((((((((အကြမ်းဖက် ဆက်နွယ် လူသတ် မှု ဖြစ် ပြီး နောက် လန်ဒန် မှာ မွတ်ဆလင် ဆန့် ကျင်ရေး တွေ ဖြစ်))))))______________________________________________________အကြမ်းဖက်
မှု နဲ့  ဆက် နွယ် တဲ့ လူသတ် မှု ဖြစ် ပွား ပြီး နောက် မွတ်ဆလင် ဆန်
့ကျင်ရေး EDL လှုပ်ရှား မှု တွေ လန်ဒန် မှာ ဆက် ဖြစ်နေ ပါတယ်။ အစ္စလာမ် ပလီ
တစ်လုံး ကို မီးရှို့ ရန် စီ စဉ် မှု နဲ့  လူ နှစ်ဦး ကိုဖမ်းထား သလို ၊ မွတ်
ဆလင် တွေ ကို တန် ပြန် အကြမ်းဖက် ဖို့ စီ စဉ် နေတဲ့ EDL တွေ ကို လည်း ရဲ က
ဖမ်းဆီးထား ပါတယ်။ EDL က လည်း မွတ် ဆလင် ဆန့် ကျင် ရေး အရှိန် မြှင့် ဖို့ 
ဆော် သြ နေ ပါတယ်။ ဗြိတိသျှ လေဘာ ပါတီ ခေါင်းဆောင် အက် မီလီဘန် က ” တကယ့်
ကို စိတ် ပျက် ဖွယ်ရာ ကောင်း တဲ့ သတ်ဖြတ် မှု ပဲ ” မှတ် ချက် ပေးပါတယ်။
အကြမ်းဖက် သတ် ဖြတ် မှု ဖြစ် ပွား ရာ Woolwich နဲ့  လန်ဒန် တစ်ဝှမ်း မှာ
လုံခြုံရေး တွေ တိုး မြှင့် ချထား ပါတယ်။ စစ်ပွဲ အတွင်း မှာ ဒဏ်ရာ ရရှိ သူ
တွေ ကို ကူ ညီ တဲ့ အသတ်ခံ ရသူ ဟာ လမ်းဖြတ် ကူး ဖို့  စီစဉ်နေ ခိုက် မှာ ကား
နဲ့  တိုက်ခံ ရပြီး နောက် သတ် ဖြတ် သူ နှစ်ဦး က ကားထဲက ထွက် လာ ပြီး တိုက်
ခိုက် ကြ တာ ဖြစ်ပါတယ်။ နောက် တော့
ခုတ်ထစ် ထား တဲ့ အလောင်း ကိုလမ်း လယ် ကို ဆွဲ ယူ သွား ပါတယ်။ ဒီတိုက် ခိုက်
မှု ဟာ ဘော်စတွန် တိုက် ခိုက် မှု အပြီး တစ်လ ကျော် အကြာ မှာ ဖြစ်တာပါ။
“ကျွန်တော် ရဲ့  ကလဲ့ စား ချေ ပွဲ ကို မျက် မြင် တွေ့  ရတဲ့ လူ တွေ အတွက်
ဝမ်း နည်း ပါတယ်။ အထူး သဖြင့် အခု လို မြင် ရတဲ့ ဒီ အမျိုးသမီး နှစ်
ယောက်ကို ပေါ့ ၊ ဒါပေမယ့် ကျွန်တော် မွေး ဖွား လာ တဲ့ နိုင်ငံ က အမျိုး
သမီး တွေ ဆို ရင် အခု လို မြင် ကွင်း မျိုး နေ့  တိုင်း မြင် နေကျ ၊ သူ တို
့ မွတ် ဆလင် တွေ ကို နေ့  တိုင်း သတ် တယ်။ ဘယ်မွတ် ဆလင် ကို မှ သူတို့ 
ဂရုမစိုက် ဘူး ၊ သင့် တို့  မှ မလုံ ခြံ ဘူး ၊ လူ ငယ် တွေ မှာ မလုံ ခြုံ
ဘူး သင် တို့  အစိုး ရ ကို ဖယ် ရှား ပါ ဆို ပြီး ” သား ခုတ်ဓား ကိုင် လူ
သတ် သမား လို့  သံသယ ရှိ သူ က မှတ် တမ်း ရုပ် ရှင် ရိုက် ကူး နေ သူ ကို
ပြောပါတယ်။ လန်ဒန် အရှေ့ တောင် ပိုင်း က Woolwich အရပ်မှ ရှိ တဲ့ ဝေလ
မင်းသမီး တပ် ရင်း ၂ နား မှာ ဖြစ် ပွား ခဲ့ တာ ဖြစ် ပြီး အသတ် ခံ ရ သူ ဟာ
အနီး က စစ် တန်းလျှား က စစ်သား တစ်ဦး ဖြစ်တယ် လို့  ဆို ပါတယ်။ သတ် သူ
နှစ်ဦး အနက် တစ်ဦး က ကြီး မြတ် တဲ့ အလ္လာ ကို ငါ ကျိန် ဆို ပြီး ပြော ပါတယ်။
မင်း တို့  ကို သတ် တာ ငါ ဘယ် တော့ ရပ် မသွား ဘူး ။ ဘာ ကြောင့် လဲ ဆို
တော့ မွတ် ဆလင် တွေ က နေ့  တိုင်း သေ နေတယ်။ ဘု ရား သခင် သာ အကြီး မြတ်
ဆုံး ဖြစ်တယ် လို့  ITV ရုပ်သံ က ထုတ် လွှင့် သွား ပါတယ်။ အတော်တော် ကြာကြာ
မှာ ရဲ တွေ ရောက် လာတဲ့ အထိ အန္တရာယ် ရှိ နေတယ် လို့  ယူဆ တာ ကြောင့် ရဲ က
ပစ်ခတ် ဖမ်း ဆီး ပြီး သံ သယ ရှိ သူ နှစ်ဦး ကို ဆေး ရုံ သီး ခြား ပို့ 
ဆောင် ထား ပါတယ်။
No comments:
Post a Comment