Wednesday, November 21, 2012

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ပြည်တွင်းကုမ္ပဏီများသို့ စီမံကိန်း ၅၈ ခုနှင့် ပြည်ပကုမ္ပဏီများသို့ စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်း ၂၂ ခုတွင် ထပ်မံမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ပြည်တွင်းကုမ္ပဏီများသို့ စီမံကိန်း ၅၈ ခုနှင့်
ပြည်ပကုမ္ပဏီများသို့ စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်း
၂၂ ခုတွင် ထပ်မံမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်
Wednesday, 21 November 2012

လျှပ်စစ်ဓာတ်အား ထ
ုတ်လုပ်ဖြန့်ဖြူးရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ
များသို့ စီမံကိန်း ၆၇ ခုကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် စီမံကိန်း ၂၂ ခုအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ထပ်မံဖိတ်ခေါ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲရလဒ်များနှင့် ဖွံ့ဖြိုးမှု
စီမံကိန်းများ ရည်မှန်းချက်ဆိုင်ရာ စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် စီမံကိန်း ၅၈ ခုကို ပြည်တွင်းပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ ရင်းနှီးမြှုပ်နှံခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်းကိုးခုကို ပြည်ပကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံခွင့်ပြုမည်ဟု သတင်းရ
ရှိသည်။

ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် စီမံကိန်း စုစုပေါင်း ၈၉ ခုကို ရင်းနှီးမြှုပ်နှံ ခွင့်ပြုမည်ဖြစ်ရာ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ
ကုမ္ပဏီများမှ စီမံကိန်း ၆၇ ခုကို မြှုပ်နှံမည်ဖြစ်ပြီး ၂၂ ခုမှာ ရင်းနှီးမြှုပ်နှံမည့်
သူများ မရှိသေးကြောင်း သိရသည်။

အဆိုပါ ၂၂ ခုအတွက် ပြည်တွင်း သို့မဟုတ် ပြည်ပကုမ္ပဏီများထဲမှ
မြှုပ်နှံလိုသူများအား ဖိတ်ခေါ်ထားဆဲဖြစ်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံခွင့်ပေးရာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုနှစ်ရပ်
စလုံး လုပ်ကိုင်မည့်စီမံကိန်း ၆၄ ခု၊ ထုတ်လုပ်မှု သီးသန့်လုပ်မည့် စီမံကိန်းလေးခု၊ ဖြန့်ဖြူးမှု သီးသန့်လုပ်မည့် စီမံကိန်း ၂၁ ခု စုစုပေါင်း ၈၉ ခုဖြစ်သည်။

ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှု နှစ်ရပ်စလုံးလုပ်ကိုင်မည့် စီမံကိန်း ၆၄ ခုတွင်
၄၁ ခုအား ပြည်တွင်းကုမ္ပဏီများမှ လုပ်ကိုင်မည်ဖြစ်ပြီးကိုးခုအား ပြည်ပ
ကုမ္ပဏီများမှ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ၁၄ ခုအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ထားဆဲဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်မှု သီးသန့်လုပ်ကိုင်မည့် စီမံကိန်းလေးခုရှိပြီး အားလုံးကို
ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

ဖြန့်ဖြူးမှု သီးသန့်လုပ်မည့် စီမံကိန်း ၂၁ ခုရှိပြီး လက်ရှိတွင် ၁၃ ခုအား
ပြည်တွင်းလုပ်ငန်းရှင်များသို့ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဖိတ်ခေါ်ထားပြီးဖြစ်
ကြောင်းနှင့် ကျန်ရှိသည့်ရှစ်ခုကို ပြည်တွင်း၊ ပြည်ပမှ မြှုပ်နှံလိုသူများအား ဖိတ်ခေါ်ထားဆဲဖြစ်ကြောင်း သိရသည်။

eleven media group

No comments: