Tuesday, May 7, 2013

မြိတ်မြို့ မှ ကျွန်းစု မြို့ သို့  ပြေးဆွဲနေသည့် ခရီးသည်တင်လှေမှာ ကြံခိုင်မှု အားနည်းနေကြောင်း ခရီးသွားပြည်သူများထံမှသိရသည်

January Kapyar's photo.
မြိတ်မြို့ မှ ကျွန်းစု မြို့ သို့  ပြေးဆွဲနေသည့် ခရီးသည်တင်လှေမှာ ကြံခိုင်မှု အားနည်းနေကြောင်း ခရီးသွားပြည်သူများထံမှသိရသည်

ကျွန်းစုမြို့ သည် ရေလမ်းခရီး တစ်ခုတည်းသာ အဓိကမှီခို အားထား နေရသောမြို့ ဖြစ်သည်

တစ်ခါတစ်လေ လူများထဲအခါ တိုးကြိတ်ပြီး စီးရတယ် အခုက မိုးရာသီကို ရောက်တော့မယ် ဆိုတော့ ပိုဆိုးတာပေါ့ ဟု ကျွန်းစုမြို့ ခရီးသည် တစ်ဦးက ပြောပြပါသည်

ကျွန်းစုမြို့ သည် အခြားမြို့ များကဲ့သို့ ရှပ်ပြေး အမြန်ယာဉ်များ မရှိကြောင်း ဥပမာ တနင်္သာရီမြို့ ကဲ့သို့ ရှပ်ပြေးအမြန်ယဉ်များ ထွက်ပေါ်လာ စေရန် ကျွန်းစု
 မြို့ သူ မြို့ သားများက မျော်လင့်နေကြသည်

ထိုသို့ မျော်လင့် ရခြင်းကလည်း မဖြစ်နိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် စီးပွားရေးသမား များကလည်း အမြတ်စွန်းများပြီး ထွက်ခြေကိုက်မှ လုပ်မည်ဖြစ်သော ကြောင့်  မြို့ ခံတစ်ဦးက သုံးသပ်ပြောဆိုပါသည်

မည်သိုပင်ဆိုစေကာမှု အများပြည်သူ လုံခြုံ ချောမွေ့စွာ ခရီးသွားလာရေးအတွက်  အကောင်ထည်ဖော်
ဆောင်ရွက်ခြင်းဖြင့် ကုသိုလ် ယူ သင့်ကြောင်း ခရိုနီအပေါင်း 
တို့ အား တိုက်တွန်းအပ်ပါသည်

No comments: