Wednesday, December 5, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေးဦးပိုင် ပြောကြား PDF Print
Thursday, 06 December 2012 03:01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေးနီစီမံကိန်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
''နိုင်ငံတော်အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီကော်မရှင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြန် မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေး နီစီမံကိန်းဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဖွဲ့စည်းပေးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍  ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့ဝင်၁၆ ဦးပါဝင်သောအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wanbao Mining Copper Limited တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒဏ်ရာသက်သာသည့် သံဃာတော်များကို ဆေးရုံပြောင်း

Updated 9 hours ago
မန္တလေး ပြည်သူ့ ဆေးရုံတွင် သက်သာသည့် သံဃာတော်များကို ကန်တော်နဒီ ဆေးရုံကိုပြောင်း
………………………………………………………………
မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွဲမှု ကြောင့် ဆေးရုံတက်ရောက် ကုသနေသူ များအနက် ရောဂါ သက်သာသည့် ဆရာတော် များကို ၆၂ လမ်း ကုတင် ၃၀၀ဆံ့ သင်ကြားရေး ဆေးရုံ လက်အောက်၊ ကန်တော်နဒီ ဆေးရုံသို့ ယနေ့ ညနေ ၅ နာရီတွင် ပြောင်းရွှေ့ ကုသ ပေးနေကြောင်း သံဃာတော် များက မိန့်ကြားသည်။ ဆေးရုံကြီးတွင် သံဃာတော် ၆၈ ပါး တက်ရောက် ကုသလျက် ရှိရာ လူနာနှင့် နေရာ မမျှသည့် အတွက် သက်သာသည့် သံဃာတော် ၃၇ ပါးကို ပြောင်းရွှေ ကုသပေးခြင်း ဖြစ်ကြောင်း လူမှုရေးရာ ဝန်ကြီး ဒေါက်တာ ဝင်းလှိုင်က ပြောကြားသည်။ ယခင်က သံဃာတော် များက သဘော မတူ သော်လည်း နေရာ အခက်အခဲ မျက်မြင် တွေ့ကြုံရမှုနှင့် ဆရာဝန် များ၏ လျှောက်ထားမှု ကြောင့် ပြောင်းရွှေ့ရန် သဘော တူလိုက်ကြောင်း သံဃာတော် အချို့က မိန့်ကြားသည်။ “သံဃာတော် တွေက များနေတဲ့ အတွက် မီးလောင်ဒဏ်ရာ ကနေ ပိုးကူးစက် လွယ်တယ်၊ ဒါကြောင့် နေရာပြောင်းရွှေ့ ကုသဖို့ စီစဉ်တာပါ၊ ဟိုဆေးရုံ မှာက နှစ်ပါးတစ်ခန်း ထားပြီး ကုသ ပေးမှာပါ” ဟု ဒေါက်တာ ဝင်းလှိုင်က ဆိုသည်။ သက်သာသည့် သံဃာတော်များ ပြောင်းရွှေ့ ကုသ သကဲ့သို့ အရေပြား အစားထိုးရန် သံဃာ တော်ငါးပါး ခွဲစိတ်ခန်း ဝင်နေကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။
 

 

မီးလောင်ဗုံး ဒဏ်ရာများကို ကုသရန် အိန္ဒိပညာရှင်များ ကူညီနိင်ဟု
ကောင်စစ်ဝန် ကမ်းလှမ်း
..................................................................................

လက်ပံတောင်းတောင် ဆန္ဒပြမှု အင်အားသုံး ဖြိုခွင်း ခံရမှုနှင့် ပတ်သက်၍ အရေပြား ဒဏ်ရာများ အစားထိုး ကုသရန် အတွက် အိန္ဒိယမှ ကျွမ်းကျင် ပညာရှင်များ ဖိတ်ခေါ် နိုင်ကြောင်း အိန္ဒိယ ကောင်စစ်ဝန် ရုံးမှ ကမ်းလှမ်းမှု ရှိကြောင်း၊ မန္တလေး ပြည်သူ့ ဆေးရုံရှိ ဆရာဝန် များဖြင့် လုံလောက် နေ သဖြင့် မလိုအပ် သေးကြောင်း ဒေါက်တာ ဝင်းလှိုင်က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်ပံတောင်းတောင် အရေး လာရောက် မေးမြန်း
.....................................................................................

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ အရှေ့ တောင်အာရှ ရုံးချုပ် မှ ဒါရိုက်တာ Mr.IKE REED နှင့် မြန်မာနိုင်ငံ အခြေစိုက် အမေရိကန် သံရုံးမှ နိုင်ငံရေး၊ စီပွားရေး ဌာန မှ ကောင်စစ်ဝန် Douglas Sonnek တို့ လက်ပံတောင်းတောင် သံဃာတော် များနှင့် မန္တလေး မြို့တွင် လာရောက် တွေ့ဆုံ ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်း ပေးပို့သည်။

မန္တလေးမြို့ မြဝတီ မင်းကြီး ကျောင်းတိုက် ဆရာတော် အရိယဝံသ၊ ဂဠုန်နီ ဆရာတော် ဦးကာဝိရ၊ ဘဝအလင်း ဆရာတော် ဦးဥတ္တမ၊ ဆရာတော် အရှင် ဝီရသူ (မစိုးရိမ် ကျောင်းတိုက်) နှင့် မုံရွာ လက်ပံတောင်းတောင် သပိတ်ခေါင်းဆောင် အမျိုးသမီးများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက် တို့နှင့် ယနေ့ ဒီဇင်ဘာလ (၅)ရက်နေ့ နေလည် ၁၂နာရီခွဲ မှ နေ့လည် ၂နာရီ ၅၀ မိနစ် အထိ မစိုးရိမ် တိုက်သစ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြကြောင်း ဆရာတော် ဝီရသူက The Voice Weekly သို့ ပြောကြားသည်။
 
ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော်
ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2012



 
 လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။
 
 
အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင်  သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 
 
တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
 
 
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
 
 
ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။
 
 
ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေနပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။ဟု နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။
 
 
ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူမှုနှင့် သံဃာတော်များအား ဆေးဝါးများလုံလောက်စွာ မကုသပေးခြင်းများကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။
 
 
ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းပေးပါ လို့ပြောချင်ပါတယ်။ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။
 
 
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း  ကိုငြိမ်းချမ်းက ဆိုသည်။
 

သံဃာတွေ ထိုင်သပိတ်စတင်ဆင်နွှဲမည်






































































လက်ပန်းတောင်းတောင် သပိတ်စခန်း
 အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး
 အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့အတွက်
 သံဃာတွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၆
 ရက်နေ့မှာ မြို့အတော်များများမှာ ထိုင်သပိတ်မှောက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ပြုလုပ်မယ့် သံဃာ့သပိတ်ဟာ ပြီးခဲ့တဲ့သပိတ်တွေနဲ့မတူဘဲ၊ သံဃာတွေ တောင်းဆိုတဲ့အချက် ၅ ချက်ကို အစိုးရက ချက်ချင်းအကောင်အထည်ဖော်ပေးရမယ်လို့ တောင်းဆိုမှာဖြစ်ပါတယ်။

တကယ်လို့ အစိုးရက ပျက်ကွက်မယ်ဆိုရင် အဲဒီ သံဃာ့ထိုင်သပိတ်ကိုအရှိန်မြှင့်ပြီး ရက်ရှည်ပြုလုပ်ဖို့ရှိတယ်လို့ အဲဒီ့သပိတ်ရဲ့ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်မယ့်သံဃာ့သပိတ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊စစ်ကိုင်း၊
 ချောက်၊ ပခုက္ကူ၊ မိတ္ထီလာနဲ့ ဝါးခယ်မမြို့တွေမှာ ကျင်းပမှာလို့ဆိုပါတယ်။

မနက်ဖြန်ပြုလုပ်မယ့် သံဃာ့ထိုင်သပိတ်မှာ ကိုင်ဆွဲတောင်းဆိုမယ့် အချက်ငါးချက်အကြောင်းနဲ့  ပတ်သတ်ပြီး ဘဝအလင်းဆရာတော် ဦးသောဘိတက အခုလို မိန့်ကြားပါတယ်။

"အောက်ပါအချက် ၅ ချက်က (က) နိုင်ငံတော်အစိုးရနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသော သံဃာတော်များကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန် (ခ) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန် (ဂ) ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချက်ခြင်းပြန်လွှတ်ရန် (ဃ) ကြေးနီစီမံကိန်းကို ဒေသခံများနဲ့ပြည်သူများ လက်ခံနိုင်အောင်ဆောင်ရွက်ပေးရန် (င) ဒီမိုကရေစီအစိုးရစစ်စစ် ပေါ်ပေါက်လာဖို့နဲ့ နောက်နောင်တွင် အခုကဲ့သို့အကြမ်းဖက်မှု မပေါ်ပေါက်စေရန် လွှတ်တော်များနဲ့အစိုးရအဖွဲ့များတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနုတ်ထွက်ပေးရန်၊ အထက်မြန်မာပြည်သံဃာတော်များ"

နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၂ နာရီခွဲလောက်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေးတပ်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ကန့်ကွက်ရှုံ့ချဆန့်ကျင်ပွဲတွေဟာ မြန်မာနိုင်ငံဒေသအချို့မှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved
 

No comments: