Thursday, August 8, 2013

" ၂၅ နှစ်ကြာမှပြန်တွေ့ ရတဲ့ မျက်နှာများ"

"အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေလုပ်ဦးမယ်ဆိုရင်နောက်ထပ်ရှစ်လေးလုံးတွေ ရှိနေဦးမယ်ဆိုတာသေချာပါတယ်"

မင်းကိုနိုင်

" ၂၅ နှစ်ကြာမှပြန်တွေ့ ရတဲ့ မျက်နှာများ" ဆိုတဲ့ ရှစ်လေးလုံး၂၅ နှစ်မြောက် ငွေရတု အမှတ်တရဂုဏ်ပြုမိန့် ခွန်းကို ကိုမင်းကိုနိုင်ကပြောပါတယ်။

အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီက ဒုတိယဥက္ကဌ ဦးဌေးဦး ၊သမ္မတရုံးဝန်ကြီး ဦးသိန်းဇော်၊ NLD က နာယက ဦးဝင်တင်၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမေရိကန်သံအမတ်နဲ့  အခြားသံရုံးက တာဝန်ရှိသေူတွေ ၊ ABSDF ဥက္ကဌ ဦးသံခဲ စတဲ့  အဖွဲ့ အစည်းအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ပြည်သူလူထု တစ်သောင်းကျော်တက်ရောက်ကြပါတယ်။

ကိုမင်းကိုနိင်ပြောကြားတဲ့မိန့်ခွန်းထဲတွင်သမိုင်းဟာရှည်ကြာလာတော့ ရုတ်ဖြတ်ခံထားရပါပြီ "

"သူတို့ခေတ်သူတို့အခါက ထောင်ကျခံအနှိတ်စက်ခံခဲ့ကြရပါတယ်" "'ဒီမိုကရေစီကိုမယုံကြည်လို့ ဘဲဖြစ်စေ အကြောင်းကြောင်းကြောင့်ဖြစ်စေ မကျင့်သုံးကြဘဲနေခဲ့ကြပါတယ် အခုအချိန်မှာတော့ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီဖော်ဆောင်မှု စတင်လုပ်ဆောင်နေပါပြီ " စတဲ့စကားစုအသီးသီးပါဝင်တဲ့ ဂုဏ်ပြုမိန့်ခွန်းကိုပြောကြားပါတယ် ။

နောက်ဆုံးမှာတော့ ကိုမင်းကိုနိုင်က "လူကိုလူချင်းတန်ဖိုးထားကြပြီး လူကိုလူချင်းချစ်တာမျိုးကိုရပါစေ " "၀တ်တဲ့ယူနီဖောင်းကွဲပြားပါစေ သုံးစွဲတဲ့ ဘာသာစကားမတူရင်နေပါစေ အဆင့် အတန်းဘာမှမခွဲခြားဘဲ အခွင့်ထူးခံတွေ ကင်းရှင်းတဲ့ ကြမ်းတပြေးတည်းထိုင်ပြီး နိုင်ငံအတွက်အလုပ်လုပ်တာမျိုးလိုပါတယ်။

အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေလုပ်ဦးမယ်ဆိုရင်နောက်ထပ်ရှစ်လေးလုံးတွေ ရှိနေဦးမယ်ဆိုတာသေချာပါတယ်။" လို့ ဆုံးသတ်မိန့် ခွန်းပြောသွားပါတယ်၊

Author:
အောင်၊မိုး၊ဟိန်း
Kumudra

No comments: