“၀န်ကြီးချုပ်ဟောင်းဘူတိုအမှု လိုက်ပါဆောင်ရွက်နေသူရှေ့နေ လုပ်ကြံခံရ”
မန္တလေး၊မေ ၃၊၂၀၁၃
ယခင်စစ်အစိုးရခေါင်းဆောင် ပါဗက်စ် မူရှာရက် နေအိမ်အကျယ်ချုပ်ကျခံနေရဆဲ အချိန်မှာဘဲ
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို လွန်ခဲ့သော ၅-နှစ်ကျော် ၂၀၀၇-ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ၂၀၀၈-ခုနှစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အမှုတွေကြောင်း လိုက်ပါဆောင်ရွက်နေတဲ့ အစိုးရရှေ့နေ တစ်ဦး ပစ်သတ်လုပ်ကြံခံခဲ့ရတဲ့အကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြေကြားလိုက်ပါတယ်။
အစိုးရရှေ့နေ ချောင်ဒရီ ဇာဖီကာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း မရှိသေးတဲ့ ၀န်ကြီးချုပ်ဟောင်းဘူတိုအသတ်ခံရ တဲ့အမှုအတွက် အကြမ်းဖက်မှုဆန့်ကျင်ရေးတရားရုံး
နောက်ဆုံးအကြိမ် ကြားနာပွဲအသွား ကားမောင်းနေစဉ် အစ္စလာမ်မဘတ်တရားရုံးအ၀င်
လမ်းပေါ်မှာဘဲ သေနတ်သမားများရဲ့ အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရအပြီး
သေဆုံးခဲ့တာဖြစ်ကြောင်း၊ သူ့ရဲ့ကိုယ်ရံတော်တစ်ဦးလည်း
ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးလ ည်း အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ဒီလုပ်ကြံမှုဟာ ပါကစ္စတန်နိုင်ငံရဲ့ မေ လ ၁၁-ရက်နေ့မှာကျင်းပရန်စီစဉ်ထားတဲ့ သမိုင်းတွင်မယ့် ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း AFP သတင်းဋ္ဌာနရဲ့ အင်တာအက်စာမျက်နှာမှာဖေါ်ပြထားပါ တယ်။ ။
s.m.Aunng
ကိုးကား
AFP/ASIA NEWS
http://www.google.com/ hostednews/afp/article/ ALeqM5gfEehIVKRiAzLbMYDCyBlha1d iEw?docId=CNG.34082f3cafb9d3a7 abcf6e9988f54f8a.3d1
မန္တလေး၊မေ ၃၊၂၀၁၃
ယခင်စစ်အစိုးရခေါင်းဆောင် ပါဗက်စ် မူရှာရက် နေအိမ်အကျယ်ချုပ်ကျခံနေရဆဲ အချိန်မှာဘဲ
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို လွန်ခဲ့သော ၅-နှစ်ကျော် ၂၀၀၇-ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ၂၀၀၈-ခုနှစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အမှုတွေကြောင်း လိုက်ပါဆောင်ရွက်နေတဲ့ အစိုးရရှေ့နေ တစ်ဦး ပစ်သတ်လုပ်ကြံခံခဲ့ရတဲ့အကြောင်း
အစိုးရရှေ့နေ ချောင်ဒရီ ဇာဖီကာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း
s.m.Aunng
ကိုးကား
AFP/ASIA NEWS
http://www.google.com/
No comments:
Post a Comment