Sunday, November 11, 2012

အတ္တကို ချိုးဖြတ်သွားတဲ့ငလျင် [သွန်းနေစိုး]

အတ္တကို ချိုးဖြတ်သွားတဲ့ငလျင် [သွန်းနေစိုး]


 
သြော် ...
မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးကိုယ်နှိုက်က
စိတ်ချလက်ချရှိလို့ မရပါကလား။

မြေကြီးလက်ခတ်မလွဲ တဲ့

ဆိုရိုးစကားကြားဖူးခဲ့။
ခတ်စရာမြေကြီးက ... ဗြုန်းကနဲ နိမ့်ဆင်းသွားတဲ့အခါ
... ဖြတ်ကနဲ အက်ကွဲသွားတဲ့အခါ
ငါတို့ ပိုင်ဆိုင်နေသမျှဟာ မရေရာခြင်းချည်းဆိုတာ
ပိုပြီး သိသာလာတယ်။

ဒီမြေပေါ်မှာ ခြေနှစ်ချောင်းမတ်မတ်ရပ်

သူ့အားကိုးနဲ့ပဲ ငါတို့ လောကကြီးကို
ရင်ကော့ခေါင်းမော့ကြည့်နေရတ

သူကိုယ်တိုင်က မခိုင်မြဲပါဘူးဆိုတဲ့နောက်
ငါတို့တွေ ဘာကို ကိုးစားရတော့မလဲ

တကယ်တော့ လူ့အဖြစ်ဆိုတာ

သဲလေပွေလုံးတစ်လုံးပေါ်မှာ ကပ်နေတဲ့
မွှားကောင်လေးတွေမျှပါပဲ

လူ့ဘ၀ဆိုတာ

စတိုးဆိုင်မှာ ၀ယ်တဲ့ မုန့်လေးတစ်ပါကင်လောက်တောင်
ဘယ်သူကမှ အာမခံချက်ပေးထားတာမရှိ။
ကိုယ့်ရဲ့ ရှင်သန်မှုလေး တည်မြဲဖို့ရာ
မှီခိုကပ်ရက် ပင်ပန်းကြီးစွာ ဖက်တွယ်နေကြရ

အဲဒီတွေကြားထဲကပဲ

ငါတို့တွေက မာန်ဆောင်မြောက်ကြသေးရဲ့
လောကကြီးကိုပဲ ပြောင်းလဲတော့မယောင်
စိတ်ကူးတွေ ယဉ်ကြသေးတယ်။
ပြီးတော့ အချင်းချင်း သတ်ကြဖြတ်ကြ
ကိုယ်တိုင်မခိုင်မြဲတဲ့ တည်မြဲမှုလေးကို
တပါးသူတွေမှာယိုင်နဲ့အောင် တွန်းတိုက်ကြံစည်ကြ
အဲဒီ မွှားကောင်လေးတွေချင်းကလေ ... ။

သွန်းနေစိုး

No comments: