ဧပြီလ ၁၀ ရက်နေ့ထုတ် The Golden Fresh Land သတင်းစာ၏ အမြင်သတင်းဆောင်းပါး
ကလေးတွေကို ၀ိုင်းဝန်းစောင့်ရှောက်ကြပါ ။
-------------------------- -----------------
၂ဝဝ၃ ခုနှစ် ဇွန်လလယ် လောက်က ကျွန်တော်နေထိုင်တဲ့ ဗဟန်းမြို့နယ်ထဲက လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ နာရီဝက်လောက် သွားထိုင်ဖြစ်တယ်။ မင်းလမ်း မှတ်တိုင်နားပေါ့။ အဲဒီဆိုင်ထဲ ဝင်ဝင်ချင်း ပဲ ကျွန်တော်က ကျစိမ့်တစ်ခွက် လှမ်းပြီးမှာတော့ ဆယ်ကျော်သက် ကလေးငယ်တစ်ယောက်ဟာ ပြုံးပြုံး ရွှင်ရွှင်ပဲ လာချပေးသွားတယ်။ စားပွဲထိုးလေးပေါ့နော်။ အသက်အားဖြင့် ၁၁နှစ်လောက်ပဲရှိဦးမယ်။ ကျွန်တော် ထိုင်နေတုန်း ဆယ်မိနစ်လောက်မှာ ဆိုင်ရှင်က ဘာတွေဘဝင်မကျ ဖြစ် နေလဲမသိဘူး။ ဆယ်ကျော်သက် ရင်သွေးငယ် စားပွဲထိုးလေးရဲ့ ဆံပင်ကိုဆွဲပြီး ပါးနှစ်ဖက်ကို ပြင်းပြင်း ထန်ထန်ရိုက်နေတာ တွေ့လိုက်ရ တယ်။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ဗျာ။ ခဏနေတော့ အဲဒီဆယ်ကျော်သက် ကောင်လေးက ကျွန်တော်ထိုင်နေတဲ့ ဝိုင်းဘေးက ခုံတစ်ခုံမှာ စားပွဲကို အဝတ်လေးနဲ့လာပြီးသုတ်နေတယ်။
စားပွဲတွေပေါ်မှာ အကြမ်းပန်းကန် လုံးတွေ စိမ်ထားတဲ့ ရေတစ်ခွက်စီရှိ တယ်။
အဲဒီရေခွက်လေးတွေထဲက ရေကိုလက်နဲ့စွတ်ယူပြီး စားပွဲတွေ ပေါ်တောက်ချပြီး
အဲဒီရေအနည်း ငယ်နဲ့ပဲ စားပွဲတွေကို အဝတ်စုတ်နဲ့ သုတ်ဖို့
ဆိုင်ရှင်ကမှာထားတယ်။
ဒီမှာ ဝမ်းနည်းစရာကောင်းတာ က ပါးရိုက်ခံထားရတဲ့ စားပွဲထိုးလေး ဟာ စားပွဲသုတ်ရင်းကျလာတဲ့ သူ့ရဲ့ မျက်ရည်တွေနဲ့ပဲ စားပွဲခုံရဲ့ မျက်နှာ ပြင်ကို ပွတ်တိုက်ပြီး သုတ်နေရှာ တယ်။ သူ့ရဲ့ မျက်ရည်တွေဟာ စားပွဲပြင်ပေါ်ကို တတောက်တောက် နဲ့ အဆက်မပြတ်ကျနေတယ်။ ဒီမြင် ကွင်းဟာ ကျွန်တော့်အတွက်အသက် ၅ဝအတွင်း ပထမဦးဆုံးကြေကွဲဖွယ် အဖြစ်ဆိုးကြီးပါ။ ကျွန်တော် လူ သတ်ချင်စိတ်တောင် ပေါက်သွားတယ်။ ခဏနေတော့ ကျွန်တော်လည်း မပြောဘဲ မနေနိုင်တော့လို့ ဆိုင်ရှင်ကို လှမ်းခေါ်ပြီး ''ဒီလို ကြမ်းရမ်းစွာ မလုပ်သင့်ဘူး၊ သနားပါတယ်။ ကလေးတိုင်းဟာ လူကြီးတွေလောက်တော့ ရိုင်းစိုင်းမှုမရှိဘူး''လို့  ပြောချလိုက်ပါတယ်။
ဆိုင်ရှင်က ဘယ်လိုဆင်ခြေ ပေးသလဲဆိုရင် ''ဒီကောင်တွေကို ဒီလိုလုပ်ထားနိုင်မှ တော်ရုံကျတာ။ ဒါဟာလဲ သူတို့ဘဝ ကောင်းစားရေး''တဲ့ဗျာ။ ကလေးနဲ့တုပြီး မိုက်တယ်ဆိုကတည်းကလူကြီးလူေ ကာင်း မဆန်တော့ဘူးပေါ့။ ကျွန်တော်ကတော့ ကလေးအပေါ်မှာပဲ အရမ်းကိုမျှဝေခံစားနေမိတယ်။ ဒီလူ့မျက်နှာကို တော်တော်ရွံသွားတယ်။
ဒီနေရာမှာတစ်ခုထပ်ပြီး Massage ပေးချင်တာက လူပွဲစားတွေပါ။ ပွဲစားကတော့ ငွေရဖို့ အဓိကထားမှာ ပဲ။ စားပွဲထိုးတွေကို လေ့လာကြည့် ရင် တချို့ကလေးအလုပ်သမား ပွဲစားတွေရှိတယ်။ ဒါကြောင့် အစိုးရ ကိုပဲ ကျွန်တော်တို့ အပြစ်မြင်နေလို့ မရဘူး။ အစိုးရလည်း ပုထုဇဉ်လူ သား၊ ပြည်သူဟာလည်း ပုထုဇဉ် လူသားမို့ လူမှန်သမျှ အမှားရှိနိုင်ပါ တယ်။ အဲဒီတော့ ကလေးတွေကို ခိုင်းစားနေတဲ့ မိဘတွေဖြစ်စေ၊ ဆွေ မျိုးသွေးချင်းတွေဖြစ်စေ လူသားချင်း စာနာစိတ်မွေးမြူကြပါ။ ဒီကလေး တွေဟာ ပညာသင်ခွင့်တွေ ဆုံးရှုံးနေ တဲ့အပြင် ကလေးသဘာဝ ဖြစ်တဲ့ လွတ်လပ်စွာ ဆော့ကစားခွင့်တွေကို ပါ ရိုက်ချိုးဖျက်ဆီးခံထားရတယ် ။
လက်ဖက်ရည်ဆိုင်တချို့က ကလေး တွေကို နံနက် ၄ နာရီထခိုင်းတယ်။ ည ၁ဝ နာရီမှ
ဆိုင်ပိတ်တယ်။ ဆိုင် ပိတ်တော့ ပစ္စည်းတွေသိမ်း၊ သန့်ရှင်း ရေးတွေလုပ်၊
ရေမိုးချိုး၊ ထမင်းစားပြီး တော့ ၁၂ နာရီ ဖြစ်သွားပြီ။ သူတို့
ဘဝတွေရဲ့အားလပ်ချိန်ဟာ အိပ်ချိန်ငါးနာရီပဲ ရှိတယ်။ အဲဒီတော့
လူ့အခွင့်အရေးကို အားလုံးက စောင့် ကြည့်နေရမယ်။ ဥပဒေနဲ့ ပတ်သက်တဲ့
စာပေတွေကို ကျွန်တော်တို့ လေ့လာရမယ်။ ဒါမှ ရင်သွေးငယ်တွေကို
အန္တရာယ်ဇုန်တွေထဲကနေ ကယ်တင်နိုင်မှာ။ ကလေးတစ်ယောက်ကို ရက်စက်စွာ ရိုက်နေတာ၊
ခြိမ်း ခြောက်နေတာကို ကျွန်တော်တို့အားလုံးက တာဝန်တစ်ရပ်အနေနဲ့
တွန်းလှန်ပစ်ရမယ်။
နိုင်ငံတကာရဲ့ ဥပဒေအရ ကလေးအလုပ်သမားတွေကို လုံးဝ မခိုင်းစေဖို့ တားမြစ်ထားပေမယ့် ကျွန်တော်တို့နိုင်ငံမှာ စားဝတ်နေရေး အရ၊ နိုင်ငံရေးရှုပ်ထွေးမှုတွေအရ တက်လာတဲ့ အစိုးရတိုင်းဟာ ဒီကိစ္စ တွေကို သတိလွတ်နေခဲ့တယ်။ ဒါကို အခွင့်အရေးယူပြီး အလုပ်ရှင် တချို့ က ကလေးတွေကို ကျွဲရိုက်၊ နွား ရိုက်လုပ်နေကြတယ်။ ဒါဟာ ဘီလူး စိတ်ဝင်နေတာပဲ။ ဖြစ်နိုင်ရင် အဲဒီလို လူတန်းစားတွေကို ဟမ္မူရာဘီရဲ့ ကိုဓဥပဒေ မျိုးနဲ့ တုံ့ပြန်သင့်တယ်။ လူကြီးအချင်းချင်း အကြမ်းဖက် တာထက် လူကြီးက ကလေးတွေကို အကြမ်းဖက်တာ ပိုပြီးရွံမုန်းဖို့ကောင်း ပါတယ်။ ကလေးတွေမှာ အားအင် မရှိပါဘူး။
ကလေးတွေ အကြမ်းဖက်ခံရ တာဟာ လူသားမျိုးနွယ်တစ်ရပ်လုံး အတွင်း တုန်လှုပ်ချောက်ချားစရာ ဖြစ်ရပ်မျိုးပါ။ ဒီနေ့အထိ ကျွန်တော် တို့လူမျိုးတွေဟာ သံသယတိုက်ပွဲ တွေနဲ့တစ်ယောက်ကိုတစ်ယောက်က
မျက်နှာသာ မပေးချင်ကြဘူး။ မယုံ ကြည်နိုင်ကြဘူး။ ဒါတွေဟာ မြန်မာ့
လူ့ပတ်ဝန်းကျင်တိုင်းမှာ ရှိပါတယ်။ လူမျိုးအတွက်ရော၊ နိုင်ငံအတွက်ပါ
ဂုဏ်သိက္ခာထိခိုက်နစ်နာရပါတယ်။
စောစောက ဆယ်ကျော်သက်လေး တွေဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့
လက်ဖက်ရည်ဆိုင်တွေ၊ စား သောက်ဆိုင်တွေမှာ ဘဝတွေကို နင်းချေခံရင်း
ဖြတ်သန်းနေကြရ တယ်။ ကျွန်တော်မြင်တွေ့ခဲ့တဲ့ ရက် စက်မှုမျိုးက
ကျွန်တော်နေထိုင်တဲ့ နယ်နိမိတ်မှာပဲ ရှိသေးတာ။ တခြား ကျွန်တော်
လက်လှမ်းမမီတဲ့ နယ် ပယ်အသီးသီးမှာ ကလေးတွေဘယ် လို လူးလိမ့်ခံစားနေကြရပြီလဲ။
နိုင်ငံသားတိုင်းဟာ မွေးရာပါ အခွင့်အရေးကိုယ်စီနဲ့ပါ။ ဒီနေ့ နိုင်ငံ တကာက လူကြီးတွေ၊ အရာရှိတွေ၊ သမ္မတတွေ အားလုံးဟာ ကလေး ဘဝကနေ ဖြစ်လာတာပါ။ ဒါဆိုရင် ကလေးတိုင်းဟာ နိုင်ငံအတွက် အရေးပါတဲ့ လူသားအရင်းအမြစ် တွေလို့ ကျွန်တော်တို့ ခံယူကြရမယ်။ ဒီအတွက် ကလေးငယ်တွေကို ထိန်း သိမ်းစောင့်ရှောက်ရမယ်။ မြန်မာ တချို့က အမှန်တရားကို မြတ်နိုးကြ ပေမယ့် အမှုဖြစ်မှာ ကြောက်ကြ တယ်။ ဒါဟာ ဥပဒေအကြောင်း နားမလည်လို့ပါ။ စီးပွားရေးကျပ်တာ လည်း ပါပါတယ်။ တရားရုံးရောက် ရင် ဘယ်လောက် ကုန်သွားမှာ၊ တရားလိုကနေ တရားခံဘဝရောက် သွားမှာကို အရမ်းစိုးရိမ်ကြတယ်။ အဲဒီအကြောက်တရားတွေကလည်း ကျွန်တော်တို့ လူမျိုးရဲ့အားနည်းချက် ပါ။ ဒီအားနည်းချက်တွေကြောင့် လည်း ကလေးတွေဟာ အနှိပ်စက်ခံ နေကြရတယ်။ ကိစ္စတော်တော်များ များ မသိကျိုးကျွန်ပြုနေကြတယ်။
နိဂုံးချုပ်ပြောချင်တာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ
မိခင်၊ ဖခင်တို့တောင်မှ သားသမီး အရင်းကို စည်းလွတ် ဝါးလွတ် ရိုက်
နှက်ပိုင်ခွင့် မရှိပါဘူး။ ပထွေး၊ မိထွေး သူတို့လည်း အတူတူပါပဲ။ ကလေး
တစ်ယောက်ကိုမတရားသဖြင့် အနိုင် ကျင့်ရင် လူ့အခွင့်အရေး ချိုးဖောက် တာပါပဲ။
ကလေးများကို ဝိုင်းဝန်း စောင့်ရှောက်နိုင်ကြပါစေ။ ဒါဆိုရင်
လူ့အခွင့်အရေးကို စာနာရာ ရောက် ပါတယ်။ ကာကွယ်ရာလည်း ရောက် ပါတယ်။
သန်းထိုက်လူ
ကလေးတွေကို ၀ိုင်းဝန်းစောင့်ရှောက်ကြပါ
--------------------------
၂ဝဝ၃ ခုနှစ် ဇွန်လလယ် လောက်က ကျွန်တော်နေထိုင်တဲ့ ဗဟန်းမြို့နယ်ထဲက လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ နာရီဝက်လောက် သွားထိုင်ဖြစ်တယ်။ မင်းလမ်း မှတ်တိုင်နားပေါ့။ အဲဒီဆိုင်ထဲ ဝင်ဝင်ချင်း ပဲ ကျွန်တော်က ကျစိမ့်တစ်ခွက် လှမ်းပြီးမှာတော့ ဆယ်ကျော်သက် ကလေးငယ်တစ်ယောက်ဟာ ပြုံးပြုံး ရွှင်ရွှင်ပဲ လာချပေးသွားတယ်။ စားပွဲထိုးလေးပေါ့နော်။ အသက်အားဖြင့် ၁၁နှစ်လောက်ပဲရှိဦးမယ်။ ကျွန်တော် ထိုင်နေတုန်း ဆယ်မိနစ်လောက်မှာ ဆိုင်ရှင်က ဘာတွေဘဝင်မကျ ဖြစ် နေလဲမသိဘူး။ ဆယ်ကျော်သက် ရင်သွေးငယ် စားပွဲထိုးလေးရဲ့ ဆံပင်ကိုဆွဲပြီး ပါးနှစ်ဖက်ကို ပြင်းပြင်း ထန်ထန်ရိုက်နေတာ တွေ့လိုက်ရ တယ်။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ဗျာ။
ဒီမှာ ဝမ်းနည်းစရာကောင်းတာ က ပါးရိုက်ခံထားရတဲ့ စားပွဲထိုးလေး ဟာ စားပွဲသုတ်ရင်းကျလာတဲ့ သူ့ရဲ့ မျက်ရည်တွေနဲ့ပဲ စားပွဲခုံရဲ့ မျက်နှာ ပြင်ကို ပွတ်တိုက်ပြီး သုတ်နေရှာ တယ်။ သူ့ရဲ့ မျက်ရည်တွေဟာ စားပွဲပြင်ပေါ်ကို တတောက်တောက် နဲ့ အဆက်မပြတ်ကျနေတယ်။ ဒီမြင် ကွင်းဟာ ကျွန်တော့်အတွက်အသက် ၅ဝအတွင်း ပထမဦးဆုံးကြေကွဲဖွယ် အဖြစ်ဆိုးကြီးပါ။ ကျွန်တော် လူ သတ်ချင်စိတ်တောင် ပေါက်သွားတယ်။ ခဏနေတော့ ကျွန်တော်လည်း မပြောဘဲ မနေနိုင်တော့လို့ ဆိုင်ရှင်ကို လှမ်းခေါ်ပြီး ''ဒီလို ကြမ်းရမ်းစွာ မလုပ်သင့်ဘူး၊ သနားပါတယ်။ ကလေးတိုင်းဟာ လူကြီးတွေလောက်တော့ ရိုင်းစိုင်းမှုမရှိဘူး''လို
ဆိုင်ရှင်က ဘယ်လိုဆင်ခြေ ပေးသလဲဆိုရင် ''ဒီကောင်တွေကို ဒီလိုလုပ်ထားနိုင်မှ တော်ရုံကျတာ။ ဒါဟာလဲ သူတို့ဘဝ ကောင်းစားရေး''တဲ့ဗျာ။ ကလေးနဲ့တုပြီး မိုက်တယ်ဆိုကတည်းကလူကြီးလူေ
ဒီနေရာမှာတစ်ခုထပ်ပြီး Massage ပေးချင်တာက လူပွဲစားတွေပါ။ ပွဲစားကတော့ ငွေရဖို့ အဓိကထားမှာ ပဲ။ စားပွဲထိုးတွေကို လေ့လာကြည့် ရင် တချို့ကလေးအလုပ်သမား ပွဲစားတွေရှိတယ်။ ဒါကြောင့် အစိုးရ ကိုပဲ ကျွန်တော်တို့ အပြစ်မြင်နေလို့ မရဘူး။ အစိုးရလည်း ပုထုဇဉ်လူ သား၊ ပြည်သူဟာလည်း ပုထုဇဉ် လူသားမို့ လူမှန်သမျှ အမှားရှိနိုင်ပါ တယ်။ အဲဒီတော့ ကလေးတွေကို ခိုင်းစားနေတဲ့ မိဘတွေဖြစ်စေ၊ ဆွေ မျိုးသွေးချင်းတွေဖြစ်စေ လူသားချင်း စာနာစိတ်မွေးမြူကြပါ။ ဒီကလေး တွေဟာ ပညာသင်ခွင့်တွေ ဆုံးရှုံးနေ တဲ့အပြင် ကလေးသဘာဝ ဖြစ်တဲ့ လွတ်လပ်စွာ ဆော့ကစားခွင့်တွေကို ပါ ရိုက်ချိုးဖျက်ဆီးခံထားရတယ်
နိုင်ငံတကာရဲ့ ဥပဒေအရ ကလေးအလုပ်သမားတွေကို လုံးဝ မခိုင်းစေဖို့ တားမြစ်ထားပေမယ့် ကျွန်တော်တို့နိုင်ငံမှာ စားဝတ်နေရေး အရ၊ နိုင်ငံရေးရှုပ်ထွေးမှုတွေအရ တက်လာတဲ့ အစိုးရတိုင်းဟာ ဒီကိစ္စ တွေကို သတိလွတ်နေခဲ့တယ်။ ဒါကို အခွင့်အရေးယူပြီး အလုပ်ရှင် တချို့ က ကလေးတွေကို ကျွဲရိုက်၊ နွား ရိုက်လုပ်နေကြတယ်။ ဒါဟာ ဘီလူး စိတ်ဝင်နေတာပဲ။ ဖြစ်နိုင်ရင် အဲဒီလို လူတန်းစားတွေကို ဟမ္မူရာဘီရဲ့ ကိုဓဥပဒေ မျိုးနဲ့ တုံ့ပြန်သင့်တယ်။ လူကြီးအချင်းချင်း အကြမ်းဖက် တာထက် လူကြီးက ကလေးတွေကို အကြမ်းဖက်တာ ပိုပြီးရွံမုန်းဖို့ကောင်း ပါတယ်။ ကလေးတွေမှာ အားအင် မရှိပါဘူး။
ကလေးတွေ အကြမ်းဖက်ခံရ တာဟာ လူသားမျိုးနွယ်တစ်ရပ်လုံး အတွင်း တုန်လှုပ်ချောက်ချားစရာ ဖြစ်ရပ်မျိုးပါ။ ဒီနေ့အထိ ကျွန်တော် တို့လူမျိုးတွေဟာ သံသယတိုက်ပွဲ တွေနဲ့တစ်ယောက်ကိုတစ်ယောက်က
နိုင်ငံသားတိုင်းဟာ မွေးရာပါ အခွင့်အရေးကိုယ်စီနဲ့ပါ။ ဒီနေ့ နိုင်ငံ တကာက လူကြီးတွေ၊ အရာရှိတွေ၊ သမ္မတတွေ အားလုံးဟာ ကလေး ဘဝကနေ ဖြစ်လာတာပါ။ ဒါဆိုရင် ကလေးတိုင်းဟာ နိုင်ငံအတွက် အရေးပါတဲ့ လူသားအရင်းအမြစ် တွေလို့ ကျွန်တော်တို့ ခံယူကြရမယ်။ ဒီအတွက် ကလေးငယ်တွေကို ထိန်း သိမ်းစောင့်ရှောက်ရမယ်။ မြန်မာ တချို့က အမှန်တရားကို မြတ်နိုးကြ ပေမယ့် အမှုဖြစ်မှာ ကြောက်ကြ တယ်။ ဒါဟာ ဥပဒေအကြောင်း နားမလည်လို့ပါ။ စီးပွားရေးကျပ်တာ လည်း ပါပါတယ်။ တရားရုံးရောက် ရင် ဘယ်လောက် ကုန်သွားမှာ၊ တရားလိုကနေ တရားခံဘဝရောက် သွားမှာကို အရမ်းစိုးရိမ်ကြတယ်။ အဲဒီအကြောက်တရားတွေကလည်း ကျွန်တော်တို့ လူမျိုးရဲ့အားနည်းချက် ပါ။ ဒီအားနည်းချက်တွေကြောင့် လည်း ကလေးတွေဟာ အနှိပ်စက်ခံ နေကြရတယ်။ ကိစ္စတော်တော်များ များ မသိကျိုးကျွန်ပြုနေကြတယ်။
နိဂုံးချုပ်ပြောချင်တာကတော့
သန်းထိုက်လူ
No comments:
Post a Comment