အတိတ်သမိုင်းကို သင်ခန်းစာယူရာမှာ နိုင်ငံအတွက် အကျိုးမရှိတဲ့ သမိုင်းသုံးသပ်ချက်မျိုးမယူကြဖို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့
ရှစ်လေးလုံး ငွေရတုအခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
“အခုလို ရှစ်လေးလုံးကာလမှာ အားလုံးစုစုစည်းစည်းနဲ့ နေရာတစ်နေရာမှာ
တွေ့ဆုံပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုတာဟာ
ကျမတို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်၊
သုံးရက် ညီညွှတ်ရုံနဲ့ မလုံလောက်ပါဘူး၊
ကျမတို့ ဆက်ပြီးတော့
ညီညွှတ်မှုကို တည်ဆောက်သွားရမယ်၊ အတိတ်က ဖြစ်ရပ်တွေအပေါ်မှာ သုံးသပ်ပြီးတော့
ယူတဲ့သင်ခန်းစာတွေဟာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိတဲ့
သင်ခန်းစာမျိုးဖြစ်တတ်ပါတယ်၊
သမိုင်းစိတ်ဓာတ်ဆိုတာကလည်း
အပြုသဘောဆောင်ဖို့လိုပါတယ်၊ ဘယ်စိတ်ဓာတ်မဆို အပြုသဘောင်မဆောင်လို့ရှိရင်
ကျမတို့ရဲ့အသိုင်းအဝိုင်း၊ ကျမတို့ရဲ့နိုင်ငံကို အကျိုးပေးမှာမဟုတ်ပါဘူး”
ဒါ့အပြင် ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ အားလုံးညီညီညွှတ်ညွှတ်ရှိကြသလို
နောင်မှာလည်း ညီညွှတ်မှုကို တည်ဆောက်သွားဖို့ လိုအပ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောခဲ့ပါတယ်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း
အခွင့်ထူးခံကင်းရှင်းပြီး အဆင့်အတန်း မခွဲခြားတဲ့စိတ်ဓာတ်နဲ့ ပြည်ထောင်စု
တိုင်းရင်းသားတွေအားလုံး လက်တွဲထူထောင်နိုင်တဲ့ တိုင်းပြည်သစ်တစ်ခု
တည်ဆောက်နိုင်ဖို့ကို ဆုတောင်းစကားပြောခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်ဥက္ကဌတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ၊
ဆရကြီးဒဂုန်တာရာ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ
ပေးပို့ခဲ့ကြပါတယ်။
ဒီနေ့ ငွေရတုအခမ်းအနားကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဦးဌေးဦးတို့အပြင် လွှတ်တော်
ကိုယ်စားလှယ်တွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ တိုင်းရင်းသားအဖွဲ့အစည်း
ခေါင်းဆောင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA News
အတိတ်သမိုင်းကို သင်ခန်းစာယူရာမှာ နိုင်ငံအတွက် အကျိုးမရှိတဲ့ သမိုင်းသုံးသပ်ချက်မျိုးမယူကြဖိ
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာကျင
“အခုလို ရှစ်လေးလုံးကာလမှာ အားလုံးစုစုစည်းစည်းနဲ့ နေရာတစ်နေရာမှာ တွေ့ဆုံပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုတာဟာ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်၊ သုံးရက် ညီညွှတ်ရုံနဲ့ မလုံလောက်ပါဘူး၊
ကျမတို့ ဆက်ပြီးတော့ ညီညွှတ်မှုကို တည်ဆောက်သွားရမယ်၊ အတိတ်က ဖြစ်ရပ်တွေအပေါ်မှာ သုံးသပ်ပြီးတော့ ယူတဲ့သင်ခန်းစာတွေဟာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိတဲ့ သင်ခန်းစာမျိုးဖြစ်တတ်ပါတယ်၊
သမိုင်းစိတ်ဓာတ်ဆိုတာကလည်း အပြုသဘောဆောင်ဖို့လိုပါတယ်၊ ဘယ်စိတ်ဓာတ်မဆို အပြုသဘောင်မဆောင်လို့ရှိရင် ကျမတို့ရဲ့အသိုင်းအဝိုင်း၊ ကျမတို့ရဲ့နိုင်ငံကို အကျိုးပေးမှာမဟုတ်ပါဘူး”
ဒါ့အပြင် ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ အားလုံးညီညီညွှတ်ညွှတ်ရှိကြသလို နောင်မှာလည်း ညီညွှတ်မှုကို တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အခွင့်ထူးခံကင်းရှင်းပြီး အဆင့်အတန်း မခွဲခြားတဲ့စိတ်ဓာတ်နဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေအားလုံး လက်တွဲထူထောင်နိုင်တဲ့ တိုင်းပြည်သစ်တစ်ခု တည်ဆောက်နိုင်ဖို့ကို ဆုတောင်းစကားပြောခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဌတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ ဆရကြီးဒဂုန်တာရာ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒီနေ့ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဦးဌေးဦးတို့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA News
No comments:
Post a Comment