Monday, August 5, 2013

"ဖီလစ်ပိုင်တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား"



ဖီလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကိုတာဘာတိုမြို့တွင် ယနေ့ (သြဂုတ် ၅ ရက်) မွန်းလွဲပိုင်းက အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ၆ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဗုံးမှာ အင်အားပြင်းထန်လွန်းသဖြင့် ပေါက်ကွဲသံကို အတန်ငယ် အလှမ်းဝေးသည့်နေရာမှပင် ကြားခဲ့ရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာဒေသမှာ မကြာသေးမီက အမေရိကန်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း သတိပေးထားသည့် နေရာစာရင်းတွင် ပါဝင်သည်။

ဖောက်ခွဲရေးပစ္စည်းများကို ကားတစ်စီးပေါ်တွင် တပ်ဆင်ထားပြီး လူစည်ကားရာနှင့် ဆေးရုံတစ်ရုံအနီး အသွားအလာ များပြားချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

http://www.planet.com.mm/news/read.cfm/id/21429

Planet Evening NewsSheet PDF free download:
http://www.planet.com.mm/pdf.cfm

‪#‎Philippine‬, ‪#‎bomb‬
‪#‎PlanetMyanmar‬

အေးချမ်းမွန် Credit To >>Planet Myanmar Network << Thanks
Re-posted By ACM 5-8-2013

No comments: