Wednesday, December 12, 2012

ဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သ
ည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့
်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော
့ ကြားရမှာပေါ့၊
အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက
်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို
လည်း ပေါင်သွားတယ်၊သူဆိုင့်ကယ်သွားပေ
ါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့
နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”
ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊မြို့ခံမိန်းကေ
လးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့
ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဥ
်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်၊
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှ
ာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍
တွေ့ရှိသူများး၊တွေ့မြင်သူများရ
ှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်၊
(ဟာဂျူလီ-ကသာ)

အေးချမ်းမွန်မှ ဟာဂျူလီ ကသာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
Photo From :ဟာဂျူလီ ကသာ

No comments: