ပစိဖိတ်ဒေသတွင် အမေရိကန်ကို အားပြိုင်ရန် ကြိုးပမ်းလာသည့် တရုတ်
လာမည့် ဆယ်စုနှစ် နှစ်ခုအတွင်း၌ အမေရိကန် ပြည်ထောင်စု၏ လွှမ်းမိုးမှုများသည် အနောက်ပစိဖိတ် ဒေသမှ ဖယ်ရှားခြင်း ခံရလိမ့်မည်ဟု ထိပ်တန်း တရုတ်စစ်ဘက် အရာရှိကြီး တစ်ဦးက လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့ရာ ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံ အကြားတွင် ယင်း ဒေသအား လွှမ်းမိုး နိုင်ရေး အတွက် ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာဖွယ် ရှိသည်ကို တွေ့ရသည်။
သြစတြေးလျ အပါအဝင် အရှေ့အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ အင်အား ကြီးထွားလာခြင်းသည် အမေရိကန် အစိုးရ၏ လွှမ်းမိုးရေး ကြိုးပမ်းချက်များကို ထိန်းချုပ် ကန့်သတ်သွားမည် ဖြစ်သည်ဟု တရုတ်ပြည်သူ လွတ်မြောက်ရေး တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ အဆင့်မြင့် ဗိုလ်မှူးကြီး လျိုမင်းဖူက Fairfax မီဒီယာကို ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ပြောကြားချက်များသည် တောင်တရုတ်ပင်လယ် အတွင်းရှိ ဖိလစ်ပိုင် နိုင်ငံက ထိန်းချုပ်ထား သည့် ကျွန်းများသို့ တရုတ်နိုင်ငံ အစိုးရက လွန်ခဲ့သည့် နှစ်အတွင်း ဝင်ရောက်ခဲ့ပြီးချိန်မှ စ၍ တစ်စထက်တစ်စ ကြီးထွားလာသည့် ရည်မှန်းချက် များကိုဖော်ပြလျက် ရှိသည်။
ထို့အပြင် တရုတ်နိုင်ငံက ၎င်းတို့၏ ရေတပ်အင်အားကို တိုးချဲ့လာခြင်းသည် ပစိဖိတ်ဒေသတွင် အမေရိကန် ပြည်ထောင်စု၏ လွှမ်းမိုးရေး ကြိုးပမ်းချက်ကို ပခုံးချင်းယှဉ်၍ တန်ပြန် ရန်ဖြစ်သည်ဟု အမေရိကန် ပစိဖိတ် ရေတပ်ဖွဲ့၏ ထောက်လှမ်းရေး အကြီးအကဲ ဂျိမ်းစ်ဖေးနယ်လ်က ပြောကြားထားသည်။
MWD

No comments:
Post a Comment