Friday, May 3, 2013

ဒေါက်တာထွန်းအောင်အား အမြန်ဆုံးထောင်ထဲမှ ပြန်လွှတ်ပြီး ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် ကင်တေးနားတောင်းဆို

narinjara
ဒေါက်တာထွန်းအောင်အား အမြန်ဆုံးထောင်ထဲမှ ပြန်လွှတ်ပြီး ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် ကင်တေးနားတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် ကင်တေးနားမှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူမွတ်ဆလင် ခေါင်းဆောင် ဘင်္ဂလီ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် မူဆလင်များအကြား စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တောင်းဆို လိုက်သည်။

မေလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော Myanmar / Rakhine Commission: “Positive starting point but Government must address impunity” – UN expert တွင် ထိုသို့ ထောင်းဆိုထားခြင်း ဖြစ်သည်။

ကင်တေးနားမှ ဘင်္ဂလီထွန်းအောင်မှာ ထိုကဲ့သို့ လူမျိုးနှစ်ခုအကြား စေ့စပ် ဆွေးနွေးပွဲကို ဦးဆောင် ဦးရွက် ပြုလုပ်နိုင်သူများထဲမှ တစ်ဦး ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ကင်တေးနားက ရခိုင် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ ရခိုင်ပြည်နယ် အတွင်းရှိ ဘာသာ လူမျိုး မတူသော လူမျိုးများ အကြား အပြန်အလှန် ယုံကြည်မူနှင့် နားလည်မူကို တည်ဆောက်ရန် အတွက် တစ်ဘက်နှင့် တစ်ဘက် ပြောဆိုဆွေးနွေးမူများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသော အချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

ထိုသို့ ပြောဆိုပြီး ကင်တေးနားက ဆက်လက် ပြောဆိုရာတွင် ထိုကဲ့သို့ စနစ်တကျ စေ့စပ်ဆွေးနွေးပွဲများပြုလုပ်ရာတွင် ဒေသဆိုင်ရာ အဆင့် ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ထိုခေါင်းဆောင်များထဲတွင် ထောင်ထဲမှ လွှတ်ပေးလိမ့်မည်ဟု သူမျှော်လင့်နေသော ထွန်းအောင်မှာ ထိုကဲ့သို့ အရည်အချင်းရှိသော ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ကြောင်း ဆိုသည်။

ရခိုင်အမျိုးသားများကမူ ဘင်္ဂလီထွန်းအောင်ကို ဘာသာရေးအရ သွေးထိုး လုံ့ဆော်နေသူ တစ်ဦးအဖြစ် သဘောထားကြပြီး မောင်တောမြို့တွင် ဇွန်လ ၈ ရက်က ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကိုလည်း ဦးဆောင်ခဲ့သည်ဟု မြင်နေကြသည်။

ထိုကဲ့သို့ ရခိုင်လူမျိုးများမှ အမြင်ရှိနေသူ ဘင်္ဂလီထွန်းအောင်အား ငြိမ်းချမ်းရေး ဗိသုကာ အဖြစ် သတ်မှတ်ပြီး ရခိုင်ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ဦးဆောင်မူ အခန်းကဏ္ဍမှ ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားက တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလီထွန်းအောင်မှာ မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ထောင် (၈) နှစ် ကျော် ချမှတ် ခံထားရသည်။

အကြမ်းဖက်မှုများတွင် သူကိုယ်တိုင်ပါဝင်ခဲ့ကြောင်း တရားခံတစ်ဦးက ၀န်ခံ

ဧပြီလ ၂၆ ရက်နေ့ ဘင်္ဂလီလူဦးရေ စစ်ဆေးရေးစာရင်းကောက်သူများအား အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါသူ တစ်ဦးက ရဲစခန်းတွင် ၀န်ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ၀န်ခံသူမှာ အီဆု(ခ)လှမြင့် (ဘ)ကျော်မြင့်၊ အသက် ၂၉ နှစ်၊ သက္ကေပြင်ကျေးရွာ ဖြစ်ပြီး သူ၏၀န်ခံချက်မှာ -

(၁)သူသည် ရိုဟင်ဂျာလူငယ်ခေါင်းဆောင်ဖြစ်ကြောင်း

(၂) သူသည် ထိုနေ့ညကပင် အခြားသော ကျေးရွာများသို့လည်း ဖုန်းဖြင့် အကြောင်းကြားကာ လက်မှတ်မထိုးရန် နှင့် ဆန့်ကျင်ဖျက်ဆီးရန်ပြောဆို စည်းရုံးခဲ့ကြောင်း

(၃) သူ၏ဖခင် ကျော်မြင့်မှာလည်း ရိုဟင်ဂျာခေါင်းဆောင်အဖြစ် ဦးဆောင်သူဖြစ်ကြောင်းနှင့်ရိုဟင်ဂျာဝန်ကြီးရာထူး အဖြစ် အများကသဘောတူထားသူဖြစ်ကြောင်း

(၄) ပြည်ပမီဒီယာများ၏ လှုပ်ဆော်အားပေးခြင်းကြောင့် ရိုဟင်ဂျာအမည်ကို မက်မောလာခဲ့ခြင်းဖြစ်ကြောင်း

(၅) စစ်သားများအား ခဲဖြင့်ပစ်ပေါက်ရာလူ အုပ်ကြီးထဲတွင် သူလည်းပါဝင်ကြောင်း

(၆) ဦးဆောင်သူများစာရင်းတွင် သူလည်း တစ်ဦးအပါဝင်ဖြစ်ကြောင်းနှင့် အခြားသော ဦးဆောင်သူအများ အပြား ပါရှိသေးကြောင်း
တို့ကိုထွက်ဆို လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ အီဆုတို့အား စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းမှ (ပ) ၉၉/၁၃ ပုဒ်မ-၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့်အမှုဖွင့် တရား စွဲဆိုထားကြောင်းသိရသည်။

သူ၏မှတ်ပုံတင်အမှတ်မှာ AKB -245644
လူမျိုး/ဘာသာ ဘင်္ဂလီ/အီစ္စလာမ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(ရူပဗေဒ) တို့ဖြစ်ကြောင်းသိရှိရပါသည်။

Posted From RSV
Photo From Ko Kyi Win
Photo: အကြမ်းဖက်မှုများတွင် သူကိုယ်တိုင်ပါဝင်ခဲ့ကြောင်း တရားခံတစ်ဦးက ၀န်ခံ

ကုလ ဆုံးဖြတ်ချက် RNDP အပြင်းအထန် ကန့်ကွက်

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များတွင် ရိုဟင်ဂျာမူစလင် အသုံးနှင့် ၄င်းတို့ကို အကြမ်းဖက် ဖိနှိပ်နေသည့် မှာ လက်ခံနိုင်စရာမရှိကြောင်း ဆုံးဖြတ်ခဲ့သည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က အပြင်းအထန် ကန့်ကွက်သော သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယ ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်များကို အပြင်းအထန်ကန့်ကွက်ခဲ့သော မြန်မာကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိ
ကြောင်း RNDP က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ဖြစ်ပွါးခဲ့သော အကြမ်းဖက်မှုများသည် တရားမ၀င် ဖောင်းပွလျက်ရှိသော ဘင်္ဂါလီလူမျိုးများ၏ အစီအစဉ် တကျလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ဖော်ပြသည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် မီဒီယာမျိုးစုံက “ရိုဟင်ဂျာ“ အသုံးကို သုံးစွဲနေခြင်းသည် မြန်မာနိုင်ငံ၏ တည်ငြိမ်းရေး၊ သဟဇာတဖြစ်ရေး ရည်မှန်းချက်များ၏ ဆန့်ကျင်ဖက်ဖြစ်သော ဆူပူအငြိမ်သက်မှုများကို လှုံဆော်ပေးနေကြခြင်းဖြစ်
ကြောင်း သုံးသပ်ထားသည်။

No comments: