Friday, May 24, 2013

ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန် ဆက်လျှောက်နှိုင်ပါ့မလား။

ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန် ဆက်လျှောက်နှိုင်ပါ့မလား။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန် အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်ဆိုတာကိုပြဆိုလိုက်ခြင်းပါဘဲ။ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့သမ္မတကိုယ်တိုင်က၃၀၀၀ပေးမယ်ဆိုဆန္ဒပြကြမယ်။လူကြီးကတော့၅၀၀၀၊အကုန်ပါသွားတာဘဲ။ဆန္ဒပြတာလည်းအလုပ်အကိုင်ဖြစ်နေတယ် ဆိုတော့ ဒီမိုကရေစီရဲ့ လွပ်လပ်ပွင့် လင်းမှုကို ဒီမိုကရက်တစ်လမ်းကြောင်းပေါ်သွားနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် ကိုယ်တိုင် နားမလည်ပုံကို ကမ္ဘာကသိအောင် ကြော်ငြာသလိုဖြစ်နေတယ်။ဒီမိုကရေစီနိုင်ငံတိုင်းဟာဆန္ဒပြခြင်းနဲ့ကျွမ်းဝင်နေကြတာချည်းပါပဲ..။ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်စစ်စစ်နဲ့ အမိန့်ပေး စနစ်အောက်က မဟုတ်တော့ ဒီမိုကရေစီနိုင်ငံတွေ ရဲ့ ပွင့်လင်းမှုကို အခုမှမျက်ဝါးထင်ထင်တွေ့မြင်ပုံရတယ်။ဒီမိုကရေစီနိုင်ငံတွေမှာအများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အများသဘောကို သေသေချာချာသိအောင်လွတ်လပ်စွာပြောဆိုခွင့် ပေးရတယ်။ဒီမိုကရေစီ သံယောင်လိုက်နေပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန်ဆက်လျှောက်နှိုင်ပါ့မလား။ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဆိုတာကိုရော သိပါရဲ့လား။ပြည်သူတို့ကလွတ်လပ်စွာအခွင့်အရေးတူညီသောအခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်များကအုပ်ချုပ်မှုကိုလုပ်ဆောင်ကြရပါတယ်။တကယ်တော့ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊အရပ်သား(အမည်ခံတဲ့)ဒီလိုအတုအယောင်အပြောင်းအလဲတွေနဲ့အရပ်သားအသွင်ပြောင်း ဒီမိုကရေစီ သကာရည်လောင်းပြီး ရွေးကောက်ပွဲ (အတု)၊ဖန်တီးကာ နိုင်ငံတကာကို လှည့်စားနေခြင်းပင်ဖြစ်ပါတယ်။ ၂၀၀၈အခြေခံဥပဒေကိုသူတို့အလိုကျရေးဆွဲပြီးအတည်ပြုစစ်တပ်ကိုနိုင်ငံရေးရဲ့အဓိကအခန်းမှာပါဝင်စွက်ဖက်ခွင့်ပေးပြီးစစ်ဝတ်စုံတွေချွတ်ကာစစ်ဗိုလ် တွေနိုင်ငံရေးလောကထဲကိုအသွင်ပြောင်းကာဝင်လာပြီး၂၀၁၀ရွေးကောက်ပွဲဟာဘယ်လိုမဲတွေနဲ့လုပ်ခဲ့တယ်ဆိုတာအများပြည်သူတွေသိကြတဲ့အတိုင်းပါဘဲ။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမ္မတ ကိုယ်တိုင်က စစ်အာဏာရှင် အနံ့အသက် မစင်သေးပါဘူး။ ဒီမိုကရေစီမှာ ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားတာမရှိပါဘူး။ နိုင်ငံရေးဆိုင်ရာကိစ္စအရပ်ရပ်တို့တွင်နိုင်ငံသူနိုင်ငံသားများကမိမိတို့ဆန္ဒအရလွတ်လပ်စွာပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိဖို့လိုအပ်တယ်။ဒီမိုကရေစီဟာ နိုင်ငံရေးရာကိစ္စအဖြစ်သာမက လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြုလေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆည်းပေးနိုင်မှုတွေ တန်းတူညီမျှခြင်းနဲ့လွတ်လွပ်ခြင်းတို့သည် ဒီမိုကရေစီ၏ ထူးခြားသော ဂုဏ်အင်္ဂါရပ်တွေကို နားမှလည်ပါရဲ့လား သမ္မတကြီး ခင်ဗျား။ ပြည်သူသာလျင် အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောကြောင့် ပြည်သူတို့၏ဆန္ဒအရ လိုသလို ကျင့်သုံးနိုင်ရေးလည်းဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေက ဒီမိုကရေစီနိုင်ငံတွေရဲ့ အလေ့အထတွေပါဘဲ။ တကယ်တော့ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မဟုတ်ပဲ မဲခိုးတက်လာတဲ့အစိုးရဆိုတော့ ပြည်သူလူထုအပေါ် လေးနက်ယုံကြည်မှုမရှိပါဘူး။ခေါင်းဆောင်ကောင်းဆိုတာ အောက်ခြေပြည်သူလူထု အများစုကြီးနှင့် အမြဲမပြတ် ထိတွေ့နေရမည့်အပြင်၊ အောက်ခြေပြည်သူတို့၏ ရင်ဖွင့်သံများ၊ မကျေနပ်ချက်များကို များများ နားထောင်ရမည်မှာ ခေါင်းဆောင်ကောင်းတိုင်းလုပ်ရမည့်အလုပ်ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်ဆန္ဒပြမှုများသည်စားဝတ်နေရေးအခြေအနေများကြောင့် နေ့စားခယူကာဆန္ဒပြနေကြတယ်လို့ဆို ရအောင်နိုင်ငံတော်ခေါင်းဆောင်တယောက်အနေနဲ့ဒီစကားက ခေတ်အဆက်ဆက်နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေကို စော်ကားတာဘဲ။ပြည်သူလူထုအနေနဲ့ ပြန်လည်တရားစွဲဆိုသင့်ပါတယ်။ဆင်းရဲမွဲတေမှုပပြောက်ရေးကိုကောထိထိရောက်ရောက် ဆောင်ရွက်ပြီးပြီလားလယ်မြေသိမ်းခံရတဲ့လယ်သမားတွေအတွက်ကိုလည်းထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘူး လေးစားလောက်ပါတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေပါဘဲ ဒါတောင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်တာပါလို့ သူတို့က ညာခြင်ပါသေးတယ်။အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၁၆) နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ တယ်လို့ဆိုထားတယ်။သို့သော် လက်ရှိ နိုင်ငံတော် သမ္မတ၏နောက်ကွယ်မှာမလွန်ဆန်နှိုင်တဲ့သြဇာလွှမ်းမိုးမှုတွေရှိနေသေးတာဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တွေရဲ့အဟန့်အတားဘဲဖြစ်ပါတယ်။အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် ဒီလူတွေနဲ့တော့အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ဟာ ပျက်စီးနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊အကျင့်ပျက်ခြစားနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ရပါမယ်။ ဆန္ဒပြခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) အရ ခွင့်ပြုထားတာဖြစ်တယ်။ပြည်သူတွေကအေးအေးနေချင်တာပေါ့။ မြှောက်ပေးတိုင်းလုပ်ရအောင် စဉ်းစားကြည့်ပါဦးပိုက်ဆံလိုချင်ရင်တော့ယူရင်ယူမှာပေါ့ဆန္ဒတော့လူတိုင်းပြမှာမဟုတ်ဘူး သွေးထိုးတိုင်းထလုပ်တယ်ဆိုတဲ့ အမြင်ကိုဖျောက်ဘို့လိုပါတယ်။ ဒီလူတွေဘာလို့ ဆန္ဒပြတာလဲ---အဲ့ဒီရဲ့ အဖြေကဘာလဲ အရင်သိအောင်လုပ် ဆန္ဒပြတယ်ဆိုတဲ့နောက်မှာလည်း တာဝန်ရှိသူက တာဝန်ခံတတ်တဲ့ အပေါ်လည်း မူတည်ပါတယ်။ နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင်အရင်စုံစမ်းရမှာပါ။ကျွန်တော်တို့ယခုအချိန်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် တွေ ဗမာ့ နိုင်ငံရေး စစ်တမ်း ထုတ် ကောင်းကောင်း ဝေဖန်ထောက်ပြသင့်တဲ့ အချိန်ပင်ဖြစ်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းမှားလုံးလုံးလွန်မသွားခင်လမ်းကြောင်းမှန်အပေါ်ပြန်တက်လာအောင် ဆွေးနွေး အဖြေရှာရမယ့် ကာလဖြစ်ပါတယ်။ ထောင်ခြောက်တွေ အပြည့်နဲ့ ဆူးခင်းလမ်း ကိုအရာရာ အကောင်းမြင် စိတ်ကူးယဉ် ပြီးမစားရဝခမန်း ပြောနေ၊တွေးနေ၊လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက် ကနေ နိုးထဖို့ သင့်ပါပြီ။ သမ္မတကြီးဦးသိန်းစိန်ကို အရင်စစ်အုပ်ချုပ်ရေး ခေါင်းဆောင်တွေက ရွေးချယ်ပေးခဲ့သူ၊ အပြောင်းအလဲတွေဟာ အပေါ်ယံပဲ ရှိမှာပါလို့ ဝေဖန်ကြပါတယ်။ အဲဒီလိုဝေဖန်တဲ့အတိုင်းဘဲ လူထုထောက်ခံမှုကိုရရှိတာမှမကြာသေး ပါ ဒီမိုကရေစီလို့ကြေငြာမှုအရ နိုင်ငံတကာကို မျက်နှာပြရ၊ ဆက်ဆံရတဲ့အခါမှာ အာဏာရှင်တစ်ယောက်လို လူမိုက်အချိုးချိုးလို့မရတော့တဲ့ အချိန်မှာ မငြင်းသာတဲ့ ပြသနာ တွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာပါတယ်။ ဒီအချိန်မှာတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲလိုက်ရတဲ့ စစ်သားလူထွက် အစိုးရဟာ ကြိုးဆွဲရုပ် ဖြစ်နေမှန်း သိသာထင်ရှားလာပါတော့တယ်။ ပြသနာတွေဖြစ်တိုင်းမှာ နိုင်ငံတော်အစိုးရအနေ နှင့် ပြတ်ပြတ်သားသား မဖြေရှင်းခြင်း ဟာလည်း အတိုင်းအတာတစ်ခုအထိ အာဏာတည်မြဲရေးအတွက် အချိန်ကို ဆွဲစန့်နေခြင်း လို့ဘဲ ယူဆမိပါတယ်။အောက်ခြေကလူတန်းစားတွေ ဆင်းရဲဒုက္ခ ရောက်လေလေ အဏာရှင်စနစ်တည်မြဲလေလေပါဘဲ။ဘာကြောင့် ဒီမိုကရေစီကို ပြည်သူများက တောင်းဆိုခဲ့ကြသလဲ။ ဒီအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေခဲ့ရတယ်၊ ပေးဆပ်နေရဆဲ၊ ဆက်လက်ပြီးတော့ ပေးဆပ်ရန် အဓိဌာန်ချထားသူတွေရှိနေကြဆဲဖြစ်တယ်၊ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ အာဏာရှင်စနစ်ကို လုံးဝဥဿုံ လက်မခံနိုင်သောကြောင့်ဖြစ်ပါတယ်။ ဒီမိုကရေစီ၏ အဓိကကျသော ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းဘဲဖြစ်ပါတယ်။
ဇော်ဝမ်းမောင်
ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန် ဆက်လျှောက်နှိုင်ပါ့မလား။
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာဒီမိုကရက်တစ်လမ်း
ကြာင်းပေါ်ဦးသိန်းစိန် အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်ဆိုတာကိုပြဆိုလိုက်ခြင်းပါဘဲ။ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့သမ္မတကိုယ်တိုင်က၃၀၀၀ပေးမယ်ဆိုဆန္ဒပြကြမယ်။လူကြီးကတော့၅၀၀၀၊အကုန်ပါသွားတာဘဲ။ဆန္ဒပြတာလည်းအလုပ်အကိုင်ဖြစ်နေတယ် ဆိုတော့ ဒီမိုကရေစီရဲ့ လွပ်လပ်ပွင့် လင်းမှုကို ဒီမိုကရက်တစ်လမ်းကြောင်းပေါ်သွားနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် ကိုယ်တိုင် နားမလည်ပုံကို ကမ္ဘာကသိအောင် ကြော်ငြာသလိုဖြစ်နေတယ်။ဒီမိုကရေစီနိုင်ငံတိုင်းဟာဆန္ဒပြခြင်းနဲ့ကျွမ်းဝင်နေကြတာချည်းပါပဲ..။ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်စစ်စစ်နဲ့ အမိန့်ပေး စနစ်အောက်က မဟုတ်တော့ ဒီမိုကရေစီနိုင်ငံတွေ ရဲ့ ပွင့်လင်းမှုကို အခုမှမျက်ဝါးထင်ထင်တွေ့မြင်ပုံရတယ်။ဒီမိုကရေစီနိုင်ငံတွေမှာအများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အများသဘောကို သေသေချာချာသိအောင်လွတ်လပ်စွာပြောဆိုခွင့် ပေးရတယ်။ဒီမိုကရေစီ သံယောင်လိုက်နေပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူးဆိုရင်တော့ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ဦးသိန်းစိန်ဆက်လျှောက်နှိုင်ပါ့မလား။ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဆိုတာကိုရော သိပါရဲ့လား။ပြည်သူတို့ကလွတ်လပ်စွာအခွင့်အရေးတူညီသောအခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်များကအုပ်ချုပ်မှုကိုလုပ်ဆောင်ကြရပါတယ်။တကယ်တော့ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊အရပ်သား(အမည်ခံတဲ့)ဒီလိုအတုအယောင်အပြောင်းအလဲတွေနဲ့အရပ်သားအသွင်ပြောင်း ဒီမိုကရေစီ သကာရည်လောင်းပြီး ရွေးကောက်ပွဲ (အတု)၊ဖန်တီးကာ နိုင်ငံတကာကို လှည့်စားနေခြင်းပင်ဖြစ်ပါတယ်။ ၂၀၀၈အခြေခံဥပဒေကိုသူတို့အလိုကျရေးဆွဲပြီးအတည်ပြုစစ်တပ်ကိုနိုင်ငံရေးရဲ့အဓိကအခန်းမှာပါဝင်စွက်ဖက်ခွင့်ပေးပြီးစစ်ဝတ်စုံတွေချွတ်ကာစစ်ဗိုလ် တွေနိုင်ငံရေးလောကထဲကိုအသွင်ပြောင်းကာဝင်လာပြီး၂၀၁၀ရွေးကောက်ပွဲဟာဘယ်လိုမဲတွေနဲ့လုပ်ခဲ့တယ်ဆိုတာအများပြည်သူတွေသိကြတဲ့အတိုင်းပါဘဲ။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမ္မတ ကိုယ်တိုင်က စစ်အာဏာရှင် အနံ့အသက် မစင်သေးပါဘူး။ ဒီမိုကရေစီမှာ ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားတာမရှိပါဘူး။ နိုင်ငံရေးဆိုင်ရာကိစ္စအရပ်ရပ်တို့တွင်နိုင်ငံသူနိုင်ငံသားများကမိမိတို့ဆန္ဒအရလွတ်လပ်စွာပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိဖို့လိုအပ်တယ်။ဒီမိုကရေစီဟာ နိုင်ငံရေးရာကိစ္စအဖြစ်သာမက လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြုလေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆည်းပေးနိုင်မှုတွေ တန်းတူညီမျှခြင်းနဲ့လွတ်လွပ်ခြင်းတို့သည် ဒီမိုကရေစီ၏ ထူးခြားသော ဂုဏ်အင်္ဂါရပ်တွေကို နားမှလည်ပါရဲ့လား သမ္မတကြီး ခင်ဗျား။ ပြည်သူသာလျင် အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောကြောင့် ပြည်သူတို့၏ဆန္ဒအရ လိုသလို ကျင့်သုံးနိုင်ရေးလည်းဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေက ဒီမိုကရေစီနိုင်ငံတွေရဲ့ အလေ့အထတွေပါဘဲ။ တကယ်တော့ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မဟုတ်ပဲ မဲခိုးတက်လာတဲ့အစိုးရဆိုတော့ ပြည်သူလူထုအပေါ် လေးနက်ယုံကြည်မှုမရှိပါဘူး။ခေါင်းဆောင်ကောင်းဆိုတာ အောက်ခြေပြည်သူလူထု အများစုကြီးနှင့် အမြဲမပြတ် ထိတွေ့နေရမည့်အပြင်၊ အောက်ခြေပြည်သူတို့၏ ရင်ဖွင့်သံများ၊ မကျေနပ်ချက်များကို များများ နားထောင်ရမည်မှာ ခေါင်းဆောင်ကောင်းတိုင်းလုပ်ရမည့်အလုပ်ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်ဆန္ဒပြမှုများသည်စားဝတ်နေရေးအခြေအနေများကြောင့် နေ့စားခယူကာဆန္ဒပြနေကြတယ်လို့ဆို ရအောင်နိုင်ငံတော်ခေါင်းဆောင်တယောက်အနေနဲ့ဒီစကားက ခေတ်အဆက်ဆက်နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေကို စော်ကားတာဘဲ။ပြည်သူလူထုအနေနဲ့ ပြန်လည်တရားစွဲဆိုသင့်ပါတယ်။ဆင်းရဲမွဲတေမှုပပြောက်ရေးကိုကောထိထိရောက်ရောက် ဆောင်ရွက်ပြီးပြီလားလယ်မြေသိမ်းခံရတဲ့လယ်သမားတွေအတွက်ကိုလည်းထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘူး လေးစားလောက်ပါတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေပါဘဲ ဒါတောင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်တာပါလို့ သူတို့က ညာခြင်ပါသေးတယ်။အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၁၆) နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ တယ်လို့ဆိုထားတယ်။သို့သော် လက်ရှိ နိုင်ငံတော် သမ္မတ၏နောက်ကွယ်မှာမလွန်ဆန်နှိုင်တဲ့သြဇာလွှမ်းမိုးမှုတွေရှိနေသေးတာဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တွေရဲ့အဟန့်အတားဘဲဖြစ်ပါတယ်။အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် ဒီလူတွေနဲ့တော့အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ဟာ ပျက်စီးနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊အကျင့်ပျက်ခြစားနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ရပါမယ်။ ဆန္ဒပြခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) အရ ခွင့်ပြုထားတာဖြစ်တယ်။ပြည်သူတွေကအေးအေးနေချင်တာပေါ့။ မြှောက်ပေးတိုင်းလုပ်ရအောင် စဉ်းစားကြည့်ပါဦးပိုက်ဆံလိုချင်ရင်တော့ယူရင်ယူမှာပေါ့ဆန္ဒတော့လူတိုင်းပြမှာမဟုတ်ဘူး သွေးထိုးတိုင်းထလုပ်တယ်ဆိုတဲ့ အမြင်ကိုဖျောက်ဘို့လိုပါတယ်။ ဒီလူတွေဘာလို့ ဆန္ဒပြတာလဲ---အဲ့ဒီရဲ့ အဖြေကဘာလဲ အရင်သိအောင်လုပ် ဆန္ဒပြတယ်ဆိုတဲ့နောက်မှာလည်း တာဝန်ရှိသူက တာဝန်ခံတတ်တဲ့ အပေါ်လည်း မူတည်ပါတယ်။ နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင်အရင်စုံစမ်းရမှာပါ။ကျွန်တော်တို့ယခုအချိန်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် တွေ ဗမာ့ နိုင်ငံရေး စစ်တမ်း ထုတ် ကောင်းကောင်း ဝေဖန်ထောက်ပြသင့်တဲ့ အချိန်ပင်ဖြစ်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းမှားလုံးလုံးလွန်မသွားခင်လမ်းကြောင်းမှန်အပေါ်ပြန်တက်လာအောင် ဆွေးနွေး အဖြေရှာရမယ့် ကာလဖြစ်ပါတယ်။ ထောင်ခြောက်တွေ အပြည့်နဲ့ ဆူးခင်းလမ်း ကိုအရာရာ အကောင်းမြင် စိတ်ကူးယဉ် ပြီးမစားရဝခမန်း ပြောနေ၊တွေးနေ၊လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက် ကနေ နိုးထဖို့ သင့်ပါပြီ။ သမ္မတကြီးဦးသိန်းစိန်ကို အရင်စစ်အုပ်ချုပ်ရေး ခေါင်းဆောင်တွေက ရွေးချယ်ပေးခဲ့သူ၊ အပြောင်းအလဲတွေဟာ အပေါ်ယံပဲ ရှိမှာပါလို့ ဝေဖန်ကြပါတယ်။ အဲဒီလိုဝေဖန်တဲ့အတိုင်းဘဲ လူထုထောက်ခံမှုကိုရရှိတာမှမကြာသေး ပါ ဒီမိုကရေစီလို့ကြေငြာမှုအရ နိုင်ငံတကာကို မျက်နှာပြရ၊ ဆက်ဆံရတဲ့အခါမှာ အာဏာရှင်တစ်ယောက်လို လူမိုက်အချိုးချိုးလို့မရတော့တဲ့ အချိန်မှာ မငြင်းသာတဲ့ ပြသနာ တွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာပါတယ်။ ဒီအချိန်မှာတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲလိုက်ရတဲ့ စစ်သားလူထွက် အစိုးရဟာ ကြိုးဆွဲရုပ် ဖြစ်နေမှန်း သိသာထင်ရှားလာပါတော့တယ်။ ပြသနာတွေဖြစ်တိုင်းမှာ နိုင်ငံတော်အစိုးရအနေ နှင့် ပြတ်ပြတ်သားသား မဖြေရှင်းခြင်း ဟာလည်း အတိုင်းအတာတစ်ခုအထိ အာဏာတည်မြဲရေးအတွက် အချိန်ကို ဆွဲစန့်နေခြင်း လို့ဘဲ ယူဆမိပါတယ်။အောက်ခြေကလူတန်းစားတွေ ဆင်းရဲဒုက္ခ ရောက်လေလေ အဏာရှင်စနစ်တည်မြဲလေလေပါဘဲ။ဘာကြောင့် ဒီမိုကရေစီကို ပြည်သူများက တောင်းဆိုခဲ့ကြသလဲ။ ဒီအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေခဲ့ရတယ်၊ ပေးဆပ်နေရဆဲ၊ ဆက်လက်ပြီးတော့ ပေးဆပ်ရန် အဓိဌာန်ချထားသူတွေရှိနေကြဆဲဖြစ်တယ်၊ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ အာဏာရှင်စနစ်ကို လုံးဝဥဿုံ လက်မခံနိုင်သောကြောင့်ဖြစ်ပါတယ်။ ဒီမိုကရေစီ၏ အဓိကကျသော ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းဘဲဖြစ်ပါတယ်။
ဇော်ဝမ်းမောင်

No comments: