မေလ ၁၅ရက်၊ ၂၀၁၃ခုနှစ်၊ မြန်မာစံတော်ချိန် ၆း၄၀နာရီ
(၁၅-၅-၂၀၁၃)ရက်ညနေပိုင်းမှ
(၁၆-၅-၂၀၁၃)ရက်နေ့ ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅-၅-၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာ ၀င်ရောက်တဲ့ အချိန် လေတိုက်နှုန်းကို 70 knots
(85 mph) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် (15-5-2013)ရက်နေ့ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက် စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။
ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘော ကို (၁၅-၅-၂၀၁၃)ရက်နေ့ တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။
ဒေသခံများ နဲ့ ကြိုတင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံး အတွက် စိတ်သက်သာ ရာရစရာ သတင်းကောင်းပါဘဲ။
ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှို်င်းအမြင် (၁၂)ပေခန့် လောက်အထိ နဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး..ဒါဟာ လက်ရှိအနေအထား(၁၅ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်)သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထား
မုန်တိုင်းဟာ မနက်ဖန် (၁၆-၅-၂၀၁၃)ရက်နေ့လည်ပိုင်
အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါ လိမ့်မယ်။
အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။
မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။
ဒေါက်တာထွန်းလွင် (MCCW)
No comments:
Post a Comment