတွေကို ကြားရပါတယ်။ ပစ်ခတ်သံ
ကိုကြားတော့ တောင်ပြိုက စစ်တပ်တွေ လိုက်သွားတယ်။
 စစ်တပ်နဲ့ ညဥ့် ၉နာရီလောက်မှာ အာရ်အက်စ်အို အဖွဲနဲ့ ၅မိနစ်ခန့်
တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဘက် အသေအဆုံးတော့
မသိသေးဘူး” ဟုပြောသည်။
၎င်းပြင် ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။
“ ၀င်ရောက် ပစ်ခတ်တဲ့ အချိန်မှာ မောင် တော နယ်မြေ(၃)
 မီးတိုက်ဘက်မှာ စစ်တပ်က ဦးစီးပြီး ရွာက လူတွေကို ရှင်ပြု၊
ကထိန်ပွဲတွေပြုလုပ်တဲ့ နေတဲ့ အချိန် ဖြစ်တော့ စစ်သားတွေက
 အဲဒီမှာ စုနေကြတယ်။
ဒါကို အခွင့်ကောင်းယူပြီး အာရ်အက်စ်အို ၀င်ရောက် တိုက်ခိုက်သွား
တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဒေသဆိုင်ရာ အာဏာပိုင်များမှ အခင်း ဖြစ်ပွားရာနေရာကို သွားရောက်
ကြည့်ရှု့ စစ်ဆေးနေသည်ဟု သိရသည်။
ယနေ့  မနက်ပိုင်းက ဘူးသီးတောင်အခြေစိုက် တပ်ရင်း ခမရ
(၃၅၃)က အဆိုပါဒေသသို့  စစ်ကူ လိုက်သွားကြောင်း
သိရသည်
 ထွန်းထွန်း
နိရဉ္စရာသတင်းဌာန
No comments: