by Aye Aye Soe Win on Tuesday, 6 November 2012 at 22:58 ·
၂၀၁၂
စက်တင်ဘာ ၁၈နဲ. ၁၉ ရက်မှာ၊ လာအို နိုင်ငံ က ဗီယန်တင်း မြို.တော်
သို.အလည်ရောက် သွားကြတယ်။ ထိုင်း မြို. ဖြစ်တဲ. ဥဒုန်ဌာဏီ ကို ဘန်ကောက်က
လေကြောင်းနဲ.လာ။ အဲဒီ.ကမှ ကုန်းလမ်းနဲ. ဘတ်စ်ကား စီးပြီး
လာအိုနိုင်ငံထဲဝင်ခဲ.ကြတယ်။ ၂ရက်ပဲ နေခဲ.တယ်။ တော်တော် ပျင်းပြီး
ပြန်လာခဲ.တယ်။ လမ်းတွေကတော. ဖုန်ထူပေမဲ. သပ်သပ်ယပ်ယပ် ရှိပါတယ်။
ဒီခရီးသွား နှစ်ယောက်ကတော. သွားတုန်းက ခပ်မော.မော.တွေပါ။ ဂရေဟမ်ဂရင်းရေးတဲ.
စာအုပ်တွေ ထဲက ဇတ်လိုက်တွေလို တိတ်ဆိတ်ငြိမ်သက်သောမြို.ကလေးများ၏ ဆွဲဆောင် မှုမျိုး သွားရှာကြ မယ်ဆိုတဲ.
စိတ်ကူးစိတ်သန်းတွေနဲ.။ သွားဖူးလာဖူးရောက်ဖူးတဲ.အေရှားတိုက်က
အခြားနေရာတွေမှာ၊ အထူးသဖြင်. အချို. နေရာ သေးသေးလေးတွေမှာ တခါတရံ လိုက်
ရှာစရာမလိုပဲ၊ မထင်မှတ်ထား တဲ.အခါမှ ၊ ငြိမ်ငြိမ်သက်သက် လှပပြီး
ငြိမ်ငြိမ်သက်သက် ဆွဲဆောင်မှု ရှိနေတဲ. နေရာ ငယ် လေး တွေကို တခါတရံ
တွေ.ဖူးပါတယ်။ ဒီတခါတော. ကံသိပ်မကောင်းတာလား။ စက်တင်ဘာမှာ လလယ်မှာ
တော်တော် ပူနေသေးတဲ. လာအို မြို.တော် ဗီယန်တင်းမှာ အဲတာမျိုး ရှာမရ။ ဒီတော.
၂ရက်ပဲနေပြီးပြန်ခဲ.တယ်။
ဗီင်္ယန်တင်းမြို.တော်၏ တိတ်ဆိတ်ခြင်း
ဗီယန်တင်း မှာ ပျင်းလို. မပျော်လို. ၂ရက်ပဲ နေပြီး ပြန်ခဲ.တယ်ပြောရင် မြို.တမြို.အပေါ် သိပ်ပြီး မတရားသလို ဖြစ်နေတာမို. ဒီစာကိုရေးပါတယ်။ အကောင်းဘက်ကပြောရင် ဗီယန်တင်းဟာ တောမြို.လေးလိုပဲ။ ငြိမ်သက်တယ်။သူ.လမ်းတွေပေါ်မှာ စစ်သားတွေ မရှိဘူး။ အုပ်ချုပ်ရေးစနစ်၊ ဈေးကွက်စနစ် အေးတယ်၊ကားမရှုတ် စသဖြင်.ချီးကျုးလို.ရတယ်။ ဒီလို အကြမ်းဖျင်း ကောင်းကွက်အချို. ရှိနေပေမဲ. ၊ ဗီယန်တင်း ဟာ နိုင်ငံတခုရဲ. မြို.တော် အနေနဲ. ရှိသင်.ရှိထိုက်တဲ. အင်္ဂါံများ (လုံလောက်စွာ) ရှိမနေရှာ။ တနည်းပြောရရင် နံမည်သိပ်လှတဲ. ဗီင်္ယန်တင်း မြို.တော် ဟာ (မိမိအကြိုက်နဲ.ပြောရရင်) ငြိမ်သက်နေလွန်းအားကြီးပြီး အရောင်အသွေးလက္ခဏာ မစုံတဲ.နေရာ တခုလို၊ ဘာမှန်း အတိအကျပြောလို.မရတဲ. မြို.တော်တခုလိုပဲ ခံစားရတယ်။
ရုပ်ပိုင်းခြောက်သွေ.တာသက်သက်ကို ရည်ရွယ်ပြီးဒီလို ပြောတာမဟုတ်ပါ။ တက်ဆီ စီး ရင်း၊ တစ်လမ်းဝင်တလမ်းထွက် လျှောက်ကြည်.ရင်း ဘယ်နိုင်င်ငံ က ဘယ် မြို.တော်တွေနဲ.မှ လုံးလုံး မတူတဲ. ဗီယန်တင်း ကို စိတ်ဝင်စားစရာကောင်းတယ်လို.တော. ထင်မိတယ်။ သူ.နိုင်ငံ ရုပ်ပိုင်း အခြေခံအဆောက်အဦ မဖွံ.ဖြိုးတာက တပိုင်း၊ တိတ်ဆိတ်လွန်းနေတာက တပိုင်း ဒါကိုသွားတွေ.ပါတယ်။ ဒုတိယအချက်က ပို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီ ငြိမ်သက်မှုက ရုပ်ချည်းသက်သက် နဲ. မဆိုင်၊ ကိန်းဂဏန်းတွေနဲ. ရှင်းလင်း ပြောဆိုလို. မရတဲ. အစိတ်အပိုင်းတွေ၊ မမြင်လွယ်တဲ. လက္ခဏာတွေ ဒါတွေကိုကို ရည်ညွှန်းတာပါ။ ဥပမာ- ကျေးလက်တီးလုံးလေးနဲ.လာတဲ.သူတို. မီဒီယာမှာ ဘာတွေကို မြင်အောင်ကြည်.ရမလဲ။ သူတို. စကားလုံး အတိုင်းဆို ပြည်သူတွေ ခိုလှုံနေတဲ. သို.မဟုတ်
သူတို.နိုင်ငံ တခုတည်းသောပါတီကပေးတဲ. သဘောတရား ဦးဆောင်မှု တဲ.။
အစိုးရ တစ်ရပ် ဥာဏ်ပညာရှိ ခြင်း၊ မရှိခြင်း၊ သူတို.အုပ်ချုပ်နေတဲ. ပြည်သူတွေက သူတို. ခေတ်မှာ အလိုပြည်.ခြင်း မပြည်.ခြင်း၊ ဆန်းဆန်းပြားပြား မြင်.မြင်.မားမား နိုင်ငံရေး တောင်.တချက် တွေ လိုချင်မှု တွေ ရှိခြင်း မရှိခြင်း ဒါတွေ ကို ငြိမ်သက်နေတဲ. ဒီနိုင်ငံလေးမှာ သူတို. ဖြတ်သန်းခဲ.ရတဲ. သမိုင်း အခန်းဆက်အသီးသီး နဲ. ဆက်စပ် ရှာဖွေ ကြည်.ဖို.တော. လိုပါလိမ်.မယ်။ ကြည်.တတ်တဲ.သူတွေ အတွက် သူတို.စီက လမ်းတွေ၊အ ဆောက်အဦတွေ ၊ ဈေးဆိုင်တွေ၊ ဒါတွေ နဲ. ဘာမှမဆိုင်တဲ. အစိတ်အပိုင်းတွေကို အများစုဆိုတဲ. လူတွေရဲ.မျက်နှာ၊ အသံတွေမှာ ရှာတတ်ရင် တွေ.ပါတယ်။ ကြားရတဲ.အသံ၊ မကြားရတဲ. အသံ ဒါတွေမှာ ထူးခြားတဲ. လူမှုစီးပွား ရည်မှန်းချက်တွေပါခြင်း၊ မပါခြင်း။ ဒေသခံတွေ သူတို. စိတ်ကိုဖေါ်ပြပုံ၊ ဒါမျိုးတွေကိုသိရမယ် လို. ဘာမှ မမျှော်လင်.ထားသော်လည်း တစ်စုံတခု ကို အမှတ်မထင်တွေ.ခဲ.လေသလား။ ငြိမ်နေတဲ.အရာတွေမှာ ဘာကိုမှ မဖေါ်ပြပဲနေတာကိုက ဖေါ်ပြမှု တရပ် ဖြစ်နေနိုင်ပါတယ်။
စစ်ဘေးသင်.ခဲ.သောလာအို.စ်နိုင်ငံ
ပြင်းထန်တဲ.စစ်ပွဲတွေ အောက်မှာ တနည်းမဟုတ် တနည်း ပေပြားကဲ.သို. အကြိမ်ကြိမ်အထောင်းအထုခံ ဖြစ်ခဲ.ရသော နိုင်ငံငယ်လေးတွေ စာရင်းမှာ လာအိုးစ် နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီလို နိုင်ငံမျိုးကို အရှိအတိုင်း တိတိကျကျ နားလည်ဖို. သိနိုင်ဖို. ဆိုတာ မလွယ်ပါဘူး။အနောက်ဖက်ခြမ်းက အချို.အစိုးရနဲ. အဖွဲ.အစည်းတွေက လာ.အို.စ်ကို ကူညီမှုတွေ ရှိပါတယ်။ ဒါပေမဲ.- ၁၉၇၅ နောက်ပိုင်း မှာ၊ စစ်လျှော်ကြေးလား၊ ဂရုဏာကြေးလား၊ ထောက်ပံ.ကူညီမှု သန်.သန်.ပဲလား၊ ဒီလို အမျိုးအစား မကွဲနိုင်တဲ. အနောက်က အန်ဂျီအို ပရောဂျက် အရေအတွက် ကိုပဲထည်.စဉ်းစားပြီး၊ အ နောက်နဲ. အရှေ.ပေါင်းကူးဆက်သွယ်မှုတွေ မြင်.မားတိုးတက်နေတယ်လို.ပြောလို. မရပါ။ ပြည်သူအများ ခံစား နေထိုင်မှု၊ ၊သူတို.ရထားတဲ. စနစ်အပေါ် ကျေနပ်ခြင်း၊မကျေနပ်ခြင်း၊ လက်ရှိအနေအထားပေါ် ပြောင်းလဲချင်စိတ်၊ မပြောင်းလဲချင်စိတ်၊ ဒါတွေကို ဘေးကကြည်.တာထက်စာရင် သူတို. ဒေသခံတွေစီက တိုက်ရိုက် လာတဲ. ပြယုဒ်တွေအရ၊ သူတို.ဘ၀တွေထဲက ဖေါ်ပြချက်တွေအရ သာစဉ်းစားသင်.ပါတယ်။ ဒါမျိုးတွေ ကို လွယ်လွယ်နဲ. မတွေ.ရဘူး ဆိုရင် မတွေ.တာလား၊ မရှိတာလား။ ဗီယန်တင်းက လေထဲမှာ မသိမသာနဲ. ရှိတော. ရှိနေတယ်လို. ယုံထားတယ်။ ရှိတာက မပေါ်တာပဲဖြစ်ရမယ်။ ထင်ထင်ပေါ်ပေါ်မရှိဘူး ဆိုရင် သူတို.မှာ ဘာရှိသလဲ။ လွယ်လွယ် နဲ.မပေါ်တော.လွယ်လွယ်နဲ. မတွေ.နိုင်သလိုဖြစ်နေတယ်။
ဒီနိုင်ငံလေးမှာ လူတွေက သူတို.မှာ ရှိတာကိုပြဖို. နည်းနည်း နှေးကွေးတယ်လို. တော. ထင်မိတယ်။ ဒီ.အပြင်- သူတို. မြို.တော်က အစိုးရပိုင် ရေဒီယို တီ ဗွီက တော်တော်.လေး စိတ် ဓါတ်ကျစရာကောင်းတယ် လို.ထင်မိသေးတယ်။ မြ၀တီ ထက် ဆိုးပါတယ်။ ဒါပေမဲ. -ရိုးသားမှုမှာတော. မြ၀တီထက် အများကြီးသာလွန်ပါတယ်။ ဒီတော.-- သူတို. ၀ါဒဖြန်.ချီရေးက တော်တော်.လေး ခေတ်နောက်ကျပေမဲ.၊မြန်မာပြည်မှာ ခု ပီအာ ကိုင်ပြီး အစိုးရအလိုကျ စာနယ်ဇင်းတာဝန်ခံလုပ်နေသူများလောက်တော. လှည်. စားနိုင်တဲ. အကျင်.ရှိပုံမရပါ။ အစိုးရ ပီအာအတွက် သက်သက် ကြည်.မယ်ဆိုရင် လာအို.စ် ရေဒီယို နဲ. ရုပ်မြင် က ခေတ်မမှီဆုံး နေရာမှာ ကြယ်၅ပွင်.(ဖိုက်ဖ်စတား) ရလောက်ပေမဲ.၊ သူ.စရိုက်နဲ.သူ ချစ်ဖို.တော.ကောင်းတယ်။ စိတ်ပျက်ပျက်နဲ. ပြုံးမိတာက သူတို. ရဲ. တင်ပြပုံတင်ပြနည်း တခုထဲကြောင်.ပါ။
နောက်တနေ. သမ္မတ နန်းတော် ကရုံးတွေ ပြခန်းတွေ ကို သွားကြည်.တယ်။ သမ္မတနန်းတော်က မြစ်ကမ်းနဖူး မှာ တည်ရှိပြီး မြို.လယ်ခေါင် က အကြီးဆုံး လမ်းမကြီး အဆုံး တည်.တည်. မှာ။ ခု အစိုးရ အဖွဲ. ရုံး( အရင်က ဘုရင်.နန်းတော်) မှာ အစောင်.အကျပ်တွေ မရှိသလောက်နီးနီး၊ အများကြီး မမြင်ရဘူး။ သမ္မတ ရုံးဝင်း ရှေ.က ခြံကြီး ထဲ လျှောက်ကြည်.မိတယ်။ ၀င်းထဲမှာ သွားလို.ရတဲ. နေရာ အဆုံးထိ ၀ဲယာ ပတ်ပတ်လည်က လျှောက်ကြည်.တယ်။ တိပ်ဆိပ်နေတာပဲ။ တချိန်ထဲမှာ ပဲ သူတို. နေ.တိုင်းတင်ဆက်တဲ. လာအိုအစိုးရအာဘော်က မီဒီယာပါ အဓိကအချက်တွေ နဲ.၊ သမ္မတ နန်းတော် ခြံကြီးထဲက အငွေ.အသက်ကို ယှဉ်စဉ်းစားနေမိတယ်။ တိတ်နေတာကိုပဲ သွားတွေ.တယ်။ ၁၉၇၅ မှာ ဒီနန်းတော် ကို မြောက်ဗီယက်နန်နဲ. ဆက်သွယ်မှု ရှိခဲ.တဲ. လာ.အို.စ်နိုင်ငံတော်လို. အမည်ရှိတဲ. တော်လှန်ရေးပါတီက ၀င်စီးခဲ.၀င်သိမ်းခဲ.ပြီးတဲ.နောက်မှာ၊ ဟိုး အဝေးကြီးက လေ.ကျင်.ရေးစခန်းကို အပို.ခံ လိုက်ရတဲ. နောက် ဆုံး လာအို.စ်ဘုရင် နဲ. အဝေးက အကျဉ်းစခန်း လေ.ကျင်.ရေးကျောင်းမှာပဲ လူသူ မသိသေ သွားတဲ. သူ.မိသားစု အကြောင်းလဲ နဲနဲ စဉ်းစားမိတယ်။
ဆိုရှယ်လစ်ပါတီနှင်.သူတို.မီဒီယာ
ဟိုတယ်ပြန်ရောက်လို. တီဗွီဖွင်.ကြည်.ရင် သူတို. ပီအာကို နဲနဲ စိတ်ပျက်ပေမဲ.၊ cute--ကျူ.တ် ကျူ.တ် ကျူ.တ် လို. တချိန်ထဲမှာ ပဲ အော်အော် ပြောမိတယ်။ သိပ် ဆင်းပဲလ် ဖြစ်တဲ. အရာတွေက တခါတခါ တော်တော်.ကို ချစ်ဖို. ကောင်းတယ်။ သူတို.ပေါလစ်ဗြူရိုက ရွေးထားတယ် အစီအစဉ်ပါ။ မြင်နေရတာက ခပ်၀၀ ဗိုလ်ချုပ်မကြီးလား ဗိုလ်မှုးမကြီးလား။ သူမက ကျေးလက်သီချင်းလေးတွေ အိပဲ.ပဲ. နဲ.ဆို၊ ဒါကိုက ချစ်စရာ ကောင်းတယ် ထင်လို.ခဏခဏ ပြုံးမိပါတယ်။ တောတွေ တောင်တွေ ကတုတ်ကျင်းတွေကြားမှာ အသေခံတိုက်ခဲ.ရတဲ. လာအို (မျိုးချစ်) ကွန်မြူနစ်စစ်သားတွေ၏ ပုံရိပ်ဟောင်းတွေ ကို တောသီချင်းလေးနဲ.တင်ပြထားတာပါ။ ၁၉၆၄ နဲ.၁၉၇၅ ကြားမှာ အမေရိကန်က သူ. နိုင်ငံခြာရေး ပေါ်လစီအရ ၀င်စွက်ဖက်ထားတဲ. အချိန် လာအိုစ် ပြည်တွင်းစစ် အတွင်းက ပုံရိပ်ဟောင်းတွေလည်း သူတို. ရုပ်မြင်သံကြားမှာ တွေ.နေရပါသေးတယ်။ ပျင်းပျင်းနဲ. ဒီ အစီအစဉ်ကိုပဲ ထိုင်ကြည်.နေမိပါတော.တယ်။
စိတ်ထဲမှာထင်နေတဲ. ပေါ်လာသော အချက်များကတော.-----အင်ဒိုချိုင်းနားသမိုင်း၊ လာအိုတော်လှန်ရေးပါတီ၏သမိုင်း၊ ဒီပါတီကထွင်ထားသောပုံရိပ်များ၊ ပြီးတော.--အစစ်အမှန်သမိုင်းပုံရိပ်များ၊ သူတို. တိုက်ခဲ.သမျှ၊ သူတို.ခံခဲ.သမျှ၊သူတို.သေခဲ.သမျှ၊ ပြီးတော.သူတို.ပြန်ဖီဆန်တွန်းလှန်ခဲ.သမျှ၊ ပြီးတော.သူတို. ၏ လက်ရှိ တည်နေရာ( နိုင်ငံရေးအရ၊ စီးပွား ရေးအရ)။ အနောက်ဘက်ခြမ်းကလာတဲ. အန်ဂျီအိုတွေ။ အထူးသဖြင်. စစ်ပြီးနှစ်များမှာ ရခဲ.သော ဂရုဏာကြေး ဆေးရုံဆေးဝါး ကျန်းမာရေး ကူညီမှုတွေ။
တီဗွီဖန်သားပေါ်က လားအို.စ်အိုင်ဒီရော်လော်ဂျီက ရိုးစင်းပါတယ်။ ဟိုရှေးတုန်းက အဖြူအမဲ ဓါတ်ပုံဟောင်းတွေ မော်ကွန်းမှတ် တမ်းဝင် ရုပ်ရှင် အပိုင်းအစတွေ ကို ပြန်ပြ ပြီး၊ (ရိုးရိုး သားသားနဲ.) သူတို.သိစေချင်တဲ. ပါတီ.စိတ်ပိုင်းဆိုင်ရာ ကို ကြေငြာနေတဲ.ပုံမျိုးပါ။ ။လားအိုးစ် ပြည်သူတွေ ပါတီကို၊ ကျေးဇူးသိတတ်ဖို. နေ.စဉ်တင်ဆက်နေတဲ. ရုပ်မြင် သံကြား တေးသွား သရုပ်ဖေါ်မျိုးလို.ဆိုရမှာပါ။ အဲဒါ ကြည်.ပြီး၊ တော်တော.ကိုခေတ်မမှီလွန်းလို. နဲနဲ စိတ်ဓါတ်ကျသွားတာကို ၀န်ခံမိပါတယ်။ ဒါပေမဲ. တဖက်ကကြည်.ရင် အရမ်းကို ကျူ.တ် ဖြစ်တယ်လို.လဲထင်ပါတယ်။ ကြည်.ပါဦး။ အဖြူအမဲ မှတ်တမ်း ရုပ်ရှင်တွေမှာ၊ ဘာစိတ်ပျက်စရာ ရှိသလဲ။ အင်ဒိုချိုင်းနား မှာ အလွန် တွင်ကျယ်ခဲ.တဲ. ပြင်သစ်ကို တကယ် တော်လှန်ခဲ.တာ သူတို.ပဲဖြစ်ပါတယ်။ ပြီးတော.- အနောက်ဖက်ခြမ်းက အမေရိကန်အစိုးရ မက်ကာသီဝါဒ ကို အလွန်အကျူး သုံးပြီးမဆင်မခြင် မိုးကောင်းခဲ.ချိန်မှာ၊ ကွန်မြုနစ်ဆို အကြီးအကျယ် ကြောက်တဲ. နိုင်ငံကြီး (အထူးသဖြင်. အမေရိကန်နိုင်ငံ)ရဲ. ပြင်းထန်ကြမ်းတန်းတဲ. ဗုံးဒဏ်တွေ ကိုလည်း ဒီ လာအို.စ် နိုင်ငံလေးဟာ တော်တော်ခံခဲ.ရပါတယ်။ (၁၉၆၄နဲ. ၁၉၇၅ ကြား မှာ အမေရိက လာအို.စ်နိုင်ငံပေါ် ချခဲ.တဲ. ဗုံး အရေအတွက် က ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျာမဏီ နဲ. ဂျပန်ကို ခြေမှုန်းဖို. သုံးခဲ.တဲ. စုစုပေါင်း ဗုံးပမာဏထက်တောင်ပိုများတယ်လို. အမေရိကန်နိုင်ငံခြားရေး ဌာန က အတိအလင်းထုတ်ပြန် ထားပါတယ်။ လာအို.စ်မြေပေါ် မှာချခဲ.သော အမေရိကန်ဗုံးလက်နက်တွေက စုစုပေါင်း တန်ချိန် ၂၇၀ ဖြစ်ပါတယ်)
ဥဒုန်ဌာဏီ သို. အပြန်လမ်းမှာ
ပြန်မဲ.နေ. က ဘတ်စ်ကားပေါ်မှာ လျှောက်စဉ်းစားနေမိပါတယ်။ ဗီယန်တင်းက ထိုင်းနယ်စပ်ကိုပြန်လာတော. လမ်းတွေ ကောင်းတာ ထပ်သတိထားမိပြန်တယ်။ အမတ် ၆၆၄ ယောက် နှင်. လူတွေများလွန်းတဲ. မြန်မာပြည်က အထူးလွှတ်တော် မျိုး သူတို.မှာ၊ မရှိ လို.ပဲလား။ လာအို နိုင်ငံမှာ နိုင်ငံသုံးစွဲငွေ ဘတ်ဂျက်ကခပ်သေးသေးပေမဲ. သူတို.လမ်းတွေက သိပ်မဆိုး၊ပြေပြေပြစ်ပြစ်ရှိနေ တာကတော. အမှန်ပါ။ သူတို.တခုတည်းသောပါတီက နိုင်ငံဘတ်ဂျက်ကို နဲနဲလေးသုံးပြီး၊ လမ်းတွေကောင်းအောင် တတ်နိုင်သမျှဆောင်ရွက်ထားတာကိုတော. စိတ်ထဲက အောင်.မထားနိုင်ပဲ ပါးစပ်ကကို ထုတ်ပြောမိ ချီးကျူးမိပါတယ်။
ဒါပေမဲ.--သူတို.စီမှာ ကျေးလက်ဓလေ.ထုံးစံ တွေလုံးလုံးမပျောက်စေပဲ တစ်ပါတီ ထဲက အုပ်ချုပ်ချင်တာ၊အုပ်ချုပ်ထားတာ၊ ဒါကို တော. သိပ်နားမလည်ပါ။ နေရာတိုင်းမှာ ကျေးလက်တောရွာကဓလေ.တွေနဲ.ဆိုတော. စစ်ပွဲ ဒဏ်တွေကြောင်. အင်္ဂါံမစုံ လင်ခဲ.တဲ. လာအို.စ် နိုင်ငံလေးဟာ မလိုအပ်ပဲ ဒီလောက် နှေးကွေးမနေသင်.ဘူးလို. စိတ်နာနာနဲ.တွေးမိတယ်။ ဒီလို မဖြစ်သင်.ဘူး။ ဒီနိုင်ငံလေး ဒီ.ထက်အများကြီးပိုကောင်း၊ ပို တောက်ပြောင်နေသင်.တယ်လို. တယောက်ထဲငြင်းချက် ထုတ်နေမိပါတယ်။ ဒါပေမဲ.၊ ၁၉၆၄-၁၉၇၅ ကာလ အတွင်း အနောက်ကောင်းကင် က ဒီနိုင်ငံငယ်လေးအပေါ် ကျလာတဲ. ဗုံးကျည်ဆန် တန်၂၇၀ ဆို တဲ. လက်ဆောင်ဆိုးတွေ ကိုပါ ထည်.စဉ်းစားလျှင် ---ဒီနိုင်ငံလေးကို ဘယ်သူပဲအုပ်ချုပ်နေနေ၊ ဘယ်လိုမှ အပြစ်မတင်ရက်တော.ပါ။
သူတို. စီက စိုက်ပျိုးနိုင်တဲ.မြေယာတွေ ဟာ ဗုံးဒဏ်တွေကြောင်. အများကြီး ပျက်ဆီးခဲ.ရတယ်။ ၁၉၇၅ နောက်ပိုင်းမှာ တောင် ကျေးလက်တောရွာတွေမှာ စစ်အတွင်းက မပေါက်ခဲ.တဲ.တဲ. ဗုံးကျည်ဆန် တွေ အများကြီးကျန် ရှိနေသေးတာမို. တဖြည်းဖြည်းနဲ. ခြေပြတ်လက်ပြတ်ဖြစ်လာတဲ.သူအရေအတွက် လည်း ဒီလာအိုးစ် နိုင်ငံမှာ တိုး တိုးလာခဲ.ပါတယ်။ (တန်ချိန် ၂၇၀ ထဲက မပေါက်ကွဲခဲ.တဲ.၊ သုံးပုံ တပုံ၊ တန်ချိန် ၉၀ မျှ လာအို.စ်မှာ ဒီအတိုင်းကျန်နေပါသေးတယ် လို.ဆိုကြတယ်)
လာအို.စ် တစ်ပါတီ လက်အောက်မှာ ဆိုရှယ်လစ် စနစ်ကျင်. သုံးနေပေမဲ. သူတို.
ပေါလစ် ဗြူရို မှာလူ ကြီး ကိုးယောက် တဲ.။ သူတို. နှစ်စဉ် အမျိုးသား ညီလာခံမှာ
အလုပ်လုပ်တဲ. အမျိုးသမီးတွေမှ အများကြီးဆိုပဲ။ လာအိုးစ် နိုင်ငံရဲ. အမြင်.ဆုံး ပါလီမန် သို.မဟုတ် ထိုင်ခုံ ၁၁၅ ခုံ ပဲ ပါတဲ. အမျိုးသား လွှတ်တော်မှာ (ယောင်္ကျာံးတွေ ပါဝင်တဲ. အရေအတွက် လောက်နီးနီးဖြစ်လာအောင်) ၄၇ ယောက်သော အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို လာအို.စ် ပါတီက ကြည်ကြည်ဖြူဖြုနဲ.၂၀၁၁ ကစပြီး တင်သွင်းခဲ.ပါတယ်။
တပါတီ ကြောင်. ဆုတ်ယုတ်တာတွေ ရှိသလို အလွန် တိုးတက် ပရိုဂရက်ဆစ်ဖ် ဖြစ်တဲ. ဒီ တချက်ကိုတော. ရိုးရိုးသားသား ချီးကျူးရမှာပါပဲ။ မြန်မာလွှတ်တော်မှာတော.- တပွင်.တည်းသော ဗေဒါပန်းနဲ.၊ ရေညစ်ရေပုတ်တွေနဲ.၊ နိုင်ငံရေးသမားစစ်စစ် မခေါ်နိုင်တဲ. ၀ိသမလောဘသား စီးပွားရေးသမားတွေနဲ.။
ဗီယန်တင်းက ထွက်လာတာ နာ ရီဝက် ရှိပါပြီ။ ထိုင်း နဲ. လာအို ကို ပိုင်းခြားထားတဲ. နယ်ခြားမြစ်ကြီးကို မဖြတ်ခင် လူတွေ အားလုံးကားပေါ်ကဆင်းပြီး လာအို.စ် လူဝင်မှုဂိတ်မှာ တန်းစီ ရ ပြန်ပါတယ်။ ကားဆက်မထွက်ခင် လမ်းဘေးဈေးဆိုင်လေးတွေစီ သွားကြည်.မိပါတယ်။ လာအိုလူမျိုး လမ်းဘေးဈေးသည်တွေ ကို လာအို.စ်ဖက်၊ ထိုင်းဖက် နှစ်ခုစလုံးက နယ်ခြားမြို.လေးမှာအများကြီး တွေ.နေရပါတယ်။ သူတို. က အများကြီးပို ရိုးစင်းပါတယ်။ ပိုပြီးလည်လည်ဝယ်ဝယ်ရှိတဲ. ထိုင်းတွေ နဲ. လုံးလုံးမတူ ပါ။ ဒီ.အတွက် သဘောကျသလိုဖြစ်မိတယ်။ လာအို.စ် က သာမန် ပြည်သူပြည်သား လက်လုပ်လက်စားတွေ မှာ ဘာမှန်း မသိတဲ.၊ နှစ်သက်စရာ ကောင်းတဲ. မြိုသိပ်မှု တမျိုး ရှိတယ်။ အများစုက ထိုင်းနိုင်ငံကို မှီပြီး ပင်ပင်ပန်းပန်းစီးပွား ရှာဖွေစားသောက် နေရတဲ. သူတွေပါ။ သူတို. မျက်နှာတွေ ကြည်. ရင် အများသူငှာတွေလိုပဲ လာအို.စ်နိုင်ငံကို ထိုင်းလောက်ဖြစ်ဖြစ် တိုးတက်ရင်ကောင်းမယ် ဆိုတဲ. သာမန် နိုင်ငံရေးစိတ်ဆန္ဒမျိုးတွေနဲ.။ ဒါပေမဲ. ဒီဆန္ဒကို ကျယ်ကျယ်လောင်လောင် အော်ဟစ် မပြောတတ်ကြတဲ. လူမျိုးတမျိုး။
နယ်စပ်ဂိတ်မှာ ၁၅မိနစ်လောက်ပဲကြာပါတယ်။ ပြီးတော.-နယ်စပ်မှတ်တိုင်ဖြစ်တဲ. မဲခေါင်မြစ်ကြီးကို ဖြတ်လာပြီး ထိုင်းလူဝင်မှုကိုရောက်ပါတယ်။ ပြီးလျှင်-ဘတ်စ်ကား နောက်ဆုံးမှတ်တိုင်က က ထိုင်းနယ်ခြားက နောင်ခိုင် မြို.။ အဲဒီ.ကနေ မှ တက်ဆီငှားပြီး မိုင် ၄၁ မိုင် အကွာက ဥဒုန်ဌာဏီမြို.ကို ဆက် ထွက်လာခဲ.ပါတယ်။
ကောင်းကင်ကိုမော်ကြည်.တော.၊ပြန်တဲ.နေ.ညနေစောင်းမှာ အပူမပြင်း၊တိမ်တောက် လှပနေလို.ကျေးဇူးတင်တဲ.စိတ်ဖြစ်သွားပါတယ်။
လူဦးရေ တစ်သန်းခွဲလောက် ရှိတဲ. ဥဒုန်ဌာဏီ ကတော. တချိန်တုန်းက အမေရိကန်စစ်ပြန်တွေ၊ အနောက်ကိုပြန်မလာချင်တော.တဲ. အမေရိကန်စစ်ထောက်လှမ်းရေး ၀န်ထမ်းဟောင်းတွေ နဲ. တော်တော်စည်ကားပါတယ်။ ဗိယက်နမ်စစ်အပြီးမှာ အမေရိကန်တွေနဲ. ဗီယက်နမ်တွေ ထာဝရအခြေခြနေထိုင်တဲ. ထိုင်းမြို.ကြီးပါ။ ထိုင်းနဲ . လားအို.စ် နှိုင်းယှဉ်ရင် တိုးတက်မှု နှုံးတွေက တော်တော် ကွာပါတယ်။ ထိုင်းနိုင်ငံ ကတော. အလုပ်ဖြစ်ရေးအတွက် အားလုံးကိုလက်ခံသူပေမို.လား။ ဗီယက်နမ်၊ ကမ်ဘိုးဒီးယား၊ လာအို.စ် ၊မြန်မာပြည် ဒီအိမ်နီးချင်းနိုင်ငံတွေက စစ်တွေ ကြောင်. သူက ပိုပီး အလုပ်ဖြစ်ခဲ.၊ အလုပ်ဖြစ်နေဆဲပဲ။ ဒီလို ဈေးသည်ဈေးဝယ်တွေနဲ. စည်ပင် ပေါများပြီး လာရောက်လည်ပတ်သူတွေကို စိတ်ချမ်းသာစေတဲ. အချက်အလက်များနဲ.ပြည်.စုံလေသော နိုင်ငံဆိုတော.၊ လာအို.စ် ဖက်မှာ ၂ရက်ပဲနေခဲ.ပြီး၊ ပျင်းလို. ထိုင်းဖက်ခြမ်းပြန်ရောက်လာတဲ. ခရီးသည် နှစ်ယောက်လည်း ဥဒုန်ဌာဏီကုန်တိုက် အောက်ဆုံးထပ်မှာ လမ်းဘေးညစာ စပ်စပ်လေးတွေစား ရင်း အမောဖြေကြပါတော.တယ်။
ကျေးဇူးပါ။
အေးအေးစိုးဝင်း
နိုဝင်ဘာ ၆ ၂၀၁၂

Laotian Presidential Palace at night. September 18, 2012
No comments:
Post a Comment