Thursday, May 23, 2013

ပြည်တွင်းပြည်ပမှ ၈၈မျိုးဆက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့

နေ့စွဲ - ၂၀၁၃ ခုနှစ်၊ မေလ၊ ၂၃ ရက်

၂၀၁၃ခုနှစ် သြဂုတ်လ(၈)ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ (၂၅)နှစ်ပြည့် ငွေရတုတွင် အနာဂတ်မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ၈၈မျိုးဆက် ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ဒီမိုကရေစီ အင်အားစုများ အားလုံး စုစည်းညီညွတ်စွာဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
    အဆိုပါ အခမ်းအနားကြီးတွင် ပြည်တွင်းပြည်ပမှ ၈၈မျိုးဆက် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမ အဖွဲ့အစည်းများ အားလုံး နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ၊ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် ဆက်သွယ် ဆောင်ရွက်ကြပါရန် လေးစားစွာ ပန်ကြားဖိတ်ခေါ်အပ်ပါသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)      
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)   
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)
   
ဆက်သွယ်ရန် - email -  silver8888@the88generation.org

No comments: