Thursday, August 8, 2013

လာဘ်ငွေပေးဖို့ မလိုပါ။လာဘ်ငွေတောင်းခံလာပါက

နိုင်ငံတော်သမ္မတကြီးခင်ဗျား မွန်ပြည်နယ်၊မော်လမြိုင်မြို့က မြို့နယ်တရားရုံး မှာကပ်ထားတဲ့ကြော်ငြာစာလေးပါ- ဘယ်လိုရေးထားပြီးကပ်ထားသလဲဆိုတေ
ာ့  " ကြော်ငြာစာ" အမှုများကို ဥပဒေနှင့် အညီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမည်။ တရားရုံးဆိုင်ရာလုပ်ငန်များကိုလုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ပေးမည်။ လာဘ်ငွေပေးဖို့ မလိုပါ။လာဘ်ငွေတောင်းခံလာပါက မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖုန်းနံပါတ် ၀၅၇ ၂၅၉၀၅၊ဖက်စ်ဖုန်းနံပါတ် ၀၅၇ ၂၇၀၄၉ထံ တိုင်ကြားပါ။ ပုံ တရားသူကြီးချုပ်၊မွန်ပြည်နယ်တရားလွှတ်တော် ဆိုပြီးကပ် ထားပါတယ်။ အဲဒီမွန်ပြည်နယ်၊မော်လမြိုင်မြို့ ၊မြို့နယ်တရားရုံးက မြို့နယ် တာဝန်ခံဥပဒေအရာရှိမ ဒေါ်ဆွေဆွေစိုးနဲ့တော့ မဆိုင်တဲ့အမိန့် ကြော်ငြာစာဖြစ်နေ ပါတယ်။စားသလားမပြောနဲ့၊တရားခံဘက်ကလည်းစား၊ တရားလိုဘက်ကလည်းစား၊တကယ့်ကို ငိုစားရီစားလုပ်နေတဲ့မြို့နယ် တာဝန်ခံဥပဒေအရာရှိမကြီးပါပဲ၊ယူထားတဲ့သူ့ ယောကျာ်းကလည်းငိုစားရီစား ခုနှစ်ပဲပါဘဲ။မော်လမြိုင်မြို့နယ်မှာတာဝန်ခံဥပဒေအရာရှိဖြစ် လာကတည်းကစားလိုက်တဲ့လာဘ်ငွေတွေ၊ ဘယ်လောက်များနေသလဲသူ့ ရဲ့ပိုင်ဆိုင်မှုတွေကို စသုံးလုံးနဲ့ချိတ်ပိတ်ပြီးစစ်ကြည့်  လိုက်စမ်းပါ၊(ဆွေဆွေစိုးကောသူ့ ယောက်ျားကော၊အလုပ်စလုပ်ချိန်ကတည်းကရလာခဲ့ကြတဲ့လစာငွေတွေကိုစားစရိတ်၊သုံးစရိတ်ထဲ့မတွက်ပဲ၊အပြည့်စုတယ်ဆိုပြီးပေး တွက်ပြီးပေါင်းကြည့် ပြီး၊အခုမြေပြင်မှာချိတ်ပိတ်ပြီးစစ် လို့ တွေ့မဲ့ပိုင်ဆိုင်မှုတန်ဘိုးတွေနဲ့ချိန်ြ­ကည့် လိုက်ရင်အဖြေထွက်သွားပါလိမ့် မယ်။) သနားဖို့ ကောင်းတာက အမိန့် ကြော်ငြာစာကြီးထုတ်ထားတဲ့မွန်ပြည် နယ်တရားလွှတ်တော်က တရားသူကြီးချုပ်ပဲ၊ သူ့ အောက်မှာဖြစ်ပျက်နေတာတွေကို မကြားလို့ လား၊မသိလို့ လား၊မမြင်လို့ လား။ ဒါမှမဟုတ်ပို့ ဆွမ်းတွေပဲစားထားမိလို့  မမြင် ချင်ယောင်၊မကြားချင်ယောင်၊ မသိချင်ယောင်ဆောင်နေတာလားတော့ မသိပါ။နောက်တခုက အမိန့် ထုတ်ထားပြီး ရင်ငါ့တာဝန်ကျေပြီဆိုပြီးလုပ်နေတာလားမသိပါ။ပြောစရာတစ်ခုတော့ သူ့  မှာရှိလို့ ဖြစ် ပါလိမ့် မယ် ဘာလဲဆိုရင်တိုင်စာမှတက်မလာတာပဲငါကဘယ်လိုလုပ်သိမှာလည်းလို့ ပြော မလို့ လား။ တနိုင်ငံလုံးကြားအောင်တစ်ခါထဲပြောလိုက်မယ် ဘယ်တိုင်ရဲကြပါ့ မလဲ၊ အမှုဖြစ်နေတာလေ။နိုင်မယ်ထင်ပြီးတောင်းသမျှပေးလိုက်ရ၊လွတ်မယ် ထင်ပြီးတောင်းသလောက်ပေးလိုက်ရ၊ထောင်မကျဘူး ထင်ပြီးတောင်းသမျှပေးလိုက်ရပြန်နဲ့၊ကြောက်ပြီးမတိုင်ရဲကြဘူးလေ။မယုံဘူးလား တရားလို၊တရားခံတွေဆီကလာဘ်ငွေတွေမတရားစားနေယုံတင်မကဘူး၊တရား သူကြီးတွေကိုပါလှည့်ပြီးချိမ်းခြောက်တာပါသေးတယ်။ သူကတော့ အားရပါးရစားထား ပြိးတော့ ကာ၊တရားသူကြီးက လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်တော့ မယ်ဆုံးဖြတ်တော့ မယ် တရားစီရင်တော့ မယ်ဆိုရင်ဆွေဆွေစိုးကဝင်ပြီးချိမ်းချောက်ပြီ၊ဟန့် တားပြီ၊ဖြဲခြောက်ပြီ၊ဒီလိုနဲ့ ပဲ မော်လမြိုင်မြို့နယ်တရားရုံးကတရား သူကြီးေ တွ ဆွေဆွေစိုးအောက်ရောက်ကုန်တော့ တာပါပဲ။ နိုင်ငံတော် သမ္မတကြီးခင်ဗျား သမတကြိးပြောပြောနေ တဲ့ကောင်းမွန်သောအစိုးရ၊ သန့် ရှင်းသောအစိုးရြ­ဖစ်ဖို့ အရေးယူပြီးဖြုတ်ပစ်ရမှာက အခွန်ဝန်ထမ်းတွေပြီးရင် ဆွေဆွေစိုး တို့ လို့ တရားရေးဝန်ထမ်း၊ဥပဒေဝန်ထမ်းတွေပါဘဲ။သမ္မတကြီးအထူး အဖွဲ့ဖွဲ့ပြီးမော်လမြိုင်မြို့နယ် တရားရုံးကတာဝန်ခံဥပဒေအရာရှိဆွေဆွေစိုးရဲ့အကျင့် ပျက်ချစားနေမှုများ၊လာဘ်စားထားမှုများအား သမ္မတကြီးရဲ့အထူးအဖွဲ့ ဒါမှမဟုတ် စသုံးလုံးကို တာဝန်ပေးစေလွှတ်ပြီး ပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်ပြီးစစ်ဆေးအရေးယူသင့်ြေ­ကာင်း တင်ပြလိုက်ရပါသည်။
အားလုံးရှယ်ပေးကြပါ...

No comments: