.......................... .......................... .....................
အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်မယ်။
နိုင်ငံရေးကုလားထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ
လူသိရှင်ကြားပြောတာဗျ။ ဟုတ်လောက်ရဲ့ ထင်ရသပေါ့ဗျာ။ သူ့လူချောတွေက
ဘာတွေဘယ်လိုနားလှည့်ပါးလှည့် ပြောဦးမယ်မသိ။
ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူးတင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။
ဘယ်သူတွေကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်း ဖြစ်တယ်။
ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို
သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး
လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ
ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံအရတော့
သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင်တယ်ဆိုတာကဘာလဲ။ အကြံကြီးတာကိုပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။
ဦးရွှေမန်းကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းသမ္မတဖြစ်ကောင်း ဖြစ်မယ်ဆိုပဲ။ ကာ/ ချုပ်ကြီးသမ္မတဖြစ်ရင် ဦးရွှေမန်းဒုတိယသမ္မတဖြစ်မယ် ဆိုတဲ့ တစ်ပေးသံသတင်းတွေကလည်းထွက်နေသဗျ ။
ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင် တယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက အပိုင်ချည်လွန်းတယ်လို့
ပြောသူတွေတော့ရှိတယ်ဗျ။ အခြေခံဥပဒေကို ပြင်ပေးသပ ဆိုကတည်းက
ဒေါ်စုနိုင်ပြီပေါ့တဲ့။
နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေကရှိသေး။ ဒေါ်စုကသမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့သတင်း။ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကဒုတိယသမ္မတဆိုတဲ့သတင်း ။
ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကလွှတ်တော်ဥက္ကဌ။ နောက်သတင်း
ဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေမပြင်ဘူးတဲ့။ ဦးရွှေမန်းက သမ္မတ၊
ဒေါ်စုက ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ကြီးတဲ့။ နောက်တော့ ဒေါ်စု ကုလသမဂ္ဂ မတွင်းရေးမှူးချုပ် ဖြစ်မှာတဲ့။
စုံရောဗျာ စုံရော။
မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရးကစားကွက်တွေ၊ကျားကွက်တွေ၊
စကားကွက်တွေ၊ မျှားကွက်တွေကို နားလည်းမလည်ပေါင်ဗျာ။
စိတ်လည်းမဝင်စားပေါင်ဗျာ။ ကျုပ်က အိုးတိုး အတ ငနဲလေဗျာ။ အဲဒါမျိုးတွေ
ရိုးတိုးရွတ သရုပ်မခွဲတတ်ဘူးပေါ့ဗျာ။ နိုင်ငံရေးဂုရုတွေ၊ ကဝိတွေ
သိတဲ့အလုပ်တွေကိုး။ သူတို့လေကန်ရင်းဝေဖန်ခြင်ြး ပုကြလိမ့်မပေါ့ဗျာ။ သူတို့သုံးသပ်ရင်း ဆုံးဖြတ်ခြင်းပြုကြလိမ့်မပေါ့ဗျာ။
ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေကို
ရှင်းပြသွားတာ ကြားရတယ်။ တွေးစရာတွေ၊ ရေးစရာတွေအများကြီးပဲ ရလိုက်သဗျာ။
ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ်ကျယ်
သဘောထားတွေ ပြောသွားတယ်ဗျာ။
အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။
ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ယှဉ်တွဲစဥ်းစားနေမိသဗျ။
အောက်ခြေစကားက အဘရေ၊ ကျွန်တော်တို့ပါတီထဲမှာ ကြံ့ဖွံ့နဲ့ ခရိုနီ အနုတ်အဖွဲ
အသေးအမွှားလေးတွေ အတော်ထွေးလားလုံးလား ဖြစ်နေသဗျတဲ့။
ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပူးပေါင်းဆောင်ရွက်ခြင်းက သိပ်ကောင်းပေတာပေါ့ဗျာ။ မြေကြီးပါတီ စည်းရုံးမှာတော့ ‘ပူးပေါင်း’ မျက်နှာပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေရရ င် မစွံဘူးဗျ။ ပါတီအောက်ခြေထုမှာ နိုင်ငံရေး ‘ခွင်’၊ စည်းရုံးရေး ‘ခွင်’ တွေ ပျက်မှာပြိုမှာစိုးရသဗျ။
သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။
ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတလုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ် ဘူးဗျာ။၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတစ် ခုလုံးအတွက်လည်း အရေးကြီးတယ်ဗျာ။
ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအ ခြေခံက ‘ခွင့်တူညီမျှ ဝါတဖြူစင်’ ဗျ။ ‘တရားမျှတ လွတ်ခြင်းနဲ့မသွေ’ ဗျ။ နိုင်ငံတော်သီချင်းထဲက အဆိုအမိန့်၊ စကားအသုံးအနှုန်းတွေဗျ။
ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချ ည်တဲ့ ၂၀၀၈ အခြေခံဥပဒေထဲ ကန့်သတ်၊ပိတ်ပင်၊ ချုပ်ချယ်၊ ဖိနှိပ်၊ စိုးမိုး၊ ဟန့်တားချက်တွေက လွတ်လပ်ရင်-
-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီချုပ်အောင်ပွဲကြီးခံမှာ ကျိန်းသေပေါ့ဗျာ။
- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစြု ကည်တစ်ယောက် သမ္မတအောင်ပွဲခံ၊ အောင်လံ စိုက်မှာမြေကြီးလက်ခတ်မလွဲေ ပါ့ဗျာ။
- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်း တိုင်က ၂၀၀၈ အခြေခံဥပဒေကြီးကို ချိုကျိုးနားရွက်ပဲ့ မသန်ချည့်နဲ့အဖြစ်ကနေ ဒေါင်ဒေါင်မြည် စစ်စစ်မှန်မှန်ဖက်ဒရယ်ဒီမို ကရေစီဥပဒေကြီးအဖြစ် ပြောင်းလဲပြင်ဆင်ဖြည့်စွက် ဖြုတ်ပယ်ရန် လိုအပ်တဲ့အချိန်မှန်သမျှကို
ပြည့်ပြည့်စုံစုံ ကုန်ကုန်စင်စင် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့တကွ
နိုင်ငံရေးအင်အားစု အားလုံးရဲ့တာဝန်ပဲ ဖြစ်ပေသပေါ့ဗျာ။ အဲဒါက
ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပေါ့ဗျာ။ ။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။
အားလုံးကြားလိုက်ကြမှာပေါ့။
ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေ
ဘယ်သူတွေကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်း
ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို
ဦးရွှေမန်းကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင
ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင်
နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေကရှိသေ
စုံရောဗျာ စုံရော။
မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရးကစားကွက်တွေ၊ကျားက
ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေက
အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို
ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ယှဉ်တွဲစဥ
ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပ
သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။
ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင်
ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအ
ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချ
-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ
- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစြု
- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်း
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။

No comments:
Post a Comment