Friday, November 16, 2012

အင်ဒီရာ ရဲ့ နံမည်ရင်း က


စိတ်တော့ မရှိကြပါနဲ့ဗျာ
မြန်မာတွေ ရဲ့ အကျင့်က စိတ်ကူးယဉ်ပြီး စိတ်ထဲထင်ရာတွေ စွပ်ပြော
စကားဆိုတဲ့ အတိုင်း (ကား) သွားကြရော
အင်ဒီရာ ရဲ့ နံမည်ရင်း က Indira Priyadarshini Nehru လို့ခေါ်ပါတယ်
အင်္ဂလန်မှာ စာသင်ရင်း Feroze Gandhi ဆိုသူနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျလို့
Indira Ghandi ဖြစ်လာတာပါ
Indira ဟာ ဟိန္ဒူဘာသာ စကားအရ (beauty) လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုတဲ့သူတွေက ဆိုကြပါတယ်။
တချို့ က ဂန္ဓီ နဲ့ အမျိုးလားဆိုပြီး အထင်မှားကြတယ်။ ဘယ်သူကမှ အိန္ဒြိယ နဲ့ ဂန္ဓီ ပေါင်းစပ်ပြီး သမီးကို နံမည်ပေးတယ် မကြးဖူးပါဖူး
ယောက်ျား ကြောင့် ဂန္ဓီ ဖြစ်လာတာပါ
စိတ်ကူးယဉ်ကောင်းတိုင်း ရေးကြပြောကြရင်း … ကြားမှာ facts တွေ ပျောက်ကုန်တတ်လွန်းလို့ပါ။
ထင်ရှားလွန်း တဲ့အမှား မို့ မနေသာလို့ပါ။
ဖဆပလ ဖွဲ့တော့ သခင်တင်မြ နေရာမှာ ကိုယ်ဖြစ်စေချင်တဲ့ ကိုဘဟိန်း ကိုထဲ့လိုက်ကြသလိုပေါ့
ကြာတော့ facts အမှားကြီး တွေ ၊ လူငယ်လေးတွေ အမှတ်မှား ကုန်ကြမှာ စိုးလိုပါ


သူ့သမီးရင်း နာမည်
ကိုတောင် သူ့နာမည်ထက်၊ အင်ဒီရာဂန္ဓီ လို့ အိန္ဒိယနဲ့ ဂန္ဓီ နဲ့ပေါင်းစပ်လို့ ပေးခဲ့တယ်။


Options
Cho Tu Zal via Aung Myo Kyaw
နေရူး ရဲ့ လေးစားစရာ. . .

နေရူး နဲ့ပါတ်သက်ပြီး တခြားအရာတွေထက်၊ ဂန္ဓီ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတိုင်းမှာ (သရုပ်ဆောင်က) သူ့ခေါင်းဆောင်ကို ကြည့်တဲ့ ချစ်ခင်လေးစားလွန်းတဲ့ အကြည့်တွေကို နှစ်ချိုက်ရတယ်။ နေရူး ဟာ အပြင်မှာလည်း တကယ့်ကို ဂန္ဓီ ကို ဖခင်လို ချစ်ခင်လေးစားခဲ့၊ ဘာဘူကြီးလို့ပဲ အမြဲခေါ်ခဲ့တယ်။ သူ့သမီးရင်း နာမည်
ကိုတောင် သူ့နာမည်ထက်၊ အင်ဒီရာဂန္ဓီ လို့ အိန္ဒိယနဲ့ ဂန္ဓီ နဲ့ပေါင်းစပ်လို့ ပေးခဲ့တယ်။
ဇာတ်ကားထဲ အရမ်းကို နှစ်ချိုက်လွန်းရတဲ့ ဇာတ်ဝင်ခန်း တခုကတော့ ဟင်ဒီဘာသာဝင် ဂန္ဓီကြီး က မွတ်စလင်တွေကို ကာကွယ်ဖို့ အစာငတ်ခံဆန္ဒပြတဲ့အခါမှာ ဟင်ဒီတွေက စိတ်ဆိုးလို့။

ဝန်ကြီးချုပ် နေရူး လာတဲ့အခါမှာ လူအုပ်ကြီးထဲက တယောက်က . .
ဂန္ဓီသေပါစေ . . .လို့ ကြွေးကြော်လိုက်တဲ့အတွက်၊ အဲဒီ လူအုပ်ကြီးထဲ ကို
(၀န်ကြီးချုပ်တန်မဲ့) ပြေးဝင်သွားပြီး၊ ဘယ်သူလဲ ဂန္ဓီသေပါစေ ပြောတာ . .ငါ့ကို အရင်သတ်လို့ . .. လူထု ကို ရင်ဆိုင်လိုက်တဲ့ အခန်းပါပဲ။

ဒီလိုခေါင်းဆောင်တွေ၊
တိတိကျကျပြောရရင်၊ ပညာတတ်၊ ရဲရင့်တဲ့ အရပ်ဘက်ခေါင်းဆောင်တွေ ရဲ့ ဦးဆောင်မှုနဲ့ အိန္ဒိယ ဟာ ပြဿနာပေါင်းသောင်းခြောက်ထောင် ကို လူးလိမ့်ခံခဲ့
ရသည့်တိုင် ပါလီမန်ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံအဖြစ်ကို ရပ်တည်နိုင်လာခဲ့တယ်။

၈၈ ကာလ က အိန္ဒိယသံရုံးထဲ ကို ရောက်ခဲ့စဉ် သံရုံးမှာ ဂန္ဓီ၊ နေရူး၊ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ ဓါတ်ပုံတွေကို တခုတ်တရ တခမ်းတနား ချိတ်ဆွဲထား
တာတွေ့ခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကို အင်မတန်ရင်းနှီးချစ်ခင်လေးစားခဲ့တဲ့ ခေါင်းဆောင်တဦးပါပဲ။

ချိုတူးဇော်

No comments: