Wednesday, December 12, 2012

မြန်မာ့ပင်လယ်ပြင်အတွင်းမှာ လှေပေါင်းစုံကိုစောင့်ကြပ်စောက်ရှောက်မှုပေး နေတဲ့မြန်မာ့ဆီတပ်မတော်



မြန်မာ့ပင်လယ်ပြင်အတွင်းမှာ လှေပေါင်းစုံကိုစောင့်ကြပ်စောက်ရှောက်မှုပေး
နေတဲ့မြန်မာ့ဆီတပ်မတော်ဟာအစိုးရအသစ်ပြောင်းလဲမှုဖြစ်လာပြီးနောက်မှာ
ဒီဇယ်ဆီတောင်းဖို့ ဂွင်ကြပ်လာတော့ ပုံစံတစ်မျိုးနှင့်မြိတ်ကျွန်းစုအတွင်းမှာ
ကျက်စားလာပြန်တယ်လို့သိရတယ်။ ဆီတပ်မတော်ပြောင်းလဲကျင့်သုံးလာ
တဲ့ ပုံစံက ဆိုမာလီတွေဓါးပြတိုက်တဲ့ပုံစံ နှင့်ဆင်တူပါတယ်။အင်းလေသူတို့
လည်းဘာကွာလို့လည်း ရုပ်ရည်လောက်ပဲကွာတာကိုး..အဆင့်အတန်းက
တော့အားလုံးသိပြီးဖြစ်တဲ့အတိုင်းသိပ်မကွာပါဘူး၊ ပိုတောင်ဆိုးမယ့်အနေ
ထားပေါ့.. မြိတ်ကျွန်းစုအတွင်းမှာလုပ်ကိုင်စားသောက်အသက်မွေးပြီးတော့
ဝမ်းကျောင်းပြုနေရတဲ့လှေကလေးတွေပါမကျန် C0= င၀ါးတွေရဲ့လက်ချက်
နှင့်လွတ်ကင်းဖူးတဲ့လှေတွေရှိရဲ့ လား..ကျွန်းတွေပေါ်ကလုပ်ငန်းလေးတွေပါ
မကျန်၊အမျိုးကောင်းသမီးတွေလည်းဒီကောင်တွေကြောင့်ဇတ်လမ်းတွေဖြစ်
ခဲ့ရတဲ့သာဓကတွေအများကြီးပါ ကျွန်းပေါင်း ရှစ်ရာကျော်ထက်မနည်းတဲ့
ဇတ်လမ်းတွေရှိတယ်။ အခုကဆိုမာလီ ဓါးပြတွေသုံးတဲ့နည်းအတိုင်းပြန်ပေး
ဆွဲပြီး ဒီဇယ်ဆီအစား ဖုန်းကဒ် ( ငွေဖြည့်ကဒ်မဟုတ်ဘူး ...ဆင်းကဒ်ဗျို့ ဆင်းကဒ် ) အင်ဂျင်ဝိုင်တွေ၊ ငွေကြေးတွေတောင်းလာတယ်လို့သိရတယ်ဗျာ့
လှေပိုင်ရှင်တွေ၊ ပဲ့နင်းတွေကို C0 လို့ ခေါ်တဲ့ င၀ါးတွေကခေါ်ခိုင်းလိုက်တယ်
ဆိုပြီး အဲဒီသင်္ဘောကလွတ်ထားတဲ့ သားပေါက် ( သားပေါက်ဆိုတာဘိတ်သူ/
သားတွေအားလုံးသိပါတယ်နော် = ဒီဇယ်ဆီနှင့်လစ်ရင်လစ်သလိုဓါးပြတိုက်
လို့ရအောင် သင်္ဘောကိုယ်စား လွတ်ထားတဲ့လှေတွေ )တွေကလာခေါ်သွားပြီး
သင်္ဘောပေါ်မှာထားခိုင်းထားတယ်။ပြီးတော့ ပိုင်ရှင်တွေ၊လာထုတ်မယ့်လူတွေ
ကိုဆက်သွယ်ပါတယ်။အဲဒီလူတွေကိုလိုချင်ရင်ငွေကြေးကဘယ်လောက်
အင်ဂျင်ဝိုင်က ဘယ်နှစ်ပုံး၊ ဆင်းကဒ်ကဘယ်နှစ်ကဒ်စသဖြင့်ကြေးသတ်မှတ်
ပေးလိုက်တယ်အဲဒီကြေးအတိုင်းလာရွေးရတယ်လို့သိရတယ်။လာမရွေးလို့
ကတော့ ဘာဖြစ်သွားမယ်မသိဘူးနော်.. ကဲသတင်းကတော့ဒီလောက်ပဲ ဒါ
ပေမယ့်ဘာမှမခိုင်လုံဘူးလို့ စောဒကမတက်နှင့်လာမယ် အားလုံးအတိအကျ
ကိန်းဂဏန်းတွေ၊ဖုန်းနံပါတ်တွေ၊သင်္ဘောနံပါတ်တွေလာမယ့်။။

ပြီးခဲ့တဲ့လလောက်ကတည်းက အဲဒီဆီတပ်မတော်တွေဟာ မြန်မာနိုင်ငံရဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့
ဆီတပ်မတော်ဌာနချုပ်ခရီးစဉ်နောက်ပိုင်းကစပြီး ဓါးပြတိုက်တဲ့ပုံစံကိုပြောင်း
လဲလိုက်တယ်လို့သိရတယ်။မင်းအောင်လှိုင် က အဲဒီဆိုမာလီဌာနချုပ်ကို
ရောက်လာတော့ပွဲကြမ်းသွားတယ်လို့သိရတယ်။ မင့်တို့ ပင်လယ်ထဲမှာဒီဇယ်
တောင်းနေတဲ့အကျင့်တွေကိုဖျောက်ဖို့လိုပြီဖြစ်ကြောင်း၊ပင်လယ်ထဲမှာငါးသယံဇတတွေပျက်သုန်းလာတာဟာအဓိကတရားခံကတော့မင့်တို့ ဆီတပ်မ
တော်ကြောင့်ဖြစ်ကြောင့်ကုန်းပေါ်ကငါးဦးစီးတွေကဘယ်လိုပဲရာသီတာမြစ်
ထားပါစေ၊ဘယ်လို့ပဲဧရိယာသတ်မှတ်ပြီးတားမြစ်ထားပါစေ။ပင်လယ်ထဲမှာ
လုပ်ချင်သလိုလုပ်ပြီးငါးပေးဆွဲထားတာကမင့်တို့ဆီတပ်မတော်ပဲဖြစ်တယ်
ဒါကြောင့်မင့်တို့ ဆီတောင်းတာနားလိုက်တော့လို့ ပြောသွားကြောင်းသိရပါ
တယ်။အမိန့်အတိုင်းတော့နားလိုက်ပါတယ်။ဒါပေမယ့်တဖက်လည်းမင့်တို့
င၀ါးတွေသင်္ဘောပေါ်မှာနေရာမြဲချင်ရင် အထက်ကိုဘယ်လောက်ပူဇော်ရမယ်
အောက်ကိုဘယ်လောက်ထောက်ပံ့ရမယ်ဆိုတာကလည်းရှိသေးတယ်အိမ်
ကဟာတွေကိုလည်းပေးရဦးမယ်ဆိုတော့ လုပ်ကွက်ပြောင်းလဲလိုက်တယ်လို့
ိသိရတယ်ပြီးခဲ့တဲ့လ က ထင်းလှေကလေးတွေကိုလုပ်သွားတဲ့ဇတ်လမ်းလေး
ကိုပဲသာဓကအဖြစ်တင်ပြလိုက်မယ်။အဲဒီလုပ်ကွက်တွေကနေရာအတော်များ
များမှာလုပ်နေပြီး ဒီဇယ်ဆီတောင်းတာကလည်းဝေးလံလှတဲ့ကျွန်းတွေနား
မှာလုပ်တုန်း၊ လှေကြီးတွေဆီမှာတောင်းတုန်းလို့သိရတယ်။ဘယ်သူသိတာ`မှတ်လို့xxxx မေးလည်းမမေးရဲပါxxx အဲဇတ်လမ်းက မြိတ်မီးပြနားမှာရပ်ထား
တဲ့ ရေတပ် ( ဆီတပ် ) သင်္ဘော 414 ကင၀ါးတစ်ကောင်က ထင်းလှေလေး
တွေက လှေရှင်တွေကိုပြန်ပေးဆွဲပြီးလာရွေးခိုင်းတဲ့ဇတ်လမ်းပါ။သားပေါက်
တစ်စင်းရောက်လာပြီး ထင်းလှေပိုင်ရှင်ဦးစိန်မြင့်ကိုခေါ်သွားပါတယ်။ပြီးတော့
လာရွေးမယ့်လူတွေကို ဖုန်းနှင့်ဆက်သွယ်လာတယ်လို့သိရတယ်အဲဒီဓါးပြ
တွေဆက်သွယ်လာတဲ့ဖုန်းနံပါတ်က - 0949205165 နှင့် 0949871112 တို့
ဖြစ်ကြောင်းသိရပါတယ်နောက်တစ်ယောက်ကိုလည်းဒီလိုပဲဖမ်းသွားပြီးလာ
ရွေးခိုင်းတယ်လို့သိရတယ်။ အဲဒီတစ်ယောက်ကတော့သူ့အမည်ကိုမပြောခိုင်း
လို့မပြောတော့ပါဘူး. အဲဒီမှာ ထင်းလှေတစ်စင်းကို ငွေးငါးသိန်း အင်ဂျင်ဝိုင်
5 ပုံး ၊ ဆင်းကဒ် 2 ကဒ်တောင်းပြီးပြန်ရွေးခိုင်းပါတယ်။ဈေးလည်းအတော်
ဆစ်လိုက်ရပြီးပြန်ရွေးယူခဲ့ရတယ်လို့သိရတယ်။ကဲဒီတော့ ထောက်လှမ်းရေး
တွေလည်းဖုန်းနံပါတ်နှင့်သင်္ဘောနံပါတ်ရပြီနော်..ဆက်လုပ် ရဲဘော်တို့....
ပင်လယ်ပြင်အတွင်းမှာလည်းရေငံဘိုးဘိုးကြီးလိုဟိုရေပြင်မှာကမ်းနီးဝင်ဆွဲ
ရင်ဆီဘယ်လောက်၊ ဟိုကျွန်းနားမှာဝင်ဆွဲချင်ရင်ဆီဘယ်လောက်ဆိုပြီးကြေး
သတ်မှတ်ကာအကြီးအကျယ်လုပ်စားနေပြီးင၀ါးမိသားစုတွေဆိုကျိကျိတက်
ကိုချမ်းသာကြောင်း၊ ဆီတပ်မတော်ကဗိုလ်ချုပ်တွေကိုဘီလီယံနာတွေပေါ့။
အားလုံးမျက်ရည်စာတွေဆိုတာလူတိုင်းသိပါတယ်စာရွက်စာတမ်းတွေဘယ်
လောက်ပဲလုပ်လုပ်အခွန်တွေဘယ်လိုပဲတိတိကျကျဆောင်လာ ဒီကောင်တွေ
ဆီရောက်ရင်ပေးရတာပဲ ကျွန်တော်တို့က တရားဝင်လှေလို့ပြောမိရင်နားအိမ်
ပူဖို့သာပြင်ထားပေတော့လို့သိရတယ်။ အခုလည်းမြိတ်မှာလာရောင်းတဲ့ထင်း
လှေကလေးတွေကိုပြန်ပေးဆွဲတာလေ။ သစ်လုံးကြီးတွေအကြီးအကျယ်ပြည်
ပကိုတင်ပို့နေတဲ့ ခရိုနီလှသန်းရဲ့ လှေတွေမဟုတ်ဘူး မြိတ်ရှော့ပင်းစင်တာ
ရှေ့ကတံတားမှာ အခွန်တွေရှောင်ပြီးဂျူတီမဲ့ကုန်တွေကို ကုန်တိုက်အတွက်
ဆိုပြီးအခုထိကိုတင်လို့မပြီးနိုင်သေးတဲ့လှေတွေမဟုတ်ဘူး။။မြိတ်မှာလာ
ရောင်းတဲ့ထင်းလှေကလေးတွေပါ။မြိတ်မြို့အရှေ့ ကရေပြင်မှာလာဆွဲသွား
တဲ့ပြန်ပေးအမှုပါခင်ဗျား..အမေစုလာရင်လည်းဆိုမာလီဌာနချုပ်ကိုသွားဦးမှာ
နော်..ခင်ဗျားတို့ကိုတွေ့တာမဟုတ်ဘူးပြည်သူလူထုနှင့်တွေ့မှာကိုပြောတာ
ပါ။။မှားပြီးဒီဇယ်ဆီတွေ၊အင်ဂျင်ဝိုင်တွေသွားမတောင်းမိစေနဲ့ စေတနာနှင့်
ပြောတာပါ။အမေစုလာမှာ 23.12.2012 ရက်နေ့နော်..ဒါပဲ၊၊။။

No comments: