Sunday, May 5, 2013

အဆိုတော်ကိုမွန်းအောင်ရဲ့  ဘုရားပေးတဲ့-အရင်းအနှီး (အမြင်သုံးသပ့်ချက်များ)

“ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။” (မွန်းအောင်)

ဗမာပြည်သွားဖို့ ၀င်ပေါက်တောင် မနည်းရှာရအုံးမှာပဲ။ စစ်အုပ်စုက အပေါ်စီးမှာ နေတုန်းပဲ။ ၀င်ခွင့်အသနားခံစာ ရေး တောင်းရအုံးမယ်၊ မပေးရင် အရှက်ရအုံးမယ်။ ၀င်ခွင့်ရတော့လည်း ထောင်ထွက်တွေလို ၀န်ခံလက်မှတ်တွေနဲ့၊ ကျနော် သီချင်းဆိုခွင့် ရမရတောင် မပြောနိုင်ဘူး။ ဒီနိုင်ငံတွေမှာ စင်ပေါ်ကအဆိုတော် ဘာပြောပြော၊ ဘာဆိုဆို ဘယ်ရဲကမှ နိုင်ငံရေးတို့၊ အစိုးရကို ဝေဖန်တယ်တို့ ဆိုတဲ့အမြင်မျိုးနဲ့ မချည်းကပ်ဘူး၊ ရဲအလုပ်က လုံခြုံရေး၊ ပွဲကြည့်သူ အနှောက်အယှက်မဖြစ်အောင် စောင့်ရှောက်ရေးပဲ။ ဗမာပြည်ပြန်ရင် သီချင်းလွတ်လွတ်လပ်လပ် ဆိုရမလား၊ ဒီသီချင်း မဆိုရဘူး၊ ဒီသီချင်းပဲ ဆို ဆိုတာမျိုးလား၊ကျနော် နားလည်တာကတော့ ဦးသိန်းစိန်က လူကြားကောင်းအောင်ပဲ တံခါးဖွင့်ပေးတာပါ။ ကျနော်တို့ကို နိုင်ငံခြားသားလိုပဲ နေခိုင်းပြီး မလုပ်ရဘူးဆိုတာတွေ မလုပ်ခိုင်းဘူး၊ အချိန်တန်ရင် ပြန်ခိုင်းမှာပဲ။ ဒီတော့ ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။ ဗမာပြည်သူတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြည့်အ၀ရတဲ့အချိန်ပဲ ကျနော်တို့ အလိုရှိနေတာပါ။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/


 “ဒီလူတွေက စစ်သားတွေသာ ဖြစ်ကုန်တာ ကြမ်းတမ်းသူတွေ ရက်စက်တဲ့လူတွေလည်း မဟုတ်ဘူးဗျ။ အနုပညာသမား၊ ဂီတကို မြတ်နိုးတဲ့လူတွေ။” (မွန်းအောင်)

တခြားအဆိုတော်တွေ ပြန်တာလည်း ရှိနေတာကြားပါတယ်။ သူတို့ ဘယ်တုံးက ထွက်ခဲ့တာလဲ၊ ဘယ်လို ထွက်ခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့်ထွက်တာလဲဆိုတာ ကြည့်ဖို့လိုမယ် ထင်တယ်။ ပြီးတော့ ဘယ်လိုပြန်သွားလဲ ဆိုတာပေါ့။ ကျနော်က ထွက်ကတည်းက ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိ ထွက်လာတာ ဖြစ်တယ်။ ဒီအစီအစဉ်က အဆိုတော် မွန်းအောင်လို့ မဖြစ်ခင်ကတည်းက စိတ်ထဲမှာ ဆုံးဖြတ်ချက်ကျပြီးသား အစီအစဉ်ဖြစ်တယ်။ စိတ်ဓာတ်အရင်းခံ တူတဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေကြား ချိတ်ဆက်ထားတာတွေ ရှိတယ်။ ဒီနေ့ KIA က ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကျနော်တို့က ရင်းနှီးသူတွေ၊ ကျနော့်ထက် သူက နည်းနည်းငယ်တယ်၊ ကျောင်းသားဘ၀က တီးဝိုင်း အတူတီးတယ်၊ ၈၂ အင်းလျားမှာ ဘေ့စ်ဂစ်တာတီးတဲ အာခေါင်လွန်း က အခု ကေအိုင်အေ တပ်မဟာ (၁) ရဲ့တပ်မဟာမှူးပါ။ ဒီလူတွေက စစ်သားတွေသာ ဖြစ်ကုန်တာ ကြမ်းတမ်းသူတွေ ရက်စက်တဲ့လူတွေလည်း မဟုတ်ဘူးဗျ။ အနုပညာသမား၊ ဂီတကို မြတ်နိုးတဲ့လူတွေ။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/


“ပြည်တွင်းထဲမှာ မလုပ်နိုင်တာ အများကြီး အပြင်မှာ လုပ်နိုင်တယ်။” (မွန်းအောင်)

မေး ။ ။ ဒါဆို ပြည်ပမှာ ဘာလုပ်နိုင်မှာလဲ။

မွန်းအောင် ။ ။ လက်တွေ့ကျကျ ပြောရရင် သမ္မတဦးသိန်းစိန် လာလည်ရင် ကိုယ်သဘောမကျတဲ့အကြောင်း ဆန္ဒထုတ်ဖော်နိုင်တယ်၊ ပြည်တွင်းထဲမှာ မလုပ်နိုင်တာ အများကြီး အပြင်မှာ လုပ်နိုင်တယ်။ တချိန်တုန်းက လုပ်ခဲ့ကြတဲ့ အလုပ်တွေ ဒီနေ့အချိန် အခါ နဲ့အညီ လုပ်နိုင်သေးတယ်။ အစိုးရ မတရားတာ၊ မဟုတ်မမှန်တာတွေကို နိုင်ငံတကာ သိအောင် ထောက်ပြနိုင်တယ်။ ကျနော် ဗမာပြည်ပြန်ရင် ကြိုက်တဲ့မြို့က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ စင်ထိုးပြီး သီချင်းဆိုလို့ မရနိုင်ဘူး၊ ဒီနိုင်ငံမှာ ရတယ်။ ကျနော် မြန်မာပြည်မှာ ဘွဲ့ရပြီး ၄ နှစ်လောက်ကြာမှ ၁၉၈၈ မှာ လူ့အခွင့်အရေးဆိုတဲ့ စကားကို ကြားဖူးတာ။ ဘယ်လောက်အထိ ပိတ်ပင်ခံထားရလဲဆိုတာ စဉ်းစားကြည့်။ အခု ပြည်ပမှာ နှစ်၂၀ ကျော်အတွင်း အခက်အခဲတွေ ကြမ်းတမ်းခက်ထန်မှုတွေ အများကြီးဖြတ်ပြီး နော်ဝေးလူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးအရသာကို အပြည့်အ၀ ခံစားနေရတယ်။ ကိုယ့်ပြည်သူတွေကိုလည်း ခံစားစေချင်တယ်။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/


“ပြည်ပနိုင်ငံရေးကလည်း မပြီးသေးပါဘူး။ လိုကိုလိုနေသေးတယ်။” (မွန်းအောင်)

ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကမပြီးသေးဘူး၊ တောတွင်းတိုက်ပွဲလည်း ဖြစ်ချင်ဖြစ်နိုင်သေးတာပဲ၊ လောလောဆယ် စားပွဲဝိုင်းနိုင်ငံရေးတိုက်ပွဲတွေ ဖြစ်နေတယ်၊ ဥပဒေတွင်း တိုက်ပွဲတွေ၊ လူ့အခွင့်အရေးတိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်၊ သံတမန်ရေးတိုက်ပွဲတွေလည်း ဖြစ်ချင်ဖြစ်နေတာပဲ။ နိုင်ငံရေးနယ်ပယ်တခုထဲ မဟုတ်ဘူး လူမှုရေး၊ စီပွားရေး နယ်ပယ်အစုံမှာ တိုက်ပွဲတွေ ဖြစ်နေတာပဲ။

ပြည်ပနိုင်ငံရေးကလည်း မပြီးသေးပါဘူး။ လိုကိုလိုနေသေးတယ်။ အထူးသဖြင့် NGO တွေရဲ့ အထောက်အပံ့မလိုတဲ့ လှုပ်ရှားမှုမျိုးပေါ့၊ ဘာလို့လဲဆိုတော့ NGO အထောက်အပံ့ယူရင် NGO လိုင်းထဲ ဘောင်ထဲကပဲ သွားရမယ်။ NGO ဆိုတာအစိုးရရဲ့ လိုင်းထဲကသွားရတာ။ ဘယ်အစိုးရမဆို သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ရှိတယ်၊ သူတို့စိတ်ဝင်စားမှုနဲ့ သူတို့ လိုလားတာတွေ ရှိတယ်။ အဲဒီအတွက် ကျနော်တို့တတွေက ပေးရတယ်။ အဲလိုအပေးအယူမျိုး လုပ်ရတယ်။ ဒီတော့ ကျနော်တို့ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး။ ကျနော်တို့လိုချင်တာက သီးခြားလွတ်လပ်တဲ့ လှုပ်ရှားမှုမျိုးပါ။

ကျနော်တို့ အပြင်မှာနေသူတွေဟာ လွတ်လပ်တဲ့ လှုပ်ရှားမှုနဲ့ ပြောခွင့်တွေ ရနေတယ်။ ဘယ်အစိုးရ၊ ဘယ်ရဲမှ ခြိမ်းခြောက်မှာ မဟုတ်ဖူး၊ ကိုယ်ယုံကြည်တဲ့အရာကို ဒီမိုကရေစီနည်းလမ်းနဲ့ လုပ်ဆောင်ခွင့်ရှိတယ်။ ဒီနေ့ဗမာပြည်မှာ ပြောခွင့်နည်းနည်းပါးပါး ပေးထားပေမယ့် လုပ်ခွင့်မရကြဘူး။


 “လူထုခေါင်းဆောင်အဆင့်ကနေ NLD ပါတီခေါင်းဆောင်ပဲ ဖြစ်သွားတယ်၊” (မွန်းအောင်)

မေး ။ ။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို ဘယ်လိုမြင်လဲ၊

မွန်းအောင် ။ ။ ကျနော်တို့ သူ့ကို လူထုခေါင်းဆောင်လို့ မျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရွေးချယ်တယ်၊ အဲဒီမှာ လူထုခေါင်းဆောင်အဆင့်ကနေ NLD ပါတီခေါင်းဆောင်ပဲ ဖြစ်သွားတယ်၊ သူ ရည်မှန်းတာက တခုခု ဖြစ်ချင်ဖြစ်မယ်၊ ကျနော်တို့ မျော်မှန်းနေတာက တခုခုဖြစ်ချင်ဖြစ်မယ်။ သွားတဲ့လမ်းချင်း ကွဲပါစေ၊ ပန်းတိုင်ရှိထားရင် တနေ့ဆုံမှာပါ။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/


“ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မီဒီယာအများစုကလည်း နှာစေးနေကြတယ်။” (မွန်းအောင်)

ဒီကနေ့ အပြောင်းအလဲဟာ ဦးသိန်းစိန်ပြောင်းလဲပေးခဲ့တာ မဟုတ်ဘူး၊ စစ်အုပ်စု လမ်းကြောင်းထဲက သွားနေတဲ့ အစီအစဉ်တခုသာ ဖြစ်တယ်။ ဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့ အရုပ်တရုပ်ပဲ။ သူတို့ဟာ အနှစ်၂၀ ကျော် အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ ဘ၀ကနေ နောင်နှစ်ပေါင်းများစွာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ ကြံစည်နေတာ ဖြစ်တယ်။

ဒါကိုပဲ နိုင်ငံတကာက မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲနေပါပြီလို့ မြင်နေအုံးမယ် ဆိုရင် ကျနော်ကတော့ အဲဒီ နိုင်ငံတကာအစိုးရတွေဟာ အ တယ် န တယ်လို့ပဲ ပြောရမှာပဲ။ ပြီးတော့ ဗမာပြည်မှာလဲ ဒီမိုကရေစီပြောပြီး အတိုက်အခံ မရှိသလို ဖြစ်နေတယ်။ ရထားတဲ့ အခွင့်အရေးလေး ပျောက်သွားမလား စိုးရိမ်စိတ်နဲ့ မတရားမှန်းသိလည်း ဘာမှမပြောရဲ မဆိုရဲကြဖူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မီဒီယာအများစုကလည်း နှာစေးနေကြတယ်။

သာမန်ပြည်သူတွေ အရပ်သားတေကတော့ ကျွန်တွေလို အရောင်တွေမွဲပြီး စုတ်ပြတ်နေတယ်။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/


 “သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။” (မွန်းအောင်)

သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီးယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျမှ စစ်ဦးထုတ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင်မမီသူလို့ ပြောချင်တယ်။ သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယလ်ဆုနဲ့ ထိုက်တန်သူတွေ အများကြီး ရှိပါတယ်။

http://www.naytthit.net/2013/05/03/ဘုရားပေးတဲ့-အရင်းအနှီး/
 
 

 ကိုမွန်းအောင် ပရိသတ်တွေကို ဘာပြောချင်သေးလဲ။

ကျနော် သီချင်းတွေချည်းဆိုနေမယ့် အနုပညာရှင် အဆိုတော် မဟုတ်ဘူးပေါ့ဗျာ၊ ပြီးတော့ သီချင်းဆိုပြီး ပိုက်ဆံရှာမယ့် အဆိုတော်လည်း မဟုတ်ဘူး၊ ပြီးတော့ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကျနော်ဟာ မဟုတ်မမှန်တာ မတရားတာ ဖိနှိပ်မှုတွေ၊ မျက်ရည်တွေ၊ အသက်တွေ ဘ၀တွေနဲ့ ဖတ်ခဲ့ဖူးတဲ့ စာတွေကို ရင်းနှီးပြီး တော်လှန်သွားမယ့် တော်လှန်ရေးသမားသက်သက် ဖြစ်တယ်။ ပြီးတော့ သီချင်းဆိုတဲ့ လူတယောက်၊ တော်လှန်ရေးအတွက် တော်လှန်ရေးသီချင်းတွေ ဆိုနေအုံးမယ့် တော်လှန်ရေးသမားတယောက် ဆိုတာပဲ သိစေချင်တာပါ။

 

No comments: