Thursday, August 8, 2013

ကယ်တင်ရှင်မျက်နှာဖုံးတပ် သူခိုး ဓမြတို့အကြောင်း...




မိတ်ဆွေများ ခင်မျာ..ကျနော်အခုရေးတဲ့ ပို့ စ်ကို ကြိုက်သူ-မကြိုက်သူ၊ ကျေနပ်သူ-မကျေနပ်သူတွေ ရှိလာနိုင်တယ်လို့ ကြိုတွက်ထားပါတယ်...ဘာဘဲဖြစ်...၈၈၈၈(၂၅) နှစ်မြောက်မှာတော့...ကျနော့် အသက် တဝက်ကျော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံတွေအရ (၈၈၈၈) စိတ်ဓါတ်ဖြင့် ကိုယ်မြင်တာကိုတော့ ပြောရဲရမယ်၊ ပြောသင့်တယ်လို့  ဆုံးဖြတ်ချက်ချပြီး ရေးခြင်းဖြစ်ပါသည်။ ၈၈ မျိုးဆက်လို့ ပြောဆိုနေကြတဲ့ အသုံးအနှုံး အရဆိုရင် ကျနော်လည်း( ၈၈) မျိုးဆက်ကပေါက်ဖွားလာသူပါ...ကျနော့် လို ဘဲ ပါဝင်ခဲ့ပြီး လူမသိ သူမသိသေဆုံးသွားသူတွေ၊ အသက်ရှင်ကျန်နေပေမယ့် မိမိယုံကြည်ရာကို နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ဆက်လုပ်နေကြတဲ့ လူမသိသူမသိ အညတြ နိုင်ငံရေးသမားတွေ အများကြီးရှိနေဆဲပါ...ဟုတ်ကဲ့ ဤကဲ့သို့ နိဒါဏ်းချီ အစပျိုးရင်း...အဓိက ပြောချင်တဲ့ အကြောင်းအရာက..ကျနော် တို့  စတင်ပါဝင်ခဲ့တဲ့(၈၈) ကာလက ကိုယ့်အားကိုယ်ကိုးနိုင်သမျှစုပေါင်းထည့်ဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသားနိုင်ငံရေးနဲ့  စတင်ခဲ့ကြတာပါ( ဘယ်...NGO ) မှမရှိပါ၊ အဲဒီကာလက ကျနော်တို့ ရိုးသားခဲ့ကြတယ်...တဖြည်းဖြည်း..အချိန်ကာလတွေ ဖြတ်သန်းရင်း..အသက်ရှင်ကျန်နေပေမယ့် မိမိယုံကြည်ရာကို နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ဆက်လုပ်နေကြတဲ့ လူမသိသူမသိ အညတြ နိုင်ငံရေးသမားတွေ အများကြီးရှိနေဆဲပါ...ကျနော်တို့ ရိုးသားခဲ့ကြတယ်...တဖြည်းဖြည်း..အချိန်ကာလတွေ ဖြတ်သန်းရင်း..ကျနော်တို့  လိုအပ်ချက်အရ NGO လို့ ခေါ်တဲ့ ခေါင်းစဉ်တပ်ပြီး လုပ်ငန်း အကောင်အထည်ဖော်ပြနိုင်ရင်( ဟုတ်ဟုတ်မဟုတ်ဟုတ်) ပိုက်ဆံထုတ်ပေးတဲ့...Doner လို့ ခေါ်တဲ့ အလှူရှင် ဆိုသူ အဖွဲ့ အစည်းတွေ ရဲ့ ပိုက်ဆံတွေ လက်ခံရယူပြီးသကာလ...ကျနော်တို့ ထဲက အများစု စာရိတ္တတွေ စတင်ပျက်ပြားလာခဲ့ကြပါတော့တယ်...ထင်ရှားတဲ့ သက်သေတခုက..ကျနော်ကိုယ်တိုင်...(Founder )စတင်ထူထောင်သူ အသင်းအဝင် အမှတ်(၀၁၀) အဖြစ်စတင်ပါဝင်ခဲ့ပြီး ပထမ ၂ နှစ် သက်တမ်း အဖြစ် အမှုဆောင်ကော်မတီ တာဝန်ယူ ထမ်းဆောင်နေရတဲ့ .(.AAPP) မှာ...ကဏ္ဍ အလိုက် တာဝန်တွေ ခွဲဝေထမ်းဆောင်ရတဲ့ အချိန်...အလုပ်အမှုဆောင်တွေ ထဲမှ ကျနော်က စာရင်းစစ် တာဝန်ပြန်ယူရပါတယ်...တာဝန်အရ စာရင်းတွေ စစ်တော့...စာရင်းဇယား ၂ စုံ ၃ စုံ တွေ့ ရပါတယ်( အလုပ်သဘော နားလည်သူများ ပြင်ဆင်ထားတဲ့ စာရင်းကို ) နလပြိန်းတုန်း ကျနော်က ဗိုလ်လို ပြောရ ရင်တော့..Complain တက်မိတော့ NGO..တွေဆီပြတဲ့ အခါ..အခုလို အတွင်းစာရင်း၊ အပြင်စာရင်း၊ အထက်စာရင်း၊ အောက်စာရင်းနဲ့  ပြရတယ်လို့  ရှင်းပြတော့...ကျနော်..ရှော့  ဖြစ်သွားမိတယ်...တဆက်တည်းမှာ အဲဒီအချိန်က ကျနော် စဉ်းစာမိလိုက်တဲ့  အသိက ဟာ.......ငါတို့  အခုတိုက်နေရတဲ့ အာဏာရှင်စနစ်က အကျင့်ပျက်ချစားမှူတွေနဲ့  စာရိတ္တ ချို့ ယွင်းမှုတွေကနေဖြစ်ပေါ်နေတာ...အဂတိလိုက်စား၊လာဒ်ပေး၊လာဒ်ယူ၊ အထက်ဖား အောက်ဖိ...စသည်ဖြင့်...ကိုယ်ကျင့်တရား ပျက်ယွင်းမှုတွေကနေတဆင့် စနစ်တခုလုံးပျက်သုန်းနေရတာ...အခု အဲဒီစနစ် တွေကိုမကြိုက်လို့  ပြင်ချင်ပါတယ်ဆိုတဲ့ ..ငါတို့ က..NGO တွေ အကြိုက်လိုက်ပြီး ကျေနပ်အောင် လိမ်ပြနေရတယ် ဆိုရင်တော့...မဟုတ်သေးဘူးထင်တယ်နော်.....လို့  တွေးမိလိုက်ပြီး...ဤ ခရီးမနီးသေးပါလို့  စိတ်ထဲ ခံစားမိခဲ့တာ(၂၀၀၁) ကပေါ့။ ဤ ကဲ့သို့ ဖြစိနေသည်မှာ NGO နှင့်ပါတ်သက်နေရသော အဖွဲ့ အစည်းတိုင်းဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာ အကျဉ်းချုံးကို အကျယ်ချဲ့  နားလည်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။ ယ္ခု ဆက်လက်ပြီး...(၂၅) နှစ်တာ ကာလဖြတ်သန်းပြီး အမှားပေါင်း များစွာ သင်္ခန်းစာဖြင့်...လက်ရှိဖြစ်ပေါ်နေသော...မပြောင်းလဲသော ပြောင်းလဲခြင်း ကြားမှ ပြည်သူလူထု ရဲ့ အခက်အခဲ၊အကြပ်အတည်းများကို လက်တွေ့ ကျကျ လိပ်ပြာသန့် သန့် ကူညီနိုင်ကြရန် အတွက်...နိုင်ငံတကာရောက်နေကြသော မြန်မာပြည်သားများမှ မိမိတို့  ချွေးနဲစာများထဲမှ တက်နိုင်သမျှ လစဉ်အလှူငွေ ထည့်ဝင်ကြပြီး...ပြည်တွင်း လိုအပ်ချက်( ပညာရေး၊ကျမ္မာရေး၊ အပါအဝင် အထွေထွေ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော..ပြည်တွင်း လူမှု အဖွဲ့ အစည်းများကို ကူညီထောက်ပန့် ကြရင် မကောင်းဘူးလား ဆိုတဲ့ အသိ၊ စိတ်ကူး နဲ့  နီးစပ်ရာ မိတ်ဆွေများ၊ ပူးပေါင်းဆောင်ရွက်ချင်သူများ၊စေတနာ အသပြာဖြင့် ပြည်ရွာ ကို ထောက်ပန့် ချင်သူများ....လက်လှမ်းမှီသမျှ ချိတ်ဆက်ပြီး လက်တွေ့ ဆန်သော လုပ်ငန်း၊ ရှင်းလင်းတိကျသော စာရင်းဇယားများ ဖြင့် လစဉ် အလှူငွေ ထည့်ဝင်ချင်သူများကို ဆွေးနွေးတိုင်ပင်ရင်း..နိုင်ရာ စဖို့  လစဉ်..အလှူငွေအဖြင့်..တစ်လ $50. ထည့်ဝင်ပါမည် ဆိုတဲ့ အကြောင်း...(၂၅) နှစ်မြောက် ၈၈၈၈ အမှတ်တရ...ပြောကြားအသိပေးအပ်ပါသည်။(8/82013) 2:03AM.
( စာကျလျှင်ဖြည့်ဖတ်ပါ အိပ်ငိုက်နေပြီ)

No comments: