မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လက်ပံတောင်းသပိတ်ဒဏ်ရာရ သံဃာများအတွက် အလှူငွေ သိန်းခြောက်ရာကျော် လက်ကျန်ရှိ
Tuesday, August 06, 2013
လွန်ခဲ့သော ရှစ်လကျော်က လက်ပံတောင်းတောင်နယ်မြေအတွင်းမှ
သပိတ်စခန်းများကို အာဏာပိုင်များက ဖြိုခွင်းစဉ် မီးလောင် ဒဏ်ရာရရှိခဲ့သော
သံဃာတော်များ ဆေးဝါးကုသရန် လှူဒါန်းထားသည့်ငွေများအနက်
ကျပ်သိန်းခြောက်ရာကျော် လက်ကျန်ရှိသေးကြောင်း ဆရာတော်ဦးဝီရသူ ရှင်းလင်းသည့်
ရှင်းတမ်းတွင် တွေ့ရသည်။
ဒဏ်ရာရသံဃာတော်များအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ဝတ္ထုငွေများ
လှူဒါန်းခဲ့ရာ အမေရိကန်ဒေါ်လာ ၃၂၀ဝ (ကျပ် ၂၈ သိန်းကျော်)၊ ထိုင်းဘတ်ငွေ
ငါးသောင်း(ကျပ် ၁၅ သိန်းခန့်)နှင့် မြန်မာငွေ ကျပ်သိန်း ၇၈၀ ကျော်တို့
ရှိခဲ့ကြောင်း မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်သည်။
ထိုငွေများအနက် သံဃာများအတွက် အသုံးပြုခဲ့ရသည့်ငွေမှာ ကျပ်သိန်း ၅၆၀
ခန့်သာရှိသဖြင့် အလှူငွေ စုစုပေါင်း ကျပ်သိန်း ၆၀ဝ ကျော်
ကျန်ရှိဆဲဖြစ်သည်ဟု ဆရာတော်ဦးဝီရသူ မိန့်ကြားသည့် ငွေကြေးရှင်းတမ်းတွင်
ဖော်ပြထားသည်။
အဆိုပါ လက်ကျန်အလှူငွေများနှင့် ပတ်သက်၍လည်း
“သံဃာ့အတွက် ရည်စူးပြီး လှူထားတဲ့ ငွေတွေဖြစ်တာကြောင့် သံဃာ့ဆန္ဒနဲ့အညီ
ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆရာတော်ဦးဝီရသူက ဆက်လက်
မိန့်ကြားသည်။
ယင်းငွေရှင်းတမ်းကို ဆားလင်းကြီးမြို့နယ်
ဝက်မှေးရွာဟောင်း၌ ဩဂုတ် ၃ ရက်က ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းနှင့်ပတ်သက်၍ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များ
ညှိနှိုင်းဆွေးနွေးပွဲတွင် ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ထိုအလှူငွေများသည် လက်ပံတောင်းတောင် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့နှင့်
ဆရာတော်ဦးဝီရသူထံသို့ ဆက်သွယ်လှူဒါန်းခဲ့သည့်ငွေများ ဖြစ်သည်ဟုလည်း ဆိုသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများကို အာဏာပိုင်များက
အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် သံဃာအပါး ၁၀ဝ ကျော်နှင့် လူအချို့
မီးလောင်ဒဏ်ရာရရှိခဲ့ရပြီး ဆရာတော် ဦးတိက္ခဉာဏနှင့် ရှင်သဇ္ဇနတို့မှာ ဒဏ်ရာ
အပြင်းထန်ဆုံးဖြစ်သဖြင့် အရေပြားအစားထိုးကုသမှုများပင် ဆောင်ရွက်ခဲ့ရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် သပိတ်စခန်းများ ဖြိုခွင်းခဲ့မှုတွင်
ထိုကဲ့သို့ သံဃာတော်များ၊ ပြည်သူများ ဒဏ်ရာအများအပြား ရခဲ့သဖြင့်
နိုင်ငံအနှံ့တွင် အစိုးရကို ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
Mizzima News
No comments:
Post a Comment