ကချင်ပြည်နယ် အရှေ့ဘက်မြစ်ကြီးနား-ဗန်းမော် ကားလမ်း
တလျောက်ရှိ ကချင်ပြည်လွတ်
လပ်ရေးတပ်မ တော် (KIA)
တပ်မဟာ (၅) နယ်မြေသို့ မြန်မာ
အစိုးရတပ်မှ\ စစ်လက်နက် ပစ္စည်းများနှင့်တပ်ဖွဲ့ဝင်အင်အား များ
တိုးချဲ့နေကြောင်း သိရသည်။
တပ်ရင်း (ခလရ) ၁၀၅ တပ်အခြေစိုက် သည့် ဂန်ဒေါင်ယန် (Gangdau
Yang) စခန်းသို့ တပ်ဖွဲ့ဝင်အင်အား ၈၀ ကျော် ဖြည့်တင်းခဲ့သည်ဟု
ဒေသခံများဆိုသည်။
အလားတူ မြန်မာအစိုးရတပ် ခလရ (၃၇) နှင့် ခြေမြန်တပ်ရင်း ခမရ (၃၈၉)
တပ်ပေါင်းစု စစ်ကြောင်းသည် မြစ်ကြီးနား လေတပ်သို့ ကားဖြင့် ရောက်ရှိ
လာပြီး တာလောကြီးစခန်းသို့ နိုဝင်ဘာလ ၁ ရက်နေ့က စက်လှေဖြင့်
ရောက်ရှိလာကြောင်းသိရသည်။
“အင်အား ၁၅၀ ကျော်တယ်။ တာလောကြီးစခန်းဖက်ကို ပြန်ဖြည့်တယ်
ထင်တယ်။ မနေ့ညက ဂန်ဒေါင်ယန်ဘက်သို့ ပြန်ဖြည့်လာတယ်။” ဟု ရှေ့
တန်းမှ KIA အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။
ထို့အပြင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး မန်မော် (ဗန်းမော်) ခရိုင်
အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခ (တာပိန်) ရေအားလျှပ်စစ် လုံခြုံလုံရေးယူထားသည့် မြန်အစိုးရတပ်အင်အား ၁၀၀ ကျော်နှင့် KIA
တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) တို့ နိုဝင်ဘာ ၂ ရက်နေ့ ၆
နရီခွဲ အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြစ်ရဲ့ ဟိုဘက်ဒီဘက်ကနေ ပစ်ကြတာ။ ၃ မိနစ်လောက်ပစ်ပြီး
ကျွန်တော်တို့ဘက်က ၆၀ မမ နဲ့ ပြန်ပစ်လိုက် တဲ့ချိန် သူတို့ဘက်
က ငြိမ်သွားတယ်။” ဟု ရှေ့တန်းမှဆိုသည်။
မြန်မာအစိုးရက တဖက်က ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်း ထားချိန်
တစ်ဖက်က KIA နယ်မြေများသို့ စစ်အင်အားနှင့် လက်နက်များ
တိုးချဲ့နေခြင်းဖြစ်သည်ဟု ဒေသခံ တပ်မှူးများက ဆိုသည်။
မြစ်ကြီးနားမြို့ ပေါ်တွင် လုံခြုံရေးယူနေတဲ့ မြန်မာအစိုးရတပ်များ။
ကချင်သတင်းဌာန
ရှမ်းပြည် တိုက်ပွဲ အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကချင်ပြည်လွတ်
လပ်ရေး တပ်မတော် (KIA)
တပ်မဟာ(၄) လက်အောက်ခံ
ကချင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိကြောင်း သိရသည်။
သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။
အလားတူ KIA ဖက်မှ ဒုတပ်ကြပ် စင်ယူလဆန် (Tsin-yu La San) နှင့် တပ်သား ဂွန်နော် (Gun Naw) တို့ ကျဆုံးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အစိုးရတပ်ဘက်မှ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၉)၊ (၁၃၂) နှင့် (၁၂၅) တပ်ဖွဲ့များ အပြင် မုန်းဘော် ပြည်သူ့စစ်၊ ဗိုလ်မွန်း ပြည်သူ့စစ်နှင့် ကွတ်ခိုင်ပြည်သူ့စစ် တပ်ဖွဲ့များ ပါဝင်ကြောင်း သိရပြီး တိုက်ပွဲ ဖြစ်ပွားပြီး နောက် ယင်းတပ်ဖွဲ့များ ပန်ဆိုင်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ကချင်သတင်းဌာန

No comments:
Post a Comment